HomeCelebs Update NewsKoreaIdol ဖြစ်ချင်သူတွေအတွက် အားပေးစကားပြောထားတဲ့ TWICE ရဲ့ Jihyo နဲ့ Mina 

Idol ဖြစ်ချင်သူတွေအတွက် အားပေးစကားပြောထားတဲ့ TWICE ရဲ့ Jihyo နဲ့ Mina 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အပြင်ပန်းက ကြည့်မယ်ဆိုရင် Idol တွေရဲ့ဘဝဟာ အောင်မြင်ကျော်ကြားပြီး ပေါ့ပေါ့ပါးပါးနဲ့ လွယ်ကူနေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ Idol တစ်ယောက်ဖြစ်လာဖို့ ခရီးကြမ်းပေါင်းများစွာကို လျှောက်လှမ်းခဲ့ကြရတာ ဖြစ်ပါတယ်။

TWICE အဖွဲ့ထဲမှာဆိုရင်တော့ Jihyo နဲ့ Mina ဟာ Idol တစ်ယောက်အဖြစ် ဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး ရရှိလာတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးအခြေအနေတွေကို ဖွင့်ဟထားသူတွေ ဖြစ်ပါတယ်။ လူထုရှေ့မှာ အမြဲတမ်း ပြီးပြည့်စုံနေတဲ့အသွင်ကို ရရှိဖို့ လူမမြင်နိုင်တဲ့ ကင်မရာနောက်ကွယ်မှာ ကြမ်းတမ်းခက်ခဲတဲ့ အဖြစ်အပျက်ပေါင်းများစွာကို ရင်ဆိုင်ထားရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Idol အများစုမှာ စိတ်ဓာတ်ကျတဲ့ရောဂါတွေ ခံစားရလေ့ ရှိတာပါ။

Photo: koreaboo

သို့ပေမယ့်လည်း ခက်ခက်ခဲခဲ ကြိုးစားထားရသမျှတွေဟာ အဖွဲ့ဝင်တွေနဲ့အတူ မျှဝေခဲ့ရတဲ့ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေဆီက ရရှိတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ကြိုးစားရကျိုး၊ ပင်ပန်းရကျိုး နပ်စေတယ်လို့ ပြောရမှာပါ။ ဒါကြောင့်လည်း Idol ဖြစ်ချင်တဲ့ အိပ်မက်ရှိနေသူတွေအတွက် အသိတရားတစ်ခု ရစေမယ့် အားပေးစကားတွေကို အမေရိကန်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Interview မဂ္ဂဇင်းနဲ့ အမေးအဖြေကဏ္ဍမှာ Jihyo နဲ့ Mina တို့က ပြောကြားထားတာ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Jihyo ကတော့ အကြံပေးစကားတွေကို အလေးအနက် ဆိုထားပါတယ်။ Idol တစ်ယောက်ဖြစ်ဖို့ ကြိုးစားရတာဟာ ပေါ့ပေါ့ပါးပါးနဲ့ လုပ်လိုက်လို့ ဖြစ်တဲ့အရာတစ်ခု မဟုတ်ဘဲ တစ်ခါတစ်လေမှာ ဖိအားပေါင်းများစွာနဲ့ စိတ်ညစ်ညူးတာတေွ ကြုံရတတ်တဲ့အကြောင်း Jihyo က ဆိုပါတယ်။

Photo: koreaboo

သို့ပေမယ့်လည်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မရောက်မချင်း ဆက်ကြိုးစားနေဖို့ကိုသာ အာရုံစိုက်ဖို့လည်း သတိပေးထားပါသေးတယ်။ မအောင်မြင်သေးတဲ့အချိန်တွေမှာ ကိုယ်လိုချင်တာက ဘာလည်းဆိုတာ အမြဲတမ်း သတိရပြီး နိုးကြားနေဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကဏ္ဍတစ်ခုခုမှာ ကျွမ်းကျင်တယ်၊ ပါရမီပါတယ်ဆိုရင် အဲ့ဒီ့စွမ်းရည်ကို အမြဲတမ်း ပိုကောင်းလာအောင် ပြုစုပျိုးထောင်သင့်တယ်လို့လည်း အကြံပေးထားပါသေးတယ်။

“ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ရတာ ခက်ခဲပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ ကိုယ်လိုချင်တဲ့အရာကို မမေ့ပစ်လိုက်ပါနဲ့။ ပြီးတော့ ကိုယ်ကျွမ်းကျင်တဲ့အရာမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ…” လို့ Jihyo က ဆိုပါတယ်။

Photo: koreaboo

ဘဝဆိုတာဟာ ခန့်မှန်းရခက်ပြီး ဘယ်အချိန်မှာ အခွင့်အလမ်းပေါ်လာမယ်မှန်း မသိတာကြောင့် Idol ဖြစ်ချင်တယ်ဆို အမြဲတမ်း အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားသင့်တယ်လို့ Mina ကတော့ ဆိုထားပါတယ်။

“အခွင့်အရေးက ကိုယ့်ဆီကို ဘယ်အချိန်မှာ လာမလည်းဆိုတာ မသိနိုင်ဘူးလေ။ အဲ့ဒါကြောင့် အခွင့်အရေး ရလာပြီဆိုရင် တစ်ခါတည်း ကြိုးစားနိုင်အောင် အမြဲအဆင်သင့် ပြင်ထားသင့်ပါတယ်…” လို့ Mina က အကြံပေးထားတာပါ။

Jihyo နဲ့ Mina တို့ အားပေးထားတဲ့ စကားတွေကို အနှစ်ချုပ်လိုက်မယ်ဆိုရင် Idol ဖြစ်ချင်တဲ့လူတစ်ယောက်ဟာ ခက်ခဲတဲ့ အချိန်တွေကြောင့် ပြိုလဲကျသွားလို့ မရဘူးဆိုတာပါပဲ။ ခွန်အားတွေကို တတ်နိုင်သမျှ စုဆောင်းပြီး လမ်းမှာ ဘယ်လိုအခက်အခဲ၊ အတားအဆီးတွေပဲ ရှိရှိ ရှေ့ကိုဆက်လျှောက်ကာ ကိုယ်လိုချင်တဲ့ အိပ်မက်၊ ပန်းတိုင်ကို အရယူဖို့ အကြံပြုထားတာကို ခံစားမိကြမှာပါလို့ ဆိုလိုက်ရင်း … ။

LaNina

Source: koreaboo

(Zawgyi Version)

အျပင္ပန္းက ၾကည့္မယ္ဆိုရင္ Idol ေတြရဲ႕ဘဝဟာ ေအာင္ျမင္ေက်ာ္ၾကားၿပီး ေပါ့ေပါ့ပါးပါးနဲ႔ လြယ္ကူေနတယ္လို႔ ထင္ရေပမယ့္ တကယ္တမ္းမွာေတာ့ Idol တစ္ေယာက္ျဖစ္လာဖို႔ ခရီးၾကမ္းေပါင္းမ်ားစြာကို ေလွ်ာက္လွမ္းခဲ့ၾကရတာ ျဖစ္ပါတယ္။

TWICE အဖြဲ႕ထဲမွာဆိုရင္ေတာ့ Jihyo နဲ႔ Mina ဟာ Idol တစ္ေယာက္အျဖစ္ ျဖတ္သန္းမႈနဲ႔ ပတ္သက္ၿပီး ရရွိလာတဲ့ စိတ္ပိုင္းဆိုင္ရာနဲ႔ က်န္းမာေရးအေျခအေနေတြကို ဖြင့္ဟထားသူေတြ ျဖစ္ပါတယ္။ လူထုေရွ႕မွာ အၿမဲတမ္း ၿပီးျပည့္စုံေနတဲ့အသြင္ကို ရရွိဖို႔ လူမျမင္ႏိုင္တဲ့ ကင္မရာေနာက္ကြယ္မွာ ၾကမ္းတမ္းခက္ခဲတဲ့ အျဖစ္အပ်က္ေပါင္းမ်ားစြာကို ရင္ဆိုင္ထားရသူေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Idol အမ်ားစုမွာ စိတ္ဓာတ္က်တဲ့ေရာဂါေတြ ခံစားရေလ့ ရွိတာပါ။

Photo: koreaboo

သို႔ေပမယ့္လည္း ခက္ခက္ခဲခဲ ႀကိဳးစားထားရသမွ်ေတြဟာ အဖြဲ႕ဝင္ေတြနဲ႔အတူ မွ်ေဝခဲ့ရတဲ့ ေအာင္ျမင္မႈေတြနဲ႔ ပရိသတ္ေတြဆီက ရရွိတဲ့ ခ်စ္ျခင္းေမတၱာေတြေၾကာင့္ ႀကိဳးစားရက်ိဳး၊ ပင္ပန္းရက်ိဳး နပ္ေစတယ္လို႔ ေျပာရမွာပါ။ ဒါေၾကာင့္လည္း Idol ျဖစ္ခ်င္တဲ့ အိပ္မက္ရွိေနသူေတြအတြက္ အသိတရားတစ္ခု ရေစမယ့္ အားေပးစကားေတြကို အေမရိကန္မဂၢဇင္းတစ္ခုျဖစ္တဲ့ Interview မဂၢဇင္းနဲ႔ အေမးအေျဖက႑မွာ Jihyo နဲ႔ Mina တို႔က ေျပာၾကားထားတာ ျဖစ္ပါတယ္။

အဖြဲ႕ရဲ႕ေခါင္းေဆာင္ျဖစ္တဲ့ Jihyo ကေတာ့ အႀကံေပးစကားေတြကို အေလးအနက္ ဆိုထားပါတယ္။ Idol တစ္ေယာက္ျဖစ္ဖို႔ ႀကိဳးစားရတာဟာ ေပါ့ေပါ့ပါးပါးနဲ႔ လုပ္လိုက္လို႔ ျဖစ္တဲ့အရာတစ္ခု မဟုတ္ဘဲ တစ္ခါတစ္ေလမွာ ဖိအားေပါင္းမ်ားစြာနဲ႔ စိတ္ညစ္ညဴးတာေတြ ႀကဳံရတတ္တဲ့အေၾကာင္း Jihyo က ဆိုပါတယ္။

Photo: koreaboo

သို႔ေပမယ့္လည္း ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ကို မေရာက္မခ်င္း ဆက္ႀကိဳးစားေနဖို႔ကိုသာ အာ႐ုံစိုက္ဖို႔လည္း သတိေပးထားပါေသးတယ္။ မေအာင္ျမင္ေသးတဲ့အခ်ိန္ေတြမွာ ကိုယ္လိုခ်င္တာက ဘာလည္းဆိုတာ အၿမဲတမ္း သတိရၿပီး ႏိုးၾကားေနဖို႔လည္း လိုအပ္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ က႑တစ္ခုခုမွာ ကြၽမ္းက်င္တယ္၊ ပါရမီပါတယ္ဆိုရင္ အဲ့ဒီ့စြမ္းရည္ကို အၿမဲတမ္း ပိုေကာင္းလာေအာင္ ျပဳစုပ်ိဳးေထာင္သင့္တယ္လို႔လည္း အႀကံေပးထားပါေသးတယ္။

“ကိုယ့္အိပ္မက္ကို အေကာင္အထည္ေဖာ္ရတာ ခက္ခဲပါတယ္။ ဒါေပမယ့္ ဘယ္ေလာက္ပဲ ၾကမ္းတမ္းပါေစ၊ ကိုယ္လိုခ်င္တဲ့အရာကို မေမ့ပစ္လိုက္ပါနဲ႔။ ၿပီးေတာ့ ကိုယ္ကြၽမ္းက်င္တဲ့အရာမွာ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားပါ…” လို႔ Jihyo က ဆိုပါတယ္။

Photo: koreaboo

ဘဝဆိုတာဟာ ခန႔္မွန္းရခက္ၿပီး ဘယ္အခ်ိန္မွာ အခြင့္အလမ္းေပၚလာမယ္မွန္း မသိတာေၾကာင့္ Idol ျဖစ္ခ်င္တယ္ဆို အၿမဲတမ္း အဆင္သင့္ျဖစ္ေနေအာင္ ျပင္ဆင္ထားသင့္တယ္လို႔ Mina ကေတာ့ ဆိုထားပါတယ္။

“အခြင့္အေရးက ကိုယ့္ဆီကို ဘယ္အခ်ိန္မွာ လာမလည္းဆိုတာ မသိႏိုင္ဘူးေလ။ အဲ့ဒါေၾကာင့္ အခြင့္အေရး ရလာၿပီဆိုရင္ တစ္ခါတည္း ႀကိဳးစားႏိုင္ေအာင္ အၿမဲအဆင္သင့္ ျပင္ထားသင့္ပါတယ္…” လို႔ Mina က အႀကံေပးထားတာပါ။
Jihyo နဲ႔ Mina တို႔ အားေပးထားတဲ့ စကားေတြကို အႏွစ္ခ်ဳပ္လိုက္မယ္ဆိုရင္ Idol ျဖစ္ခ်င္တဲ့လူတစ္ေယာက္ဟာ ခက္ခဲတဲ့ အခ်ိန္ေတြေၾကာင့္ ၿပိဳလဲက်သြားလို႔ မရဘူးဆိုတာပါပဲ။ ခြန္အားေတြကို တတ္ႏိုင္သမွ် စုေဆာင္းၿပီး လမ္းမွာ ဘယ္လိုအခက္အခဲ၊ အတားအဆီးေတြပဲ ရွိရွိ ေရွ႕ကိုဆက္ေလွ်ာက္ကာ ကိုယ္လိုခ်င္တဲ့ အိပ္မက္၊ ပန္းတိုင္ကို အရယူဖို႔ အႀကံျပဳထားတာကို ခံစားမိၾကမွာပါလို႔ ဆိုလိုက္ရင္း … ။

LaNina

Source: koreaboo

RELATED ARTICLES

Most Popular