HomeCelebs Update NewsKoreaT.O.P နဲ့ မင်းသမီး Kim Gavin တို့ ဒိတ်လုပ်နေတယ်ဆိုတဲ့ ကောလာဟလ YG တုံ့ပြန်

T.O.P နဲ့ မင်းသမီး Kim Gavin တို့ ဒိတ်လုပ်နေတယ်ဆိုတဲ့ ကောလာဟလ YG တုံ့ပြန်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BIGBANG အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ T.O.P ဟာ မင်းသမီး Kim Gavin နဲ့ ဒိတ်လုပ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေပါတယ်။ နှစ်ယောက် တွဲနေတယ်လို့ ခန့်မှန်းယူဆထားတဲ့ ဓာတ်ပုံအချို့ အွန်လိုင်းမှာ ပျံ့နှံ့ပေါက်ကြားလာပြီးနောက်မှာ အခုလို ကောလာဟလတွေ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

Photo: koreaboo
Photo: koreaboo

တွေ့ဆုံပွဲတစ်ခုမှာ T.O.P နဲ့ Kim Gavin တို့ ကပ်လျက်ထိုင်နေကြတဲ့ ဓာတ်ပုံတစ်ပုံကို Kim Gavin က သူမရဲ့ IG အကောင့်မှာ တင်ခဲ့ရာက တွဲနေတယ်ဆိုတဲ့ ခန့်မှန်းယူဆမှုတွေနဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ Kim Gavin ဟာ အဆိုပါဓာတ်ပုံကို တင်ပြီးခဏအကြာမှာပဲ ချက်ချင်းပြန်ဖျက်သွားခဲ့ပါတယ်။

ခန့်မှန်းမှုတွေဟာ ဒီလောက်နဲ့တင် ရပ်တန့်မသွားဘဲ နှစ်ယောက်သားရဲ့ ညဝတ်အင်္ကျီ၊ ဖိနပ် စတာတွေ ဆင်တူဖြစ်နေမှုတွေကို နှိုင်းယှဉ်ပြထားပြီး တွဲနေကြတယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။ ဒီသတင်းတွေ ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး Newsen သတင်းဌာနက YG Entertainment ကို မေးမြန်းခဲ့ရာမှာတော့ အခုလို တုံ့ပြန်ထားတာကို တွေ့ရပါတယ်။

Photo: koreaboo
Photo: koreaboo
Photo: koreaboo

“ကျွန်တော်တို့ artist ရဲ့ ပုဂ္ဂိုလ်ရေးဘဝနဲ့ သက်ဆိုင်နေတဲ့အရာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ အတည်ပြုပေးဖို့ဆိုတာ ခက်ခဲပါတယ်။ အားလုံးနားလည်ပေးကြဖို့ တောင်းဆိုပါတယ်…” လို့ YG Entertainment  တုံ့ပြန်ပြောဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ T.O.P ဟာ ယခုနှစ်အတောအတွင်းမှာ BIGBANG အဖွဲ့နဲ့ comeback ပြန်လာဖို့ စီစဉ်နေပါတယ်။ Kim Gavin ကတော့ MNet ရဲ့ dating show တစ်ခုဖြစ်တဲ့ Love Catcher 2 မှာ မနှစ်တုန်းက ပါဝင်ထားပါတယ်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

BIGBANG အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ T.O.P ဟာ မင္းသမီး Kim Gavin နဲ႔ ဒိတ္လုပ္ေနတယ္ဆိုတဲ့ ေကာလာဟလေတြ ပ်ံ႕ႏွံ႔ေနပါတယ္။ ႏွစ္ေယာက္ တြဲေနတယ္လို႔ ခန႔္မွန္းယူဆထားတဲ့ ဓာတ္ပုံအခ်ိဳ႕ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေပါက္ၾကားလာၿပီးေနာက္မွာ အခုလို ေကာလာဟလေတြ ပ်ံ႕ႏွံ႔လာတာ ျဖစ္ပါတယ္။

Photo: koreaboo
Photo: koreaboo

ေတြ႕ဆုံပြဲတစ္ခုမွာ T.O.P နဲ႔ Kim Gavin တို႔ ကပ္လ်က္ထိုင္ေနၾကတဲ့ ဓာတ္ပုံတစ္ပုံကို Kim Gavin က သူမရဲ႕ IG အေကာင့္မွာ တင္ခဲ့ရာက တြဲေနတယ္ဆိုတဲ့ ခန႔္မွန္းယူဆမႈေတြနဲ႔ ေကာလာဟလေတြ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။ Kim Gavin ဟာ အဆိုပါဓာတ္ပုံကို တင္ၿပီးခဏအၾကာမွာပဲ ခ်က္ခ်င္းျပန္ဖ်က္သြားခဲ့ပါတယ္။

ခန႔္မွန္းမႈေတြဟာ ဒီေလာက္နဲ႔တင္ ရပ္တန႔္မသြားဘဲ ႏွစ္ေယာက္သားရဲ႕ ညဝတ္အက်ႌ၊ ဖိနပ္ စတာေတြ ဆင္တူျဖစ္ေနမႈေတြကို ႏႈိင္းယွဥ္ျပထားၿပီး တြဲေနၾကတယ္လို႔ ခန႔္မွန္းေနၾကတာ ျဖစ္ပါတယ္။ ဒီသတင္းေတြ ပ်ံ႕ႏွံ႔ေနတာနဲ႔ ပတ္သက္ၿပီး Newsen သတင္းဌာနက YG Entertainment ကို ေမးျမန္းခဲ့ရာမွာေတာ့ အခုလို တုံ႔ျပန္ထားတာကို ေတြ႕ရပါတယ္။

Photo: koreaboo
Photo: koreaboo
Photo: koreaboo

“ကြၽန္ေတာ္တို႔ artist ရဲ႕ ပုဂၢိဳလ္ေရးဘဝနဲ႔ သက္ဆိုင္ေနတဲ့အရာျဖစ္လို႔ ကြၽန္ေတာ္တို႔အေနနဲ႔ အတည္ျပဳေပးဖို႔ဆိုတာ ခက္ခဲပါတယ္။ အားလုံးနားလည္ေပးၾကဖို႔ ေတာင္းဆိုပါတယ္…” လို႔ YG Entertainment  တုံ႔ျပန္ေျပာဆိုထားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ T.O.P ဟာ ယခုႏွစ္အေတာအတြင္းမွာ BIGBANG အဖြဲ႕နဲ႔ comeback ျပန္လာဖို႔ စီစဥ္ေနပါတယ္။ Kim Gavin ကေတာ့ MNet ရဲ႕ dating show တစ္ခုျဖစ္တဲ့ Love Catcher 2 မွာ မႏွစ္တုန္းက ပါဝင္ထားပါတယ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

 

RELATED ARTICLES

Most Popular