HomeCelebs Update NewsKoreaပထမဆုံး အင်္ဂလိပ်ဘာသာနဲ့ ဆင်ဂယ်လ်သီချင်း ထွက်ရှိလာတော့မယ့် TWICE အဖွဲ့

ပထမဆုံး အင်္ဂလိပ်ဘာသာနဲ့ ဆင်ဂယ်လ်သီချင်း ထွက်ရှိလာတော့မယ့် TWICE အဖွဲ့

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

TWICE အဖွဲ့ရဲ့ ပထမဆုံးသော အင်္ဂလိပ်ဘာသာနဲ့ ဆင်ဂယ်လ်သီချင်းတစ်ပုဒ်ကတော့ ထွက်ရှိလာပါတော့မယ်။ အခုလို သီချင်းတစ်ပုဒ်လုံးကို အင်္ဂလိပ်ဘာသာနဲ့ ဆင်ဂယ်လ် ထွက်ရှိမယ့်အကြောင်းကိုတော့ ပြီးခဲ့တဲ့ ဇွန်လတည်းက ကြေညာထားခဲ့တာပါ။

Photo via soompi

ဩဂုတ်လ(၂)ရက်နေ့နဲ့ (၄)ရက်နေ့မှာတော့ စာအိတ်ပုံလေးတွေနဲ့ ပရိသတ်တွေကို အရိပ်အမြွက် အသိပေးလာတာပါ။ ပထမပုံမှာတော့ “Oh, You got my attention.” ဆိုတဲ့ စာလေး ပါဝင်ပြီး ဒုတိယပုံမှာတော့ “Uh, I’m so curious.” ဆိုတဲ့ စာသားလေး ပါဝင်ပါတယ်။

Photo via soompi

ဒီလိုနဲ့ ယနေ့ ဩဂုတ်လ(၆)ရက်နေ့မှာ ထွက်ရှိလာတဲ့ တတိယပုံမှာတော့ The Feels လို့ အမည်ပေးထားတဲ့ TWICE အဖွဲ့ရဲ့ ပထမဆုံးသော အင်္ဂလိပ်ဘာသာနဲ့ သီချင်းလေးအကြောင်းကို သိရှိလိုက်ရပါတယ်။ ဒီပုံလေးမှာတော့ ၂၀၂၁ခုနှစ်ရဲ့ ကပွဲကို ဖိတ်ကြားထားတဲ့ ဖိတ်စာပုံလေး ဖြစ်ပြီး ပုံရဲ့ ကပ်ပရှင်မှာတော့ “Where are we going tonight?” လို့ ရေးသားထားပါတယ်။

Photo via soompi

TWICE အဖွဲ့ကတော့ သူတို့ရဲ့ ပထမဆုံး အင်္ဂလိပ်ဘာသာနဲ့ ထွက်ရှိလာမယ့် သီချင်းလေးအကြောင်း ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားအောင် update တင်ပေးနေတာ ဖြစ်ပြီး ဒီသီချင်းလေးကိုတော့ စက်တင်ဘာလရဲ့ သောကြာနေ့တစ်နေ့မှာ ထွက်ရှိလာမယ်လို့ ဆိုထားပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

TWICE အဖြဲ႕ရဲ႕ ပထမဆုံးေသာ အဂၤလိပ္ဘာသာနဲ႔ ဆင္ဂယ္လ္သီခ်င္းတစ္ပုဒ္ကေတာ့ ထြက္ရွိလာပါေတာ့မယ္။ အခုလို သီခ်င္းတစ္ပုဒ္လုံးကို အဂၤလိပ္ဘာသာနဲ႔ ဆင္ဂယ္လ္ ထြက္ရွိမယ့္အေၾကာင္းကိုေတာ့ ၿပီးခဲ့တဲ့ ဇြန္လတည္းက ေၾကညာထားခဲ့တာပါ။

Photo via soompi

ဩဂုတ္လ(၂)ရက္ေန႔နဲ႔ (၄)ရက္ေန႔မွာေတာ့ စာအိတ္ပုံေလးေတြနဲ႔ ပရိသတ္ေတြကို အရိပ္အႁမြက္ အသိေပးလာတာပါ။ ပထမပုံမွာေတာ့ “Oh, You got my attention.” ဆိုတဲ့ စာေလး ပါဝင္ၿပီး ဒုတိယပုံမွာေတာ့ “Uh, I’m so curious.” ဆိုတဲ့ စာသားေလး ပါဝင္ပါတယ္။

Photo via soompi

ဒီလိုနဲ႔ ယေန႔ ဩဂုတ္လ(၆)ရက္ေန႔မွာ ထြက္ရွိလာတဲ့ တတိယပုံမွာေတာ့ The Feels လို႔ အမည္ေပးထားတဲ့ TWICE အဖြဲ႕ရဲ႕ ပထမဆုံးေသာ အဂၤလိပ္ဘာသာနဲ႔ သီခ်င္းေလးအေၾကာင္းကို သိရွိလိုက္ရပါတယ္။ ဒီပုံေလးမွာေတာ့ ၂၀၂၁ခုႏွစ္ရဲ႕ ကပြဲကို ဖိတ္ၾကားထားတဲ့ ဖိတ္စာပုံေလး ျဖစ္ၿပီး ပုံရဲ႕ ကပ္ပရွင္မွာေတာ့ “Where are we going tonight?” လို႔ ေရးသားထားပါတယ္။

Photo via soompi

TWICE အဖြဲ႕ကေတာ့ သူတို႔ရဲ႕ ပထမဆုံး အဂၤလိပ္ဘာသာနဲ႔ ထြက္ရွိလာမယ့္ သီခ်င္းေလးအေၾကာင္း ပရိသတ္ေတြ ရင္ခုန္စိတ္လႈပ္ရွားေအာင္ update တင္ေပးေနတာ ျဖစ္ၿပီး ဒီသီခ်င္းေလးကိုေတာ့ စက္တင္ဘာလရဲ႕ ေသာၾကာေန႔တစ္ေန႔မွာ ထြက္ရွိလာမယ္လို႔ ဆိုထားပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular