HomeEntertainmentMusicအင်တာနက်လိုင်း ပြတ်တောက်မှုကြောင့် ဖျော်ဖြေပွဲ ရွှေ့ဆိုင်းခဲ့ရတဲ့ The Weeknd

အင်တာနက်လိုင်း ပြတ်တောက်မှုကြောင့် ဖျော်ဖြေပွဲ ရွှေ့ဆိုင်းခဲ့ရတဲ့ The Weeknd

နာမည်ကျော်အဆိုတော် The Weeknd ဟာ သူ့ရဲ့ After Hours til Dawn tour ရဲ့အဖွင့် ပထမဆုံးရှိုးကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့က Rogers Center မှာ ပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပြီး မထင်မှတ်ဘဲ အင်တာနက်လိုင်း ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရှိုးကို အချိန်ရွှေ့ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။

The Weeknd ရဲ့ ဒီဖျော်ဖြေပွဲဟာ သူ့ရဲ့နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်ကို စတင်ဖွင့်လှစ်မယ့် ပထမဆုံးရှိုးလည်း ဖြစ်ပါတယ်။ သို့သော်လည်း ရှိုးပြုလုပ်မယ့် ကနေဒါနိုင်ငံမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အင်တာနက်လိုင်း ပြတ်တောက်ခဲ့တာကြောင့် ပွဲကို အချိန်ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

Photo: theweeknd/ Instagram

အသက်(၃၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ The Weeknd တဖြစ်လည်း Abel Tesfaye ဟာ ကနေဒါနိုင်ငံက ဇာတိမြို့ဖြစ်တဲ့ တိုရွန်တိုမြို့မှာ Tour ကို စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒီရှိုးကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့ညမှာ ပြုလုပ်ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပြီး ကနေဒါနိုင်ငံရဲ့ အကြီးဆုံး ဆက်သွယ်ရေး ကွန်ယက်ကုမ္ပဏီဖြစ်တဲ့ Rogers Wireless ဟာ ချို့ယွင်းမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် အချိန်မီ မကျင်းပနိုင်ခဲ့ဘူးလို့ သိရပါတယ်။

“ကျွန်တော် ကြေကွဲရပါတယ်။ ပွဲလုပ်မယ့်ခန်းမမှာ ကျွန်တော် တစ်နေကုန် ရှိနေခဲ့တာပါ။ ဒါပေမယ့် ဒါက ကျွန်တော် ထိန်းချုပ်လို့ရတဲ့ အခြေအနေမှာ ရှိမနေပါဘူး။ Rogers ကုမ္ပဏီက ချို့ယွင်းချက် ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ ရှိုးလုပ်ဖို့နဲ့ လုံခြုံရေးကိစ္စတွေအားလုံးအတွက် အင်တာနက်ရှိမှ ဖြစ်မှာပါ။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါသေးတယ် …”

 

View this post on Instagram

 

A post shared by The Weeknd (@theweeknd)

“ဒီတစ်ခေါက်ကတော့ အနာကျင်ရဆုံးပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီပွဲကို ဖြစ်အောင် လုပ်ပါမယ်။ ဒါပေမယ့် ဒီညတော့ မဖြစ်နိုင်တော့ပါဘူး။ ပရိသတ်တွေ ဒီညမှာ ကျွန်တော်နဲ့အတူ ဖြတ်သန်းရဖို့အတွက် ဘယ်လောက် မျှော်လင့်ထားကြတယ်၊ ဘယ်လို ကြိုးစားထားကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အားလုံးတွေ့ရဖို့ တကယ် မစောင့်နိုင်တော့ပါဘူး …” လို့ Abel က သူ့ရဲ့အင်စတာဂရမ် စတိုရီမှာ ပရိသတ်တွေကို တောင်းပန်ပြီး အသိပေးထားပါတယ်။

Abel ဟာ ပွဲကို ဖျော်ဖြေဖို့ ခန်းမမှာ အဆင်သင့် ရှိနေခဲ့ပေမယ့် အင်တာနက် ပြတ်တောက်မှု ဖြစ်ပေါ်နေတဲ့အတွက် ပွဲကို ဘယ်လိုမှ စတင်လို့ မရတာကြောင့် အချိန်ရွှေ့ဆိုင်းလိုက်ရတယ်လို့ Live Nation ကတော့ တွစ်တာစာမျက်နှာပေါ်မှာ ဖော်ပြထားပါသေးတယ်။

Photo: theweeknd/ Instagram

အဆိုပါ Rogers Centers ကတော့ အလွန်ကြီးမား ခမ်းနားတဲ့ ပွဲခန်းမကြီးတစ်ခု ဖြစ်ပြီး ပရိသတ်ထောင်ပေါင်းများစွာ ဝင်ဆံ့တဲ့ ခန်းမကြီးတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ အင်တာနက် ပြတ်တောက်မှုကတော့ အဆိုပါ သောကြာနေ့ည သန်းခေါင်ယံအချိန်မှာ တစိတ်တပိုင်း ပြန်လည် ရရှိခဲ့တယ်လို့ Rogers Wireless ကုမ္ပဏီက ကြေညာထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular