HomeEntertainmentFilmThor ရုပ်ရှင်သုံးကားရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာ အကြောင်းအရာများ 

Thor ရုပ်ရှင်သုံးကားရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာ အကြောင်းအရာများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel က နာမည်ကြီးဇာတ်ကောင်တစ်ခုဖြစ်တဲ့ Thor ဆိုရင် မသိတဲ့လူ ရှိမယ်မထင်ပါဘူး။ ထွက်ထားတဲ့ ဆိုလိုရုပ်ရှင်သုံးကားလုံးကလည်း အောင်မြင်ခဲ့ပြီး နာမည်ကြီးတဲ့ စူပါဟီးရိုးဇာတ်ကားတွေထဲမှာ ပါဝင်ပါတယ်။ Thor ၊ Thor: The Dark World နဲ့ Thor: Ragnarok ရုပ်ရှင်သုံးကားရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဘယ်လိုအကြောင်းအရာတွေ ရှိလည်းဆိုတာ ကြည့်လိုက်ရအောင်။

Stan Lee ဟာ Odin အဖြစ် သရုပ်ဆောင်ချင်ခဲ့တာပါ။

photo via screenrant

Stan Lee ဟာ Norse ဒဏ္ဍာရီထဲက နတ်ဘုရားတွေကို အခြေခံပြီး Thor ဇာတ်ကောင်ကို ကောမစ်ထဲမှာ စတင်ဖန်တီး ရေးဆွဲခဲ့တာပါ။ အဲ့ဒီ့အချိန်ကတည်းက ရုပ်ရှင်များ ရိုက်ဖြစ်ခဲ့မယ်ဆိုရင် Odin နေရာမှာ သရုပ်ဆောင်ချင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Thor ဇာတ်ကားတွေကို ရိုက်ကူးတဲ့ ဒါရိုက်တာဟာ Odin ရဲ့ဇာတ်ရုပ်အဖြစ် သူ့ကို နည်းနည်းလေးတောင် မစဉ်းစားခဲ့တာကြောင့် စိတ်ပျက်မိပါတယ်ဆိုပြီးလည်း ဟာသလုပ်ခဲ့ပါသေးတယ်။

သူသရုပ်ဆောင်ချင်တဲ့ ကာရိုက်တာဖြစ်ပေမယ့် အဲ့ဒီ့နေရာကို မင်းသားကြီး Anthony Hopkins က သရုပ်ဆောင်ခဲ့ရတဲ့အပေါ်မှာလည်း လှိုက်လှိုက်လှဲလှဲနဲ့ ပျော်ရွှင်ကျေနပ်ခဲ့သူ ဖြစ်ပါတယ်။ အကယ်၍ Stan Lee ဟာ cameo အဖြစ်လောက်တင် မဟုတ်ဘဲ တကယ်ကြီး Odin နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ရမယ်ဆိုရင် ပိုပြီးပျော်ရွှင်စရာ အမှတ်တရ ဖြစ်ခဲ့နိုင်ပါတယ်။

Chris Hemsworth ဟာ ရုပ်ရှင်မရိုက်ခင် ဆံပင်ရှည်လာဖို့ကို တစ်နှစ်ကျော်လောက် စောင့်ခဲ့ရပါတယ်။

photo via screenrant

တကယ်လို့များ Thor: The Dark World ထဲက မင်းသားရဲ့ဆံနွယ်တွေဟာ ပထမဇာတ်ကားထက် ပိုပြီးကြည့်ကောင်းနေတယ်လို့ ထင်မိခဲ့တယ်ဆိုရင် သင်ထင်တာ မမှားပါဘူး။ ဘာလို့ဆို ဒုတိယမြောက်ဇာတ်ကားဟာ တကယ့်ဆံပင်အစစ်ကို ရှည်လာအောင် စောင့်ပြီးမှ ရိုက်ကူးခဲ့လို့ ဖြစ်ပါတယ်။

Chris Hemsworth ဟာ ပထမဦးဆုံး ထွက်ခဲ့တဲ့ Thor ဇာတ်ကားထဲမှာတုန်းက ဆံပင်တုစွပ်ပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဆံပင်တုကြီးဝတ်ရတာ သူကိုယ်တိုင်ကလည်း မသက်မသာဖြစ်ပြီး ကြည့်ရတာလည်း အတုကြီးနဲ့ တူနေတာကြောင့် နောက်ကားတွေမှာ ဆံပင်ရှည်အစစ်နဲ့ ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့လိုမျိုး ဆံပင်တု မဝတ်ဘဲ သရုပ်ဆောင်နိုင်ဖို့အတွက် သူ့ရဲ့ဆံပင်တွေ ရှည်လာအောင် တစ်နှစ်ကျော်လောက် စောင့်ဆိုင်းခဲ့ရပါတယ်။

Natalie Portman ဟာ Chris Hemsworth နဲ့ အကြင်နာပေးခန်းရိုက်ဖို့အတွက် သေတ္တာခုခဲ့ရပါတယ်။

photo via screenrant

Chris Hemsworth ဟာ Natalie Portman နဲ့ ယှဉ်လိုက်ရင် အရပ်က တစ်ပေလောက် ကွာနေတာကြောင့် ရိုမန့်တစ်ဆန်တဲ့အခန်းတွေကို အနီးကပ် ရိုက်ရတော့မယ်ဆိုရင် Natalie ဟာ သေတ္တာတစ်ခုပေါ်မှာ မတ်တပ်ရပ်ပြီး သရုပ်ဆောင် ရပါတယ်။ အဲ့လိုမျိုး သေတ္တာခုထားတာတောင်မှ Chris ရဲ့ နှုတ်ခမ်းနားကိုပဲ မီပါတယ်။ Natalie ဟာ Chris ဆီကို ပြေးသွားပြီး အချစ်တွေအပြည့်နဲ့ အနမ်းပေးတဲ့အခန်းကို ရိုက်ဖို့အတွက်ကိုတော့ ရုပ်ရှင်အဖွဲ့သားတွေက ဆင်ခြေလျောတစ်ခုကို ဖန်တီးပေးခဲ့ရပါတယ်။

မူလက The Dark World ရုပ်ရှင်ထဲမှာ Loki မပါဝင်ပါဘူး။

photo via screenrant

The Dark World ရုပ်ရှင်ရဲ့ ကနဦးရေးသားထားတဲ့ ဇာတ်လမ်းထဲမှာ Loki မပါဝင်ခဲ့ပါဘူး။ မူလက ရေးထားတဲ့ ဇာတ်ညွှန်းဟာ Malekith နဲ့ the Dark Elves တွေရဲ့ အန္တရာယ်ကနေ Thor က Asgard ကို ကာကွယ်ရမှာ ဖြစ်ပါတယ်။  ဖြစ်ချင်တော့ The Dark World ကို ရိုက်ကူးရေး လုပ်တော့မယ့်ဆဲဆဲမှာပဲ The Avengers ဇာတ်ကားက ရုံတင်နေတဲ့အချိန် ဖြစ်ပါတယ်။ ချက်ချင်းလက်ငင်းဆိုသလို Loki ဟာ Marvel ရဲ့ လူကြိုက်အများဆုံး ကာရိုက်တာတစ်ခု ဖြစ်လာတာကြောင့် ဇာတ်လမ်းကို ပြန်ပြောင်းရေးပြီး Loki ကို အသာပေး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Valkyrie ရဲ့ လိင်တိမ်းညွတ်မှုကို ပြသတဲ့အခန်းကို Marvel က ဖြတ်ပစ်ခဲ့ပါတယ်။

photo via screenrant

Thor: Ragnarok ကို ရိုက်ကူးနေစဉ်အချိန်အတွင်းမှာ Valkyrie ရဲ့ လိင်တိမ်းညွတ်မှုအကြောင်းကို အတည်ပြု၊ ပြသပေးတဲ့အခန်း ထည့်သွင်းဖို့ သရုပ်ဆောင် Tessa Thompson က ဒါရိုက်တာကို အကြံပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ လိင်တူရော လိင်ကွဲပါ စိတ်ဝင်စားတဲ့အကြောင်း ပေါ်လွင်စေဖို့ Valkyrie ရဲ့ အိပ်ခန်းထဲကနေ အမျိုးသမီးတစ်ယောက် ထွက်လာတဲ့အခန်းကို ထည့်သွင်း၊ ရိုက်ကူးခဲ့ကြပါတယ်။

ဒီအခန်းကို ရုပ်ရှင်ထဲမှာ ထည့်သွင်းပြသဖို့အတွက် ရိုက်ကူးရေးအဖွဲ့နဲ့ ကုမ္ပဏီတို့ အချေအတင် ဖြစ်ပွားခဲ့ပေမယ့် နောက်ဆုံးမှာတော့ Marvel ရဲ့ ကတ်ကြေးစာ မိသွားခဲ့ပါတယ်။ သို့ပေမယ့် Valkyrie ရဲ့ လိင်တိမ်းညွတ်မှုအကြောင်းကို လာမယ့် Thor: Love And Thunder ရုပ်ရှင်ထဲမှာတော့ အတည်ပြု ပြသပေးသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Thor နေရာမှာ သရုပ်ဆောင်ဖို့ Hemsworth ညီအစ်ကိုနှစ်ယောက်လုံးကို ကမ်းလှမ်းခဲ့တာပါ။

photo via screenrant

Marvel ဟာ Thor နေရာမှာ သရုပ်ဆောင်ဖို့အတွက် Chris Hemsworth နဲ့ Liam Hemsworth တို့ ညီအစ်ကိုနှစ်ယောက်လုံးကို ကမ်းလှမ်းခဲ့ပါတယ်။ သို့ပေမယ့် ညီအစ်ကိုနှစ်ယောက်ကို ယှဉ်ကြည့်တဲ့အခါ Liam Hemsworth ဟာ သရုပ်ဆောင် သိပ်မကောင်းတဲ့အပြင် Robert Downey Jr. ၊ Chris Evans တို့နဲ့ ပခုံးချင်းယှဉ်ပြီး သရုပ်ဆောင်ဖို့အတွက်လည်း ငယ်သေးတာကြောင့် အရာရာ ကွက်တိကျနေတဲ့ Chris Hemsworth ကို ရွေးချယ်လိုက်ကြတာ ဖြစ်ပါတယ်။

ဒါကတော့ ထွက်ထားပြီးတဲ့ Thor ရုပ်ရှင်ဇာတ်ကား သုံးကားရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာအကြောင်းလေးတွေပဲ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ သဘောကျတယ်ဆို အခြားသူတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Marvel က နာမည္ႀကီးဇာတ္ေကာင္တစ္ခုျဖစ္တဲ့ Thor ဆိုရင္ မသိတဲ့လူ ရွိမယ္မထင္ပါဘူး။ ထြက္ထားတဲ့ ဆိုလို႐ုပ္ရွင္သုံးကားလုံးကလည္း ေအာင္ျမင္ခဲ့ၿပီး နာမည္ႀကီးတဲ့ စူပါဟီး႐ိုးဇာတ္ကားေတြထဲမွာ ပါဝင္ပါတယ္။ Thor ၊ Thor: The Dark World နဲ႔ Thor: Ragnarok ႐ုပ္ရွင္သုံးကားရဲ႕ ေနာက္ကြယ္မွာ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ဘယ္လိုအေၾကာင္းအရာေတြ ရွိလည္းဆိုတာ ၾကည့္လိုက္ရေအာင္။

Stan Lee ဟာ Odin အျဖစ္ သ႐ုပ္ေဆာင္ခ်င္ခဲ့တာပါ။
photo via screenrant

Stan Lee ဟာ Norse ဒ႑ာရီထဲက နတ္ဘုရားေတြကို အေျခခံၿပီး Thor ဇာတ္ေကာင္ကို ေကာမစ္ထဲမွာ စတင္ဖန္တီး ေရးဆြဲခဲ့တာပါ။ အဲ့ဒီ့အခ်ိန္ကတည္းက ႐ုပ္ရွင္မ်ား ႐ိုက္ျဖစ္ခဲ့မယ္ဆိုရင္ Odin ေနရာမွာ သ႐ုပ္ေဆာင္ခ်င္တယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ Thor ဇာတ္ကားေတြကို ႐ိုက္ကူးတဲ့ ဒါ႐ိုက္တာဟာ Odin ရဲ႕ဇာတ္႐ုပ္အျဖစ္ သူ႔ကို နည္းနည္းေလးေတာင္ မစဥ္းစားခဲ့တာေၾကာင့္ စိတ္ပ်က္မိပါတယ္ဆိုၿပီးလည္း ဟာသလုပ္ခဲ့ပါေသးတယ္။

သူသ႐ုပ္ေဆာင္ခ်င္တဲ့ ကာ႐ိုက္တာျဖစ္ေပမယ့္ အဲ့ဒီ့ေနရာကို မင္းသားႀကီး Anthony Hopkins က သ႐ုပ္ေဆာင္ခဲ့ရတဲ့အေပၚမွာလည္း လႈိက္လႈိက္လွဲလွဲနဲ႔ ေပ်ာ္႐ႊင္ေက်နပ္ခဲ့သူ ျဖစ္ပါတယ္။ အကယ္၍ Stan Lee ဟာ cameo အျဖစ္ေလာက္တင္ မဟုတ္ဘဲ တကယ္ႀကီး Odin ေနရာမွာ ဇာတ္ေကာင္တစ္ေယာက္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့မယ္ဆိုရင္ ပိုၿပီးေပ်ာ္႐ႊင္စရာ အမွတ္တရ ျဖစ္ခဲ့ႏိုင္ပါတယ္။

Chris Hemsworth ဟာ ႐ုပ္ရွင္မ႐ိုက္ခင္ ဆံပင္ရွည္လာဖို႔ကို တစ္ႏွစ္ေက်ာ္ေလာက္ ေစာင့္ခဲ့ရပါတယ္။
photo via screenrant

တကယ္လို႔မ်ား Thor: The Dark World ထဲက မင္းသားရဲ႕ဆံႏြယ္ေတြဟာ ပထမဇာတ္ကားထက္ ပိုၿပီးၾကည့္ေကာင္းေနတယ္လို႔ ထင္မိခဲ့တယ္ဆိုရင္ သင္ထင္တာ မမွားပါဘူး။ ဘာလို႔ဆို ဒုတိယေျမာက္ဇာတ္ကားဟာ တကယ့္ဆံပင္အစစ္ကို ရွည္လာေအာင္ ေစာင့္ၿပီးမွ ႐ိုက္ကူးခဲ့လို႔ ျဖစ္ပါတယ္။

Chris Hemsworth ဟာ ပထမဦးဆုံး ထြက္ခဲ့တဲ့ Thor ဇာတ္ကားထဲမွာတုန္းက ဆံပင္တုစြပ္ၿပီး သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ဆံပင္တုႀကီးဝတ္ရတာ သူကိုယ္တိုင္ကလည္း မသက္မသာျဖစ္ၿပီး ၾကည့္ရတာလည္း အတုႀကီးနဲ႔ တူေနတာေၾကာင့္ ေနာက္ကားေတြမွာ ဆံပင္ရွည္အစစ္နဲ႔ ႐ိုက္ကူးဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ အဲ့လိုမ်ိဳး ဆံပင္တု မဝတ္ဘဲ သ႐ုပ္ေဆာင္ႏိုင္ဖို႔အတြက္ သူ႔ရဲ႕ဆံပင္ေတြ ရွည္လာေအာင္ တစ္ႏွစ္ေက်ာ္ေလာက္ ေစာင့္ဆိုင္းခဲ့ရပါတယ္။

Natalie Portman ဟာ Chris Hemsworth နဲ႔ အၾကင္နာေပးခန္း႐ိုက္ဖို႔အတြက္ ေသတၱာခုခဲ့ရပါတယ္။
photo via screenrant

Chris Hemsworth ဟာ Natalie Portman နဲ႔ ယွဥ္လိုက္ရင္ အရပ္က တစ္ေပေလာက္ ကြာေနတာေၾကာင့္ ႐ိုမန္႔တစ္ဆန္တဲ့အခန္းေတြကို အနီးကပ္ ႐ိုက္ရေတာ့မယ္ဆိုရင္ Natalie ဟာ ေသတၱာတစ္ခုေပၚမွာ မတ္တပ္ရပ္ၿပီး သ႐ုပ္ေဆာင္ ရပါတယ္။ အဲ့လိုမ်ိဳး ေသတၱာခုထားတာေတာင္မွ Chris ရဲ႕ ႏႈတ္ခမ္းနားကိုပဲ မီပါတယ္။ Natalie ဟာ Chris ဆီကို ေျပးသြားၿပီး အခ်စ္ေတြအျပည့္နဲ႔ အနမ္းေပးတဲ့အခန္းကို ႐ိုက္ဖို႔အတြက္ကိုေတာ့ ႐ုပ္ရွင္အဖြဲ႕သားေတြက ဆင္ေျခေလ်ာတစ္ခုကို ဖန္တီးေပးခဲ့ရပါတယ္။

မူလက The Dark World ႐ုပ္ရွင္ထဲမွာ Loki မပါဝင္ပါဘူး။
photo via screenrant

The Dark World ႐ုပ္ရွင္ရဲ႕ ကနဦးေရးသားထားတဲ့ ဇာတ္လမ္းထဲမွာ Loki မပါဝင္ခဲ့ပါဘူး။ မူလက ေရးထားတဲ့ ဇာတ္ၫႊန္းဟာ Malekith နဲ႔ the Dark Elves ေတြရဲ႕ အႏၲရာယ္ကေန Thor က Asgard ကို ကာကြယ္ရမွာ ျဖစ္ပါတယ္။  ျဖစ္ခ်င္ေတာ့ The Dark World ကို ႐ိုက္ကူးေရး လုပ္ေတာ့မယ့္ဆဲဆဲမွာပဲ The Avengers ဇာတ္ကားက ႐ုံတင္ေနတဲ့အခ်ိန္ ျဖစ္ပါတယ္။ ခ်က္ခ်င္းလက္ငင္းဆိုသလို Loki ဟာ Marvel ရဲ႕ လူႀကိဳက္အမ်ားဆုံး ကာ႐ိုက္တာတစ္ခု ျဖစ္လာတာေၾကာင့္ ဇာတ္လမ္းကို ျပန္ေျပာင္းေရးၿပီး Loki ကို အသာေပး ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။

Valkyrie ရဲ႕ လိင္တိမ္းၫြတ္မႈကို ျပသတဲ့အခန္းကို Marvel က ျဖတ္ပစ္ခဲ့ပါတယ္။
photo via screenrant

Thor: Ragnarok ကို ႐ိုက္ကူးေနစဥ္အခ်ိန္အတြင္းမွာ Valkyrie ရဲ႕ လိင္တိမ္းၫြတ္မႈအေၾကာင္းကို အတည္ျပဳ၊ ျပသေပးတဲ့အခန္း ထည့္သြင္းဖို႔ သ႐ုပ္ေဆာင္ Tessa Thompson က ဒါ႐ိုက္တာကို အႀကံေပးခဲ့ပါတယ္။ ဒါေၾကာင့္ပဲ လိင္တူေရာ လိင္ကြဲပါ စိတ္ဝင္စားတဲ့အေၾကာင္း ေပၚလြင္ေစဖို႔ Valkyrie ရဲ႕ အိပ္ခန္းထဲကေန အမ်ိဳးသမီးတစ္ေယာက္ ထြက္လာတဲ့အခန္းကို ထည့္သြင္း၊ ႐ိုက္ကူးခဲ့ၾကပါတယ္။

ဒီအခန္းကို ႐ုပ္ရွင္ထဲမွာ ထည့္သြင္းျပသဖို႔အတြက္ ႐ိုက္ကူးေရးအဖြဲ႕နဲ႔ ကုမၸဏီတို႔ အေခ်အတင္ ျဖစ္ပြားခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ Marvel ရဲ႕ ကတ္ေၾကးစာ မိသြားခဲ့ပါတယ္။ သို႔ေပမယ့္ Valkyrie ရဲ႕ လိင္တိမ္းၫြတ္မႈအေၾကာင္းကို လာမယ့္ Thor: Love And Thunder ႐ုပ္ရွင္ထဲမွာေတာ့ အတည္ျပဳ ျပသေပးသြားမွာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။

Thor ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ Hemsworth ညီအစ္ကိုႏွစ္ေယာက္လုံးကို ကမ္းလွမ္းခဲ့တာပါ။
photo via screenrant

Marvel ဟာ Thor ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ Chris Hemsworth နဲ႔ Liam Hemsworth တို႔ ညီအစ္ကိုႏွစ္ေယာက္လုံးကို ကမ္းလွမ္းခဲ့ပါတယ္။ သို႔ေပမယ့္ ညီအစ္ကိုႏွစ္ေယာက္ကို ယွဥ္ၾကည့္တဲ့အခါ Liam Hemsworth ဟာ သ႐ုပ္ေဆာင္ သိပ္မေကာင္းတဲ့အျပင္ Robert Downey Jr. ၊ Chris Evans တို႔နဲ႔ ပခုံးခ်င္းယွဥ္ၿပီး သ႐ုပ္ေဆာင္ဖို႔အတြက္လည္း ငယ္ေသးတာေၾကာင့္ အရာရာ ကြက္တိက်ေနတဲ့ Chris Hemsworth ကို ေ႐ြးခ်ယ္လိုက္ၾကတာ ျဖစ္ပါတယ္။

ဒါကေတာ့ ထြက္ထားၿပီးတဲ့ Thor ႐ုပ္ရွင္ဇာတ္ကား သုံးကားရဲ႕ ေနာက္ကြယ္က စိတ္ဝင္စားစရာအေၾကာင္းေလးေတြပဲ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ သေဘာက်တယ္ဆို အျခားသူေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular