HomeEntertainmentFilmရုံတင်ပြီး သုံးပတ်အကြာမှာ ဒေါ်လာသန်း(၆၀၀)နား နီးကပ်လာတဲ့ Thor: Love and Thunder

ရုံတင်ပြီး သုံးပတ်အကြာမှာ ဒေါ်လာသန်း(၆၀၀)နား နီးကပ်လာတဲ့ Thor: Love and Thunder

ယခုအချိန်မှာတော့ Thor: Love and Thunder ရုပ်ရှင်ဟာ ရုံတင်တာ သုံးပတ်မြောက် ရှိနေပြီး Box-Office မှာတော့ ဒေါ်လာသန်း (၆၀၀)နားကို နီးကပ်လာပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Chris Hemsworth ၊ Natalie Portman နဲ့ Tessa Thompson တို့ ပြန်လည်ပါဝင်လာပြီး Ragnarok ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Taika Waititi ကပဲ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ragnarok ရုပ်ရှင်ကတော့ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေ ရရှိခဲ့သလို Box Office မှာလည်း အခြေအနေကောင်းခဲ့တာကြောင့် ပရိသတ်တွေကတော့ Thor: Love and Thunder ကို အများကြီး မျှော်လင့်ထားခဲ့ကြပါတယ်။

photo via screenrant

Thor: Ragnarok ကတော့ Thor ဇာတ်ကောင်ကို အပြောင်းအလဲ စတင်ဖြစ်စေခဲ့တဲ့ ရုပ်ရှင်ပဲ ဖြစ်ပြီး Taika Waititi ရိုက်ကူးခဲ့တဲ့ ပထမဆုံး MCU ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဟာသတွေ ပါဝင်နေတယ် ဆိုပေမယ့်လည်း Odin ရဲ့ သေဆုံးမှုနဲ့ Asgard ရဲ့ ပျက်စီးမှုတို့လို Serious Moment တွေကိုလည်း သေချာဖန်တီးခဲ့ပါတယ်။

ဒါပေမယ့်လည်း Thor: Love and Thunder ကတော့ ပရိသတ်တွေ မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့သလို ဆိုးရွားတဲ့ ဝေဖန်ချက်အချို့လည်း ရရှိထားပါတယ်။ ဒီအချက်တွေကြောင့်ပဲ Thor: Love and Thunder ရုပ်ရှင်ဟာ ဒုတိယအပတ်မှာတော့ ရုံဝင်နှုန်း (၆၈)ရာခိုင်နှုန်းတောင် ထိုးကျသွားပါတယ်။

သုံးပတ်မြောက်ကို ရောက်ရှိလာတဲ့ အချိန်မှာတော့ ဒီရုပ်ရှင်ဟာ အခြေအနေ အနည်းငယ် ပြန်ကောင်းလာပြီး ဒေါ်လာသန်း (၆၀၀)နီးပါး ရရှိသွားပြီလို့ The Hollywood Reporter သတင်းဌာနက ဖော်ပြထားပါတယ်။ ယခုအပတ်မှာတော့ ပြည်ပဝင်ငွေ ဒေါ်လာ (၃၁.၈)သန်း ရရှိခဲ့ပြီး စုစုပေါင်းပြည်ပဝင်ငွေ ဒေါ်လာ (၃၂၂)သန်း ရရှိနေပြီ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ယခုအပတ်မှာ ဒေါ်လာ (၂၂.၁)သန်း ရရှိခဲ့ပြီး စုစုပေါင်း ပြည်တွင်းဝင်ငွေ ဒေါ်လာ (၂၇၆.၂)သန်း ရရှိနေပါပြီ။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ တတိယအပတ်မှာ စုစုပေါင်းဝင်ငွေ ဒေါ်လာ (၅၉၈.၂)သန်း ရရှိနေပြီ ဖြစ်ပါတယ်။

photo via screenrant

ပရိသတ်အချို့ကတော့ ဒီရုပ်ရှင်အတွက် ဆိုးရွားတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပြီး ဟာသတွေ အလွန်ထည့်သွင်းထားတဲ့အပြင် Gorr the God Butcher ရဲ့ Potential တွေကိုလည်း ဖြုန်းတီးပစ်တယ်လို့ ဆိုကြပါတယ်။ ဒီလိုဆိုးရွားတဲ့ မှတ်ချက်တွေကြောင့်ပဲ ဒုတိယအပတ်မှာ ရောင်းအားတွေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယခုအချိန်မှာတော့ အခြေအနေ အနည်းငယ် ပြန်ကောင်းလာပြီ ဖြစ်တာကြောင့် Thor: Love and Thunder ရုပ်ရှင်ဟာ Box Office မှာ ဘယ်အခြေအနေအထိ ရောက်သွားမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular