HomeDramaWon Bin သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တဲ့ နာမည်ကြီးဇာတ်ကား(၃)ကား

Won Bin သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တဲ့ နာမည်ကြီးဇာတ်ကား(၃)ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Won Bin ဟာ ရုပ်ရှင်လောကထဲက အနားယူနေခဲ့တာ အခုဆိုရင် (၁၁)နှစ်နီးပါး ရှိပြီ ဖြစ်ပေမယ့် ဒီလောကထဲက သူ့ရဲ့ နာမည်နဲ့ အောင်မြင်ကျော်ကြားမှုကတော့ လျော့ကျမသွားသေးပါဘူး။ သူ နောက်ဆုံး သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ The Man From Nowhere ဖြစ်ပြီး ယနေ့အချိန်အထိ တောင်ကိုရီးယားရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

Won Bin ဟာ ရုပ်ရှင်လောကထဲက အနားယူနေခဲ့ပေမယ့် နာမည်ကြီးဇာတ်ရုပ်တွေကိုတော့ ကမ်းလှမ်းခံနေရဆဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခု ကြာမြင့်နေပြီ ဖြစ်တဲ့ သူ့ရဲ့ အနားယူမှုကာလအတွင်း Won Bin ငြင်းပယ်ခဲ့တဲ့ နာမည်ကြီးဇာတ်ကား သုံးကားကတော့ …

(1) Descendants of the Sun
Photo via koreaboo

ပထမဆုံး ဇာတ်ကားကတော့ KBS ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပြီး ဒရာမာပရိသတ်တွေရဲ့ အသည်းစွဲ ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ Descendants of the Sun ပဲ ဖြစ်ပါတယ်။ မင်းသားချော Song Joong Ki ဟာလည်း Yoo Shi Jin ကာရိုက်တာမှာ ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။ သို့သော်လည်း ဒီဇာတ်ရုပ်အတွက် ပထမဆုံး ကမ်းလှမ်းခံခဲ့ရသူကတော့ မင်းသား Won Bin ဖြစ်ပါတယ်။

Descendants of the Sun ဒရာမာအတွက် ထုတ်လုပ်ရေးပိုင်းကို စဉ်းစားကြတဲ့အခါ ကပ္ပတိန် Yoo Shin Jin ကာရိုက်တာနဲ့ မင်းသား Won Bin ဟာ လိုက်ဖက်ညီတယ်လို့ မြင်ခဲ့ရုံတင် မဟုတ်ဘဲ စစ်သားယူနီဖောင်းနဲ့ သိပ်ကိုကြည့်ရကောင်းမယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်လို့ Won Bin ကသာ ဒီဒရာမာကို လက်ခံခဲ့မယ်ဆိုရင် ဒါဟာ ၂၀၀၂ခုနှစ် နောက်ပိုင်း ပြန်မြင်ရမယ့် သူ့ရဲ့ ပထမဆုံး ဒရာမာ ဖြစ်နေခဲ့မှာပါ။

Photo via koreaboo

သို့ပေမယ့်လည်း Won Bin ကတော့ နိုင်ငံတကာထိ ထိုးဖောက် အောင်မြင်ခဲ့တဲ့ ဒီဒရာမာကို အကြောင်းပြချက်အချို့နဲ့ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ပထမတစ်ချက်ကတော့ စစ်သားနေရာမှာ သရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် သူ့ရဲ့ ဆံပင်ကို တိုတို မညှပ်ချင်တာကြောင့်လို့ ဆိုပါတယ်။ ဒုတိယတစ်ချက်ကတော့ ဒရာမာရဲ့ ဇာတ်ဝင်ခန်းအများစုဟာ ပြင်ပနိုင်ငံတွေမှာ သွားရောက် ရိုက်ကူးရမှာ ဖြစ်တဲ့အတွက် ဒါကိုလည်း စိတ်အားမထက်သန်ဘူးလို့ ဆိုပါတယ်။

နောက်ဆုံးအချက်ကတော့ ဒီဒရာမာဟာ မထုတ်လွှင့်ခင်တည်းက ဇာတ်ဝင်ခန်းအားလုံးကို ရာနှုန်းပြည့် ရိုက်ကူးထားမှာ ဖြစ်တဲ့အတွက် မင်းသားအနေနဲ့ ဝန်လေးမိတယ်ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် အခုလို ငြင်းပယ်ခဲ့ရတာလို့ ဆိုကြပါတယ်။

(2) Along With The Gods: The Two Worlds
Photo via koreaboo

Won Bin ငြင်းပယ်ခဲ့တဲ့ နောက်ထပ် နာမည်ကြီး ဇာတ်ကားတစ်ကားကတော့ Along With The Gods: The Two Worlds ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မင်းသားဟာ ယခင်သူ့ကို ကမ်းလှမ်းနေကျ ဇာတ်ရုပ်တွေထက် dark ဖြစ်တဲ့ ဇာတ်ရုပ်တစ်ခုကို ကမ်းလှမ်းခံခဲ့ရတာပါ။ အဲဒါကတော့ သေမင်းတမန် Gang Rim နေရာက သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

Photo via koreaboo

ဒီဇာတ်ကားဟာ ကိုရီးယားပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ဝင်ငွေအရ အောင်မြင်မှု ရရှိခဲ့ပြီး သူ့ရဲ့ ဇာတ်လမ်းပုံစံကြောင့် ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးကျူးမှုကိုလည်း ရရှိခဲ့ပါသေးတယ်။ ဒီလိုနဲ့ Gang Rim ဇာတ်ရုပ်ဟာ နောက်ဆုံးမှာတော့ ကိုရီးယားရဲ့ ထိပ်တန်း သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Ha Jung Woo ဆီကို ရောက်ရှိသွားပြီး မင်းသားကြီးဟာလည်း ဒီဇာတ်ရုပ်နေရာမှာ သေသပ်လှပစွာ သရုပ်ဆောင်ပြခဲ့ကာ ပရိသတ်ရဲ့ အားပေးမှုကို တခဲနက် ရရှိခဲ့ပါတယ်။

ဒီဇာတ်ရုပ်အတွက်ကိုတော့ ရုပ်ရှင်လောကထဲက ထွက်ပေါ်လာတဲ့ သတင်းစကားတွေအရ Won Bin ဟာ လက်ခံဖို့ စဉ်းစားခဲ့ကြည့်သေးပေမယ့် သူ့ရဲ့ ပုံစံနဲ့ မလိုက်ဖက်ဘူးလို့ ထင်မြင်မိခဲ့တဲ့အတွက် ငြင်းပယ်ခဲ့တာလို့ သိရပါတယ်။

(3) Train to Busan
Photo via koreaboo

Won Bin ငြင်းပယ်ခဲ့တဲ့ နောက်ဆုံး နာမည်ကြီး ထိတ်ထိတ်ကြဲ ရုပ်ရှင်ဇာတ်ကားကတော့ Train to Busan ပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇွန်ဘီရုပ်ရှင်ဟာ ကိုရီးယားပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ ဝက်ဝက်ကွဲ အောင်မြင်မှု ရရှိခဲ့ပြီး ဒီဇာတ်ကားကြောင့်ပဲ ကိုရီးယား ရုပ်ရှင်လောကမှာ ရုတ်တရက်ဆိုသလို ဇွန်ဘီဇာတ်ကားတွေ လူကြိုက်များလာခဲ့ပါတယ်။

ဒီဇာတ်ကားဟာ ကိုရီးယားပြည်တွင်းက ရုပ်ရှင်ကြည့်ပရိသတ်ရဲ့ အကြိုက်ကို ပြောင်းလဲစေနိုင်ခဲ့ပေမယ့် ကံမကောင်းစွာပဲ Won Bin ဟာ ဒီဇာတ်ကားကိုလည်း သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့ပါတယ်။ Won Bin ဟာ ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ Seok Woo နေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ဒီဇာတ်ရုပ်ဟာ မင်းသား Gong Yoo ဆီကို ရောက်ရှိခဲ့ပါတယ်။

Photo via koreaboo

Seok Woo ဟာ ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင် ဖြစ်ပေမယ့် Won Bin ကတော့ ဒီဇာတ်ရုပ်ဟာ တစ်ကားလုံးမှာ သိပ်ပြီးတော့ မထင်ပေါ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာလို့ သိရပါတယ်။

ဒါကတော့ နာမည်ကျော် မင်းသားချော Won Bin သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တဲ့ နာမည်ကြီးဇာတ်ကား သုံးကားပဲ ဖြစ်ပါတယ်။ Won Bin ပရိသတ်တွေဆိုရင်တော့ မင်းသားရဲ့ ဇာတ်ကားသစ်တွေကို သေချာပေါက် ကြည့်ရှုချင်ကြမှာဖြစ်ပြီး ရှေ့လာမယ့် အနာဂတ်မှာရော မင်းသားဟာ စိတ်ပြောင်းပြီး ပရောဂျက်တစ်ခုခုမှာ ပါဝင်လာမှာလားဆိုတာ မျှော်လင့်ရမှာပါပဲ။

Glasgow

Source: koreaboo

(Zawgyi Version)

မင္းသား Won Bin ဟာ ႐ုပ္ရွင္ေလာကထဲက အနားယူေနခဲ့တာ အခုဆိုရင္ (၁၁)ႏွစ္နီးပါး ရွိၿပီ ျဖစ္ေပမယ့္ ဒီေလာကထဲက သူ႔ရဲ႕ နာမည္နဲ႔ ေအာင္ျမင္ေက်ာ္ၾကားမႈကေတာ့ ေလ်ာ့က်မသြားေသးပါဘူး။ သူ ေနာက္ဆုံး သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားကေတာ့ The Man From Nowhere ျဖစ္ၿပီး ယေန႔အခ်ိန္အထိ ေတာင္ကိုရီးယားရဲ႕ ဝင္ေငြအမ်ားဆုံး ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာ ပါဝင္ေနဆဲ ျဖစ္ပါတယ္။

Won Bin ဟာ ႐ုပ္ရွင္ေလာကထဲက အနားယူေနခဲ့ေပမယ့္ နာမည္ႀကီးဇာတ္႐ုပ္ေတြကိုေတာ့ ကမ္းလွမ္းခံေနရဆဲ ျဖစ္ပါတယ္။ ဆယ္စုႏွစ္တစ္ခု ၾကာျမင့္ေနၿပီ ျဖစ္တဲ့ သူ႔ရဲ႕ အနားယူမႈကာလအတြင္း Won Bin ျငင္းပယ္ခဲ့တဲ့ နာမည္ႀကီးဇာတ္ကား သုံးကားကေတာ့ …

(1) Descendants of the Sun
Photo via koreaboo

ပထမဆုံး ဇာတ္ကားကေတာ့ KBS ႐ုပ္သံလိုင္းက ထုတ္လႊင့္ခဲ့ၿပီး ဒရာမာပရိသတ္ေတြရဲ႕ အသည္းစြဲ ဇာတ္လမ္းတြဲတစ္ခု ျဖစ္တဲ့ Descendants of the Sun ပဲ ျဖစ္ပါတယ္။ မင္းသားေခ်ာ Song Joong Ki ဟာလည္း Yoo Shi Jin ကာ႐ိုက္တာမွာ ေျပာင္ေျမာက္စြာ သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိခဲ့သူ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ဒီဇာတ္႐ုပ္အတြက္ ပထမဆုံး ကမ္းလွမ္းခံခဲ့ရသူကေတာ့ မင္းသား Won Bin ျဖစ္ပါတယ္။

Descendants of the Sun ဒရာမာအတြက္ ထုတ္လုပ္ေရးပိုင္းကို စဥ္းစားၾကတဲ့အခါ ကပၸတိန္ Yoo Shin Jin ကာ႐ိုက္တာနဲ႔ မင္းသား Won Bin ဟာ လိုက္ဖက္ညီတယ္လို႔ ျမင္ခဲ့႐ုံတင္ မဟုတ္ဘဲ စစ္သားယူနီေဖာင္းနဲ႔ သိပ္ကိုၾကည့္ရေကာင္းမယ္လို႔ ခန႔္မွန္းခဲ့ၾကတာ ျဖစ္ပါတယ္။ တကယ္လို႔ Won Bin ကသာ ဒီဒရာမာကို လက္ခံခဲ့မယ္ဆိုရင္ ဒါဟာ ၂၀၀၂ခုႏွစ္ ေနာက္ပိုင္း ျပန္ျမင္ရမယ့္ သူ႔ရဲ႕ ပထမဆုံး ဒရာမာ ျဖစ္ေနခဲ့မွာပါ။

Photo via koreaboo

သို႔ေပမယ့္လည္း Won Bin ကေတာ့ ႏိုင္ငံတကာထိ ထိုးေဖာက္ ေအာင္ျမင္ခဲ့တဲ့ ဒီဒရာမာကို အေၾကာင္းျပခ်က္အခ်ိဳ႕နဲ႔ ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။ ပထမတစ္ခ်က္ကေတာ့ စစ္သားေနရာမွာ သ႐ုပ္ေဆာင္ရမွာ ျဖစ္တဲ့အတြက္ သူ႔ရဲ႕ ဆံပင္ကို တိုတို မညႇပ္ခ်င္တာေၾကာင့္လို႔ ဆိုပါတယ္။ ဒုတိယတစ္ခ်က္ကေတာ့ ဒရာမာရဲ႕ ဇာတ္ဝင္ခန္းအမ်ားစုဟာ ျပင္ပႏိုင္ငံေတြမွာ သြားေရာက္ ႐ိုက္ကူးရမွာ ျဖစ္တဲ့အတြက္ ဒါကိုလည္း စိတ္အားမထက္သန္ဘူးလို႔ ဆိုပါတယ္။

ေနာက္ဆုံးအခ်က္ကေတာ့ ဒီဒရာမာဟာ မထုတ္လႊင့္ခင္တည္းက ဇာတ္ဝင္ခန္းအားလုံးကို ရာႏႈန္းျပည့္ ႐ိုက္ကူးထားမွာ ျဖစ္တဲ့အတြက္ မင္းသားအေနနဲ႔ ဝန္ေလးမိတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေတြေၾကာင့္ အခုလို ျငင္းပယ္ခဲ့ရတာလို႔ ဆိုၾကပါတယ္။

(2) Along With The Gods: The Two Worlds
Photo via koreaboo

Won Bin ျငင္းပယ္ခဲ့တဲ့ ေနာက္ထပ္ နာမည္ႀကီး ဇာတ္ကားတစ္ကားကေတာ့ Along With The Gods: The Two Worlds ပဲ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ မင္းသားဟာ ယခင္သူ႔ကို ကမ္းလွမ္းေနက် ဇာတ္႐ုပ္ေတြထက္ dark ျဖစ္တဲ့ ဇာတ္႐ုပ္တစ္ခုကို ကမ္းလွမ္းခံခဲ့ရတာပါ။ အဲဒါကေတာ့ ေသမင္းတမန္ Gang Rim ေနရာက သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခံခဲ့ရတာ ျဖစ္ပါတယ္။

Photo via koreaboo

ဒီဇာတ္ကားဟာ ကိုရီးယားျပည္တြင္းမွာေရာ ႏိုင္ငံတကာမွာပါ ဝင္ေငြအရ ေအာင္ျမင္မႈ ရရွိခဲ့ၿပီး သူ႔ရဲ႕ ဇာတ္လမ္းပုံစံေၾကာင့္ ႐ုပ္ရွင္ေဝဖန္သူေတြရဲ႕ ခ်ီးက်ဴးမႈကိုလည္း ရရွိခဲ့ပါေသးတယ္။ ဒီလိုနဲ႔ Gang Rim ဇာတ္႐ုပ္ဟာ ေနာက္ဆုံးမွာေတာ့ ကိုရီးယားရဲ႕ ထိပ္တန္း သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္တဲ့ Ha Jung Woo ဆီကို ေရာက္ရွိသြားၿပီး မင္းသားႀကီးဟာလည္း ဒီဇာတ္႐ုပ္ေနရာမွာ ေသသပ္လွပစြာ သ႐ုပ္ေဆာင္ျပခဲ့ကာ ပရိသတ္ရဲ႕ အားေပးမႈကို တခဲနက္ ရရွိခဲ့ပါတယ္။

ဒီဇာတ္႐ုပ္အတြက္ကိုေတာ့ ႐ုပ္ရွင္ေလာကထဲက ထြက္ေပၚလာတဲ့ သတင္းစကားေတြအရ Won Bin ဟာ လက္ခံဖို႔ စဥ္းစားခဲ့ၾကည့္ေသးေပမယ့္ သူ႔ရဲ႕ ပုံစံနဲ႔ မလိုက္ဖက္ဘူးလို႔ ထင္ျမင္မိခဲ့တဲ့အတြက္ ျငင္းပယ္ခဲ့တာလို႔ သိရပါတယ္။

(3) Train to Busan
Photo via koreaboo

Won Bin ျငင္းပယ္ခဲ့တဲ့ ေနာက္ဆုံး နာမည္ႀကီး ထိတ္ထိတ္ႀကဲ ႐ုပ္ရွင္ဇာတ္ကားကေတာ့ Train to Busan ပဲ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္က ထြက္ရွိခဲ့တဲ့ ဒီဇြန္ဘီ႐ုပ္ရွင္ဟာ ကိုရီးယားျပည္တြင္းမွာေရာ၊ ႏိုင္ငံတကာမွာပါ ဝက္ဝက္ကြဲ ေအာင္ျမင္မႈ ရရွိခဲ့ၿပီး ဒီဇာတ္ကားေၾကာင့္ပဲ ကိုရီးယား ႐ုပ္ရွင္ေလာကမွာ ႐ုတ္တရက္ဆိုသလို ဇြန္ဘီဇာတ္ကားေတြ လူႀကိဳက္မ်ားလာခဲ့ပါတယ္။

ဒီဇာတ္ကားဟာ ကိုရီးယားျပည္တြင္းက ႐ုပ္ရွင္ၾကည့္ပရိသတ္ရဲ႕ အႀကိဳက္ကို ေျပာင္းလဲေစႏိုင္ခဲ့ေပမယ့္ ကံမေကာင္းစြာပဲ Won Bin ဟာ ဒီဇာတ္ကားကိုလည္း သ႐ုပ္ေဆာင္ဖို႔ ျငင္းပယ္ခဲ့ပါတယ္။ Won Bin ဟာ ဒီဇာတ္ကားထဲက အဓိကဇာတ္ေကာင္ျဖစ္တဲ့ Seok Woo ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခံခဲ့ရေပမယ့္ ေနာက္ဆုံးမွာေတာ့ ဒီဇာတ္႐ုပ္ဟာ မင္းသား Gong Yoo ဆီကို ေရာက္ရွိခဲ့ပါတယ္။

Photo via koreaboo

Seok Woo ဟာ ဒီဇာတ္ကားထဲက အဓိကဇာတ္ေကာင္ ျဖစ္ေပမယ့္ Won Bin ကေတာ့ ဒီဇာတ္႐ုပ္ဟာ တစ္ကားလုံးမွာ သိပ္ၿပီးေတာ့ မထင္ေပၚဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ျငင္းပယ္ခဲ့တာလို႔ သိရပါတယ္။

ဒါကေတာ့ နာမည္ေက်ာ္ မင္းသားေခ်ာ Won Bin သ႐ုပ္ေဆာင္ဖို႔ ျငင္းပယ္ခဲ့တဲ့ နာမည္ႀကီးဇာတ္ကား သုံးကားပဲ ျဖစ္ပါတယ္။ Won Bin ပရိသတ္ေတြဆိုရင္ေတာ့ မင္းသားရဲ႕ ဇာတ္ကားသစ္ေတြကို ေသခ်ာေပါက္ ၾကည့္ရႈခ်င္ၾကမွာျဖစ္ၿပီး ေရွ႕လာမယ့္ အနာဂတ္မွာေရာ မင္းသားဟာ စိတ္ေျပာင္းၿပီး ပေရာဂ်က္တစ္ခုခုမွာ ပါဝင္လာမွာလားဆိုတာ ေမွ်ာ္လင့္ရမွာပါပဲ။

Glasgow

Source: koreaboo

 

RELATED ARTICLES

Most Popular