HomeEntertainmentFilm၂၀၂၃ ခုနှစ်မှာ ထပ်မံထွက်ရှိလာဦးမယ့် Trolls 3 

၂၀၂၃ ခုနှစ်မှာ ထပ်မံထွက်ရှိလာဦးမယ့် Trolls 3 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ပရိသတ်တွေ နှစ်သက်ကြတဲ့ animation တစ်ခုဖြစ်တဲ့ Trolls 3 ကို ၂၀၂၃ ခုနှစ်မှာ ထပ်မံ ထွက်ရှိလာဦးမယ်လို့ Universal စတူဒီယိုက ကြေညာလိုက်ပါတယ်။

Dreamworks Animation နဲ့ Universal တို့ ပူးပေါင်းဖန်တီးထားတဲ့ ပထမဆုံး Trolls ရုပ်ရှင်နှစ်ကားထဲမှာတော့ Justin Timberlake နဲ့ Anna Kendrick တို့က အသံသရုပ်ဆောင်အနေနဲ့ အဓိက ပါဝင်ထားပါတယ်။ တခြားအသံသရုပ်ဆောင်တွေကတော့ James Corden ၊ Kunal Nayyar ၊ Gwen Stefani ၊ Rachel Bloom ၊ Kelly Clarkson နဲ့ Sam Rockwell တို့လို နာမည်ကျော်တွေလည်း ပါဝင်ထားပါတယ်။

photo via screenrant

ပထမကားရဲ့ အမည်ကတော့ Trolls ပဲ ဖြစ်ပြီး ဒုတိယကားကတော့ Trolls World Tour ဖြစ်ပါတယ်။ ပထမကားရဲ့ ဇာတ်လမ်းကတော့ Poppy နဲ့ Branch တို့ နှစ်ယောက်ဟာ သူတို့ရဲ့ မျိူးနွယ်စုတွေကို Bergens တွေလက်ထဲက ကယ်တင်ဖို့ ကြိုးစားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒုတိယကားထဲမှာတော့ Poppy တို့ရဲ့ Pop ဂီတမျိူးနွယ်တစ်ခုတည်း ရှိတာမဟုတ်ဘဲ Hard Rock ၊ Techno ၊ Funk ၊ Classical နဲ့ Country တို့လို မျိူးနွယ်စုတွေ ရှိသေးတယ်ဆိုတာကို သိလိုက်ရပါတယ်။

မကြာသေးခင်ကပဲ Universal စတူဒီယိုဟာ Trolls 3 ကို လာမယ့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့မှာ ရုံတင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ ဒါတင်မကသေးဘဲ အဲဒီနေ့ရက်မှာပဲ John Krasinski နဲ့ Ryan Reynolds တို့ သရုပ်ဆောင်ထားတဲ့ ဟာသကားတစ်ခုကိုလည်း တပြိုင်တည်း ရုံတင်သွားမယ်လို့ သိရပါတယ်။

photo via screenrant

အခုလက်ရှိမှာတော့ Trolls 3 ရဲ့ ဇာတ်လမ်းတွေနဲ့ ယခင်အသံသရုပ်ဆောင်တွေ ပြန်လည်ပါဝင်လာမှာလား ဆိုတာကိုတော့ မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Animation တွေကို ကြိုက်နှစ်သက်သူတွေအတွက် ဒီ Animation ကလည်း စိတ်ကျေနပ်စရာကောင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Animation ပရိသတ်တွေအတွက်တော့ ဒီ Animation ဟာ စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

ပရိသတ္ေတြ ႏွစ္သက္ၾကတဲ့ animation တစ္ခုျဖစ္တဲ့ Trolls 3 ကို ၂၀၂၃ ခုႏွစ္မွာ ထပ္မံ ထြက္ရွိလာဦးမယ္လို႔ Universal စတူဒီယိုက ေၾကညာလိုက္ပါတယ္။

Dreamworks Animation နဲ႔ Universal တို႔ ပူးေပါင္းဖန္တီးထားတဲ့ ပထမဆုံး Trolls ႐ုပ္ရွင္ႏွစ္ကားထဲမွာေတာ့ Justin Timberlake နဲ႔ Anna Kendrick တို႔က အသံသ႐ုပ္ေဆာင္အေနနဲ႔ အဓိက ပါဝင္ထားပါတယ္။ တျခားအသံသ႐ုပ္ေဆာင္ေတြကေတာ့ James Corden ၊ Kunal Nayyar ၊ Gwen Stefani ၊ Rachel Bloom ၊ Kelly Clarkson နဲ႔ Sam Rockwell တို႔လို နာမည္ေက်ာ္ေတြလည္း ပါဝင္ထားပါတယ္။

photo via screenrant

ပထမကားရဲ့ အမည္ကေတာ့ Trolls ပဲ ျဖစ္ၿပီး ဒုတိယကားကေတာ့ Trolls World Tour ျဖစ္ပါတယ္။ ပထမကားရဲ့ ဇာတ္လမ္းကေတာ့ Poppy နဲ႔ Branch တို႔ ႏွစ္ေယာက္ဟာ သူတို႔ရဲ့ မ်ိဴးႏြယ္စုေတြကို Bergens ေတြလက္ထဲက ကယ္တင္ဖို႔ ႀကိဳးစားတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒုတိယကားထဲမွာေတာ့ Poppy တို႔ရဲ့ Pop ဂီတမ်ိဴးႏြယ္တစ္ခုတည္း ရွိတာမဟုတ္ဘဲ Hard Rock ၊ Techno ၊ Funk ၊ Classical နဲ႔ Country တို႔လို မ်ိဴးႏြယ္စုေတြ ရွိေသးတယ္ဆိုတာကို သိလိုက္ရပါတယ္။

မၾကာေသးခင္ကပဲ Universal စတူဒီယိုဟာ Trolls 3 ကို လာမယ့္ ၂၀၂၃ ခုႏွစ္ နိုဝင္ဘာလ (၁၇)ရက္ေန႔မွာ ႐ုံတင္သြားမယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒါတင္မကေသးဘဲ အဲဒီေန႔ရက္မွာပဲ John Krasinski နဲ႔ Ryan Reynolds တို႔ သ႐ုပ္ေဆာင္ထားတဲ့ ဟာသကားတစ္ခုကိုလည္း တၿပိဳင္တည္း ႐ုံတင္သြားမယ္လို႔ သိရပါတယ္။

photo via screenrant

အခုလက္ရွိမွာေတာ့ Trolls 3 ရဲ့ ဇာတ္လမ္းေတြနဲ႔ ယခင္အသံသ႐ုပ္ေဆာင္ေတြ ျပန္လည္ပါဝင္လာမွာလား ဆိုတာကိုေတာ့ မသိရေသးပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ Animation ေတြကို ႀကိဳက္ႏွစ္သက္သူေတြအတြက္ ဒီ Animation ကလည္း စိတ္ေက်နပ္စရာေကာင္းမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Animation ပရိသတ္ေတြအတြက္ေတာ့ ဒီ Animation ဟာ ေစာင့္ၾကည့္သင့္တဲ့ ဇာတ္လမ္းတစ္ခုပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular