HomeCelebs Update NewsKoreaဇန်နဝါရီလအတွက် ဂုဏ်သတင်းအမွှေးဆုံး Idol အဖွဲ့(၃၀)

ဇန်နဝါရီလအတွက် ဂုဏ်သတင်းအမွှေးဆုံး Idol အဖွဲ့(၃၀)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Korean Business Research Institute ဟာ ခါတိုင်းလိုပဲ ဇန်နဝါရီလအတွက် ဂုဏ်သတင်းအကျော်ကြားဆုံး Idol အဖွဲ့တွေကို စစ်တမ်းကောက်ယူကာ ရလဒ်တွေကို ကြေငြာလိုက်ပါတယ်။

ဒီရလဒ်အဆင့်တွေဟာ ပရိသတ်တွေကိုယ်တိုင်က ပါဝင်မှု၊ ပရိသတ်တွေရဲ့စိတ်ဝင်စားမှု၊ မီဒီယာတွေမှာ ပါဝင်မှုအနေအထား၊ ပရိသတ်တွေအပေါ် ပြန်လည်တုံ့ပြန်မှု၊ လူထုက သတိထားမှုစတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ ယခုရလဒ်တွေကတော့ ဒီဇင်ဘာလ(၁၇)ရက်နေ့ကနေ ဇန်နဝါရီလ(၁၈)ရက်နေ့အထိ Idol အဖွဲ့(၁၀၀)ရဲ့ အချက်အလက် ညွှန်းကိန်းတွေကို တွက်ချက်ပြီး ရရှိလာတာ ဖြစ်ပါတယ်။

ဇန်နဝါရီလအတွက် ဂုဏ်သတင်းအမွှေးဆုံး နံပါတ်(၁)နေရာကိုတော့ BTS အဖွဲ့က အညွှန်းကိန်းအများဆုံးနဲ့ ရရှိထားတာ တွေ့ရပါတယ်။ BTS အဖွဲ့ထဲက ရေပန်းအစားဆုံး စကားလုံးတွေကတော့ ဂျီမင်း၊ ဂျုံးကုနဲ့ ဗွီတို့ ဖြစ်ပါတယ်။ ဒုတိယနေရာကို ရရှိထားတာကတော့ မိန်းကလေးအဖွဲ့ဖြစ်တဲ့ Red Velvet ပါ။ Red Velvet နဲ့ မတိမ်းမယိမ်းနဲ့ တတိယနေရာက ကပ်လိုက်နေတာကတော့ EXO အဖွဲ့ ဖြစ်ပါတယ်။

ဇန်နဝါရီလအတွက် ဂုဏ်သတင်းအမွှေးဆုံး Idol အဖွဲ့(၃၀)ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

အောက်ဖော်ပြပါကတော့ Korean Business Research Institute က ထုတ်ပြန်တဲ့ မူရင်းအညွှန်းကိန်းတွေ ပါဝင်တဲ့ အဆင့်ပြဇယား ဖြစ်ပါတယ်။

Photo: soompi

ဒါကတော့ တစ်လတစ်ခါ ထုတ်ပြန်နေကျ ဂုဏ်သတင်းအမွှေးဆုံး Idol အဖွဲ့(၃၀) ဖြစ်ပါတယ်။ နောက်လတွေမှာရော ဘယ်အဖွဲ့တွေက ထိပ်ဆုံးနေရာကို ရယူလာဦးမလည်းဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြပါစို့။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

Korean Business Research Institute ဟာ ခါတိုင္းလိုပဲ ဇန္နဝါရီလအတြက္ ဂုဏ္သတင္းအေက်ာ္ၾကားဆုံး Idol အဖြဲ႕ေတြကို စစ္တမ္းေကာက္ယူကာ ရလဒ္ေတြကို ေၾကျငာလိုက္ပါတယ္။

ဒီရလဒ္အဆင့္ေတြဟာ ပရိသတ္ေတြကိုယ္တိုင္က ပါဝင္မႈ၊ ပရိသတ္ေတြရဲ႕စိတ္ဝင္စားမႈ၊ မီဒီယာေတြမွာ ပါဝင္မႈအေနအထား၊ ပရိသတ္ေတြအေပၚ ျပန္လည္တုံ႔ျပန္မႈ၊ လူထုက သတိထားမႈစတဲ့ အခ်က္အလက္ေတြေပၚမွာ အေျခခံၿပီး တြက္ခ်က္ထားတာ ျဖစ္ပါတယ္။ ယခုရလဒ္ေတြကေတာ့ ဒီဇင္ဘာလ(၁၇)ရက္ေန႔ကေန ဇန္နဝါရီလ(၁၈)ရက္ေန႔အထိ Idol အဖြဲ႕(၁၀၀)ရဲ႕ အခ်က္အလက္ ၫႊန္းကိန္းေတြကို တြက္ခ်က္ၿပီး ရရွိလာတာ ျဖစ္ပါတယ္။

ဇန္နဝါရီလအတြက္ ဂုဏ္သတင္းအေမႊးဆုံး နံပါတ္(၁)ေနရာကိုေတာ့ BTS အဖြဲ႕က အၫႊန္းကိန္းအမ်ားဆုံးနဲ႔ ရရွိထားတာ ေတြ႕ရပါတယ္။ BTS အဖြဲ႕ထဲက ေရပန္းအစားဆုံး စကားလုံးေတြကေတာ့ ဂ်ီမင္း၊ ဂ်ဳံးကုနဲ႔ ဗြီတို႔ ျဖစ္ပါတယ္။ ဒုတိယေနရာကို ရရွိထားတာကေတာ့ မိန္းကေလးအဖြဲ႕ျဖစ္တဲ့ Red Velvet ပါ။ Red Velvet နဲ႔ မတိမ္းမယိမ္းနဲ႔ တတိယေနရာက ကပ္လိုက္ေနတာကေတာ့ EXO အဖြဲ႕ ျဖစ္ပါတယ္။

ဇန္နဝါရီလအတြက္ ဂုဏ္သတင္းအေမႊးဆုံး Idol အဖြဲ႕(၃၀)ကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

ေအာက္ေဖာ္ျပပါကေတာ့ Korean Business Research Institute က ထုတ္ျပန္တဲ့ မူရင္းအၫႊန္းကိန္းေတြ ပါဝင္တဲ့ အဆင့္ျပဇယား ျဖစ္ပါတယ္။

Photo: soompi

ဒါကေတာ့ တစ္လတစ္ခါ ထုတ္ျပန္ေနက် ဂုဏ္သတင္းအေမႊးဆုံး Idol အဖြဲ႕(၃၀) ျဖစ္ပါတယ္။ ေနာက္လေတြမွာေရာ ဘယ္အဖြဲ႕ေတြက ထိပ္ဆုံးေနရာကို ရယူလာဦးမလည္းဆိုတာ ရင္ခုန္စြာနဲ႔ ေစာင့္ၾကည့္ၾကပါစို႔။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular