HomeCelebs Update NewsKoreaIdol အဖွဲ့ခေါင်းဆောင်တစ်ယောက် ကြုံရလေ့ရှိတဲ့ အခက်ခဲဆုံးအရာ(၃)ခု

Idol အဖွဲ့ခေါင်းဆောင်တစ်ယောက် ကြုံရလေ့ရှိတဲ့ အခက်ခဲဆုံးအရာ(၃)ခု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကေပေါ့ပ်အဖွဲ့တိုင်းလိုလိုမှာ အဖွဲ့ခေါင်းဆောင် ရှိကြပါတယ်။ အဖွဲ့ခေါင်းဆောင်တွေဟာ အဖွဲ့သားတွေအားလုံး စည်းလုံးညီညွတ်ပြီး စိတ်ဓာတ်တက်ကြွအောင် စွမ်းဆောင်ပေးရသူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် လုပ်ဆောင်ရတာဟာ စိတ်ဖိစီးမှုများပြီး ခက်ခဲတယ်လို့ ပြောကြတာပါ။ ကေပေါ့ပ်အဖွဲ့ခေါင်းဆောင် အများအပြားဟာလည်း သူတို့တိတ်တဆိတ် သယ်ပိုးထားရတဲ့ စိတ်ဖိစီးမှုတွေနဲ့ အခက်အခဲတွေကို အခါအခွင့်သင့်တိုင်း ရင်ဖွင့်ပြောပြလေ့ ရှိကြပါတယ်။ အဖွဲ့ခေါင်းဆောင်တွေ ကြုံတွေ့ကြရတဲ့ အခက်ခဲဆုံးအရာသုံးခုကတော့ …

အခက်အခဲတွေကို ဖုံးကွယ်ထားရခြင်း။
Photo: redvelvet.smtown/ Instagram

Apink အဖွဲ့ရဲ့ခေါင်းဆောင် Chorong ကတော့ သူ့စိတ်ထဲက စိုးရိမ်တာဖြစ်ဖြစ်၊ တွေးမိတာ တစ်ခုခုရှိရင်ဖြစ်ဖြစ် ဘယ်တော့မှ ထုတ်ပြောဖို့ အခွင့်အရေး မရခဲ့ဘူးလို့ ပြောပြဖူးပါတယ်။ တစ်ခြားအဖွဲ့ဝင်တွေကိုပဲ အမြဲဦးစားပေးပြီး တွေးပေးခဲ့တာကြောင့် သူမစိတ်ထဲက အတွေးတွေကတော့ အမြဲနောက်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ တစ်ယောက်ယောက်က ရင်ဖွင့်လို့ရပါတယ်ဆိုပြီး ပြောပေးလာခဲ့ရင် မျက်ရည်ကျတဲ့အထိ ဖြစ်ရတယ်လို့လည်း ရင်ဖွင့်ခဲ့ဖူးပါတယ်။ Chorong ဟာ အဖွဲ့ခေါင်းဆောင်ဖြစ်နေတာကြောင့် အများစုက သူမဆီမှာ အကြံဉာဏ်တောင်းဖို့ပဲ လာလေ့ရှိကြလို့ အများအားဖြင့် သူမရဲ့ ခံစားချက်တွေကို ရင်ဖွင့်၊ ပြောပြဖို့ရာ ခက်ခဲတယ်လို့ ဆိုပါတယ်။

Red Velvet အဖွဲ့ခေါင်းဆောင် Irene ဟာလည်း Chorong လိုပဲ ခံစားရလေ့ရှိတယ်လို့ ဆိုပြန်ပါတယ်။ Irene ဟာ သူမကြောင့် အဖွဲ့သားတွေကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တာကြောင့် သူမ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ခံစားချက်တွေကို အမြဲတမ်း မြိုသိပ်ထားလေ့ရှိသူ ဖြစ်ပါတယ်။ သူမဟာ အခြားအဖွဲ့သားတွေကိုတော့ ဘယ်လိုအခြေအနေရှိတယ်၊ ဘာကိစ္စတွေ ရှိလည်းဆိုတာ အမြဲတမ်း မေးမြန်းပြီး အဆင်ပြေအောင် ကူညီပေးလေ့ရှိသူဖြစ်ပေမယ့် သူမရဲ့အခက်အခဲတွေကိုတော့ ပြောပြလေ့ သိပ်မရှိဘူးလို့ ဆိုပါတယ်။

ကင်မရာနောက်ကွယ်က အဖြစ်အပျက်များ
Photo: kimjuncotton/ Instagram

အဖွဲ့ခေါင်းဆောင်တစ်ယောက် သည်းခံရတဲ့ အခက်အခဲတွေကိုတော့ BTS အဖွဲ့က RM ကလည်း တစ်ခါက ပြောပြဖူးပါတယ်။ သူ့ရဲ့ပြောပြချက်အရ ကုမ္ပဏီဘက်မှာ ပြဿနာတစ်ခုခု ဖြစ်ရင်ပဲဖြစ်ဖြစ်၊ အဖွဲ့နဲ့ပတ်သက်ပြီး ကိစ္စတစ်ခုခု ရှိလာရင်ပဲဖြစ်ဖြစ် ခေါင်းဆောင်လုပ်တဲ့လူကပဲ အမြဲတမ်း အပြစ်ပြောခံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဖွဲ့ထဲမှာ ကိစ္စတစ်ခုခု အရေးကြီးလာပြီဆိုရင်လည်း အဖွဲ့သားတွေရဲ့ အမြင်တွေကို စုပေါင်းပြီးတော့ ကုမ္ပဏီဘက်ကို တင်ပြပေးရတယ်လို့ ဆိုပါတယ်။ ဒီလိုနည်းနဲ့ အဖွဲ့ရဲ့ကိုယ်စားပြုအဖြစ် အဖွဲ့နဲ့ ကုမ္ပဏီကြားမှာ ပေါင်းကူးတံတားလို လုပ်ပေးရတယ်လို့ ဆိုပါတယ်။

အဖွဲ့သားတွေအားလုံးကို စုပေါင်းပြီး တကယ် အလေးအနက်စကားပြောဖို့ ခက်ခဲတဲ့အကြောင်းကိုလည်း EXO အဖွဲ့ရဲ့ခေါင်းဆောင် Suho က ရင်ဖွင့်ထားဖူးပါသေးတယ်။ အကြောင်းကတော့ အဖွဲ့သားတွေ တစ်ယောက်ချင်းစီမှာ တစ်နေ့တာအတွက် ရှည်လျားများပြားတဲ့ အချိန်ဇယားတွေ ရှိနေတာကြောင့် ညှိနှိုင်းပြီး ပြောစရာရှိတာ ပြောဖို့ တပင်တပန်း ကြိုးစားရတယ်လို့ ဆိုပါတယ်။

စိတ်ဓာတ်သန်မာသူအဖြစ် ရှေ့ကရပ်တည်ပေးရခြင်း။
Photo: xxteukxx/ Instagram

ခေါင်းဆောင်တစ်ယောက်ရဲ့ အခက်အခဲတွေကို ရင်ဖွင့်ထားသူ နောက်ထပ်တစ်ယောက်ကတော့ Super Junior အဖွဲ့က Leeteuk ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက်ဟာ အဖွဲ့ထဲက အရေးပါတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် ကိုယ့်စိတ်အတိုင်း နေလို့မရဘဲ တည်တည်ကြည်ကြည်ပုံစံနဲ့ နေထိုင်ရလေ့ရှိတယ်လို့ ဆိုပါတယ်။ ခေါင်းဆောင်က တည်ကြည်လေးနက်တဲ့ ပုံစံနဲ့နေမှသာ ကျန်တဲ့လူတွေက ခေါင်းဆောင်ရဲ့စကားကို ယုံကြည်ကြမှာပါလို့လည်း Leeteuk က ဆိုပါတယ်။ အခက်အခဲကတော့ တစ်ခါတစ်လေမှာ ခေါင်းဆောင်တစ်ယောက်လို စိတ်ဓာတ်မခိုင်မာနိုင်တဲ့အချိန်မှာလည်း အားတင်းပြီး စိတ်ဓာတ်သန်မာသလို နေပြရတာဟာ ပင်ပန်းတယ်လို့လည်း ဆိုထားပါသေးတယ်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေကေပါ့ပ္အဖြဲ႕တိုင္းလိုလိုမွာ အဖြဲ႕ေခါင္းေဆာင္ ရွိၾကပါတယ္။ အဖြဲ႕ေခါင္းေဆာင္ေတြဟာ အဖြဲ႕သားေတြအားလုံး စည္းလုံးညီၫြတ္ၿပီး စိတ္ဓာတ္တက္ႂကြေအာင္ စြမ္းေဆာင္ေပးရသူေတြ ျဖစ္ၾကပါတယ္။ ဒါေၾကာင့္လည္း ေကေပါ့ပ္အဖြဲ႕တစ္ဖြဲ႕ရဲ႕ ေခါင္းေဆာင္အျဖစ္ လုပ္ေဆာင္ရတာဟာ စိတ္ဖိစီးမႈမ်ားၿပီး ခက္ခဲတယ္လို႔ ေျပာၾကတာပါ။ ေကေပါ့ပ္အဖြဲ႕ေခါင္းေဆာင္ အမ်ားအျပားဟာလည္း သူတို႔တိတ္တဆိတ္ သယ္ပိုးထားရတဲ့ စိတ္ဖိစီးမႈေတြနဲ႔ အခက္အခဲေတြကို အခါအခြင့္သင့္တိုင္း ရင္ဖြင့္ေျပာျပေလ့ ရွိၾကပါတယ္။ အဖြဲ႕ေခါင္းေဆာင္ေတြ ႀကဳံေတြ႕ၾကရတဲ့ အခက္ခဲဆုံးအရာသုံးခုကေတာ့ …

အခက္အခဲေတြကို ဖုံးကြယ္ထားရျခင္း။
Photo: redvelvet.smtown/ Instagram

Apink အဖြဲ႕ရဲ႕ေခါင္းေဆာင္ Chorong ကေတာ့ သူ႔စိတ္ထဲက စိုးရိမ္တာျဖစ္ျဖစ္၊ ေတြးမိတာ တစ္ခုခုရွိရင္ျဖစ္ျဖစ္ ဘယ္ေတာ့မွ ထုတ္ေျပာဖို႔ အခြင့္အေရး မရခဲ့ဘူးလို႔ ေျပာျပဖူးပါတယ္။ တစ္ျခားအဖြဲ႕ဝင္ေတြကိုပဲ အၿမဲဦးစားေပးၿပီး ေတြးေပးခဲ့တာေၾကာင့္ သူမစိတ္ထဲက အေတြးေတြကေတာ့ အၿမဲေနာက္ဆုတ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ပဲ တစ္ေယာက္ေယာက္က ရင္ဖြင့္လို႔ရပါတယ္ဆိုၿပီး ေျပာေပးလာခဲ့ရင္ မ်က္ရည္က်တဲ့အထိ ျဖစ္ရတယ္လို႔လည္း ရင္ဖြင့္ခဲ့ဖူးပါတယ္။ Chorong ဟာ အဖြဲ႕ေခါင္းေဆာင္ျဖစ္ေနတာေၾကာင့္ အမ်ားစုက သူမဆီမွာ အႀကံဉာဏ္ေတာင္းဖို႔ပဲ လာေလ့ရွိၾကလို႔ အမ်ားအားျဖင့္ သူမရဲ႕ ခံစားခ်က္ေတြကို ရင္ဖြင့္၊ ေျပာျပဖို႔ရာ ခက္ခဲတယ္လို႔ ဆိုပါတယ္။

Red Velvet အဖြဲ႕ေခါင္းေဆာင္ Irene ဟာလည္း Chorong လိုပဲ ခံစားရေလ့ရွိတယ္လို႔ ဆိုျပန္ပါတယ္။ Irene ဟာ သူမေၾကာင့္ အဖြဲ႕သားေတြကို စိတ္အေႏွာင့္အယွက္ မျဖစ္ေစခ်င္တာေၾကာင့္ သူမ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြ၊ ခံစားခ်က္ေတြကို အၿမဲတမ္း ၿမိဳသိပ္ထားေလ့ရွိသူ ျဖစ္ပါတယ္။ သူမဟာ အျခားအဖြဲ႕သားေတြကိုေတာ့ ဘယ္လိုအေျခအေနရွိတယ္၊ ဘာကိစၥေတြ ရွိလည္းဆိုတာ အၿမဲတမ္း ေမးျမန္းၿပီး အဆင္ေျပေအာင္ ကူညီေပးေလ့ရွိသူျဖစ္ေပမယ့္ သူမရဲ႕အခက္အခဲေတြကိုေတာ့ ေျပာျပေလ့ သိပ္မရွိဘူးလို႔ ဆိုပါတယ္။

ကင္မရာေနာက္ကြယ္က အျဖစ္အပ်က္မ်ား
Photo: kimjuncotton/ Instagram

အဖြဲ႕ေခါင္းေဆာင္တစ္ေယာက္ သည္းခံရတဲ့ အခက္အခဲေတြကိုေတာ့ BTS အဖြဲ႕က RM ကလည္း တစ္ခါက ေျပာျပဖူးပါတယ္။ သူ႔ရဲ႕ေျပာျပခ်က္အရ ကုမၸဏီဘက္မွာ ျပႆနာတစ္ခုခု ျဖစ္ရင္ပဲျဖစ္ျဖစ္၊ အဖြဲ႕နဲ႔ပတ္သက္ၿပီး ကိစၥတစ္ခုခု ရွိလာရင္ပဲျဖစ္ျဖစ္ ေခါင္းေဆာင္လုပ္တဲ့လူကပဲ အၿမဲတမ္း အျပစ္ေျပာခံရတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ အဖြဲ႕ထဲမွာ ကိစၥတစ္ခုခု အေရးႀကီးလာၿပီဆိုရင္လည္း အဖြဲ႕သားေတြရဲ႕ အျမင္ေတြကို စုေပါင္းၿပီးေတာ့ ကုမၸဏီဘက္ကို တင္ျပေပးရတယ္လို႔ ဆိုပါတယ္။ ဒီလိုနည္းနဲ႔ အဖြဲ႕ရဲ႕ကိုယ္စားျပဳအျဖစ္ အဖြဲ႕နဲ႔ ကုမၸဏီၾကားမွာ ေပါင္းကူးတံတားလို လုပ္ေပးရတယ္လို႔ ဆိုပါတယ္။

အဖြဲ႕သားေတြအားလုံးကို စုေပါင္းၿပီး တကယ္ အေလးအနက္စကားေျပာဖို႔ ခက္ခဲတဲ့အေၾကာင္းကိုလည္း EXO အဖြဲ႕ရဲ႕ေခါင္းေဆာင္ Suho က ရင္ဖြင့္ထားဖူးပါေသးတယ္။ အေၾကာင္းကေတာ့ အဖြဲ႕သားေတြ တစ္ေယာက္ခ်င္းစီမွာ တစ္ေန႔တာအတြက္ ရွည္လ်ားမ်ားျပားတဲ့ အခ်ိန္ဇယားေတြ ရွိေနတာေၾကာင့္ ညႇိႏႈိင္းၿပီး ေျပာစရာရွိတာ ေျပာဖို႔ တပင္တပန္း ႀကိဳးစားရတယ္လို႔ ဆိုပါတယ္။

စိတ္ဓာတ္သန္မာသူအျဖစ္ ေရွ႕ကရပ္တည္ေပးရျခင္း။
Photo: xxteukxx/ Instagram

ေခါင္းေဆာင္တစ္ေယာက္ရဲ႕ အခက္အခဲေတြကို ရင္ဖြင့္ထားသူ ေနာက္ထပ္တစ္ေယာက္ကေတာ့ Super Junior အဖြဲ႕က Leeteuk ပဲ ျဖစ္ပါတယ္။ ေခါင္းေဆာင္တစ္ေယာက္ဟာ အဖြဲ႕ထဲက အေရးပါတဲ့ လူတစ္ေယာက္ျဖစ္တာေၾကာင့္ ကိုယ့္စိတ္အတိုင္း ေနလို႔မရဘဲ တည္တည္ၾကည္ၾကည္ပုံစံနဲ႔ ေနထိုင္ရေလ့ရွိတယ္လို႔ ဆိုပါတယ္။ ေခါင္းေဆာင္က တည္ၾကည္ေလးနက္တဲ့ ပုံစံနဲ႔ေနမွသာ က်န္တဲ့လူေတြက ေခါင္းေဆာင္ရဲ႕စကားကို ယုံၾကည္ၾကမွာပါလို႔လည္း Leeteuk က ဆိုပါတယ္။ အခက္အခဲကေတာ့ တစ္ခါတစ္ေလမွာ ေခါင္းေဆာင္တစ္ေယာက္လို စိတ္ဓာတ္မခိုင္မာႏိုင္တဲ့အခ်ိန္မွာလည္း အားတင္းၿပီး စိတ္ဓာတ္သန္မာသလို ေနျပရတာဟာ ပင္ပန္းတယ္လို႔လည္း ဆိုထားပါေသးတယ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular