HomeCelebs Update NewsKoreaသူမကို စံပြထားတဲ့ Idol တွေအားလုံးကို အကြံပေးစကားဆိုထားတဲ့ Yoona

သူမကို စံပြထားတဲ့ Idol တွေအားလုံးကို အကြံပေးစကားဆိုထားတဲ့ Yoona

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Girls’ Generation အဖွဲ့ဝင်ဖြစ်တဲ့ Yoona ဟာ ဂျူနီယာ Idol တွေကြားထဲမှာ စံပြထားရတဲ့ နာမည်ကြီး Idol တွေထဲမှာ ပါဝင်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်တာဗျူးတစ်ခုနဲ့ ကြုံကြိုက်တုန်း သူမကို စံပြထားတဲ့ နောက်တက် ဂျူနီယာ Idol တွေကို တန်ဖိုးရှိတဲ့ အကြံဉာဏ်အချို့ ပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအင်တာဗျူးမှာတော့ Yoona ဟာ သူမကို စံပြပုဂ္ဂိုလ်အဖြစ် ထားတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ အခွင့်အရေးရရင် သူမကို စံပြပုဂ္ဂိုလ်လို့ သတ်မှတ်ထားသူတွေနဲ့ လူချင်းပါ တွေ့ဆုံချင်တဲ့အကြောင်း ပြောထားပါတယ်။

Photo: yoona_lim/ Instagram

“ပထမဆုံးအနေနဲ့ ပြောရရင် ကျွန်မကို အဲ့လိုမျိုးသတ်မှတ်ပြီး နေရာပေးထားလို့ ကျေးဇူးတင်ပါတယ်။ တစ်ယောက်ယောက်က ကျွန်မကို သူတို့ရဲ့စံပြပုဂ္ဂိုလ်ပါလို့ သတ်မှတ်ထားတယ်ပြောရင် အဲ့ဒီ့လူနဲ့ သွားတွေ့ချင်မိပါတယ်။ ကျွန်မက သူတို့ရဲ့ Idol ဖြစ်နေတာက စိတ်ဝင်စားဖို့ကောင်းတယ်လေ။ ကျွန်မဆိုရင်လည်း အားကျရတဲ့လူတွေကို စံပြပုဂ္ဂိုလ်တွေအဖြစ် ထားခဲ့ဖူးတာကြောင့်လည်း ပါမယ်ထင်တယ်…” လို့ Yoona က ဆိုပါတယ်။

ဒါ့အပြင် သူမဟာ နာမည်ကျော်ကြားတဲ့ ဆယ်လီတစ်ယောက်ဖြစ်နေတာကြောင့် လူတွေက သူမကို ထူးခြားတဲ့ လူတစ်ယောက်အဖြစ် မြင်နေကြပေမယ့် တကယ်တမ်းမှာ သူမဟာလည်း သာမန်လူတစ်ယောက်သာ ဖြစ်ပါတယ်ဆိုပြီးတော့ပြောထားပါသေးတယ်။

Photo: yoona_lim/ Instagram

“ကျွန်မ ပြောချင်တာတွေတော့ အများကြီးပါပဲ။ ကျွန်မက ဆယ်လီတစ်ယောက် ဖြစ်နေတာကြောင့် လူတွေရဲ့ လက်လှမ်းမမီတဲ့နေရာမှာ နေထိုင်တဲ့သူမျိုး၊ ဒါမှမဟုတ် သာမန်လူတွေနဲ့ မတူတဲ့ အထူးစပါယ်ရှယ်ဘဝမျိုးမှာ နေထိုင်နေတဲ့လူလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မ ပြောချင်တာကလေ ကျွန်မလည်း အခြားသူတွေလိုပဲ ပုံမှန်ဘဝနဲ့ နေထိုင်တဲ့ သာမန်လူသားတစ်ယောက်ပါပဲ…” လို့ ဆိုပါတယ်။

Yoona ဟာ သူမကိုယ်ကို နှိမ့်ချပြီး သာမန်လူတစ်ယောက်လို့ ဆိုပေမယ့် ဆယ်ကျော်သက်ရွယ်တည်းက ဒီလောကထဲမှာ ကျင်လည်နေခဲ့သူဖြစ်ပြီး Idol အနေနဲ့ရော၊ သရုပ်ဆောင်မင်းသမီးအနေနဲ့ရော၊ TV personality တစ်ယောက်အနေနဲ့ပါ career တစ်လျှောက် အမြင့်ဆုံးအနေအထားအထိ ရောက်ရှိထားသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမကို အားကျအတုယူပြီး စံပြအဖြစ် သတ်မှတ်ထားတဲ့ ဂျူနီယာတွေကို အများကြီး စိတ်ပူပြီး လျှောက်မတွေးဖို့ အကြံပေးထားတာပါ။

Photo: yoona_lim/ Instagram

“နောက်တက်လာတဲ့ လူငယ်တွေကိုတော့ အများကြီး လျှောက်ချဲ့ကား တွေးတာမျိုး မလုပ်စေချင်ဘူး။ လူတိုင်းမှာတော့ စိတ်ညစ်စရာကိုယ်စီ ရှိကြတယ်ဆိုပေမယ့် အမြဲတမ်းကြီး စိုးရိမ်ပူပန်နေတာက မကောင်းပါဘူး။ ကိုယ့်မှာရှိတဲ့ စိတ်ညစ်စရာတစ်ခုကို နက်နက်နဲနဲ တွေးလေလေ၊ ပိုဆိုးလာလေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ညစ်စရာဆိုရင်လည်း သိပ်ပူပန်တာမျိုး မလုပ်စေချင်ပါဘူး…” လို့ Yoona က ဆိုထားတာပါ။

LaNina

Source: koreaboo

(Zawgyi Version)

Girls’ Generation အဖြဲ႕ဝင္ျဖစ္တဲ့ Yoona ဟာ ဂ်ဴနီယာ Idol ေတြၾကားထဲမွာ စံျပထားရတဲ့ နာမည္ႀကီး Idol ေတြထဲမွာ ပါဝင္သူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အင္တာဗ်ဴးတစ္ခုနဲ႔ ႀကဳံႀကိဳက္တုန္း သူမကို စံျပထားတဲ့ ေနာက္တက္ ဂ်ဴနီယာ Idol ေတြကို တန္ဖိုးရွိတဲ့ အႀကံဉာဏ္အခ်ိဳ႕ ေပးခဲ့တာ ျဖစ္ပါတယ္။

အဆိုပါအင္တာဗ်ဴးမွာေတာ့ Yoona ဟာ သူမကို စံျပပုဂၢိဳလ္အျဖစ္ ထားတဲ့အတြက္ ေက်းဇူးတင္ေၾကာင္းနဲ႔ အခြင့္အေရးရရင္ သူမကို စံျပပုဂၢိဳလ္လို႔ သတ္မွတ္ထားသူေတြနဲ႔ လူခ်င္းပါ ေတြ႕ဆုံခ်င္တဲ့အေၾကာင္း ေျပာထားပါတယ္။

Photo: yoona_lim/ Instagram

“ပထမဆုံးအေနနဲ႔ ေျပာရရင္ ကြၽန္မကို အဲ့လိုမ်ိဳးသတ္မွတ္ၿပီး ေနရာေပးထားလို႔ ေက်းဇူးတင္ပါတယ္။ တစ္ေယာက္ေယာက္က ကြၽန္မကို သူတို႔ရဲ႕စံျပပုဂၢိဳလ္ပါလို႔ သတ္မွတ္ထားတယ္ေျပာရင္ အဲ့ဒီ့လူနဲ႔ သြားေတြ႕ခ်င္မိပါတယ္။ ကြၽန္မက သူတို႔ရဲ႕ Idol ျဖစ္ေနတာက စိတ္ဝင္စားဖို႔ေကာင္းတယ္ေလ။ ကြၽန္မဆိုရင္လည္း အားက်ရတဲ့လူေတြကို စံျပပုဂၢိဳလ္ေတြအျဖစ္ ထားခဲ့ဖူးတာေၾကာင့္လည္း ပါမယ္ထင္တယ္…” လို႔ Yoona က ဆိုပါတယ္။

ဒါ့အျပင္ သူမဟာ နာမည္ေက်ာ္ၾကားတဲ့ ဆယ္လီတစ္ေယာက္ျဖစ္ေနတာေၾကာင့္ လူေတြက သူမကို ထူးျခားတဲ့ လူတစ္ေယာက္အျဖစ္ ျမင္ေနၾကေပမယ့္ တကယ္တမ္းမွာ သူမဟာလည္း သာမန္လူတစ္ေယာက္သာ ျဖစ္ပါတယ္ဆိုၿပီးေတာ့ေျပာထားပါေသးတယ္။

Photo: yoona_lim/ Instagram

“ကြၽန္မ ေျပာခ်င္တာေတြေတာ့ အမ်ားႀကီးပါပဲ။ ကြၽန္မက ဆယ္လီတစ္ေယာက္ ျဖစ္ေနတာေၾကာင့္ လူေတြရဲ႕ လက္လွမ္းမမီတဲ့ေနရာမွာ ေနထိုင္တဲ့သူမ်ိဳး၊ ဒါမွမဟုတ္ သာမန္လူေတြနဲ႔ မတူတဲ့ အထူးစပါယ္ရွယ္ဘဝမ်ိဳးမွာ ေနထိုင္ေနတဲ့လူလို႔ ထင္ေကာင္းထင္ၾကပါလိမ့္မယ္။ ဒါေပမယ့္ ကြၽန္မ ေျပာခ်င္တာကေလ ကြၽန္မလည္း အျခားသူေတြလိုပဲ ပုံမွန္ဘဝနဲ႔ ေနထိုင္တဲ့ သာမန္လူသားတစ္ေယာက္ပါပဲ…” လို႔ ဆိုပါတယ္။

Yoona ဟာ သူမကိုယ္ကို ႏွိမ့္ခ်ၿပီး သာမန္လူတစ္ေယာက္လို႔ ဆိုေပမယ့္ ဆယ္ေက်ာ္သက္႐ြယ္တည္းက ဒီေလာကထဲမွာ က်င္လည္ေနခဲ့သူျဖစ္ၿပီး Idol အေနနဲ႔ေရာ၊ သ႐ုပ္ေဆာင္မင္းသမီးအေနနဲ႔ေရာ၊ TV personality တစ္ေယာက္အေနနဲ႔ပါ career တစ္ေလွ်ာက္ အျမင့္ဆုံးအေနအထားအထိ ေရာက္ရွိထားသူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူမကို အားက်အတုယူၿပီး စံျပအျဖစ္ သတ္မွတ္ထားတဲ့ ဂ်ဴနီယာေတြကို အမ်ားႀကီး စိတ္ပူၿပီး ေလွ်ာက္မေတြးဖို႔ အႀကံေပးထားတာပါ။

Photo: yoona_lim/ Instagram

“ေနာက္တက္လာတဲ့ လူငယ္ေတြကိုေတာ့ အမ်ားႀကီး ေလွ်ာက္ခ်ဲ႕ကား ေတြးတာမ်ိဳး မလုပ္ေစခ်င္ဘူး။ လူတိုင္းမွာေတာ့ စိတ္ညစ္စရာကိုယ္စီ ရွိၾကတယ္ဆိုေပမယ့္ အၿမဲတမ္းႀကီး စိုးရိမ္ပူပန္ေနတာက မေကာင္းပါဘူး။ ကိုယ့္မွာရွိတဲ့ စိတ္ညစ္စရာတစ္ခုကို နက္နက္နဲနဲ ေတြးေလေလ၊ ပိုဆိုးလာေလ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ စိတ္ညစ္စရာဆိုရင္လည္း သိပ္ပူပန္တာမ်ိဳး မလုပ္ေစခ်င္ပါဘူး…” လို႔ Yoona က ဆိုထားတာပါ။

LaNina

Source: koreaboo

 

 

RELATED ARTICLES

Most Popular