HomeCelebs Update NewsKoreaအိမ္ထဲကိုေဖာက္၀င္ဖို႔ ႀကိဳးစားခဲ့တဲ့ အစြန္းေရာက္ပရိသတ္ႏွစ္ေယာက္အေၾကာင္း Chanyeol ဖြင့္ဟ

အိမ္ထဲကိုေဖာက္၀င္ဖို႔ ႀကိဳးစားခဲ့တဲ့ အစြန္းေရာက္ပရိသတ္ႏွစ္ေယာက္အေၾကာင္း Chanyeol ဖြင့္ဟ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

EXO အဖြဲ႕၀င္ Chanyeol ရဲ႕ စတူဒီယိုလည္းျဖစ္၊ နားေနရာအိမ္လည္းျဖစ္တဲ့ တိုက္ခန္းကို ၿပီးခဲ့တဲ့ ဧၿပီလတုန္းက အစြန္းေရာက္ တရုတ္ပရိသတ္ႏွစ္ဦးက ေဖာက္၀င္ဖို႔ ႀကိဳးစားခဲ့တဲ့အေၾကာင္း Chanyeol ကိုယ္တိုင္က ဖြင့္ဟေျပာျပလိုက္ပါတယ္။ အဲ့သလို ေဖာက္၀င္ဖို႔ ႀကိဳးစားေနခ်ိန္မွာ အခန္းထဲမွာလည္း အမ်ိဳးသမီးတစ္ဦး ရိွေနခဲ့ေသးတယ္လို႔ ဆိုပါတယ္။

အဆိုပါ အစြန္းေရာက္ တရုတ္ပရိသတ္ႏွစ္ဦးဟာ အိမ္ရာ၀န္းရဲ႕ လုံၿခံဳေရးကို ခိုး၀ွက္ျဖတ္ေက်ာ္ခဲ့ၾကၿပီး Chanyeol ရဲ႕တိုက္ခန္းရိွရာအထပ္ကို တက္လာခဲ့ၾကတာပါ။ အခန္းေသာ့ကို ဖြင့္ဖို႔ အႀကိမ္ေပါင္းမ်ားစြာ ႀကိဳးစားခဲ့ၿပီး လူေခၚဘဲလ္ကိုလည္း တစ္ခ်ိန္လုံး တီးေနခဲ့ၾကတယ္လို႔ ဆိုပါတယ္။

Photo: flickr

ကံေကာင္းစြာနဲ႔ အဲ့ဒီ့အခ်ိန္မွာ Chanyeol က အခန္းထဲမွာ ရိွမေနခဲ့ပါဘူး။ ဒါေပမယ့္ မစၥကင္မ္လို႔ပဲ သိရတဲ့ အမ်ိဳးသမီးတစ္ဦးကေတာ့ အဆိုပါအခန္းထဲမွာ တစ္ဦးတည္း ရိွေနခဲ့တယ္လို႔ သိရပါတယ္။ တံခါးကိုဖြင့္ဖို႔ ၀ုန္းဒိုင္းႀကဲ ႀကိဳးစားေနတဲ့ လူႏွစ္ေယာက္ေၾကာင့္ အင္မတန္ ေၾကာက္ရြံ႕ထိတ္လန္႔ခဲ့ရၿပီး အခန္းထဲက အင္တာကြန္းစခရင္မ္ကေန ျမင္ေနရတဲ့ပုံရိပ္ေတြကို မစၥကင္မ္က ဗီြဒီယိုရိုက္ယူၿပီး Chanyeol ဆီကို ပို႔ေပးလိုက္ပါတယ္။ ဒီအေထာက္အထားနဲ႔ပဲ Chanyeol က ရဲစခန္းကို အေၾကာင္းၾကားတိုင္ခ်က္ဖြင့္ခဲ့ပါတယ္။

Photo via koreaboo

Chanyeol ရဲ႕ ေျပာျပခ်က္အရ အဆိုပါအစြန္းေရာက္ တရုတ္ပရိသတ္ႏွစ္ေယာက္ဟာ သူ႔ရဲ႕အခန္းကို အႀကိမ္ေပါင္းမ်ားစြာ လာဖူးၿပီး ေလဆိပ္မွာလည္း အေႏွာင့္အယွက္ ေပးခဲ့ဖူးေသးတယ္လို႔ သိရပါတယ္။ ရဲအရာရိွေတြကေတာ့ အဆိုပါပရိသတ္ႏွစ္ေယာက္ကို တရားမ၀င္ အိမ္ခန္းထဲ ခိုး၀င္ဖို႔ ႀကိဳးစားမႈနဲ႔ လူ၀င္မႈႀကီးၾကပ္ေရးဥပေဒကို ခ်ိဳးေဖာက္မႈေတြနဲ႔ စစ္ေဆးေမးျမန္းခဲ့ပါတယ္။

ဒီျဖစ္ရပ္ဟာ အဆိုပါ ပရိသတ္ႏွစ္ေယာက္ေၾကာင့္တင္ မဟုတ္ဘဲ ညႀကီးအခ်ိန္မေတာ္ Chanyeol ရဲ႕ အခန္းထဲမွာ တစ္ေယာက္တည္း ရိွေနခဲ့တဲ့ အမ်ိဳးသမီးေၾကာင့္လည္း အာရုံစိုက္ခံေနရပါတယ္။ အဆိုပါ မစၥကင္မ္ဆိုတဲ့ အမ်ိဳးသမီးဟာ ဆယ္လီလည္းမဟုတ္သလို နာမည္ႀကီးလည္း မဟုတ္ဘူးလို႔ သိရပါတယ္။

Xei

Source: koreaboo

(Unicode Version)

EXO အဖွဲ့ဝင် Chanyeol ရဲ့ စတူဒီယိုလည်းဖြစ်၊ နားနေရာအိမ်လည်းဖြစ်တဲ့ တိုက်ခန်းကို ပြီးခဲ့တဲ့ ဧပြီလတုန်းက အစွန်းရောက် တရုတ်ပရိသတ်နှစ်ဦးက ဖောက်ဝင်ဖို့ ကြိုးစားခဲ့တဲ့အကြောင်း Chanyeol ကိုယ်တိုင်က ဖွင့်ဟပြောပြလိုက်ပါတယ်။ အဲ့သလို ဖောက်ဝင်ဖို့ ကြိုးစားနေချိန်မှာ အခန်းထဲမှာလည်း အမျိုးသမီးတစ်ဦး ရှိနေခဲ့သေးတယ်လို့ ဆိုပါတယ်။

အဆိုပါ အစွန်းရောက် တရုတ်ပရိသတ်နှစ်ဦးဟာ အိမ်ရာဝန်းရဲ့ လုံခြုံရေးကို ခိုးဝှက်ဖြတ်ကျော်ခဲ့ကြပြီး Chanyeol ရဲ့တိုက်ခန်းရှိရာအထပ်ကို တက်လာခဲ့ကြတာပါ။ အခန်းသော့ကို ဖွင့်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီး လူခေါ်ဘဲလ်ကိုလည်း တစ်ချိန်လုံး တီးနေခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo: flickr

ကံကောင်းစွာနဲ့ အဲ့ဒီ့အချိန်မှာ Chanyeol က အခန်းထဲမှာ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် မစ္စကင်မ်လို့ပဲ သိရတဲ့ အမျိုးသမီးတစ်ဦးကတော့ အဆိုပါအခန်းထဲမှာ တစ်ဦးတည်း ရှိနေခဲ့တယ်လို့ သိရပါတယ်။ တံခါးကိုဖွင့်ဖို့ ဝုန်းဒိုင်းကြဲ ကြိုးစားနေတဲ့ လူနှစ်ယောက်ကြောင့် အင်မတန် ကြောက်ရွံ့ထိတ်လန့်ခဲ့ရပြီး အခန်းထဲက အင်တာကွန်းစခရင်မ်ကနေ မြင်နေရတဲ့ပုံရိပ်တွေကို မစ္စကင်မ်က ဗွီဒီယိုရိုက်ယူပြီး Chanyeol ဆီကို ပို့ပေးလိုက်ပါတယ်။ ဒီအထောက်အထားနဲ့ပဲ Chanyeol က ရဲစခန်းကို အကြောင်းကြားတိုင်ချက်ဖွင့်ခဲ့ပါတယ်။

Photo via koreaboo

Chanyeol ရဲ့ ပြောပြချက်အရ အဆိုပါအစွန်းရောက် တရုတ်ပရိသတ်နှစ်ယောက်ဟာ သူ့ရဲ့အခန်းကို အကြိမ်ပေါင်းများစွာ လာဖူးပြီး လေဆိပ်မှာလည်း အနှောင့်အယှက် ပေးခဲ့ဖူးသေးတယ်လို့ သိရပါတယ်။ ရဲအရာရှိတွေကတော့ အဆိုပါပရိသတ်နှစ်ယောက်ကို တရားမဝင် အိမ်ခန်းထဲ ခိုးဝင်ဖို့ ကြိုးစားမှုနဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်မှုတွေနဲ့ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ အဆိုပါ ပရိသတ်နှစ်ယောက်ကြောင့်တင် မဟုတ်ဘဲ ညကြီးအချိန်မတော် Chanyeol ရဲ့ အခန်းထဲမှာ တစ်ယောက်တည်း ရှိနေခဲ့တဲ့ အမျိုးသမီးကြောင့်လည်း အာရုံစိုက်ခံနေရပါတယ်။ အဆိုပါ မစ္စကင်မ်ဆိုတဲ့ အမျိုးသမီးဟာ ဆယ်လီလည်းမဟုတ်သလို နာမည်ကြီးလည်း မဟုတ်ဘူးလို့ သိရပါတယ်။

Xei

Source: koreaboo

 

RELATED ARTICLES

Most Popular