HomeEntertainmentMusicဒုတိယမြောက်အယ်လ်ဘမ်သစ် Evermore နဲ့ surprise တိုက်လိုက်ပြန်တဲ့ Taylor Swift 

ဒုတိယမြောက်အယ်လ်ဘမ်သစ် Evermore နဲ့ surprise တိုက်လိုက်ပြန်တဲ့ Taylor Swift 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Taylor Swift ဟာ အမှောင်ကျနေတဲ့ ၂၀၂၀ခုနှစ်ကို အလင်းတွေ ထပ်မံသယ်ဆောင်လာပြန်ပါပြီ။ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ အယ်လ်ဘမ်သစ် Folklore ကို ထွက်ရှိပြီး ငါးလသာ ကြာမြင့်သေးတဲ့အချိန်မှာ နောက်ထပ် အယ်လ်ဘမ်သစ်တစ်ချပ်ကို ထပ်မံထွက်ရှိလိုက်တာ ဖြစ်ပါတယ်။

Taylor ဟာ ဒီဇင်ဘာလ(၁၃)ရက်နေ့မှာ ကျရောက်မယ့် သူမရဲ့ (၃၁)နှစ်မြောက် မွေးနေ့မတိုင်ခင်မှာတင် ၂၀၂၀အတွက် နောက်ထပ် အယ်လ်ဘမ်သစ်တစ်ချပ်ကို ရုတ်တရက် ထွက်ရှိလိုက်တာ ဖြစ်ပါတယ်။ အယ်လ်ဘမ်ရဲ့အမည်ကတော့ Evermore လို့ အမည်ရပါတယ်။

Photo: taylorswift/ Instagram

Evermore အယ်လ်ဘမ်ကိုတော့ မထွက်ရှိခင် နာရီပိုင်းအလိုလေးကမှ ကြေညာခဲ့တာ ဖြစ်ပါတယ်။ “ကျွန်မ (၁၃)နှစ်သမီးအရွယ်တည်းက အသက်(၃၁)နှစ် ပြည့်မယ့်နေ့ကို ရင်ခုန်နေခဲ့ရတာပါ။ အကြောင်းကတော့ အဲ့ဒီဂဏန်းဟာ ကျွန်မရဲ့ ကံကောင်းခြင်းနံပါတ်ရဲ့ ပြောင်းပြန် ဖြစ်နေလို့ပါပဲ။ အဲ့ဒါကြောင့် အားလုံးကို ဒါလေးနဲ့ အံ့ဩသွားအောင် လုပ်ချင်ပါတယ် … ” လို့ Taylor က သူမရဲ့ အင်စတာဂရမ်မှာ ကြေညာထားတာ ဖြစ်ပါတယ်။

အဆိုပါ အယ်လ်ဘမ်မှာတော့ တေးသီချင်း (၁၅)ပုဒ် ပါဝင်ပြီး bonus track အနေနဲ့ နောက်ထပ် သီချင်း(၂)ပုဒ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်မှာလည်း ထူးခြားမှုအဖြစ် အမေရိကန် ပေါ့ပ်တီးဝိုင်းတစ်ခုဖြစ်တဲ့ HAIM ၊ အမေရိကန် ရော့ခ်တီးဝိုင်း The National အပြင် Bon Iver နဲ့လည်း စုံတွဲသီဆိုထားတာတွေ ပါဝင်ပါတယ်။

Evermore ဟာ ၂၀၂၀ခုနှစ်အတွင်းမှာ full album အနေနဲ့ ထွက်ရှိလာတဲ့ ဒုတိယမြောက်အယ်လ်ဘမ်လည်း ဖြစ်ပါတယ်။ သူမရဲ့ (၈)ခွေမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်တဲ့ Folklore ကိုတော့ ဇူလိုင်လထဲမှာ surprise အနေနဲ့ ထွက်ရှိခဲ့ပါသေးတယ်။

ဒါ့အပြင် Evermore အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ Willow ကိုလည်း music video အဖြစ် ထွက်ရှိထားပါသေးတယ်။ ထူးခြားချက်နောက်တစ်ခုကတော့ အဲ့ဒီ့ music video ဟာ သူမကိုယ်တိုင် ဒါရိုက်တာအဖြစ် တာဝန်ယူပြီး ရိုက်ကူးထားတာပါပဲ။

Taylor ရဲ့ ပြောစကားအရ ယခုထွက်ရှိလာတဲ့ Evermore ဟာ Folklore ရဲ့ ညီအစ်မတော်စပ်တဲ့ တေးအယ်လ်ဘမ်လို့ သိရပါတယ်။ “ရှင်းရှင်းပြောရရင်တော့ ကျွန်မတို့က သီချင်းရေးတာကို ရပ်လို့ကို မရတော့တာပါ။ ကျွန်မတို့ ခံစားချက်ကတော့ Folklore ရဲ့တောအစပ်မှာ ရပ်နေရသလိုပါပဲ။ ဒီမှာတင် ရွေးချယ်စရာတစ်ခု ဖြစ်လာတယ်။ တောထဲကို ဆက်သွားမလား၊ ပြန်လှည့်မလားပေါ့။ ဒါနဲ့ပဲ ကျွန်မတို့က တောအနက်ထဲထိ ဝင်ရောက်ကြဖို့ ရွေးချယ်လိုက်တယ်။ အရင်က ဒါမျိုး တစ်ခါမှ မလုပ်ဖူးဘူး။ အယ်လ်ဘမ်တစ်ချပ်ကို ခေတ်တစ်ခေတ်လိုပဲ သဘောထားပြီး တစ်ခုပြီးတာနဲ့ နောက်တစ်ခုလုပ်ဖို့ပဲ စီစဉ်ခဲ့တာ။ ဒါပေမယ့် Folklore နဲ့ကျတော့ မတူညီတာလေးတွေ ရှိခဲ့တယ် … ” လို့ Taylor က ဆိုထားပါတယ်။

Evermore အယ်လ်ဘမ်အတွက် သီချင်းတွေ ရေးသားဖန်တီးရာမှာတော့ Folklore ကလိုပဲ သူမရဲ့ရဲဘော်တွေ ပါဝင်ခဲ့ပါတယ်။ အဲ့ဒါကတော့ Aaron Dessner ၊ Jack Antonoff ၊ William Bowery (သူမရဲ့ချစ်သူ Joe Alwyn ရဲ့ အမည်ဝှက်)၊ Justin Vernon (Bon Iver ရဲ့ အမည်ဝှက်) တို့ပဲ ဖြစ်ပါတယ်။ Folklore ထက် ထူးခြားတာကတော့ ဒီအယ်လ်ဘမ်မှာ မိတ်ဆွေအသစ်တွေကိုပါ ဖိတ်ခေါ်ပြီး ပူးတွဲဖန်တီးထားတာပဲ ဖြစ်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Taylor Swift ဟာ အေမွာင္က်ေနတဲ့ ၂၀၂၀ခုႏွစ္ကို အလင္းေတြ ထပ္မံသယ္ေဆာင္လာျပန္ပါၿပီ။ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တဲ့ အယ္လ္ဘမ္သစ္ Folklore ကို ထြက္ရွိၿပီး ငါးလသာ ၾကာျမင့္ေသးတဲ့အခ်ိန္မွာ ေနာက္ထပ္ အယ္လ္ဘမ္သစ္တစ္ခ်ပ္ကို ထပ္မံထြက္ရွိလိုက္တာ ျဖစ္ပါတယ္။

Taylor ဟာ ဒီဇင္ဘာလ(၁၃)ရက္ေန႔မွာ က်ေရာက္မယ့္ သူမရဲ႕ (၃၁)ႏွစ္ေျမာက္ ေမြးေန႔မတိုင္ခင္မွာတင္ ၂၀၂၀အတြက္ ေနာက္ထပ္ အယ္လ္ဘမ္သစ္တစ္ခ်ပ္ကို ႐ုတ္တရက္ ထြက္ရွိလိုက္တာ ျဖစ္ပါတယ္။ အယ္လ္ဘမ္ရဲ႕အမည္ကေတာ့ Evermore လို႔ အမည္ရပါတယ္။

Photo: taylorswift/ Instagram

Evermore အယ္လ္ဘမ္ကိုေတာ့ မထြက္ရွိခင္ နာရီပိုင္းအလိုေလးကမွ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ “ကြၽန္မ (၁၃)ႏွစ္သမီးအ႐ြယ္တည္းက အသက္(၃၁)ႏွစ္ ျပည့္မယ့္ေန႔ကို ရင္ခုန္ေနခဲ့ရတာပါ။ အေၾကာင္းကေတာ့ အဲ့ဒီဂဏန္းဟာ ကြၽန္မရဲ႕ ကံေကာင္းျခင္းနံပါတ္ရဲ႕ ေျပာင္းျပန္ ျဖစ္ေနလို႔ပါပဲ။ အဲ့ဒါေၾကာင့္ အားလုံးကို ဒါေလးနဲ႔ အံ့ဩသြားေအာင္ လုပ္ခ်င္ပါတယ္ … ” လို႔ Taylor က သူမရဲ႕ အင္စတာဂရမ္မွာ ေၾကညာထားတာ ျဖစ္ပါတယ္။

အဆိုပါ အယ္လ္ဘမ္မွာေတာ့ ေတးသီခ်င္း (၁၅)ပုဒ္ ပါဝင္ၿပီး bonus track အေနနဲ႔ ေနာက္ထပ္ သီခ်င္း(၂)ပုဒ္လည္း ပါဝင္မွာ ျဖစ္ပါတယ္။ ဒီအယ္လ္ဘမ္မွာလည္း ထူးျခားမႈအျဖစ္ အေမရိကန္ ေပါ့ပ္တီးဝိုင္းတစ္ခုျဖစ္တဲ့ HAIM ၊ အေမရိကန္ ေရာ့ခ္တီးဝိုင္း The National အျပင္ Bon Iver နဲ႔လည္း စုံတြဲသီဆိုထားတာေတြ ပါဝင္ပါတယ္။

Evermore ဟာ ၂၀၂၀ခုႏွစ္အတြင္းမွာ full album အေနနဲ႔ ထြက္ရွိလာတဲ့ ဒုတိယေျမာက္အယ္လ္ဘမ္လည္း ျဖစ္ပါတယ္။ သူမရဲ႕ (၈)ေခြေျမာက္ စတူဒီယိုအယ္လ္ဘမ္ျဖစ္တဲ့ Folklore ကိုေတာ့ ဇူလိုင္လထဲမွာ surprise အေနနဲ႔ ထြက္ရွိခဲ့ပါေသးတယ္။

ဒါ့အျပင္ Evermore အယ္လ္ဘမ္ထဲက သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Willow ကိုလည္း music video အျဖစ္ ထြက္ရွိထားပါေသးတယ္။ ထူးျခားခ်က္ေနာက္တစ္ခုကေတာ့ အဲ့ဒီ့ music video ဟာ သူမကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူၿပီး ႐ိုက္ကူးထားတာပါပဲ။

Taylor ရဲ႕ ေျပာစကားအရ ယခုထြက္ရွိလာတဲ့ Evermore ဟာ Folklore ရဲ႕ ညီအစ္မေတာ္စပ္တဲ့ ေတးအယ္လ္ဘမ္လို႔ သိရပါတယ္။ “ရွင္းရွင္းေျပာရရင္ေတာ့ ကြၽန္မတို႔က သီခ်င္းေရးတာကို ရပ္လို႔ကို မရေတာ့တာပါ။ ကြၽန္မတို႔ ခံစားခ်က္ကေတာ့ Folklore ရဲ႕ေတာအစပ္မွာ ရပ္ေနရသလိုပါပဲ။ ဒီမွာတင္ ေ႐ြးခ်ယ္စရာတစ္ခု ျဖစ္လာတယ္။ ေတာထဲကို ဆက္သြားမလား၊ ျပန္လွည့္မလားေပါ့။ ဒါနဲ႔ပဲ ကြၽန္မတို႔က ေတာအနက္ထဲထိ ဝင္ေရာက္ၾကဖို႔ ေ႐ြးခ်ယ္လိုက္တယ္။ အရင္က ဒါမ်ိဳး တစ္ခါမွ မလုပ္ဖူးဘူး။ အယ္လ္ဘမ္တစ္ခ်ပ္ကို ေခတ္တစ္ေခတ္လိုပဲ သေဘာထားၿပီး တစ္ခုၿပီးတာနဲ႔ ေနာက္တစ္ခုလုပ္ဖို႔ပဲ စီစဥ္ခဲ့တာ။ ဒါေပမယ့္ Folklore နဲ႔က်ေတာ့ မတူညီတာေလးေတြ ရွိခဲ့တယ္ … ” လို႔ Taylor က ဆိုထားပါတယ္။

Evermore အယ္လ္ဘမ္အတြက္ သီခ်င္းေတြ ေရးသားဖန္တီးရာမွာေတာ့ Folklore ကလိုပဲ သူမရဲ႕ရဲေဘာ္ေတြ ပါဝင္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ Aaron Dessner ၊ Jack Antonoff ၊ William Bowery (သူမရဲ႕ခ်စ္သူ Joe Alwyn ရဲ႕ အမည္ဝွက္)၊ Justin Vernon (Bon Iver ရဲ႕ အမည္ဝွက္) တို႔ပဲ ျဖစ္ပါတယ္။ Folklore ထက္ ထူးျခားတာကေတာ့ ဒီအယ္လ္ဘမ္မွာ မိတ္ေဆြအသစ္ေတြကိုပါ ဖိတ္ေခၚၿပီး ပူးတြဲဖန္တီးထားတာပဲ ျဖစ္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular