HomeEntertainmentMusicThe Weeknd ရဲ့ အယ်လ်ဘမ်သစ်မှာ surprise အနေနဲ့ ပါဝင်လာတဲ့ Jim Carrey 

The Weeknd ရဲ့ အယ်လ်ဘမ်သစ်မှာ surprise အနေနဲ့ ပါဝင်လာတဲ့ Jim Carrey 

The Weeknd ရဲ့ အယ်လ်ဘမ်သစ် Dawn FM ဟာ မနေ့က ဇန်နဝါရီလ(၇)ရက်နေ့မှာ ထွက်ရှိလာပြီး ပရိသတ်တွေအတွက် အံ့ဩစရာအနေနဲ့ မင်းသားကြီး Jim Carrey ကလည်း ဒီအယ်လ်ဘမ်ထဲမှာ ပါဝင်ထားပါတယ်။

The Weeknd တဖြစ်လည်း Abel Tesfaye ဟာ ၂၀၂၀ ခုနှစ်တုန်းကတော့ After Hours အယ်လ်ဘမ်ကို ထွက်ရှိခဲ့ပြီး ဒီအယ်လ်ဘမ်ဟာ စိတ်ညစ်ညူးစရာ ကိုဗစ်ကာလအတွင်း ပရိသတ်တွေအတွက် ဖြေသိမ့်စရာတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ ယခု နှစ်နှစ်အကြာမှာတော့ နောက်ထပ် အယ်လ်ဘမ်သစ်ဖြစ်တဲ့ Dawn FM နဲ့ ပရိသတ်တွေဆီ ပြန်ရောက်လာတာ ဖြစ်ပါတယ်။

Dawn FM ထဲမှာတော့ collaborators အချို့လည်း ပါဝင်ထားပြီး ဒီထဲမှာ နာမည်ကျော်မင်းသားကြီး Jim Carrey လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ မင်းသားကြီးဟာ ဘယ်သူကမှ မထင်မှတ်ထားတဲ့ပုံစံနဲ့ ဒီအယ်လ်ဘမ်ထဲမှာ ပါဝင်ထားတာ ဖြစ်ပါတယ်။

Photo: theweeknd/ Instagram

အဲဒါကတော့ မင်းသားကြီးဟာ အယ်လ်ဘမ်တစ်ချပ်လုံးမှာ soft-rock ရေဒီယိုအစီအစဉ် တင်ဆက်သူ DJ တစ်ဦးပုံစံနဲ့ ပါဝင်ထားတာ ဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်စီကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးပြီး တင်ဆက်ပေးထားတဲ့အပေါ် ပရိသတ်တွေကလည်း အတော်လေး နှစ်သက်နေကြပါတယ်။

တကယ်တမ်းပြောရရင်တော့ ဒီအယ်လ်ဘမ်မှာ ပါဝင်လာမယ့်အကြောင်း မင်းသားကြီးဟာ အရိပ်အမြွက် ပြသထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃)ရက်နေ့မှာပဲ Jim ဟာ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ Abel ရဲ့ အယ်လ်ဘမ်သစ်အကြောင်းကို ပို့စ်တင်ထားတာကြောင့်ပါပဲ။

Photo: JimCarrey/ Twitter

“Dawn FM ကို မနေ့ညက ကျွန်တော့်ရဲ့ သူငယ်ချင်း Abel နဲ့အတူ နားဆင်ဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်က တကယ် အဓိပ္ပာယ်နက်ရှိုင်းမှု ရှိပြီး သေသပ်လှပလွန်းပါတယ်။ သူ့ရဲ့ တေးသွားတွေက ကျွန်တော့်ရဲ့အခန်းပတ်လည်မှာ ကခုန်နေကြတော့တာပါပဲ။ သူ့ရဲ့ သံစဉ်တေးသွားတွေထဲမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ဖို့အတွက် ကျွန်တော် သိပ်စိတ်လှုပ်ရှားရပါတယ် …” လို့ အဆိုပါပို့စ်မှာ Jim က ပြောထားပါတယ်။

မင်းသားကြီးအနေနဲ့ Abel ရဲ့ အယ်လ်ဘမ်သစ်မှာ အခုလို ပါဝင်ဖြစ်ရတဲ့ အကြောင်းရင်းကတော့ သူတို့နှစ်ယောက်ကြားက ခင်မင်ရင်းနှီးမှုကြောင့်ပဲ ဖြစ်ပါတယ်။ Abel ကလည်း မင်းသားကြီးနဲ့ သူ့ရဲ့ ခင်မင်မှုအကြောင်းကို ၂၀၂၁ ခုနှစ် မေလတုန်းက GQ မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောပြထားပါသေးတယ်။

Photo: theweeknd/ Instagram

“ကျွန်တော်နဲ့ မင်းသားကြီးက အရင်တည်းက မက်ဆေ့ချ်နဲ့ အပြန်အလှန် စကားပြောဖြစ်ပါတယ်။ အဲဒီနောက် ကျွန်တော့် အသက်(၃၀)ပြည့်တဲ့ မွေးနေ့ရောက်လာတော့ သူက ရောက်ချလာပြီး ကျွန်တော့်ကို surprise လုပ်တာ။ ပြီးတော့ ကျွန်တော့်အိမ်ကို လိုက်လည်ပြီး မနက်စာလည်း လိုက်ကျွေးသေးတယ် … ”

“သူက ကျွန်တော်နဲ့ နှစ်တိုက်အကွာလောက်မှာ နေတာပါ။ ပြီးတော့ သူ့မှာလည်း တယ်လီစကုပ် ရှိတယ်။ ကျွန်တော့်မှာလည်း တယ်လီစကုပ် ရှိတယ်။ သူက ကျွန်တော့်ကို မေးတာပေါ့။ မင်း ဘယ်မှာနေတာလဲ။ ဘယ်အလွှာမှာ နေတာလည်းဘာညာဆိုပြီး။ ကျွန်တော်လည်း ပြောပြလိုက်တာပေါ့။ အဲဒီမှာ ကျွန်တော်တို့ ပြတင်းပေါက်ကနေ တယ်လီစကုပ်နဲ့ အချင်းချင်း ကြည့်မယ်ဆို တစ်ယောက်နဲ့တစ်ယောက် မြင်ရတယ်ဗျ … ” လို့ Abel က မင်းသားကြီးနဲ့ လူချင်း စတင်တွေ့ဆုံခဲ့ပုံနဲ့ ဝါသနာချင်းတူညီကြပုံကို ပြောပြထားပါတယ်။

Photo via nme.com

Variety နဲ့ အင်တာဗျူးမှာလည်း သူတို့ရဲ့ စတင်တွေ့ဆုံပုံကို အခုလို ပြောပြထားပါသေးတယ်။ “အယ်လ်အေက ကျွန်တော့်ရဲ့ ကွန်ဒိုလိပ်စာကို သူ့ဆီ မက်ဆေ့ချ်ပို့လိုက်တော့ သူက ပြန်ပြောတယ်။ မင်းအိမ်ကို ငါ့ဝရန်တာကနေ လှမ်းမြင်နေရတယ်တဲ့။ အဲဒီမှာ ကျွန်တော်လည်း တယ်လီစကုပ်ကို ထုတ်ပြီး အပြန်အလှန် ကြည့်ကြတာပေါ့။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် လက်တွေ ဝှေ့ယမ်းပြီး နှုတ်ဆက်ကြသေးတယ် … ”

“Jim Carrey က performer တွေအားလုံးထဲမှာ ကျွန်တော် ပထမဆုံး လေးစားအားကျခဲ့ရတဲ့ လူတစ်ယောက်ပါ။ ကျွန်တော့်အသက်(၃၀)ပြည့်တဲ့ ပထမဆုံးနေ့မှာပဲ သူနဲ့အတူတူ မနက်စာ သွားစားဖြစ်ခဲ့ပါသေးတယ် … ” လို့ Abel က ဆိုထားပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular