HomeCelebs Update NewsKoreaဂ်ပန္ဗားရွင္းနဲ႔ ဒုတိယေျမာက္ အယ္လ္ဘမ္သစ္ ထုတ္ေ၀ေတာ့မယ့္ TWICE

ဂ်ပန္ဗားရွင္းနဲ႔ ဒုတိယေျမာက္ အယ္လ္ဘမ္သစ္ ထုတ္ေ၀ေတာ့မယ့္ TWICE

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

TWICE အဖွဲ့ဟာ သူတို့ရဲ့ ဒုတိယမြောက် ဂျပန်ဘာသာစကားနဲ့ အယ်လ်ဘမ်အသစ်တစ်ချပ်ကို လာမယ့်နိုဝင်ဘာလ(၂၀)ရက်နေ့မှာ ထုတ်ဝေသွားတော့မှာ ဖြစ်ပါတယ်။ အယ်လ်ဘမ်နာမည်ကိုတော့ &TWICE လို့ အမည်ပေးထားပြီး အဖွဲ့ဝင် Chaeyoung ကလည်း How U Doin’ ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ပါဝင်ရေးစပ်ထားသေးတယ်လို့ သိရပါတယ်။

အဆိုပါအယ်လ်ဘမ်ထဲမှာ စုစုပေါင်း သီချင်းဆယ်ပုဒ် ပါဝင်မှာဖြစ်ပြီး ဇူလိုင်လက ထွက်ရှိထားခဲ့တဲ့ လေးပုဒ်မြောက် ဆင်ဂယ်လ်သီချင်း HAPPY HAPPY နဲ့ ငါးပုဒ်မြောက်ဆင်ဂယ်လ် Breakthrough တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ အယ်လ်ဘမ်အမည် &TWICE ဆိုတာကတော့ “Always with TWICE” လို့ ဆိုလိုတာဖြစ်ပြီး ONCE တွေအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

Photo: koreaboo

How U Doin’ ဆိုတဲ့ သီချင်းကို ရေးစပ်ရခြင်းအကြောင်းရင်းနဲ့ ပတ်သက်ပြီး Chaeyoung ကတော့ သူမရဲ့အတွေးတွေကို ဝေမျှပေးထားပါသေးတယ်။ TWICE မှာ အချစ်သီချင်းမြူးမြူးလေးတွေ အများကြီးရှိတာကြောင့် ချစ်သူနှစ်ယောက် လမ်းခွဲမယ့်အကြောင်း ဝမ်းနည်းစရာလေးကို ရေးစပ်ချင်လာလို့ ရေးစပ်လိုက်တာလို့ ဆိုထားပါတယ်။

“မယ်လိုဒီကတော့ စိတ်ဓာတ်ကျစရာ၊ ဝမ်းနည်းစရာမျိုး မဟုတ်ပါဘူး။ ဒီတိုင်း အဆင်ပြေပါတယ်လို့ ပြောချင်တာမျိုးပါ” လို့ Chaeyoung က ပြောပါတယ်။ ဆက်လက်ပြီး “ဒါက လမ်းခွဲတဲ့အကြောင်းကို သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပါ။ ချစ်သူနဲ့ လမ်းခွဲပြီးရင် လူတွေက အဆင်ပြေနေရဲ့လား။ နင် ဘာတွေလုပ်နေလဲဆိုတာမျိုး မေးကြရင် ဒီအတိုင်း ငါလား … အဆင်ပြေပါတယ်။ အေးဆေးပဲလို့ ပြန်ဖြေလိုက်တာမျိုးက အကောင်းဆုံးပါပဲ” လို့ ဆိုပါတယ်။

Photo: koreaboo

အယ်လ်ဘမ်အသစ် &TWICE မှာ ပါဝင်မယ့် Track list ကိုလည်း ကြေငြာထားပြီး ဖြစ်ပါတယ်။ 1. Fake & True ၊  2. Stronger ၊  3. Breakthrough ၊ 4. Changing! ၊ 5. HAPPY HAPPY ၊ 6. What You Waiting For ၊ 7. Be OK ၊  8. POLISH ၊ 9. How u doin’ ၊ 10. The Reason Why တို့ ဖြစ်ပါတယ်။

Photo: koreaboo

အခွေကတော့ edition သုံးမျိုးနဲ့ ထွက်ရှိမှာ ဖြစ်ပါတယ်။ limited edition ၊ normal edition နဲ့ ONCE JAPAN Limited Edition ဆိုပြီး ထွက်ရှိသွားမယ်လို့ သိရပါတယ်။ Limited Edition ကတော့ ခန့်မှန်းချေ (၇၁)ဒေါ်လာဝန်းကျင် ရှိနိုင်ပြီး အခွန်နဲ့ဆိုရင်တော့ (၇၈)ဒေါ်လာကျော် ကျသင့်နိုင်ပါတယ်။ Normal Edition အနေနဲ့ကတော့ (၂၇)ဒေါ်လာဝန်းကျင်ရှိနိုင်ပြီး အခွန်ပါအပြီးဆိုရင်တော့ ဒေါ်လာ(၃၀)ကျော်လောက် ကျသင့်နိုင်ပါတယ်။ ONCE JAPAN Limited Edition ဆိုရင်တော့ (၂၉)ဒေါ်လာကျော်ဝန်းကျင် ရှိနိုင်ပြီး အခွန်ပါပေါင်းလိုက်ရင် (၃၂)ဒေါ်လာကျော်လောက် ကျသင့်မှာ ဖြစ်ပါတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

TWICE အဖြဲ႔ဟာ သူတို႔ရဲ႕ ဒုတိယေျမာက္ ဂ်ပန္ဘာသာစကားနဲ႔ အယ္လ္ဘမ္အသစ္တစ္ခ်ပ္ကို လာမယ့္ႏို၀င္ဘာလ(၂၀)ရက္ေန႔မွာ ထုတ္ေ၀သြားေတာ့မွာ ျဖစ္ပါတယ္။ အယ္လ္ဘမ္နာမည္ကိုေတာ့ &TWICE လို႔ အမည္ေပးထားၿပီး အဖြဲ႔၀င္ Chaeyoung ကလည္း How U Doin’ ဆိုတဲ့ သီခ်င္းတစ္ပုဒ္ကို ပါ၀င္ေရးစပ္ထားေသးတယ္လို႔ သိရပါတယ္။

အဆိုပါအယ္လ္ဘမ္ထဲမွာ စုစုေပါင္း သီခ်င္းဆယ္ပုဒ္ ပါ၀င္မွာျဖစ္ၿပီး ဇူလိုင္လက ထြက္ရိွထားခဲ့တဲ့ ေလးပုဒ္ေျမာက္ ဆင္ဂယ္လ္သီခ်င္း HAPPY HAPPY နဲ႔ ငါးပုဒ္ေျမာက္ဆင္ဂယ္လ္ Breakthrough တို႔လည္း ပါ၀င္မွာ ျဖစ္ပါတယ္။ အယ္လ္ဘမ္အမည္ &TWICE ဆိုတာကေတာ့ “Always with TWICE” လို႔ ဆိုလိုတာျဖစ္ၿပီး ONCE ေတြအတြက္ ရည္ရြယ္ထားတာျဖစ္ပါတယ္။

Photo: koreaboo

How U Doin’ ဆိုတဲ့ သီခ်င္းကို ေရးစပ္ရျခင္းအေၾကာင္းရင္းနဲ႔ ပတ္သက္ၿပီး Chaeyoung ကေတာ့ သူမရဲ႕အေတြးေတြကို ေ၀မွ်ေပးထားပါေသးတယ္။ TWICE မွာ အခ်စ္သီခ်င္းျမဴးျမဴးေလးေတြ အမ်ားႀကီးရိွတာေၾကာင့္ ခ်စ္သူႏွစ္ေယာက္ လမ္းခြဲမယ့္အေၾကာင္း ၀မ္းနည္းစရာေလးကို ေရးစပ္ခ်င္လာလို႔ ေရးစပ္လိုက္တာလို႔ ဆိုထားပါတယ္။

“မယ္လိုဒီကေတာ့ စိတ္ဓာတ္က်စရာ၊ ၀မ္းနည္းစရာမ်ိဳး မဟုတ္ပါဘူး။ ဒီတိုင္း အဆင္ေျပပါတယ္လို႔ ေျပာခ်င္တာမ်ိဳးပါ” လို႔ Chaeyoung က ေျပာပါတယ္။ ဆက္လက္ၿပီး “ဒါက လမ္းခြဲတဲ့အေၾကာင္းကို သီဆိုထားတဲ့ သီခ်င္းတစ္ပုဒ္ပါ။ ခ်စ္သူနဲ႔ လမ္းခြဲၿပီးရင္ လူေတြက အဆင္ေျပေနရဲ႕လား။ နင္ ဘာေတြလုပ္ေနလဲဆိုတာမ်ိဳး ေမးၾကရင္ ဒီအတိုင္း ငါလား … အဆင္ေျပပါတယ္။ ေအးေဆးပဲလို႔ ျပန္ေျဖလိုက္တာမ်ိဳးက အေကာင္းဆုံးပါပဲ” လို႔ ဆိုပါတယ္။

Photo: koreaboo

အယ္လ္ဘမ္အသစ္ &TWICE မွာ ပါ၀င္မယ့္ Track list ကိုလည္း ေၾကျငာထားၿပီး ျဖစ္ပါတယ္။ 1. Fake & True ၊  2. Stronger ၊  3. Breakthrough ၊ 4. Changing! ၊ 5. HAPPY HAPPY ၊ 6. What You Waiting For ၊ 7. Be OK ၊  8. POLISH ၊ 9. How u doin’ ၊ 10. The Reason Why တို႔ ျဖစ္ပါတယ္။

Photo: koreaboo

အေခြကေတာ့ edition သုံးမ်ိဳးနဲ႔ ထြက္ရိွမွာ ျဖစ္ပါတယ္။ limited edition ၊ normal edition နဲ႔ ONCE JAPAN Limited Edition ဆိုၿပီး ထြက္ရိွသြားမယ္လို႔ သိရပါတယ္။ Limited Edition ကေတာ့ ခန္႔မွန္းေခ် (၇၁)ေဒၚလာ၀န္းက်င္ ရိွႏိုင္ၿပီး အခြန္နဲ႔ဆိုရင္ေတာ့ (၇၈)ေဒၚလာေက်ာ္ က်သင့္ႏိုင္ပါတယ္။ Normal Edition အေနနဲ႔ကေတာ့ (၂၇)ေဒၚလာ၀န္းက်င္ရိွႏိုင္ၿပီး အခြန္ပါအၿပီးဆိုရင္ေတာ့ ေဒၚလာ(၃၀)ေက်ာ္ေလာက္ က်သင့္ႏိုင္ပါတယ္။ ONCE JAPAN Limited Edition ဆိုရင္ေတာ့ (၂၉)ေဒၚလာေက်ာ္၀န္းက်င္ ရိွႏိုင္ၿပီး အခြန္ပါေပါင္းလိုက္ရင္ (၃၂)ေဒၚလာေက်ာ္ေလာက္ က်သင့္မွာ ျဖစ္ပါတယ္။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

 

RELATED ARTICLES

Most Popular