HomeDramaPark Seo Joon နဲ့ Han So Hee တို့ ဆွေးနွေးနေတဲ့ ဒရာမာထဲမှာ ပါဝင်မယ့် Wi...

Park Seo Joon နဲ့ Han So Hee တို့ ဆွေးနွေးနေတဲ့ ဒရာမာထဲမှာ ပါဝင်မယ့် Wi Ha Joon 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Squid Game သရုပ်ဆောင် Wi Ha Joon ကတော့ နောက်ထပ် ဒရာမာတစ်ခုမှာ သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

အဲဒါကတော့ နိုဝင်ဘာလ(၁၈)ရက်နေ့မှာ ထွက်ရှိလာတဲ့သတင်းအရ Wi Ha Joon ဟာ K Project လို့ အမည်ပေးထားတဲ့ ဒရာမာအသစ်တစ်ခုမှာ သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး မင်းသားရဲ့ အေဂျင်စီ MSTeam Entertainment ကလည်း အတည်ပြုပေးထားပါတယ်။

“Wi Ha Joon ဟာ K Project ဒရာမာထဲမှာ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အသေးစိတ်အချက်တွေကတော့ လက်ရှိမှာ စီစဉ်နေဆဲပဲ ဖြစ်ပါတယ် … ” လို့ အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

Photo: wi_wi_wi/ Instagram

K Project ကတော့ လူသားတွေအနေနဲ့ အသက်ရှင် ရပ်တည်နိုင်ဖို့ ကြိုးစားရတဲ့ သည်းထိတ်ရင်ဖို အမျိုးအစား ဒရာမာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အာဏာရှင်ခေတ်မှာ လူ့အခွင့်အရေးတွေအားလုံး ချုပ်ထိန်းခံထားရတဲ့ အခြေအနေမှာ သမားရိုးကျ ပျော်ရွှင်ဖို့အတွက်ကိုတောင် အသက်ကိုစတေးရတဲ့ အခြေအနေမျိုးနဲ့ နေထိုင်နေရတဲ့ လူငယ်တွေရဲ့အကြောင်း ဖြစ်ပါတယ်။

ဒီဒရာမာအတွက် ဇာတ်ညွှန်းကိုတော့ Dr. Romantic ကို ရေးသားပေးခဲ့တဲ့ Kang Eun Kyun က ရေးသားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ် အစောပိုင်းမှာ ထုတ်ပြန်ထားချက်အရ ဒီဒရာမာထဲမှာ ခေါင်းဆောင်ဇာတ်ရုပ် Jang Tae Sang အဖြစ် သရုပ်ဆောင်ဖို့ မင်းသား Park Seo Joon နဲ့ ဆွေးနွေးနေတယ်လို့ သိရပြီး မင်းသမီး Han So Hee ဟာလည်း အလားတူပဲ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Photo: wi_wi_wi/ Instagram

Wi Ha Joon ကတော့ ဇာတ်လိုက်ဖြစ်သူ Jang Tae Sang ရဲ့ အချစ်ဆုံးသူငယ်ချင်း Kwon Joon Taek နေရာက ပါဝင်ရမှာ ဖြစ်ပါတယ်။ Kwon Joon Taek ကတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစုမှာ မွေးဖွားလာသူ ဖြစ်ပေမယ့် သူ့ရဲ့ မိသားစုဟာ ဂျပန်ဘက်ကို ယိမ်းသူတွေဖြစ်တာကြောင့် အယူအဆကွဲလွဲပြီး သူ့လိုပဲ ခံယူချက်တူညီတဲ့ Jang Tae Sang နဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာပါတယ်။

Wi Ha Joon ဟာ Squid Game ရဲ့ နိုင်ငံတကာမှာ ထိုးဖောက်အောင်မြင်ခဲ့မှုကြောင့် အခုဆိုရင်တော့ ဒရာမာတွေ တန်းစီနေပါတယ်။ သူ့ရဲ့ ဒရာမာအသစ် Bad and Crazy ကလည်း လာမယ့် ဒီဇင်ဘာလထဲမှာ စတင်ထုတ်လွှင့် ပြသတော့မှာ ဖြစ်ပါတယ်။

K Project ဒရာမာကိုတော့ လာမယ့် ဇန်နဝါရီလထဲမှာ ရိုက်ကူးရေး စတင်မယ်လို့ သိရပြီး ဒီဒရာမာရဲ့ ရိုက်ကူးရေး ပြီးသွားရင် Little Women လို့ အမည်ပေးထားတဲ့ ဒရာမာထဲမှာ ပါဝင်ဖို့လည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

Squid Game သ႐ုပ္ေဆာင္ Wi Ha Joon ကေတာ့ ေနာက္ထပ္ ဒရာမာတစ္ခုမွာ သ႐ုပ္ေဆာင္ေတာ့မွာ ျဖစ္ပါတယ္။

အဲဒါကေတာ့ နိုဝင္ဘာလ(၁၈)ရက္ေန႔မွာ ထြက္ရွိလာတဲ့သတင္းအရ Wi Ha Joon ဟာ K Project လို႔ အမည္ေပးထားတဲ့ ဒရာမာအသစ္တစ္ခုမွာ သ႐ုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္ၿပီး မင္းသားရဲ့ ေအဂ်င္စီ MSTeam Entertainment ကလည္း အတည္ျပဳေပးထားပါတယ္။

“Wi Ha Joon ဟာ K Project ဒရာမာထဲမွာ သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ အေသးစိတ္အခ်က္ေတြကေတာ့ လက္ရွိမွာ စီစဥ္ေနဆဲပဲ ျဖစ္ပါတယ္ … ” လို႔ ေအဂ်င္စီက ထုတ္ျပန္ထားပါတယ္။

Photo: wi_wi_wi/ Instagram

K Project ကေတာ့ လူသားေတြအေနနဲ႔ အသက္ရွင္ ရပ္တည္နိုင္ဖို႔ ႀကိဳးစားရတဲ့ သည္းထိတ္ရင္ဖို အမ်ိဳးအစား ဒရာမာျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အာဏာရွင္ေခတ္မွာ လူ႔အခြင့္အေရးေတြအားလုံး ခ်ဳပ္ထိန္းခံထားရတဲ့ အေျခအေနမွာ သမားရိုးက် ေပ်ာ္ရႊင္ဖို႔အတြက္ကိုေတာင္ အသက္ကိုစေတးရတဲ့ အေျခအေနမ်ိဳးနဲ႔ ေနထိုင္ေနရတဲ့ လူငယ္ေတြရဲ့အေၾကာင္း ျဖစ္ပါတယ္။

ဒီဒရာမာအတြက္ ဇာတ္ညႊန္းကိုေတာ့ Dr. Romantic ကို ေရးသားေပးခဲ့တဲ့ Kang Eun Kyun က ေရးသားေပးသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ယခုႏွစ္ အေစာပိုင္းမွာ ထုတ္ျပန္ထားခ်က္အရ ဒီဒရာမာထဲမွာ ေခါင္းေဆာင္ဇာတ္႐ုပ္ Jang Tae Sang အျဖစ္ သ႐ုပ္ေဆာင္ဖို႔ မင္းသား Park Seo Joon နဲ႔ ေဆြးေႏြးေနတယ္လို႔ သိရၿပီး မင္းသမီး Han So Hee ဟာလည္း အလားတူပဲ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

Photo: wi_wi_wi/ Instagram

Wi Ha Joon ကေတာ့ ဇာတ္လိုက္ျဖစ္သူ Jang Tae Sang ရဲ့ အခ်စ္ဆုံးသူငယ္ခ်င္း Kwon Joon Taek ေနရာက ပါဝင္ရမွာ ျဖစ္ပါတယ္။ Kwon Joon Taek ကေတာ့ ခ်မ္းသာႂကြယ္ဝတဲ့ မိသားစုမွာ ေမြးဖြားလာသူ ျဖစ္ေပမယ့္ သူ႔ရဲ့ မိသားစုဟာ ဂ်ပန္ဘက္ကို ယိမ္းသူေတြျဖစ္တာေၾကာင့္ အယူအဆကြဲလြဲၿပီး သူ႔လိုပဲ ခံယူခ်က္တူညီတဲ့ Jang Tae Sang နဲ႔ အခ်စ္ဆုံးသူငယ္ခ်င္းေတြ ျဖစ္လာပါတယ္။

Wi Ha Joon ဟာ Squid Game ရဲ့ နိုင္ငံတကာမွာ ထိုးေဖာက္ေအာင္ျမင္ခဲ့မွုေၾကာင့္ အခုဆိုရင္ေတာ့ ဒရာမာေတြ တန္းစီေနပါတယ္။ သူ႔ရဲ့ ဒရာမာအသစ္ Bad and Crazy ကလည္း လာမယ့္ ဒီဇင္ဘာလထဲမွာ စတင္ထုတ္လႊင့္ ျပသေတာ့မွာ ျဖစ္ပါတယ္။

K Project ဒရာမာကိုေတာ့ လာမယ့္ ဇန္နဝါရီလထဲမွာ ရိုက္ကူးေရး စတင္မယ္လို႔ သိရၿပီး ဒီဒရာမာရဲ့ ရိုက္ကူးေရး ၿပီးသြားရင္ Little Women လို႔ အမည္ေပးထားတဲ့ ဒရာမာထဲမွာ ပါဝင္ဖို႔လည္း ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular