HomeCelebs Update NewsKoreaလာမယ့် The Voice Korea အဆိုပြိုင်ပွဲမှာ ဘယ်စတားတွေက ဒိုင်လုပ်ကြမှာလဲ?

လာမယ့် The Voice Korea အဆိုပြိုင်ပွဲမှာ ဘယ်စတားတွေက ဒိုင်လုပ်ကြမှာလဲ?

နာမည်ကျော် အဆိုပြိုင်ပွဲတစ်ခုဖြစ်တဲ့ The Voice ဟာ ကိုရီးယားဗားရှင်းနဲ့ The Voice of Korea ဆိုပြီး ၂၀၁၂ခုနှစ်နဲ့ ၂၀၁၃ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။ Season နှစ်ခုအပြီး ရပ်နားထားတဲ့ ကြာပြီဖြစ်ပေမယ့် ယခု ၂၀၂၀ခုနှစ်မှာ MNet ရုပ်သံလိုင်းကနေ ပြန်လည်ရိုက်ကူးထုတ်လွှင့် ပြသတော့မယ်လို့ ကြေငြာထားပါတယ်။ ဒီအတွက် ပြိုင်ပွဲမှာ ပါဝင်သွားမယ့် ဒိုင်လူကြီးတွေရဲ့ အမည်တွေဟာလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ The Voice of Korea မှာ ဒိုင်လူကြီးအဖြစ် ပါဝင်အကဲဖြတ်ပေးသွားမယ့် နာမည်ကြီးစတားတွေကတော့ …

(၁) Kim Jong Kook
Photo credit: koreaboo

ရသစုံရှိုးတွေမှာ ပြိုင်ဘက်မရှိတဲ့ စွမ်းရည်တွေနဲ့ ကျော်ကြားသလိုပဲ သူ့ရဲ့အဆိုပညာမှာလည်း အများက အသိအမှတ်ပြုထားရသူမို့ ကိုရီးယားဖျော်ဖြေရေးလောကမှာတော့ Kim Jong Kook ဟာ လူကြိုက်များတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒိုင်တစ်ဦးအဖြစ် ပါဝင်အကဲဖြတ်ရမယ့်အရေးကိုတော့ အရည်အချင်းရှိတဲ့ လူငယ်၊ လူသစ်လေးတွေကို တွေ့ဆုံရမယ့် အခွင့်အရေးမို့ နှစ်သက်ပါတယ်လို့ မှတ်ချက်ပေးထားပါတယ်။

(၂) BoA
Photo: boakwon/ Instagram

ကိုရီးယားဂီတလောကမှာ အစောဆုံး solo artist အဖြစ် ပွဲထွက်ခဲ့သူတစ်ဦးမို့ လူအများက BoA ကို ကေပေါ့ပ်ဘုရင်မလို့  ခေါ်ဝေါ်တင်စားကြပါတယ်။ The Voice Korea မှာ ဒိုင်အဖြစ် ပါဝင်ရမယ့်အကြောင်းကိုတော့ BoA က အခုလို ရင်ဖွင့်ထားပါတယ်။

” ကျွန်မ ပွဲထွက်ခဲ့ပြီး နှစ်(၂၀)ပြည့်တဲ့အချိန်မှာပဲ ဒီလိုကမ္ဘာ့ဂန္ထဝင် တေးဂီတအစီအစဉ်တစ်ခုမှာ ဒိုင်လုပ်ရမယ်ဆိုလို့ ပျော်ရွှင်ရပါတယ်။ အလားအလာအများကြီး ရှိတဲ့ ကျောက်ကောင်းလေးတွေကို ရွေးထုတ်ပြီး သူတို့ရဲ့ အရည်အချင်းတွေ ပိုပြီးပြည့်ပြည့်ဝဝ ဖြစ်လာဖို့ ကူညီပေးပါမယ်။ သူတို့ဒီဂီတလောကထဲမှာ ဦးဆောင်သွားနိုင်တဲ့ အဆိုတော်ကောင်းတွေ ဖြစ်လာဖို့အထိ ကူညီပေးသွားချင်ပါတယ်… ” လို့ ပြောထားပါတယ်။

(၃) Sung Sikyung
Photo credit: koreaboo

Sung Sikyung ကတော့ ပညာအပြည့် ထုတ်ပြလို့ရတဲ့ သီချင်းကြီး၊ သီချင်းအနှေးတွေနဲ့ ကိုရီးယားပရိသတ်တွေကြားမှာ ရေပန်းစားသူမို့ သူ့လိုပဲ ခံစားမှုပြင်းထန်တဲ့ အဆွေးသီချင်းတွေကို လှလှပပ သီဆိုနိုင်မယ့်သူတွေကို ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

(၄) Dynamic Duo
Photo credit: koreaboo

Dynamic Duo အဖွဲ့ကတော့ ကိုရီးယားရဲ့ ထိပ်တန်း hip hop အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ Voice Korea ရဲ့သမိုင်းမှာတော့ သူတို့ဟာ ပထမဦးဆုံး နှစ်ယောက်တွဲ ဒိုင် ဖြစ်လာမှာပါ။ သူတို့အဖွဲ့ကတော့ အသံကောင်းတာအပြင် personality ပိုင်းမှာပါ ကောင်းကောင်းလုပ်ပြနိုင်တဲ့ လူငယ်မျိုးတွေကို ရှာဖွေသွားဖို့ ဆန္ဒရှိတယ်လို့ ဆိုထားပါတယ်။

The Voice of Korea ဟာ အော်ရီဂျင်နယ် ဒတ်ချ်ရှိုးရဲ့ format အတိုင်း ကျင်းပပြုလုပ်သွားမှာဖြစ်လို့ ဒိုင်တွေဟာလည်း ရုပ်ရည်လှပမှုထက် စစ်မှန်တဲ့ ဂီတအရည်အသွေး ပိုင်ဆိုင်ထားသူတွေကို ဖော်ထုတ်သွားမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။ ဒီရှိုးကိုတော့ လာမယ့် မေလ(၂၉)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။

LaNina

 

RELATED ARTICLES

Most Popular