HomeEntertainmentMusicTaylor Swift သီချင်းတွေရဲ့နောက်ကွယ်က အချစ်ဇာတ်လမ်းများ 

Taylor Swift သီချင်းတွေရဲ့နောက်ကွယ်က အချစ်ဇာတ်လမ်းများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ပေါ့ပ်စူပါစတား Taylor Swift ဟာ သူမရဲ့ တေးသီချင်း စပ်ဆိုနိုင်မှု၊ ဝေါဟာရ ကြွယ်ဝမှုနဲ့ ကျော်ကြားသူ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သူမ ကြုံတွေ့ခံစားခဲ့ရတဲ့ အချစ်ဇာတ်လမ်းတွေကို လူအများစု ဆက်စပ် ခံစားနိုင်မယ့် လှပတဲ့ တေးသီချင်းတွေအဖြစ် ပြောင်းလဲနိုင်စွမ်းပဲ ဖြစ်ပါတယ်။

Taylor ဟာ ယနေ့အချိန်အထိ စတူဒီယိုအယ်လ်ဘမ် (၉)ချပ်နဲ့ EP (၁၃)ချပ် ထုတ်ဝေပြီး ဖြစ်တာကြောင့် သူမရဲ့ တေးသီချင်းတွေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ၊ အကြောင်းအရာတွေကတော့ မြောက်များစွာ ရှိနေပါတယ်။ ဒီထဲကမှ သူမရဲ့ အစောပိုင်း တေးသီချင်းတွေရဲ့ နောက်ကွယ်က အချစ်ဇာတ်လမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Mine
Photo: corymonteithpic/ Instagram

Mine ကတော့ Taylor ရဲ့ Speak Now အယ်လ်ဘမ်ထဲက သီချင်းလေး ဖြစ်ပါတယ်။ ဒီသီချင်းလေးရဲ့ အဓိပ္ပာယ်ကတော့ အိမ်ထောင်ရေး မပြေလည်တဲ့ မိဘနှစ်ပါးက မွေးဖွားလာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ကို မယုံကြည်နိုင်တဲ့အကြောင်းပါ။ အချိန်တွေ ကြာလာလို့ ချစ်မိပြန်တော့လည်း တစ်ခုခု မှားသွားဦးမလားလို့ အမြဲစိုးရိမ်နေမိတဲ့ မိန်းကလေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။

ဒီသီချင်းရဲ့ နောက်ကွယ်က ရည်ညွှန်းထားသူကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Glee သရုပ်ဆောင် Cory Monteith ဖြစ်ပါတယ်။ Taylor ဟာ ၂၀၁၀ခုနှစ်မှာ Cory နဲ့ လပိုင်းလောက် တွဲခဲ့သေးတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ တကယ်တမ်း အကြာကြီး တွဲခဲ့တာ မဟုတ်ပေမယ့်လည်း သူတို့နှစ်ယောက် အတူရှိခဲ့ချိန် Cory ရဲ့ မျက်ဝန်းထဲမှာ မြင်ခဲ့ရတဲ့ ချစ်ခြင်းပုံရိပ်တွေကို ခံစားပြီး ပုံဖော်လိုက်တာပါလို့ နောက်ပိုင်း အင်တာဗျူးတွေမှာ Taylor က ပြောပြခဲ့ပါတယ်။

ဒါ့အပြင် အဲဒီအချိန်က အချစ်ကို ကြောက်ပြီး ထွက်ပြေးနေခဲ့မိသလို အသည်းကွဲမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တင်းထားမိခဲ့တာတွေကို ဖြေလျှော့ပြီး Cory နဲ့ နောက်တစ်ဆင့်ကို တက်ခဲ့သင့်တယ်လို့လည်း Rolling Stone နဲ့ အင်တာဗျူးမှာ Taylor က ပြောခဲ့ပါတယ်။

Back To December
Photo: taylorlautners_/ Instagram

Taylor ရဲ့ သီချင်းအချို့မှာ တွေ့ရမယ့် ရည်းစားဟောင်းကို စွပ်စွဲတာတွေ၊ ခနဲ့တာတွေနဲ့ ပြောင်းပြန် ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်ကတော့ Back To December ဖြစ်ပါတယ်။ ဒီသီချင်းကတော့ တောင်းပန်ထားတဲ့ သီချင်း ဖြစ်နေလို့ပါပဲ။ ဒီသီချင်းဟာ Twilight ဇာတ်ကားတွေထဲမှာ werewolf ချောချောလေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Taylor Lautner ကို ရည်ရွယ်ထားတဲ့ သီချင်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ Valentine’s Day ဆိုတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ဇာတ်ကားမှာ အတူတူ ပါဝင် သရုပ်ဆောင်ရင်း တွေ့ဆုံခဲ့ကြတာပါ။ ၂၀၀၉ခုနှစ် နွေရာသီမှာ တွေ့ဆုံခဲ့ကြပြီး ဆောင်းဦးရာသီမှာ ချစ်ကျွမ်းဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ အဲဒီနှစ်ရဲ့ ဒီဇင်ဘာလမှာပဲ လမ်းခွဲပြတ်စဲခဲ့ကြတာ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

Taylor Lautner နဲ့ ပတ်သက်ပြီး Taylor တစ်ခါက ပြောဖူးတာလည်း ရှိပါတယ်။ “ကျွန်မရဲ့သီချင်းထဲမှာ လူတစ်ယောက်ကို တောင်းပန်တာ ဒီသီချင်းက ပထမဆုံးပါပဲ။ ဒီသီချင်းလေးက ကျွန်မအတွက် သိပ်ကိုထူးခြားခဲ့တဲ့ လူတစ်ယောက်ရဲ့အကြောင်းပါ။ ကျွန်မတို့နှစ်ယောက်က တကယ်လည်း perfect ဖြစ်တဲ့ relationship တစ်ခုကို ပိုင်ဆိုင်ခဲ့ကြတာပါ။ ဒါပေမယ့် သူနဲ့ ပတ်သက်ပြီး ကျွန်မ ဂရုမစိုက်မိခဲ့တာတွေ ရှိပါတယ်။ အဲဒါကြောင့် ဒီသီချင်းကတော့ သူ ကြားရဖို့ ထိုက်တန်သမျှ စကားလုံးတွေကို ထည့်သွင်းထားတာပါ … ” လို့ Taylor က ပြောခဲ့ပါတယ်။

All Too Well
Photo: jakegyllenhaaldaily/ Instagram

All Too Well ကတော့ Taylor ရဲ့ အကောင်းဆုံး တေးသီချင်းတစ်ပုဒ်အဖြစ် သတ်မှတ်ခံထားရတဲ့ သီချင်းလေးပါ။ ဒီသီချင်းလေးကတော့ ပြီးဆုံးသွားတဲ့ relationship တစ်ခုရဲ့ လွမ်းစရာအမှတ်တရတွေရော၊ အဆိုးဝါးဆုံး အမှတ်တရတွေကိုရော ပြန်မြင်ယောင်၊ ခံစားမိစေမယ့် သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

ဒီသီချင်းဟာ Speak Now နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်အတွင်း soundcheck လုပ်ရင်း ရေးစပ်ထားတဲ့ သီချင်း ဖြစ်တယ်လို့ တွဲဖက်ရေးသားသူ Liz Rose ရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီသီချင်းရဲ့ မူလကြာမြင့်ချိန်ဟာ (၁၀)မိနစ်ကနေ (၁၅)မိနစ်လောက်အထိ ရှိခဲ့ပြီး ယခုပုံစံဖြစ်လာအောင် Liz Rose က ကူညီပြုပြင်ပေးခဲ့တာပါ။ ဒီသီချင်းရဲ့ မူလစာသားတွေကတော့ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Lover အယ်လ်ဘမ်ရဲ့ deluxe edition ထဲမှာ ထည့်သွင်းပေးခဲ့ပါတယ်။

Photo: taylorswift/ Instagram

ဒီသီချင်းဟာ သူမအယ်လ်ဘမ်တွေမှာ ထည့်သွင်းနေကျ Track 5 pattern အတိုင်း ထည့်သွင်းထားတဲ့ သီချင်းလည်း ဖြစ်ပါတယ်။ Swifties တွေဆိုရင်တော့ Taylor ဟာ သူမရဲ့အယ်လ်ဘမ်ထဲက ငါးပုဒ်မြောက် သီချင်းတိုင်းကို ဟတ်ထိစေမယ့် အခံစားရဆုံးသီချင်းကိုပဲ ထည့်သွင်းတတ်ကြောင်း သိကြမှာပါ။ All Too Well ကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Red အယ်လ်ဘမ်ထဲက ငါးပုဒ်မြောက် သီချင်း ဖြစ်ပါတယ်။ အဲဒီရှေ့က အယ်လ်ဘမ်တွေရဲ့ ငါးပုဒ်မြောက်သီချင်းတွေကတော့ Cold As You ၊ White Horse နဲ့ Dear John တို့ ဖြစ်ပါတယ်။

ဒီသီချင်းမှာ ရည်ညွှန်းထားသူကတော့ Taylor ရဲ့ ရည်းစားဟောင်း မင်းသားချော Jake Gyllenhaal ဖြစ်ပါတယ်။ Taylor ဟာ ကျေးဇူးတော်နေ့ ပွဲတော်ကာလမှာ နယူးယော့ခ်မြို့က Jake ရဲ့ မိဘတွေအိမ်ကို သွားရောက် လည်ပတ်ခဲ့ပြီး သူ့ရဲ့ မိသားစုတွေနဲ့အတူ အချိန်ကုန်ဆုံးခဲ့ပါတယ်။ “မင်းအစ်မအိမ်မှာ ငါ ကျန်ခဲ့တဲ့ ပဝါကို မင်းအခုထိ သိမ်းထားတုန်းပဲ… ” ဆိုတာကတော့ ဘရွတ်ကလင်းမြို့မှာ နေထိုင်တဲ့ Jake ရဲ့ အစ်မ Maggie ရဲ့ အိမ်ကို သွားလည်တုန်းက အဖြစ်အပျက်ကို ပြောထားတာပါ။

Dear John
Photo: johnmayer/ Instagram

ဒီသီချင်းကတော့ ဝါရင့် အချစ်ကျွမ်းကျင်သူတစ်ယောက်ဆီမှာ လှည့်စားခံလိုက်ရတဲ့ မနူးမနပ် ဆယ်ကျော်သက်တစ်ယောက်ရဲ့ ကြေကွဲတေးသံပဲ ဖြစ်ပါတယ်။ ဒီသီချင်းကို ရည်ညွှန်းသူကိုတော့ အများကြီး စဉ်းစားစရာ မလိုပါဘူး။ သီချင်းခေါင်းစဉ်မှာတင် ဖော်ပြပြီးသား ဖြစ်တဲ့ နာမည်ကျော် country အဆိုတော် John Mayer ကို ရည်ညွှန်းထားတာဖြစ်ပါတယ်။

Taylor ဟာ John နဲ့ ခဏတွဲခဲ့ဖူးပါသေးတယ်။ အဲဒီအချိန်က Taylor ဟာ အသက်(၁၉)နှစ်သာ ရှိသေးပြီး John ကတော့ (၃၂)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်လို့ Taylor ဟာ သူမဘက်က ခံစားချက်တွေကို မကွယ်မဝှက်တမ်း ရေးသားခဲ့ပြီး John Mayer အတွက် ရည်ရွယ်မှန်း သိသာအောင် ထူးခြားချက်တစ်ခု ထည့်ထားပါသေးတယ်။

Photo: taylorswift/ Instagram

အဲဒါကတော့ သူမရဲ့ သီချင်းတွေထဲမှာ ထည့်သွင်းလေ့မရှိတဲ့ နောက်ခံ ဂစ်တာ slur သံကို တမင်ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။ John Mayer ဟာ အဲဒီ ဂစ်တာ slur သံနဲ့ techniques တွေကို သူ့ရဲ့ သီချင်းတွေထဲမှာ အမြဲထည့်သုံးလေ့ ရှိပါတယ်။ ဒီသီချင်းထွက်လာပြီးနောက် John ဘက်ကတော့ သီချင်းထဲမှာ ပြောထားသမျှ စွပ်စွဲချက်တွေဟာ တစ်ဖက်သတ် မမျှမတ မှတ်ချက်ပေးထားတာပဲလို့ တုံ့ပြန်ခဲ့ပါတယ်။

ဒါကတော့ Taylor ရဲ့ သီချင်းအချို့နဲ့ ဆက်စပ်နေတဲ့ အချစ်ဇာတ်လမ်းလေးတွေကို ဖော်ပြပေးထားတာပါ။ တကယ်တော့ သူမရဲ့ သီချင်းတိုင်းဟာ နောက်ကွယ်မှာ အကြောင်းအရာတွေ၊ ဇာတ်လမ်းတွေ ပိုင်ဆိုင်ထားတာပါ။ စာဖတ်သူတို့ အမှတ်ရမိနေတဲ့ ဇာတ်လမ်းလေးတွေကိုလည်း ပြန်လည် ဆွေးနွေးပေးခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

နာမည္ေက်ာ္ ေပါ့ပ္စူပါစတား Taylor Swift ဟာ သူမရဲ႕ ေတးသီခ်င္း စပ္ဆိုႏိုင္မႈ၊ ေဝါဟာရ ႂကြယ္ဝမႈနဲ႔ ေက်ာ္ၾကားသူ ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ သူမ ႀကဳံေတြ႕ခံစားခဲ့ရတဲ့ အခ်စ္ဇာတ္လမ္းေတြကို လူအမ်ားစု ဆက္စပ္ ခံစားႏိုင္မယ့္ လွပတဲ့ ေတးသီခ်င္းေတြအျဖစ္ ေျပာင္းလဲႏိုင္စြမ္းပဲ ျဖစ္ပါတယ္။

Taylor ဟာ ယေန႔အခ်ိန္အထိ စတူဒီယိုအယ္လ္ဘမ္ (၉)ခ်ပ္နဲ႔ EP (၁၃)ခ်ပ္ ထုတ္ေဝၿပီး ျဖစ္တာေၾကာင့္ သူမရဲ႕ ေတးသီခ်င္းေတြနဲ႔ ပတ္သက္တဲ့ ဇာတ္လမ္းေတြ၊ အေၾကာင္းအရာေတြကေတာ့ ေျမာက္မ်ားစြာ ရွိေနပါတယ္။ ဒီထဲကမွ သူမရဲ႕ အေစာပိုင္း ေတးသီခ်င္းေတြရဲ႕ ေနာက္ကြယ္က အခ်စ္ဇာတ္လမ္းအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

Mine
Photo: corymonteithpic/ Instagram

Mine ကေတာ့ Taylor ရဲ႕ Speak Now အယ္လ္ဘမ္ထဲက သီခ်င္းေလး ျဖစ္ပါတယ္။ ဒီသီခ်င္းေလးရဲ႕ အဓိပၸာယ္ကေတာ့ အိမ္ေထာင္ေရး မေျပလည္တဲ့ မိဘႏွစ္ပါးက ေမြးဖြားလာတဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ အခ်စ္ကို မယုံၾကည္ႏိုင္တဲ့အေၾကာင္းပါ။ အခ်ိန္ေတြ ၾကာလာလို႔ ခ်စ္မိျပန္ေတာ့လည္း တစ္ခုခု မွားသြားဦးမလားလို႔ အၿမဲစိုးရိမ္ေနမိတဲ့ မိန္းကေလးတစ္ေယာက္အေၾကာင္း ျဖစ္ပါတယ္။

ဒီသီခ်င္းရဲ႕ ေနာက္ကြယ္က ရည္ၫႊန္းထားသူကေတာ့ ကြယ္လြန္သြားၿပီျဖစ္တဲ့ Glee သ႐ုပ္ေဆာင္ Cory Monteith ျဖစ္ပါတယ္။ Taylor ဟာ ၂၀၁၀ခုႏွစ္မွာ Cory နဲ႔ လပိုင္းေလာက္ တြဲခဲ့ေသးတယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ တကယ္တမ္း အၾကာႀကီး တြဲခဲ့တာ မဟုတ္ေပမယ့္လည္း သူတို႔ႏွစ္ေယာက္ အတူရွိခဲ့ခ်ိန္ Cory ရဲ႕ မ်က္ဝန္းထဲမွာ ျမင္ခဲ့ရတဲ့ ခ်စ္ျခင္းပုံရိပ္ေတြကို ခံစားၿပီး ပုံေဖာ္လိုက္တာပါလို႔ ေနာက္ပိုင္း အင္တာဗ်ဴးေတြမွာ Taylor က ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ အဲဒီအခ်ိန္က အခ်စ္ကို ေၾကာက္ၿပီး ထြက္ေျပးေနခဲ့မိသလို အသည္းကြဲမလားဆိုတဲ့ စိုးရိမ္စိတ္နဲ႔ တင္းထားမိခဲ့တာေတြကို ေျဖေလွ်ာ့ၿပီး Cory နဲ႔ ေနာက္တစ္ဆင့္ကို တက္ခဲ့သင့္တယ္လို႔လည္း Rolling Stone နဲ႔ အင္တာဗ်ဴးမွာ Taylor က ေျပာခဲ့ပါတယ္။

Back To December
Photo: taylorlautners_/ Instagram

Taylor ရဲ႕ သီခ်င္းအခ်ိဳ႕မွာ ေတြ႕ရမယ့္ ရည္းစားေဟာင္းကို စြပ္စြဲတာေတြ၊ ခနဲ႔တာေတြနဲ႔ ေျပာင္းျပန္ ျဖစ္ေနတဲ့ သီခ်င္းတစ္ပုဒ္ကေတာ့ Back To December ျဖစ္ပါတယ္။ ဒီသီခ်င္းကေတာ့ ေတာင္းပန္ထားတဲ့ သီခ်င္း ျဖစ္ေနလို႔ပါပဲ။ ဒီသီခ်င္းဟာ Twilight ဇာတ္ကားေတြထဲမွာ werewolf ေခ်ာေခ်ာေလးအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Taylor Lautner ကို ရည္႐ြယ္ထားတဲ့ သီခ်င္း ျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးဟာ Valentine’s Day ဆိုတဲ့ နာမည္ႀကီး သ႐ုပ္ေဆာင္ေတြ ပါဝင္ထားတဲ့ ဇာတ္ကားမွာ အတူတူ ပါဝင္ သ႐ုပ္ေဆာင္ရင္း ေတြ႕ဆုံခဲ့ၾကတာပါ။ ၂၀၀၉ခုႏွစ္ ေႏြရာသီမွာ ေတြ႕ဆုံခဲ့ၾကၿပီး ေဆာင္းဦးရာသီမွာ ခ်စ္ကြၽမ္းဝင္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ အဲဒီႏွစ္ရဲ႕ ဒီဇင္ဘာလမွာပဲ လမ္းခြဲျပတ္စဲခဲ့ၾကတာ ျဖစ္ပါတယ္။

Photo: taylorswift/ Instagram

Taylor Lautner နဲ႔ ပတ္သက္ၿပီး Taylor တစ္ခါက ေျပာဖူးတာလည္း ရွိပါတယ္။ “ကြၽန္မရဲ႕သီခ်င္းထဲမွာ လူတစ္ေယာက္ကို ေတာင္းပန္တာ ဒီသီခ်င္းက ပထမဆုံးပါပဲ။ ဒီသီခ်င္းေလးက ကြၽန္မအတြက္ သိပ္ကိုထူးျခားခဲ့တဲ့ လူတစ္ေယာက္ရဲ႕အေၾကာင္းပါ။ ကြၽန္မတို႔ႏွစ္ေယာက္က တကယ္လည္း perfect ျဖစ္တဲ့ relationship တစ္ခုကို ပိုင္ဆိုင္ခဲ့ၾကတာပါ။ ဒါေပမယ့္ သူနဲ႔ ပတ္သက္ၿပီး ကြၽန္မ ဂ႐ုမစိုက္မိခဲ့တာေတြ ရွိပါတယ္။ အဲဒါေၾကာင့္ ဒီသီခ်င္းကေတာ့ သူ ၾကားရဖို႔ ထိုက္တန္သမွ် စကားလုံးေတြကို ထည့္သြင္းထားတာပါ … ” လို႔ Taylor က ေျပာခဲ့ပါတယ္။

All Too Well
Photo: jakegyllenhaaldaily/ Instagram

All Too Well ကေတာ့ Taylor ရဲ႕ အေကာင္းဆုံး ေတးသီခ်င္းတစ္ပုဒ္အျဖစ္ သတ္မွတ္ခံထားရတဲ့ သီခ်င္းေလးပါ။ ဒီသီခ်င္းေလးကေတာ့ ၿပီးဆုံးသြားတဲ့ relationship တစ္ခုရဲ႕ လြမ္းစရာအမွတ္တရေတြေရာ၊ အဆိုးဝါးဆုံး အမွတ္တရေတြကိုေရာ ျပန္ျမင္ေယာင္၊ ခံစားမိေစမယ့္ သီခ်င္းတစ္ပုဒ္ ျဖစ္ပါတယ္။

ဒီသီခ်င္းဟာ Speak Now နယ္လွည့္ေဖ်ာ္ေျဖေရး ခရီးစဥ္အတြင္း soundcheck လုပ္ရင္း ေရးစပ္ထားတဲ့ သီခ်င္း ျဖစ္တယ္လို႔ တြဲဖက္ေရးသားသူ Liz Rose ရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။ ဒီသီခ်င္းရဲ႕ မူလၾကာျမင့္ခ်ိန္ဟာ (၁၀)မိနစ္ကေန (၁၅)မိနစ္ေလာက္အထိ ရွိခဲ့ၿပီး ယခုပုံစံျဖစ္လာေအာင္ Liz Rose က ကူညီျပဳျပင္ေပးခဲ့တာပါ။ ဒီသီခ်င္းရဲ႕ မူလစာသားေတြကေတာ့ ၂၀၁၉ခုႏွစ္က ထြက္ရွိခဲ့တဲ့ Lover အယ္လ္ဘမ္ရဲ႕ deluxe edition ထဲမွာ ထည့္သြင္းေပးခဲ့ပါတယ္။

Photo: taylorswift/ Instagram

ဒီသီခ်င္းဟာ သူမအယ္လ္ဘမ္ေတြမွာ ထည့္သြင္းေနက် Track 5 pattern အတိုင္း ထည့္သြင္းထားတဲ့ သီခ်င္းလည္း ျဖစ္ပါတယ္။ Swifties ေတြဆိုရင္ေတာ့ Taylor ဟာ သူမရဲ႕အယ္လ္ဘမ္ထဲက ငါးပုဒ္ေျမာက္ သီခ်င္းတိုင္းကို ဟတ္ထိေစမယ့္ အခံစားရဆုံးသီခ်င္းကိုပဲ ထည့္သြင္းတတ္ေၾကာင္း သိၾကမွာပါ။ All Too Well ကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Red အယ္လ္ဘမ္ထဲက ငါးပုဒ္ေျမာက္ သီခ်င္း ျဖစ္ပါတယ္။ အဲဒီေရွ႕က အယ္လ္ဘမ္ေတြရဲ႕ ငါးပုဒ္ေျမာက္သီခ်င္းေတြကေတာ့ Cold As You ၊ White Horse နဲ႔ Dear John တို႔ ျဖစ္ပါတယ္။

ဒီသီခ်င္းမွာ ရည္ၫႊန္းထားသူကေတာ့ Taylor ရဲ႕ ရည္းစားေဟာင္း မင္းသားေခ်ာ Jake Gyllenhaal ျဖစ္ပါတယ္။ Taylor ဟာ ေက်းဇူးေတာ္ေန႔ ပြဲေတာ္ကာလမွာ နယူးေယာ့ခ္ၿမိဳ႕က Jake ရဲ႕ မိဘေတြအိမ္ကို သြားေရာက္ လည္ပတ္ခဲ့ၿပီး သူ႔ရဲ႕ မိသားစုေတြနဲ႔အတူ အခ်ိန္ကုန္ဆုံးခဲ့ပါတယ္။ “မင္းအစ္မအိမ္မွာ ငါ က်န္ခဲ့တဲ့ ပဝါကို မင္းအခုထိ သိမ္းထားတုန္းပဲ… ” ဆိုတာကေတာ့ ဘ႐ြတ္ကလင္းၿမိဳ႕မွာ ေနထိုင္တဲ့ Jake ရဲ႕ အစ္မ Maggie ရဲ႕ အိမ္ကို သြားလည္တုန္းက အျဖစ္အပ်က္ကို ေျပာထားတာပါ။

Dear John
Photo: johnmayer/ Instagram

ဒီသီခ်င္းကေတာ့ ဝါရင့္ အခ်စ္ကြၽမ္းက်င္သူတစ္ေယာက္ဆီမွာ လွည့္စားခံလိုက္ရတဲ့ မႏူးမနပ္ ဆယ္ေက်ာ္သက္တစ္ေယာက္ရဲ႕ ေၾကကြဲေတးသံပဲ ျဖစ္ပါတယ္။ ဒီသီခ်င္းကို ရည္ၫႊန္းသူကိုေတာ့ အမ်ားႀကီး စဥ္းစားစရာ မလိုပါဘူး။ သီခ်င္းေခါင္းစဥ္မွာတင္ ေဖာ္ျပၿပီးသား ျဖစ္တဲ့ နာမည္ေက်ာ္ country အဆိုေတာ္ John Mayer ကို ရည္ၫႊန္းထားတာျဖစ္ပါတယ္။

Taylor ဟာ John နဲ႔ ခဏတြဲခဲ့ဖူးပါေသးတယ္။ အဲဒီအခ်ိန္က Taylor ဟာ အသက္(၁၉)ႏွစ္သာ ရွိေသးၿပီး John ကေတာ့ (၃၂)ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။ ဒီသီခ်င္းနဲ႔ ပတ္သက္လို႔ Taylor ဟာ သူမဘက္က ခံစားခ်က္ေတြကို မကြယ္မဝွက္တမ္း ေရးသားခဲ့ၿပီး John Mayer အတြက္ ရည္႐ြယ္မွန္း သိသာေအာင္ ထူးျခားခ်က္တစ္ခု ထည့္ထားပါေသးတယ္။

Photo: taylorswift/ Instagram

အဲဒါကေတာ့ သူမရဲ႕ သီခ်င္းေတြထဲမွာ ထည့္သြင္းေလ့မရွိတဲ့ ေနာက္ခံ ဂစ္တာ slur သံကို တမင္ထည့္သြင္းထားတာပဲ ျဖစ္ပါတယ္။ John Mayer ဟာ အဲဒီ ဂစ္တာ slur သံနဲ႔ techniques ေတြကို သူ႔ရဲ႕ သီခ်င္းေတြထဲမွာ အၿမဲထည့္သုံးေလ့ ရွိပါတယ္။ ဒီသီခ်င္းထြက္လာၿပီးေနာက္ John ဘက္ကေတာ့ သီခ်င္းထဲမွာ ေျပာထားသမွ် စြပ္စြဲခ်က္ေတြဟာ တစ္ဖက္သတ္ မမွ်မတ မွတ္ခ်က္ေပးထားတာပဲလို႔ တုံ႔ျပန္ခဲ့ပါတယ္။

ဒါကေတာ့ Taylor ရဲ႕ သီခ်င္းအခ်ိဳ႕နဲ႔ ဆက္စပ္ေနတဲ့ အခ်စ္ဇာတ္လမ္းေလးေတြကို ေဖာ္ျပေပးထားတာပါ။ တကယ္ေတာ့ သူမရဲ႕ သီခ်င္းတိုင္းဟာ ေနာက္ကြယ္မွာ အေၾကာင္းအရာေတြ၊ ဇာတ္လမ္းေတြ ပိုင္ဆိုင္ထားတာပါ။ စာဖတ္သူတို႔ အမွတ္ရမိေနတဲ့ ဇာတ္လမ္းေလးေတြကိုလည္း ျပန္လည္ ေဆြးေႏြးေပးခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular