HomeCelebs Update NewsKoreaဘယ်ကောင်မလေးကမှ မကြိုက်လို့ ဒိတ်မလုပ်ရတာပါလို့ ပြောလာတဲ့ မင်းသား Yoo Seung Ho
ဘယ်ကောင်မလေးကမှ မကြိုက်လို့ ဒိတ်မလုပ်ရတာပါလို့ ပြောလာတဲ့ မင်းသား Yoo Seung Ho
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
မင်းသားချော Yoo Seung Ho ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဘာကြောင့် RS မရနိုင်တာလည်းဆိုတာနဲ့ ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်။
Yoo Seung Ho ပြောသွားတာကတော့ သူ RS မရတာဟာ ဘယ်ကောင်မလေးကမှ သူ့ကို မကြိုက်လို့ပါလို့ ဆိုပါတယ်။ “ကျွန်တော် တကယ်ဒိတ်လုပ်ချင်ပါတယ်။ ဒါပေမယ့် ကောင်မလေးတစ်ယောက်မှ မရှိလို့ ဒိတ်လို့မရပါဘူး။ ကျွန်တော် လိမ်တာမဟုတ်ပါဘူး။ တကယ် အတည်ပြောတာပါ။ ကျွန်တော့်ကို ကြိုက်မယ့်ကောင်မလေး အပြင်မှာ မရှိလို့ပါ။ တကယ်ပါ” လို့ ပြောသွားပါတယ်။
Photo: dandyoo93/ Instagram
တကယ်လို့ ကောင်မလေးရှိလာခဲ့ရင် ဘာတွေလုပ်မလည်းဆိုတဲ့ မေးခွန်းကိုလည်း “ကျွန်တော်အဲ့အကြောင်းကို တွေးမိပါတယ်။ ဒါပေမယ့် ဘာမှစဉ်းစားလို့ မရဘူး။ ဒီလိုပဲ တွေ့ကြ၊ စကားတွေပြောကြနဲ့ဆိုရင် ပျော်စရာကောင်းမယ်လို့ ထင်ပါတယ်” လို့ ဖြေသွားပါတယ်။
Photo: dandyoo93/ Instagram
ဒီကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေကတော့ မင်းသားကို ချစ်ခင်နှစ်သက်နေတဲ့ မိန်းကလေးတွေ အများကြီး ရှိနေတဲ့အကြောင်း ချေပပြောဆိုနေကြပါတယ်။
LaNina
Ref: koreaboo
(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)
(Zawgyi Version)
LaNina
Ref: koreaboo
RELATED ARTICLES
Most Popular