HomeCelebs Update NewsInternationalCaptain Marvel 2 သရုပ်ဆောင် Zawe Ashton နဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ Tom Hiddleston

Captain Marvel 2 သရုပ်ဆောင် Zawe Ashton နဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ Tom Hiddleston

မြန်မာပရိသတ်တွေကြားမှာ Loki လို့ လူသိများတဲ့ MCU သရုပ်ဆောင် Tom Hiddleston ကတော့ Captain Marvel 2 ထဲမှာ ပါဝင်လာမယ့် သရုပ်ဆောင် Zawe Ashton နဲ့ စေ့စပ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ ပူပူနွေးနွေး ကျင်းပပြီးစီးထားတဲ့ British Academy Film Awards (BAFTA)ပွဲမှာ စတင်ပြီး ကောလာဟလတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Tom ဟာ ယခုနှစ်ရဲ့ BAFTA ပွဲကိုတော့ Zawe နဲ့အတူ ကော်ဇောနီပေါ်ကို စုံတွဲလိုက် တက်ရောက်လာတာ ဖြစ်ပြီး မီဒီယာတွေရှေ့မှာ ဓာတ်ပုံအရိုက်ခံစဉ်မှာတော့ Zawe ဟာ သူမရဲ့လက်ကို လူမမြင်အောင် ကွယ်ထားခဲ့ပါတယ်။

Photo: ajodudu/ Instagram

သို့သော်လည်း ပွဲရဲ့ Host ဖြစ်တဲ့ AJ Odudu နဲ့အတူ ရိုက်ကူးထားတဲ့ အဖွဲ့လိုက်ဓာတ်ပုံထဲမှာတော့ Zawe ရဲ့ လက်သူကြွယ်မှာ စေ့စပ်လက်စွပ်က အထင်းသား ပေါ်လွင်နေခဲ့တာ ဖြစ်ပါတယ်။ AJ Odudu က ဒီပုံတွေကို သူမရဲ့ အင်စတာဂရမ်ပေါ် တင်လိုက်ပြီးတဲ့ နောက်မှာပဲ ပရိသတ်တွေကြားမှာတော့ Tom Hiddleston တစ်ယောက် စေ့စပ်ထားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါတင်မက ETCanada သတင်းဌာနရဲ့ ဖော်ပြချက်အရ Tom Hiddleston နဲ့ Zawe Ashton တို့ဟာ မကြာခင်မှာပဲ မင်္ဂလာပွဲကိုပါ ဆင်နွှဲသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

တကယ်တော့ Tom နဲ့ Zawe တို့ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတည်းက တွဲနေတယ်လို့ သတင်းထွက်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ်မှာပဲ ပြဇာတ်ဆရာကြီး Harold Pinter ရဲ့ Betrayal ဆိုတဲ့ ပြဇာတ်ထဲမှာလည်း သူတို့နှစ်ယောက်ဟာ ဇနီးမောင်နှံတွေအဖြစ် အတူတူ ကပြ ဖျော်ဖြေခဲ့ကြပါသေးတယ်။ ဒါ့အပြင် ကော်ဇောနီပေါ်ကို အတူတူ ပွဲတက်လာကြတာဟာ အခုက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ မနှစ်က ၂၀၂၁ ခုနှစ်ရဲ့ Tony Awards ဆုပေးပွဲကိုလည်း စုံတွဲလိုက် တက်ရောက်ခဲ့ကြပါသေးတယ်။

Photo via screenrant

ဒါ့အပြင် သူတို့နှစ်ဦးရဲ့ ရေစက်ကတော့ ပြင်ပဘဝမှာတင် မဟုတ်ဘဲ MCU ထဲမှာပါ အတူတူ သရုပ်ဆောင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။ အဲဒါကတော့ Zawe Ashton ဟာ လာမယ့် Captain Marvel 2 ဇာတ်ကားထဲမှာ အမည်မဖော်ပြသေးတဲ့ ဗီလိန်ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Tom ကတော့ Loki season 2 အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေရပါတယ်။

Glasgow

Source: screenrant/ hollywoodlife

RELATED ARTICLES

Most Popular