HomeAnimeဇွန်ဘီတွေအကြောင်း ဇာတ်လမ်းဖွဲ့ ဖန်တီးထားတဲ့ anime ဇာတ်လမ်းတွဲများ

ဇွန်ဘီတွေအကြောင်း ဇာတ်လမ်းဖွဲ့ ဖန်တီးထားတဲ့ anime ဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်လောကမှာ ဇွန်ဘီတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဟာလည်း လူကြိုက်များတဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အလားတူပဲ anime တွေထဲမှာလည်း ဇွန်ဘီတွေအကြောင်း ဇာတ်လမ်းဖွဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားများစွာ ရှိပါတယ်။ အဲ့ဒါကြောင့် သင်သာ ဇွန်ဘီတွေအကြောင်း စိတ်ဝင်စားသူတစ်ယောက် ဆိုရင်တော့ အခုဖော်ပြသွားမယ့် anime ဇာတ်လမ်းတွဲတွေကို ကြည့်ရှုသင့်ပါတယ်။

(7) Sunday Without God
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီး IMDb (6.6) ရရှိထားပါတယ်။ တစ်ရက်မှာတော့ ဘုရားသခင်ဟာ ကမ္ဘာကြီးကို စွန့်ပစ်သွားတာကြောင့် လူသားတွေဟာ မျိူးမပွားနိုင်တော့သလို သေလည်းမသေဆုံးကြတော့ပါဘူး။ အဲ့ဒီအချိန်မှာ ရှင်လျက်နဲ့ သေနေတဲ့သူတွေကို အနားယူစေနိုင်တဲ့ အစွမ်းနဲ့ သုသာန်စောင့်တွေ ပေါ်ပေါက်လာပါတော့တယ်။

(6) Sankarea: Undying Love
photo via cbr

ဒီဇာတ်လမ်းကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားတဲ့ ဟာသရိုမန့်စ် အမျိူးအစားပဲ ဖြစ်ပါတယ်။ Chihiro ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ဇွန်ဘီတွေကို အလွန် ကြိုက်နှစ်သက်သူတစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူဟာ အသက်ပြန်ရှင်စေတဲ့ ဆေးရည်ကို ပြုလုပ်ခဲ့ပြီး Rea Sanka ဆိုတဲ့ ကောင်မလေးက အဲ့ဒီ့ဆေးရည်ကို မတော်တဆ သောက်မိသွားပါတယ်။ အဲ့ဒါကြောင့်ပဲ အဲ့ဒီကောင်မလေးဟာ ဇွန်ဘီဖြစ်လာပြီး Chihiro ကလည်း သူ့ရဲ့ဘဝမှာ ဇွန်ဘီတစ်ယောက်နဲ့အတူ ဘယ်လိုနေထိုင်ရမလည်းဆိုတာကို အဖြေရှာရပါတော့တယ်။

(5) Is This a Zombie?
photo via cbr

ဒီဇာတ်လမ်းကတော့ ၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Ayumu ဆိုတဲ့ ကောင်လေးဟာ ကွင်းဆက် လူသတ်သမားတစ်ယောက်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ချစ်ဖို့ကောင်းတဲ့ မှော်ဆရာမလေးတစ်ယောက်ဟာ သူ့ကို အသက်ပြန်သွင်းပေးခဲ့ပါတယ်။ သူဟာ ဒီလိုနဲ့ အသက်ပြန်ရှင်လာပေမယ့်လည်း ပုံမှန်လူတစ်ယောက် မဟုတ်တော့ဘဲ ဇွန်ဘီ ဖြစ်သွားခဲ့ပါတယ်။

(4) School-Live!
photo via cbr

ဒီဇာတ်လမ်းကတော့ ၂၀၁၅ခုနှစ်မှာ ထွက်ခဲ့တာ ဖြစ်ပြီး IMDb (7.2) ရရှိထားပါတယ်။ စစချင်းမှာတော့ ဒီဇာတ်လမ်းရဲ့ animation ပုံစံတွေဟာ ချစ်စရာလေးတွေ ဖြစ်နေတာကြောင့် ဇွန်ဘီဇာတ်လမ်း ဟုတ်ပါ့မလားလို့ သံသယဝင်မိပါလိမ့်မယ်။ ပထမဆုံးအပိုင်းမှာ ကျောင်းသူအရွယ် ချစ်စရာကောင်မလေးတွေရဲ့ ချစ်ဖို့ကောင်းတဲ့ အမူအရာတွေကို အရင်ဆုံးမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းကျရင်တော့ သူတို့ဟာ ဇွန်ဘီတွေရဲ့လက်ကနေ အသက်ကျန်ရှင်ခဲ့တဲ့သူတွေဆိုတာကို တဖြည်းဖြည်းနဲ့ သိလာရမှာ ဖြစ်ပါတယ်။

(3) Highschool of The Dead
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (7.2) ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းသားကျောင်းသူ ငါးယောက်နဲ့ တစ်ခြား ဇာတ်ကောင်နှစ်ယောက်တို့က ဇွန်ဘီတွေနဲ့ ရင်ဆိုင်ကြပုံကို ဖန်တီးထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အထက်တန်းကျောင်းဟာ ဇွန်ဘီတွေနဲ့ ပြည့်နှက်သွားတာကြောင့် လုံခြုံတဲ့နေရာကို သွားဖို့အတွက် သူတို့ဟာ အဲ့ဒီဇွန်ဘီတွေနဲ့ ရင်ဆိုင်ကြရပါတော့တယ်။

(2) Kabaneri of The Iron Fortress
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူသားမျိူးနွယ်တွေဟာ သတ်ဖို့ အလွန်ခက်ခဲတဲ့ Kabane ဆိုတဲ့ မကောင်းဆိုးဝါးတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ အဲ့ဒါကြောင့် လူသားတွေဟာ အဲ့ဒီမကောင်းဆိုးဝါးတွေရဲ့ လက်က ကာကွယ်ဖို့အတွက် Kabaneri of The Iron Fortress လို့ခေါ်တဲ့ ခံတပ်လို နေရာထဲမှာ နေထိုင်နေကြပါတယ်။

(1) Soul Eater
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၈ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Death Weapon Meister Academy ဆိုတဲ့ နေရာမှာ အခြေခံထားတာ ဖြစ်ပါတယ်။ အဲ့ဒီအကယ်ဒမီရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်တာပဲ ဖြစ်ပါတယ်။ အဲ့ဒီရည်မှန်းချက်ကို ပြည့်ဖို့အတွက် သူတို့ဟာ လူအဖြစ်ရော လက်နက်အဖြစ်ပါ ပြောင်းလဲနိုင်တဲ့ လက်နက်နဲ့ အဲ့ဒီလက်နက်ကို ကိုင်ဆောင်သူတွေက ကြိုးစားဆောင်ရွက်ရပါတော့တယ်။

ဒါကတော့ ဇွန်ဘီတွေအကြောင်း ဇာတ်လမ်းဖွဲ့ရိုက်ကူးထားတဲ့ anime ဇာတ်ကားကောင်းများ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇွန်ဘီ anime တွေ ရှိရင်လည်း ပြောပြခဲ့ကြပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

႐ုပ္ရွင္ေလာကမွာ ဇြန္ဘီေတြအေၾကာင္း ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္လမ္းေတြဟာလည္း လူႀကိဳက္မ်ားတဲ့ အမ်ိဳးအစားတစ္ခု ျဖစ္ပါတယ္။ အလားတူပဲ anime ေတြထဲမွာလည္း ဇြန္ဘီေတြအေၾကာင္း ဇာတ္လမ္းဖြဲ႕ ႐ိုက္ကူးထားတဲ့ ဇာတ္ကားမ်ားစြာ ရွိပါတယ္။ အဲ့ဒါေၾကာင့္ သင္သာ ဇြန္ဘီေတြအေၾကာင္း စိတ္ဝင္စားသူတစ္ေယာက္ ဆိုရင္ေတာ့ အခုေဖာ္ျပသြားမယ့္ anime ဇာတ္လမ္းတြဲေတြကို ၾကည့္ရႈသင့္ပါတယ္။

(7) Sunday Without God
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁ခုႏွစ္မွာ ထြက္ရွိထားတာ ျဖစ္ၿပီး IMDb (6.6) ရရွိထားပါတယ္။ တစ္ရက္မွာေတာ့ ဘုရားသခင္ဟာ ကမာၻႀကီးကို စြန႔္ပစ္သြားတာေၾကာင့္ လူသားေတြဟာ မ်ိဴးမပြားႏိုင္ေတာ့သလို ေသလည္းမေသဆုံးၾကေတာ့ပါဘူး။ အဲ့ဒီအခ်ိန္မွာ ရွင္လ်က္နဲ႔ ေသေနတဲ့သူေတြကို အနားယူေစႏိုင္တဲ့ အစြမ္းနဲ႔ သုသာန္ေစာင့္ေတြ ေပၚေပါက္လာပါေတာ့တယ္။

(6) Sankarea: Undying Love
photo via cbr

ဒီဇာတ္လမ္းကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.9) ရရွိထားတဲ့ ဟာသ႐ိုမန႔္စ္ အမ်ိဴးအစားပဲ ျဖစ္ပါတယ္။ Chihiro ဆိုတဲ့ ေကာင္ေလးတစ္ေယာက္ဟာ ဇြန္ဘီေတြကို အလြန္ ႀကိဳက္ႏွစ္သက္သူတစ္ေယာက္ ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ သူဟာ အသက္ျပန္ရွင္ေစတဲ့ ေဆးရည္ကို ျပဳလုပ္ခဲ့ၿပီး Rea Sanka ဆိုတဲ့ ေကာင္မေလးက အဲ့ဒီ့ေဆးရည္ကို မေတာ္တဆ ေသာက္မိသြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ အဲ့ဒီေကာင္မေလးဟာ ဇြန္ဘီျဖစ္လာၿပီး Chihiro ကလည္း သူ႔ရဲ႕ဘဝမွာ ဇြန္ဘီတစ္ေယာက္နဲ႔အတူ ဘယ္လိုေနထိုင္ရမလည္းဆိုတာကို အေျဖရွာရပါေတာ့တယ္။

(5) Is This a Zombie?
photo via cbr

ဒီဇာတ္လမ္းကေတာ့ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Ayumu ဆိုတဲ့ ေကာင္ေလးဟာ ကြင္းဆက္ လူသတ္သမားတစ္ေယာက္ရဲ႕ ရက္ရက္စက္စက္ သတ္ျဖတ္တာကို ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ခ်စ္ဖို႔ေကာင္းတဲ့ ေမွာ္ဆရာမေလးတစ္ေယာက္ဟာ သူ႔ကို အသက္ျပန္သြင္းေပးခဲ့ပါတယ္။ သူဟာ ဒီလိုနဲ႔ အသက္ျပန္ရွင္လာေပမယ့္လည္း ပုံမွန္လူတစ္ေယာက္ မဟုတ္ေတာ့ဘဲ ဇြန္ဘီ ျဖစ္သြားခဲ့ပါတယ္။

(4) School-Live!
photo via cbr

ဒီဇာတ္လမ္းကေတာ့ ၂၀၁၅ခုႏွစ္မွာ ထြက္ခဲ့တာ ျဖစ္ၿပီး IMDb (7.2) ရရွိထားပါတယ္။ စစခ်င္းမွာေတာ့ ဒီဇာတ္လမ္းရဲ႕ animation ပုံစံေတြဟာ ခ်စ္စရာေလးေတြ ျဖစ္ေနတာေၾကာင့္ ဇြန္ဘီဇာတ္လမ္း ဟုတ္ပါ့မလားလို႔ သံသယဝင္မိပါလိမ့္မယ္။ ပထမဆုံးအပိုင္းမွာ ေက်ာင္းသူအ႐ြယ္ ခ်စ္စရာေကာင္မေလးေတြရဲ႕ ခ်စ္ဖို႔ေကာင္းတဲ့ အမူအရာေတြကို အရင္ဆုံးျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းက်ရင္ေတာ့ သူတို႔ဟာ ဇြန္ဘီေတြရဲ႕လက္ကေန အသက္က်န္ရွင္ခဲ့တဲ့သူေတြဆိုတာကို တျဖည္းျဖည္းနဲ႔ သိလာရမွာ ျဖစ္ပါတယ္။

(3) Highschool of The Dead
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.2) ရထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေက်ာင္းသားေက်ာင္းသူ ငါးေယာက္နဲ႔ တစ္ျခား ဇာတ္ေကာင္ႏွစ္ေယာက္တို႔က ဇြန္ဘီေတြနဲ႔ ရင္ဆိုင္ၾကပုံကို ဖန္တီးထားတာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ အထက္တန္းေက်ာင္းဟာ ဇြန္ဘီေတြနဲ႔ ျပည့္ႏွက္သြားတာေၾကာင့္ လုံၿခဳံတဲ့ေနရာကို သြားဖို႔အတြက္ သူတို႔ဟာ အဲ့ဒီဇြန္ဘီေတြနဲ႔ ရင္ဆိုင္ၾကရပါေတာ့တယ္။

(2) Kabaneri of The Iron Fortress
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (7.2) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ လူသားမ်ိဴးႏြယ္ေတြဟာ သတ္ဖို႔ အလြန္ခက္ခဲတဲ့ Kabane ဆိုတဲ့ မေကာင္းဆိုးဝါးေတြရဲ႕ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရပါတယ္။ အဲ့ဒါေၾကာင့္ လူသားေတြဟာ အဲ့ဒီမေကာင္းဆိုးဝါးေတြရဲ႕ လက္က ကာကြယ္ဖို႔အတြက္ Kabaneri of The Iron Fortress လို႔ေခၚတဲ့ ခံတပ္လို ေနရာထဲမွာ ေနထိုင္ေနၾကပါတယ္။

(1) Soul Eater
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၈ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (7.8) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Death Weapon Meister Academy ဆိုတဲ့ ေနရာမွာ အေျခခံထားတာ ျဖစ္ပါတယ္။ အဲ့ဒီအကယ္ဒမီရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ ကမာၻႀကီးကို ၿငိမ္းခ်မ္းေစခ်င္တာပဲ ျဖစ္ပါတယ္။ အဲ့ဒီရည္မွန္းခ်က္ကို ျပည့္ဖို႔အတြက္ သူတို႔ဟာ လူအျဖစ္ေရာ လက္နက္အျဖစ္ပါ ေျပာင္းလဲႏိုင္တဲ့ လက္နက္နဲ႔ အဲ့ဒီလက္နက္ကို ကိုင္ေဆာင္သူေတြက ႀကိဳးစားေဆာင္႐ြက္ရပါေတာ့တယ္။

ဒါကေတာ့ ဇြန္ဘီေတြအေၾကာင္း ဇာတ္လမ္းဖြဲ႕႐ိုက္ကူးထားတဲ့ anime ဇာတ္ကားေကာင္းမ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဇြန္ဘီ anime ေတြ ရွိရင္လည္း ေျပာျပခဲ့ၾကပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular