HomeEntertainmentMusic2021 CMA Awards မှာ ဆွတ်ခူးသွားကြတဲ့ country ဂီတစတားများ 

2021 CMA Awards မှာ ဆွတ်ခူးသွားကြတဲ့ country ဂီတစတားများ 

၂၀၂၁ ခုနှစ်အတွက် Country Music Association Awards (CMA)ကိုတော့ နိုဝင်ဘာလ(၁၀)ရက်နေ့ညက Nashville မြို့ရဲ့ Bridgestone Arena မှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုတော် Luke Bryan က host အဖြစ် တင်ဆက်ခဲ့ပါတယ်။ ဒီဆုကတော့ country တေးဂီတမှာ အောင်မြင်ကျော်ကြားကြတဲ့ country artist တွေရဲ့ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်းက တေးသီချင်းတွေကို ရွေးချယ်စိစစ် အပ်နှင်းပေးတဲ့ဆု ဖြစ်ပြီး နှစ်စဉ် ကျင်းပနေကျ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်အတွက် CMA မှာ ဆွတ်ခူးသွားကြတဲ့ country artist တွေကတော့ …

Photo: lukecombs/ Instagram

Entertainer of the Year  –  တစ်နှစ်တာအတွင်း အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်သူဆိုတဲ့ ဆုကိုတော့ country အဆိုတော် Luke Combs က ရရှိသွားပါတယ်။ သူဟာ ဒီဆုကို တကယ့် country အကျော်အမော်တွေ ဖြစ်ကြတဲ့ Eric Church ၊ Carrie Underwood ၊ Miranda Lambert နဲ့ Chris Stapleton တို့ကို ကျော်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

Female Vocalist of the Year  –  တစ်နှစ်တာအတွင်း အကောင်းဆုံး အမျိုးသမီးအဆိုရှင်ဆုကိုတော့ Carly Pearce က ရရှိသွားပါတယ်။ ဒီဆုအတွက် စံကာတင်ဝင်ထားတဲ့ အခြားအဆိုရှင်တွေကတော့ Miranda Lambert ၊ Ashley Mcbryde ၊ Maren Morris နဲ့ Gabby Barrett တို့ပဲ ဖြစ်ပါတယ်။

Photo: carlypearce/ Instagram

Male Vocalist of the Year  –  တစ်နှစ်တာအတွင်း အကောင်းဆုံး အမျိုးသားအဆိုရှင်ဆုကိုတော့ Chris Stapleton က ရရှိသွားပါတယ်။ ဒီဆုအတွက် စံကာတင်ဝင်ထားတဲ့ အခြားအဆိုရှင်တွေကတော့ Eric Church ၊ Luke Combs ၊ Thomas Rhett နဲ့ Dierks Bentley တို့ပဲ ဖြစ်ပါတယ်။

Album of the Year  –  တစ်နှစ်တာအတွင်း အကောင်းဆုံး အယ်လ်ဘမ်ဆုကိုတော့ Chris Stapleton ရဲ့ Starting Over အယ်လ်ဘမ်က ရရှိသွားပါတယ်။ စံကာတင်ဝင်ထားတဲ့ အခြားတေးအယ်လ်ဘမ်တွေကတော့ Carly Pearce ရဲ့ 29 ၊ Morgan Wallen ရဲ့ Dangerous: The Double Album ၊ Eric Church ရဲ့ Heart နဲ့ Brothers Osborne ရဲ့ Skeletons တို့ပဲ ဖြစ်ပါတယ်။

Photo: chrisstapleton/ Instagram

Vocal Group of the Year  –  တစ်နှစ်တာအတွင်း အကောင်းဆုံးအဖွဲ့ဆုအတွက်ကိုတော့ Lady A ၊ Little Big Town ၊ Old Dominion ၊ Midland နဲ့ Zac Brown Band တို့က စံကာတင်ဝင်ထားပြီး Old Dominion အဖွဲ့က ရရှိသွားပါတယ်။

Single of the Year – ဒီ category ကတော့ artist ၊ producer နဲ့ mix engineer တွေကို ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။ တစ်နှစ်တာအတွင်း အကောင်းဆုံး single သီချင်းဆုကိုတော့ Chris Stapleton ရဲ့ Starting Over က ရရှိသွားပါတယ်။ အခြားစံကာတင်ဝင်ထားတဲ့ သီချင်းတွေကတော့ Chris Young & Kane Brown ရဲ့ Famous Friends ၊ Gabby Barrett ရဲ့ The Good Ones ၊ Eric Church ရဲ့ Hell of A View နဲ့ Ashley McBryde ရဲ့ One Night Standard တို့ပဲ ဖြစ်ပါတယ်။

Photo: jimmieallen/ Instagram

New Artist of the Year  –  အကောင်းဆုံး မျက်နှာသစ် artist ဆုကိုတော့ Jimmie Allen က ရရှိသွားပါတယ်။ အခြားစံကာတင်ထားတဲ့ artist တွေကတော့ Ingrid Andress ၊ Gabby Barrett ၊ Mickey Guyton နဲ့ HARDY တို့ပဲ ဖြစ်ပါတယ်။

Vocal Duo of the Year  –  ဒီဆုကိုတော့ Brothers Osbourne က ရရှိသွားပါတယ်။ အခြားစံကာတင်ဝင်ထားကြတဲ့ နှစ်ယောက်တွဲအဖွဲ့တွေကတော့ Brooks & Dunn ၊ Dan + Shay ၊ Florida Georgia Line ၊ Maddie & Tae တို့ပဲ ဖြစ်ပါတယ်။

Photo: brothersosbourne/ Instagram

Song of the Year  –  ဒီဆုကတော့ တေးရေးဆရာကို ပေးအပ်တဲ့ဆု ဖြစ်ပါတယ်။ တစ်နှစ်တာအတွင်း အကောင်းဆုံး တေးသီချင်းဆုကိုတော့ Chris Stapleton ရဲ့ Starting Over ကပဲ ထပ်မံ ရရှိသွားပါတယ်။ စံကာတင်ဝင်ထားတဲ့ အခြားတေးသီချင်းတွေကတော့ Luke Combs ရဲ့ Forever After All ၊ Gabby Barrett ရဲ့ The Good Ones ၊ Eric Church ရဲ့ Hell of A View နဲ့ Ashley McBryde ရဲ့ One Night Standards တို့ ဖြစ်ပါတယ်။

Music Video of the Year  –  ဒီဆုကိုတော့ Kelsea Ballerini နဲ့ Kenny Chesney တို့ရဲ့ Half of My Hometown က ရရှိသွားပါတယ်။ စံကာတင်စာရင်းဝင်ထားတဲ့ အခြား music video တွေကတော့ Ryan Hurd နဲ့ Marren Morris တို့ရဲ့ Chasing After You ၊ Chris Young နဲ့ Kane Brown တို့ရဲ့ Famous Friends ၊ Dierks Bentley ရဲ့ Gone နဲ့ Brothers Osbourne ရဲ့ Younger Me တို့ ဖြစ်ပါတယ်။

ဒါကတော့ ၂၀၂၁ ခုနှစ်အတွက် AMC Awards မှာ ဆွတ်ခူးခဲ့ကြတဲ့ country artist တွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ ဘယ် country star တွေက ပါဝင်နေလည်းဆိုတာ ကောမန့်မှာ ဆွေးနွေးခဲ့ပါဦး။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular