HomeCelebs Update NewsKoreaမ်က္ႏွာခြဲစိတ္ျပဳျပင္မယ့္ အမ်ိဳးသားေတြ အားက်ရတဲ့ မ်က္ႏွာပိုင္ရွင္(၃)ေယာက္

မ်က္ႏွာခြဲစိတ္ျပဳျပင္မယ့္ အမ်ိဳးသားေတြ အားက်ရတဲ့ မ်က္ႏွာပိုင္ရွင္(၃)ေယာက္

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ပလတ္စတစ္ ဆာဂ်ာာရီဆိုတဲ့ စကားလုံးဟာ ကိုရီးယားလူမႈအသိုင္းအ၀ိုင္းမွာေတာ့ အေတာ္ေလး အေရးပါၿပီး ေရပန္းစားပါတယ္။ မ်က္ႏွာခြဲစိတ္ျပဳျပင္မႈေတြကို ထမင္းစား၊ေရေသာက္သလို ျပဳလုပ္ႏိုင္တဲ့ ကုိရီးယားႏိုင္ငံမွာ ေယာ္က်ားသားအမ်ားစုလည္း လာေရာက္ခြဲစိတ္ ျပဳျပင္ေလ့ရိွၾကတယ္လို႔ ဆိုပါတယ္။ ပလတ္စတစ္ ဆာဂ်ာရီ ခြဲစိတ္ဆရာ၀န္ေတြရဲ႕ အဆိုအရ မ်က္ႏွာခြဲစိတ္ျပဳျပင္တဲ့ ေယာက္်ားသားေတြၾကားမွာ ေရပန္းစားတဲ့ ဆယ္လီ(၃)ေယာက္ ရိွတယ္လို႔ သိရပါတယ္။ လူအမ်ားစုဟာ သူတို႔သုံးေယာက္ရဲ႕ မ်က္ႏွာပုံစံအေနအထားေတြကိုသာ ဓာတ္ပုံျပၿပီး ေတာင္းဆိုေလ့ရိွတယ္လို႔ ဆိုပါတယ္။ သူတို႔သုံးေယာက္ကေတာ့ …

(၁) Seo Kang Joon
Photo: KStreetManila
Photo: Annyeong Oppa

Seo Kang Joon ဟာ မ်က္ႏွာခြဲစိတ္ျပဳျပင္ခ်င္တဲ့ အမ်ိဳးသားေတြၾကားမွာ အေက်ာ္ၾကားဆုံး မ်က္ႏွာပိုင္ရွင္ျဖစ္တယ္လို႔ ပလတ္စတစ္ ဆာဂ်ာရီ ဆရာ၀န္ေတြက ေျပာပါတယ္။ သူ႔မ်က္ႏွာရဲ႕ အဓိကဆြဲေဆာင္မႈရိွတဲ့ ေနရာကေတာ့ မ်က္လုံးေတြပဲလို႔ ဆိုပါတယ္။ သဘာ၀အတိုင္း ဆြဲေဆာင္မႈအရိွဆုံး မ်က္၀န္းေတြကို ပိုင္ဆိုင္ထားတာျဖစ္ၿပီး လူအမ်ားစု လိုခ်င္ၾကတဲ့ ပုံစံလည္း ျဖစ္တယ္လို႔ သိရပါတယ္။ Seo Kang Joon ရဲ႕ မ်က္ႏွာသြင္ျပင္က ဆြဲေဆာင္မႈေတြကို အမ်ိဳးသမီးေတြေတာင္မွာပဲ မနာလိုျဖစ္ၾကရတယ္လို႔လည္း ဆိုၾကပါေသးတယ္။

(၂) Park Bo Gum

https://www.instagram.com/p/Bn3hAedB-ux/

https://www.instagram.com/p/BvMfAQqhFmV/

ေခ်ာေမာလြန္းတဲ့ ရုပ္ရည္ကို ပိုင္ဆိုင္ထားတဲ့ Park Bo Gum ကိုေတာ့ ပရိသတ္အမ်ားစုက ဒစၥေနမင္းသားေလးလို႔ တင္စားၾကပါတယ္။ မ်က္ႏွာခြဲစိတ္ျပဳျပင္ခ်င္တဲ့ အမ်ိဳးသားေတြ ေဆးခန္းကို လာတဲ့အခါ Park Bo Gum ရဲ႕ ဓာတ္ပုံကို ယူလာေလ့ရိွၿပီး သူ႔ရဲ႕မ်က္လုံးနဲ႔ ႏွာရင္းပိုင္း ခပ္ျမင့္ျမင့္ေနရာေလးကို သေဘာက်ေလ့ရိွၾကတယ္လို႔ သိရပါတယ္။

(၃) Cha Eunwoo (ASTRO)

https://www.instagram.com/p/BvTFj-pBcfO/

https://www.instagram.com/p/ByDNtM_neFq/

ASTRO အဖြဲ႕က Cha Eunwoo ဟာ ပြဲစထြက္ကတည္းက သန္႔ျပန္႕ေခ်ာေမာလြန္းတဲ့ ရုပ္ရည္ေၾကာင့္ နာမည္ႀကီးသူပါ။ အခ်စ္ comic ေတြထဲက မင္းသားေလးတစ္ေယာက္လို ေခ်ာေမာလြန္းတဲ့ ရုပ္ရည္ေၾကာင့္ အမ်ိဳးသားအမ်ားစုက အားက်ရသူျဖစ္ၿပီး သူ႔ရဲ႕ဓာတ္ပုံေလးနဲ႔ မ်က္ႏွာခြဲစိတ္ျပဳျပင္ဖို႔ ေရာက္လာသူေတြလည္း ဒုနဲ႔ေဒးလို႔ သိရပါတယ္။

Xei

Ref: koreaboo

(Unicode Version)

ပလတ်စတစ် ဆာဂျာာရီဆိုတဲ့ စကားလုံးဟာ ကိုရီးယားလူမှုအသိုင်းအဝိုင်းမှာတော့ အတော်လေး အရေးပါပြီး ရေပန်းစားပါတယ်။ မျက်နှာခွဲစိတ်ပြုပြင်မှုတွေကို ထမင်းစား၊ရေသောက်သလို ပြုလုပ်နိုင်တဲ့ ကိုရီးယားနိုင်ငံမှာ ယော်ကျားသားအများစုလည်း လာရောက်ခွဲစိတ် ပြုပြင်လေ့ရှိကြတယ်လို့ ဆိုပါတယ်။ ပလတ်စတစ် ဆာဂျာရီ ခွဲစိတ်ဆရာဝန်တွေရဲ့ အဆိုအရ မျက်နှာခွဲစိတ်ပြုပြင်တဲ့ ယောက်ျားသားတွေကြားမှာ ရေပန်းစားတဲ့ ဆယ်လီ(၃)ယောက် ရှိတယ်လို့ သိရပါတယ်။ လူအများစုဟာ သူတို့သုံးယောက်ရဲ့ မျက်နှာပုံစံအနေအထားတွေကိုသာ ဓာတ်ပုံပြပြီး တောင်းဆိုလေ့ရှိတယ်လို့ ဆိုပါတယ်။ သူတို့သုံးယောက်ကတော့ …

(၁) Seo Kang Joon
Photo: KStreetManila
Photo: Annyeong Oppa

Seo Kang Joon ဟာ မျက်နှာခွဲစိတ်ပြုပြင်ချင်တဲ့ အမျိုးသားတွေကြားမှာ အကျော်ကြားဆုံး မျက်နှာပိုင်ရှင်ဖြစ်တယ်လို့ ပလတ်စတစ် ဆာဂျာရီ ဆရာဝန်တွေက ပြောပါတယ်။ သူ့မျက်နှာရဲ့ အဓိကဆွဲဆောင်မှုရှိတဲ့ နေရာကတော့ မျက်လုံးတွေပဲလို့ ဆိုပါတယ်။ သဘာဝအတိုင်း ဆွဲဆောင်မှုအရှိဆုံး မျက်ဝန်းတွေကို ပိုင်ဆိုင်ထားတာဖြစ်ပြီး လူအများစု လိုချင်ကြတဲ့ ပုံစံလည်း ဖြစ်တယ်လို့ သိရပါတယ်။ Seo Kang Joon ရဲ့ မျက်နှာသွင်ပြင်က ဆွဲဆောင်မှုတွေကို အမျိုးသမီးတွေတောင်မှာပဲ မနာလိုဖြစ်ကြရတယ်လို့လည်း ဆိုကြပါသေးတယ်။

(၂) Park Bo Gum

https://www.instagram.com/p/Bn3hAedB-ux/

https://www.instagram.com/p/BvMfAQqhFmV/

ချောမောလွန်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ Park Bo Gum ကိုတော့ ပရိသတ်အများစုက ဒစ္စနေမင်းသားလေးလို့ တင်စားကြပါတယ်။ မျက်နှာခွဲစိတ်ပြုပြင်ချင်တဲ့ အမျိုးသားတွေ ဆေးခန်းကို လာတဲ့အခါ Park Bo Gum ရဲ့ ဓာတ်ပုံကို ယူလာလေ့ရှိပြီး သူ့ရဲ့မျက်လုံးနဲ့ နှာရင်းပိုင်း ခပ်မြင့်မြင့်နေရာလေးကို သဘောကျလေ့ရှိကြတယ်လို့ သိရပါတယ်။

(၃) Cha Eunwoo (ASTRO)

https://www.instagram.com/p/BvTFj-pBcfO/

https://www.instagram.com/p/ByDNtM_neFq/

ASTRO အဖွဲ့က Cha Eunwoo ဟာ ပွဲစထွက်ကတည်းက သန့်ပြန့်ချောမောလွန်းတဲ့ ရုပ်ရည်ကြောင့် နာမည်ကြီးသူပါ။ အချစ် comic တွေထဲက မင်းသားလေးတစ်ယောက်လို ချောမောလွန်းတဲ့ ရုပ်ရည်ကြောင့် အမျိုးသားအများစုက အားကျရသူဖြစ်ပြီး သူ့ရဲ့ဓာတ်ပုံလေးနဲ့ မျက်နှာခွဲစိတ်ပြုပြင်ဖို့ ရောက်လာသူတွေလည်း ဒုနဲ့ဒေးလို့ သိရပါတယ်။

Xei

Ref: koreaboo

RELATED ARTICLES

Most Popular