HomeCelebs Update NewsKoreaIdol အဖြဲ႕ေတြေနထိုင္တဲ့ တန္ဖိုးႀကီး ဇိမ္ခံတိုက္ခန္းမ်ား

Idol အဖြဲ႕ေတြေနထိုင္တဲ့ တန္ဖိုးႀကီး ဇိမ္ခံတိုက္ခန္းမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

k-pop ကို အားေပးႏွစ္ၿခိဳက္တဲ့ ပရိသတ္ေတြအတြက္ေတာ့ Idol အဖြဲ႕ေတြဟာ အင္မတန္မွ အားက်ေလးစားစရာေကာင္းတဲ့သူေတြ ျဖစ္ပါတယ္။ Idol ေတြရဲ႕ ေတးသီခ်င္းေတြအျပင္ သူတို႔ရဲ႕ေနထိုင္မႈ၊ ဘ၀ဇာတ္ေၾကာင္းေတြကလည္း ပရိသတ္ေတြအတြက္ေတာ့ စိတ္၀င္စားစရာေတြပါ။ ဒါေၾကာင့္ပဲ နာမည္ႀကီး Idol အဖြဲ႕ေတြ ေနထိုင္ေနတဲ့ တိုက္ခန္းေတြအေၾကာင္းကို သိရသေလာက္ ျပန္လည္ေ၀မွ်ေပးပါရေစ။

BTS
Photo: soompi.com

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ BTS အဖြဲ႕ကေတာ့ ၂၀၁၈ခုႏွစ္ကစလို႔ ဟာနန္ရပ္ကြက္အနားမွာရိွတဲ့ ဇိမ္ခံတိုက္ခန္းဆီကို ေျပာင္းေရႊ႕ေနထိုင္ခဲ့ၾကပါတယ္။ အဆိုပါ တိုက္ခန္းရဲ႕ တန္ဖိုးကို ေဖာ္ျပလိုက္တဲ့အခါ အားလုံးက အ့ံအားသင့္ခဲ့ၾကရပါတယ္။ အေၾကာင္းကေတာ့ ၀မ္ (၆)ဘီလ်ံ (ေဒၚလာ ၅.၂ သန္းခန္႔) တန္ဖိုးရိွေနတာေၾကာင့္ပါပဲ။ အိမ္ယာ၀န္းထဲက ထြက္စရာမလိုဘဲ လိုခ်င္သမွ် ဇိမ္ခံပစၥည္းအားလုံးကို အသင့္ရရိွႏိုင္တာကလည္း အားက်ေလာက္စရာပါပဲ။

BLACKPINK
Photo: soompi.com

YG Entertainment ရဲ႕ သမီးပ်ိဳေလးေတြျဖစ္တဲ့ BLACKPINK အဖြဲ႕ဟာ လက္ရိွမွာေတာ့ မာပိုခရိုင္က တိုက္ခန္းတစ္ခုမွာ ေနထိုင္ေနပါတယ္။ အဲ့ဒီ့တိုက္ခန္းဟာ ခန္႔မွန္းေခ် (၆၀)ေျဖာင္း (၂၁၃၅ စတုရန္းေပ) က်ယ္၀န္းၿပီး တန္ဖိုးအေနနဲ႔ ၀မ္ (၂)ဘီလ်ံ (ေဒၚလာ ၁.၇ သန္းခန္႔) တန္ေၾကးရိွပါတယ္။ “BLACKPINK HOUSE” ဆိုၿပီး ရသစုံရိႈးအေနနဲ႔ ထုတ္လႊင့္ခဲ့ရာမွာေတာ့ ပရိသတ္အမ်ားအျပားက အ့ံၾသတႀကီးနဲ႔ အားက်ခဲ့ၾကရပါတယ္။

WINNER
Photo: soompi.com

BLACKPINK နဲ႔ label တူတဲ့ WINNER အဖြဲ႕ဟာလည္း BLACKPINK တို႔ ေနထိုင္ရာ မာပိုခရိုင္ရဲ႕ အေဆာက္အအုံတစ္ခုတည္းမွာပဲ ေနထိုင္ၾကတာပါ။ WINNER အဖြဲ႕ရဲ႕ ေနအိမ္ကိုေတာ့ SBS က ထုတ္လႊင့္တဲ့ “We Will Channel You” ဆိုတဲ့ ရသစုံအစီအစဥ္နဲ႔ MBC က ထုတ္လႊင့္တဲ့ “The Manager” အစီအစဥ္တို႔မွာ ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ က်ယ္၀န္းတဲ့ တိုက္ခန္းႀကီးနဲ႔ ဧည့္ခန္းက ယွဥ္လ်က္ထားထားတဲ့ ကြန္ပ်ဴတာသုံးလုံးက ပရိသတ္ေတြရဲ႕ စိတ္၀င္စားမႈကို ရရိွခဲ့ပါတယ္။

BTOB
Photo: soompi.com

သူတို႔ရဲ႕ ေတးသီခ်င္းေတြနဲ႔ ျမဴးၾကြမႈေတြေၾကာင့္ လူသိမ်ားခဲ့တဲ့ BTOB အဖြဲ႕ရဲ႕ေနအိမ္ကေတာ့ မင္းသားႀကီး Sungsoo ေနထိုင္ရာ အေဆာက္အအုံမွာပဲ တည္ရိွပါတယ္။ သူတို႔အဖြဲ႕ရဲ႕ ေနအိမ္ကို SBS က ထုတ္လႊင့္ျပသခဲ့တဲ့ “Master in the House” အစီအစဥ္မွာ ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ ေနအိမ္အက်ယ္အ၀န္းအေနနဲ႔ (၅၆)ေျဖာင္းခန္႔ (၁၉၉၃ စတုရန္းေပခန္႔) က်ယ္၀န္းၿပီး တန္ဖိုးအေနနဲ႔ ၀မ္ (၁.၇)ဘီလ်ံ (ေဒၚလာ ၁.၅သန္းခန္႔) ရိွပါတယ္။

TWICE
Photo: soompi.com

ႏိုင္ငံတကာမွာပါ ေရပန္းစားေနၿပီျဖစ္တဲ့ TWICE အဖြဲ႕ရဲ႕ ေနထိုင္ရာ ေနရာကေတာ့ ေခ်ာင္ဒန္ရပ္ကြက္နားက ဗီလာတစ္ခုမွာ ျဖစ္ပါတယ္။ အဆိုပါ ဗီလာဟာ တန္ေၾကးေငြ ၀မ္ (၂)ဘီလ်ံ၀န္းက်င္ (ေဒၚလာ ၁.၇သန္းခန္႔) ရိွၿပီး အထပ္ေပါင္းသုံးထပ္ ပါ၀င္ၿပီး ေတာ္ေတာ္ေလးလည္း က်ယ္၀န္းပါတယ္။ ဒီမိန္းမေခ်ာေလးေတြရဲ႕ ေနအိမ္အေၾကာင္းကိုေတာ့ Mnet က ထုတ္လႊင့္တဲ့ “TWICE’s Private Life” ဆိုတဲ့ အစီအစဥ္မွာ ပိုၿပီးျပည့္ျပည့္စုံစုံ ၾကည့္ရႈႏိုင္ပါလိမ့္မယ္။

Xei

Source: soompi.com

(Unicode Version)

k-pop ကို အားပေးနှစ်ခြိုက်တဲ့ ပရိသတ်တွေအတွက်တော့ Idol အဖွဲ့တွေဟာ အင်မတန်မှ အားကျလေးစားစရာကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ Idol တွေရဲ့ တေးသီချင်းတွေအပြင် သူတို့ရဲ့နေထိုင်မှု၊ ဘဝဇာတ်ကြောင်းတွေကလည်း ပရိသတ်တွေအတွက်တော့ စိတ်ဝင်စားစရာတွေပါ။ ဒါကြောင့်ပဲ နာမည်ကြီး Idol အဖွဲ့တွေ နေထိုင်နေတဲ့ တိုက်ခန်းတွေအကြောင်းကို သိရသလောက် ပြန်လည်ဝေမျှပေးပါရစေ။

BTS
Photo: soompi.com

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ BTS အဖွဲ့ကတော့ ၂၀၁၈ခုနှစ်ကစလို့ ဟာနန်ရပ်ကွက်အနားမှာရှိတဲ့ ဇိမ်ခံတိုက်ခန်းဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အဆိုပါ တိုက်ခန်းရဲ့ တန်ဖိုးကို ဖော်ပြလိုက်တဲ့အခါ အားလုံးက အံ့အားသင့်ခဲ့ကြရပါတယ်။ အကြောင်းကတော့ ဝမ် (၆)ဘီလျံ (ဒေါ်လာ ၅.၂ သန်းခန့်) တန်ဖိုးရှိနေတာကြောင့်ပါပဲ။ အိမ်ယာဝန်းထဲက ထွက်စရာမလိုဘဲ လိုချင်သမျှ ဇိမ်ခံပစ္စည်းအားလုံးကို အသင့်ရရှိနိုင်တာကလည်း အားကျလောက်စရာပါပဲ။

BLACKPINK
Photo: soompi.com

YG Entertainment ရဲ့ သမီးပျိုလေးတွေဖြစ်တဲ့ BLACKPINK အဖွဲ့ဟာ လက်ရှိမှာတော့ မာပိုခရိုင်က တိုက်ခန်းတစ်ခုမှာ နေထိုင်နေပါတယ်။ အဲ့ဒီ့တိုက်ခန်းဟာ ခန့်မှန်းချေ (၆၀)ဖြောင်း (၂၁၃၅ စတုရန်းပေ) ကျယ်ဝန်းပြီး တန်ဖိုးအနေနဲ့ ဝမ် (၂)ဘီလျံ (ဒေါ်လာ ၁.၇ သန်းခန့်) တန်ကြေးရှိပါတယ်။ “BLACKPINK HOUSE” ဆိုပြီး ရသစုံရှိုးအနေနဲ့ ထုတ်လွှင့်ခဲ့ရာမှာတော့ ပရိသတ်အများအပြားက အံ့သြတကြီးနဲ့ အားကျခဲ့ကြရပါတယ်။

WINNER
Photo: soompi.com

BLACKPINK နဲ့ label တူတဲ့ WINNER အဖွဲ့ဟာလည်း BLACKPINK တို့ နေထိုင်ရာ မာပိုခရိုင်ရဲ့ အဆောက်အအုံတစ်ခုတည်းမှာပဲ နေထိုင်ကြတာပါ။ WINNER အဖွဲ့ရဲ့ နေအိမ်ကိုတော့ SBS က ထုတ်လွှင့်တဲ့ “We Will Channel You” ဆိုတဲ့ ရသစုံအစီအစဉ်နဲ့ MBC က ထုတ်လွှင့်တဲ့ “The Manager” အစီအစဉ်တို့မှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ကျယ်ဝန်းတဲ့ တိုက်ခန်းကြီးနဲ့ ဧည့်ခန်းက ယှဉ်လျက်ထားထားတဲ့ ကွန်ပျူတာသုံးလုံးက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

BTOB
Photo: soompi.com

သူတို့ရဲ့ တေးသီချင်းတွေနဲ့ မြူးကြွမှုတွေကြောင့် လူသိများခဲ့တဲ့ BTOB အဖွဲ့ရဲ့နေအိမ်ကတော့ မင်းသားကြီး Sungsoo နေထိုင်ရာ အဆောက်အအုံမှာပဲ တည်ရှိပါတယ်။ သူတို့အဖွဲ့ရဲ့ နေအိမ်ကို SBS က ထုတ်လွှင့်ပြသခဲ့တဲ့ “Master in the House” အစီအစဉ်မှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ နေအိမ်အကျယ်အဝန်းအနေနဲ့ (၅၆)ဖြောင်းခန့် (၁၉၉၃ စတုရန်းပေခန့်) ကျယ်ဝန်းပြီး တန်ဖိုးအနေနဲ့ ဝမ် (၁.၇)ဘီလျံ (ဒေါ်လာ ၁.၅သန်းခန့်) ရှိပါတယ်။

TWICE

နိုင်ငံတကာမှာပါ ရေပန်းစားနေပြီဖြစ်တဲ့ TWICE အဖွဲ့ရဲ့ နေထိုင်ရာ နေရာကတော့ ချောင်ဒန်ရပ်ကွက်နားက ဗီလာတစ်ခုမှာ ဖြစ်ပါတယ်။ အဆိုပါ ဗီလာဟာ တန်ကြေးငွေ ဝမ် (၂)ဘီလျံဝန်းကျင် (ဒေါ်လာ ၁.၇သန်းခန့်) ရှိပြီး အထပ်ပေါင်းသုံးထပ် ပါဝင်ပြီး တော်တော်လေးလည်း ကျယ်ဝန်းပါတယ်။ ဒီမိန်းမချောလေးတွေရဲ့ နေအိမ်အကြောင်းကိုတော့ Mnet က ထုတ်လွှင့်တဲ့ “TWICE’s Private Life” ဆိုတဲ့ အစီအစဉ်မှာ ပိုပြီးပြည့်ပြည့်စုံစုံ ကြည့်ရှုနိုင်ပါလိမ့်မယ်။

Xei

Source: soompi.com

 

RELATED ARTICLES

Most Popular