HomeCelebs Update NewsKoreaပွဲဦးထွက် ဆိုလိုအယ်လ်ဘမ် ထွက်လာဖို့ ပြင်ဆင်နေတဲ့ Wonho 

ပွဲဦးထွက် ဆိုလိုအယ်လ်ဘမ် ထွက်လာဖို့ ပြင်ဆင်နေတဲ့ Wonho 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Wonho ဟာ ဆိုလိုအနေနဲ့ ပွဲထွက်ဖို့ ပြင်ဆင်နေပြီဖြစ်တဲ့အကြောင်း သူ့ရဲ့အေဂျင်စီက အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီအကြောင်းကိုတော့ Star News သတင်းဌာနက ဇူလိုင်လ(၂၂)ရက်နေ့မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဖော်ပြချက်အရ Wonho ဟာ သူ့ရဲ့ဆိုလိုအယ်လ်ဘမ်အတွက် ပြင်ဆင်မှုတွေ တော်တော်များများ ပြုလုပ်ပြီးနေပြီဖြစ်ကာ ဩဂုတ်လနှောင်းပိုင်းလောက်မှာ ထွက်ရှိလာဖို့ ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

Photo: iwonhoyou/ Instagram

ဒါ့အပြင် Wonho ရဲ့ အေဂျင်စီဖြစ်တဲ့ Highline Entertainment ကလည်း ဒီသတင်းကို အတည်ပြုပေးထားပါတယ်။ “Wonho ဟာ အခုလောလောဆယ်မှာ သူ့ရဲ့ပွဲဦးထွက် ဆိုလိုအယ်လ်ဘမ်အတွက် ပြင်ဆင်နေပါတယ်။ ကျေးဇူးပြုပြီး စောင့်မျှော်အားပေးကြပါဦး… ” လို့ Highline Entertainment က ပြောထားတာ ဖြစ်ပါတယ်။

အေဂျင်စီဘက်က ဆိုလိုအယ်လ်ဘမ် ထွက်မယ့်အကြောင်းကို အတည်ပြုထားပေမယ့် ဘယ်အချိန်မှာ ထွက်မယ်ဆိုတာကိုတော့ အတည်ပြု ပြောသွားတာမျိုး မရှိပါဘူး။

Photo: iwonhoyou/ Instagram

Wonho ဟာ Starship Entertainment ရဲ့လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ Highline Entertainment နဲ့ တွဲဖက်အလုပ်လုပ်နေသလို အမေရိကန်က ဓာတ်ပြားကုမ္ပဏီတစ်ခုဖြစ်တဲ့ Maverick နဲ့လည်း ပြီးခဲ့တဲ့ မေလတုန်းက စာချုပ်ချုပ်ဆိုခဲ့ပါသေးတယ်။

LaNina
(Zawgyi Version)

Wonho ဟာ ဆိုလိုအေနနဲ႔ ပြဲထြက္ဖို႔ ျပင္ဆင္ေနၿပီျဖစ္တဲ့အေၾကာင္း သူ႔ရဲ႕ေအဂ်င္စီက အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

ဒီအေၾကာင္းကိုေတာ့ Star News သတင္းဌာနက ဇူလိုင္လ(၂၂)ရက္ေန႔မွာ ေဖာ္ျပခဲ့တာျဖစ္ၿပီး ေဖာ္ျပခ်က္အရ Wonho ဟာ သူ႔ရဲ႕ဆိုလိုအယ္လ္ဘမ္အတြက္ ျပင္ဆင္မႈေတြ ေတာ္ေတာ္မ်ားမ်ား ျပဳလုပ္ၿပီးေနၿပီျဖစ္ကာ ဩဂုတ္လေႏွာင္းပိုင္းေလာက္မွာ ထြက္ရွိလာဖို႔ ျဖစ္ႏိုင္တယ္လို႔ ဆိုထားပါတယ္။

Photo: iwonhoyou/ Instagram

ဒါ့အျပင္ Wonho ရဲ႕ ေအဂ်င္စီျဖစ္တဲ့ Highline Entertainment ကလည္း ဒီသတင္းကို အတည္ျပဳေပးထားပါတယ္။ “Wonho ဟာ အခုေလာေလာဆယ္မွာ သူ႔ရဲ႕ပြဲဦးထြက္ ဆိုလိုအယ္လ္ဘမ္အတြက္ ျပင္ဆင္ေနပါတယ္။ ေက်းဇူးျပဳၿပီး ေစာင့္ေမွ်ာ္အားေပးၾကပါဦး… ” လို႔ Highline Entertainment က ေျပာထားတာ ျဖစ္ပါတယ္။

ေအဂ်င္စီဘက္က ဆိုလိုအယ္လ္ဘမ္ ထြက္မယ့္အေၾကာင္းကို အတည္ျပဳထားေပမယ့္ ဘယ္အခ်ိန္မွာ ထြက္မယ္ဆိုတာကိုေတာ့ အတည္ျပဳ ေျပာသြားတာမ်ိဳး မရွိပါဘူး။

Photo: iwonhoyou/ Instagram

Wonho ဟာ Starship Entertainment ရဲ႕လက္ေအာက္ခံ ကုမၸဏီျဖစ္တဲ့ Highline Entertainment နဲ႔ တြဲဖက္အလုပ္လုပ္ေနသလို အေမရိကန္က ဓာတ္ျပားကုမၸဏီတစ္ခုျဖစ္တဲ့ Maverick နဲ႔လည္း ၿပီးခဲ့တဲ့ ေမလတုန္းက စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါေသးတယ္။

LaNina

 

RELATED ARTICLES

Most Popular