HomeEntertainmentMusicအယ်လ်ဘမ်သစ် ထပ်ထွက်ဦးမယ်ဆိုတဲ့ fan theory ကို ငြင်းလိုက်တဲ့ Taylor Swift 

အယ်လ်ဘမ်သစ် ထပ်ထွက်ဦးမယ်ဆိုတဲ့ fan theory ကို ငြင်းလိုက်တဲ့ Taylor Swift 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Taylor Swift ဟာ သူမရဲ့ပရိသတ်တွေ ခန့်မှန်းနေကြတဲ့ အယ်လ်ဘမ်သစ်ကိစ္စကို ထုတ်ပြောလာပြီး မဟုတ်ကြောင်းလည်း ငြင်းဆိုလိုက်ပါတယ်။

Taylor ဟာ ဒီဇင်ဘာလ(၁၄)ရက်နေ့မှာ Jimmy Kimmel Live ကို အလည်လာခဲ့ပြီး Woodvale ဆိုတဲ့ အယ်လ်ဘမ်သစ် နောက်တစ်ချပ်ကို လုပ်နေတယ်ဆိုတဲ့ သတင်းက မမှန်ကန်ကြောင်း ပြောသွားခဲ့ပါတယ်။ သူမဟာ ယခုနှစ် ၂၀၂၀ တစ်နှစ်တည်းမှာ Folklore နဲ့ Evermore ဆိုတဲ့ အယ်လ်ဘမ်နှစ်ချပ်ကို ကြိုတင်အသိမပေးဘဲ ရုတ်တရက် ထွက်ရှိပြီးနောက်မှာတော့ သူမရဲ့ပရိသတ်တွေဟာ Woodvale လို့ခေါ်တဲ့ အယ်လ်ဘမ်သစ် နောက်တစ်ချပ်ကို ထပ်လုပ်နေတယ်လို့ အသေအချာကြီး ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် စိတ်မကောင်းစရာနဲ့ပဲ ကာယကံရှင်ကတော့ ငြင်းဆိုလိုက်ပါတယ်။

Photo: taylorswift/ Instagram

အဆိုပါ သီအိုရီကတော့ Folklore အယ်လ်ဘမ်ရဲ့ မျက်နှာဖုံးကာဗာတစ်ခုကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ Folklore အယ်လ်ဘမ်ဟာ မျက်နှာဖုံးကာဗာမျိုးစုံနဲ့ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့ထဲက မျက်နှာဖုံးကာဗာတစ်ခုရဲ့ နောက်ခံမှာတော့ Woodvale ဆိုတဲ့ စကားလုံးတစ်ခု ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကို အကြောင်းပြုပြီး နောက်ထပ် အယ်လ်ဘမ်သစ် ထွက်ရှိဦးမယ်လို့ ပရိသတ်တွေက ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။

သို့ပေမယ့် Taylor ရဲ့ ဖြေရှင်းချက်အရ အဲ့ဒါဟာ အမှားတစ်ခု သက်သက်သာ ဖြစ်တယ်လို့ သိရပါတယ်။ “Folklore ကို လုပ်နေတုန်းက အယ်လ်ဘမ်နာမည်ကို သူများတွေ သိသွားမှာ အရမ်းကြောက်တာ။ ဘယ်လောက်ထိလည်းဆို ကျွန်မနဲ့ အရင်းနှီးဆုံး အဖွဲ့သားတွေ၊ management ပိုင်းက လူတွေကိုတောင် မပြောပြခဲ့ဘူး။ ခွေမထွက်ခင်အထိ အယ်လ်ဘမ်နာမည်ကို ဘယ်သူ့ကိုမှ မပြောပြခဲ့တာ … ”

Photo: taylorswift/ Instagram

“အဲ့ဒါကြောင့်မို့လို့ Folklore နဲ့ စာလုံးရေ တူတူပဲ ပါတဲ့ လျှို့ဝှက်ကုဒ်တစ်ခုကို စဉ်းစားခဲ့ရတယ်။ အဲ့ဒါနဲ့ပဲ ဒီတိုင်း စိတ်ကူးထဲမှာ ပေါ်လာတဲ့ Woodvale ဆိုတာကို code name အဖြစ် ပေးထားလိုက်တယ်။ အယ်လ်ဘမ်ကာဗာပေါ်မှာဆိုရင် ဘယ်လိုပုံ ဖြစ်မလည်းလို့ သိချင်တာနဲ့ ဒီဇိုင်းအကြမ်း ထုတ်ခိုင်းလိုက်တယ်။ ပြီးလည်းပြီးရော မျက်နှာဖုံးမှာ အယ်လ်ဘမ်နာမည်တောင် မထည့်ချင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် အဲ့ဒီ့မှာ အစမ်းထည့်ထားတဲ့ စာလုံးကို ပြန်ဖျက်ဖို့ မေ့သွားတာ … ” လို့ Taylor က ရှင်းပြထားပါတယ်။

အယ်လ်ဘမ်ကာဗာတွေ အများကြီး ဖန်တီးခဲ့တာမို့ အဲ့ဒီ့ထဲကတစ်ခုမှာ အခုလို အမှားလေး ပါဝင်သွားတာဟာ သဘာဝတော့ ကျပါတယ်။ သို့ပေမယ့် ပရိသတ်တွေရဲ့ အကျအန ကောက်တတ်မှုနဲ့ သဲလွန်စ ရှာဖွေနိုင်တဲ့ စွမ်းရည်တွေကိုတော့ Taylor က ချီးကျူးထားပါတယ်။

Photo: taylorswift/ Instagram

“ကျွန်မက သဲလွန်စတွေ၊ easter egg တွေ၊ မြှုပ်ကွက်တွေ ထည့်ရတာ ကြိုက်ပြီး စိတ်ပျက်ဖို့ကောင်းလောက်အောင် လျှို့ဝှက်တတ်တဲ့ လူတစ်ယောက်ပါ။ ဒါက တကယ်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာတောင် ကောင်းပါသေးတယ်။ ဒါပေမယ့် ကျွန်မအတွက်ရော၊ ပရိသတ်တွေအတွက်ရော ပျော်စရာ ဖြစ်စေပါတယ်။ ဘာလို့ဆို ပရိသတ်တွေကလည်း အကုန်လုံးကို အကျအန လိုက်ကောက်ကြတာလေ။ music video ဖြစ်ဖြစ်၊ ဓာတ်ပုံဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် သူတို့သတိထားမိကြတာပဲ။ တခါတလေကျတော့လည်း ကျွန်မက အရမ်းအကဲပိုလွန်းပြီး အမှားလုပ်မိသွားတတ်တယ် … ” လို့ သူမက ဆိုထားပါတယ်။

Photo: taylorswift/ Instagram

Taylor ဟာ Folklore ခေတ်ကို အယ်လ်ဘမ်နှစ်ချပ်နဲ့ပဲ အဆုံးသတ်မယ်ဆိုရင်တောင် ပရိသတ်တွေအနေနဲ့ကတော့ သူမဆီက မျှော်လင့်စရာတွေ ရှိနေပါသေးတယ်။ အဲ့ဒါကတော့ သူမကိုယ်ပိုင်အဖြစ် ဝယ်ယူခွင့် မရခဲ့တဲ့ အရှေ့ဆုံးအယ်လ်ဘမ် ခြောက်ချပ်စာလုံးကို အသံပြန်သွင်းနေတာကြောင့်ပါပဲ။

Glasgow

Source: hollywood life

(Zawgyi Version)

Taylor Swift ဟာ သူမရဲ႕ပရိသတ္ေတြ ခန႔္မွန္းေနၾကတဲ့ အယ္လ္ဘမ္သစ္ကိစၥကို ထုတ္ေျပာလာၿပီး မဟုတ္ေၾကာင္းလည္း ျငင္းဆိုလိုက္ပါတယ္။

Taylor ဟာ ဒီဇင္ဘာလ(၁၄)ရက္ေန႔မွာ Jimmy Kimmel Live ကို အလည္လာခဲ့ၿပီး Woodvale ဆိုတဲ့ အယ္လ္ဘမ္သစ္ ေနာက္တစ္ခ်ပ္ကို လုပ္ေနတယ္ဆိုတဲ့ သတင္းက မမွန္ကန္ေၾကာင္း ေျပာသြားခဲ့ပါတယ္။ သူမဟာ ယခုႏွစ္ ၂၀၂၀ တစ္ႏွစ္တည္းမွာ Folklore နဲ႔ Evermore ဆိုတဲ့ အယ္လ္ဘမ္ႏွစ္ခ်ပ္ကို ႀကိဳတင္အသိမေပးဘဲ ႐ုတ္တရက္ ထြက္ရွိၿပီးေနာက္မွာေတာ့ သူမရဲ႕ပရိသတ္ေတြဟာ Woodvale လို႔ေခၚတဲ့ အယ္လ္ဘမ္သစ္ ေနာက္တစ္ခ်ပ္ကို ထပ္လုပ္ေနတယ္လို႔ အေသအခ်ာႀကီး ခန႔္မွန္းေနၾကတာ ျဖစ္ပါတယ္။ သို႔ေပမယ့္ စိတ္မေကာင္းစရာနဲ႔ပဲ ကာယကံရွင္ကေတာ့ ျငင္းဆိုလိုက္ပါတယ္။

Photo: taylorswift/ Instagram

အဆိုပါ သီအိုရီကေတာ့ Folklore အယ္လ္ဘမ္ရဲ႕ မ်က္ႏွာဖုံးကာဗာတစ္ခုကေန စတင္ခဲ့တာ ျဖစ္ပါတယ္။ Folklore အယ္လ္ဘမ္ဟာ မ်က္ႏွာဖုံးကာဗာမ်ိဳးစုံနဲ႔ ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ့ထဲက မ်က္ႏွာဖုံးကာဗာတစ္ခုရဲ႕ ေနာက္ခံမွာေတာ့ Woodvale ဆိုတဲ့ စကားလုံးတစ္ခု ပါဝင္ေနခဲ့တာ ျဖစ္ပါတယ္။ ဒါကို အေၾကာင္းျပဳၿပီး ေနာက္ထပ္ အယ္လ္ဘမ္သစ္ ထြက္ရွိဦးမယ္လို႔ ပရိသတ္ေတြက ခန႔္မွန္းခဲ့ၾကတာ ျဖစ္ပါတယ္။

သို႔ေပမယ့္ Taylor ရဲ႕ ေျဖရွင္းခ်က္အရ အဲ့ဒါဟာ အမွားတစ္ခု သက္သက္သာ ျဖစ္တယ္လို႔ သိရပါတယ္။ “Folklore ကို လုပ္ေနတုန္းက အယ္လ္ဘမ္နာမည္ကို သူမ်ားေတြ သိသြားမွာ အရမ္းေၾကာက္တာ။ ဘယ္ေလာက္ထိလည္းဆို ကြၽန္မနဲ႔ အရင္းႏွီးဆုံး အဖြဲ႕သားေတြ၊ management ပိုင္းက လူေတြကိုေတာင္ မေျပာျပခဲ့ဘူး။ ေခြမထြက္ခင္အထိ အယ္လ္ဘမ္နာမည္ကို ဘယ္သူ႔ကိုမွ မေျပာျပခဲ့တာ … ”

Photo: taylorswift/ Instagram

“အဲ့ဒါေၾကာင့္မို႔လို႔ Folklore နဲ႔ စာလုံးေရ တူတူပဲ ပါတဲ့ လွ်ိဳ႕ဝွက္ကုဒ္တစ္ခုကို စဥ္းစားခဲ့ရတယ္။ အဲ့ဒါနဲ႔ပဲ ဒီတိုင္း စိတ္ကူးထဲမွာ ေပၚလာတဲ့ Woodvale ဆိုတာကို code name အျဖစ္ ေပးထားလိုက္တယ္။ အယ္လ္ဘမ္ကာဗာေပၚမွာဆိုရင္ ဘယ္လိုပုံ ျဖစ္မလည္းလို႔ သိခ်င္တာနဲ႔ ဒီဇိုင္းအၾကမ္း ထုတ္ခိုင္းလိုက္တယ္။ ၿပီးလည္းၿပီးေရာ မ်က္ႏွာဖုံးမွာ အယ္လ္ဘမ္နာမည္ေတာင္ မထည့္ခ်င္ေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္တယ္။ ဒါေပမယ့္ အဲ့ဒီ့မွာ အစမ္းထည့္ထားတဲ့ စာလုံးကို ျပန္ဖ်က္ဖို႔ ေမ့သြားတာ … ” လို႔ Taylor က ရွင္းျပထားပါတယ္။

အယ္လ္ဘမ္ကာဗာေတြ အမ်ားႀကီး ဖန္တီးခဲ့တာမို႔ အဲ့ဒီ့ထဲကတစ္ခုမွာ အခုလို အမွားေလး ပါဝင္သြားတာဟာ သဘာဝေတာ့ က်ပါတယ္။ သို႔ေပမယ့္ ပရိသတ္ေတြရဲ႕ အက်အန ေကာက္တတ္မႈနဲ႔ သဲလြန္စ ရွာေဖြႏိုင္တဲ့ စြမ္းရည္ေတြကိုေတာ့ Taylor က ခ်ီးက်ဴးထားပါတယ္။

Photo: taylorswift/ Instagram

“ကြၽန္မက သဲလြန္စေတြ၊ easter egg ေတြ၊ ျမႇဳပ္ကြက္ေတြ ထည့္ရတာ ႀကိဳက္ၿပီး စိတ္ပ်က္ဖို႔ေကာင္းေလာက္ေအာင္ လွ်ိဳ႕ဝွက္တတ္တဲ့ လူတစ္ေယာက္ပါ။ ဒါက တကယ္ေတာ့ စိတ္အေႏွာင့္အယွက္ ျဖစ္စရာေတာင္ ေကာင္းပါေသးတယ္။ ဒါေပမယ့္ ကြၽန္မအတြက္ေရာ၊ ပရိသတ္ေတြအတြက္ေရာ ေပ်ာ္စရာ ျဖစ္ေစပါတယ္။ ဘာလို႔ဆို ပရိသတ္ေတြကလည္း အကုန္လုံးကို အက်အန လိုက္ေကာက္ၾကတာေလ။ music video ျဖစ္ျဖစ္၊ ဓာတ္ပုံျဖစ္ျဖစ္၊ ဘာျဖစ္ျဖစ္ သူတို႔သတိထားမိၾကတာပဲ။ တခါတေလက်ေတာ့လည္း ကြၽန္မက အရမ္းအကဲပိုလြန္းၿပီး အမွားလုပ္မိသြားတတ္တယ္ … ” လို႔ သူမက ဆိုထားပါတယ္။

Photo: taylorswift/ Instagram

Taylor ဟာ Folklore ေခတ္ကို အယ္လ္ဘမ္ႏွစ္ခ်ပ္နဲ႔ပဲ အဆုံးသတ္မယ္ဆိုရင္ေတာင္ ပရိသတ္ေတြအေနနဲ႔ကေတာ့ သူမဆီက ေမွ်ာ္လင့္စရာေတြ ရွိေနပါေသးတယ္။ အဲ့ဒါကေတာ့ သူမကိုယ္ပိုင္အျဖစ္ ဝယ္ယူခြင့္ မရခဲ့တဲ့ အေရွ႕ဆုံးအယ္လ္ဘမ္ ေျခာက္ခ်ပ္စာလုံးကို အသံျပန္သြင္းေနတာေၾကာင့္ပါပဲ။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular