HomeDrama2021 ပထမနှစ်ဝက်အတွင်း TVing မှာ လူကြည့်အများဆုံး ဒရာမာ(၉)ခု 

2021 ပထမနှစ်ဝက်အတွင်း TVing မှာ လူကြည့်အများဆုံး ဒရာမာ(၉)ခု 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဘာလိုလိုနဲ့  ၂၀၂၁ခုနှစ်ရဲ့ နှစ်ဝက်ကို ကျော်လွန်ပြီး ဩဂုတ်လကုန်ပိုင်းအထိ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာလည်း ထုံးစံအတိုင်းပဲ ကိုရီးယားဒရာမာအသစ်များစွာ ထွက်ရှိခဲ့ပါတယ်။ ဒီထဲမှာ ကိုရီးယားပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ အောင်မြင်ခဲ့တဲ့ ဒရာမာတွေလည်း ပါရှိပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ကိုရီးယားနိုင်ငံရဲ့ ပေါ်ပြူလာအဖြစ်ဆုံး streaming service တစ်ခုဖြစ်တဲ့ TVing မှာ ပထမနှစ်ဝက်အတွင်း လူကြည့်အများဆုံး ဖြစ်ခဲ့တဲ့ ကိုရီးယားဒရာမာ(၉)ခုပဲ ဖြစ်ပါတယ်။

(1) Vincenzo
Photo via mydramalist

ဒီဒရာမာကတော့ ကြည့်ရကျိုးနပ်စေမယ့် ဒရာမာကောင်းတစ်ခုပါ။ အမိမြေကို ပြန်ရောက်လာတဲ့ ကိုရီးယား-အီတလီ မာဖီးယားရှေ့နေတစ်ယောက်နဲ့ အမှုကို အနိုင်ရဖို့ဆိုရင် ဘာမဆိုလုပ်မယ့် ရှေ့နေအမျိုးသမီးတစ်ယောက်တို့ရဲ့ ဇာတ်လမ်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Song Joong Ki ၊ Jeon Yeo Bin နဲ့ Ok Taecyeon တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး စုစုပေါင်း အပိုင်း(၂၀) ပါဝင်တဲ့ ဒရာမာဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ IMDb rating ကတော့ 8.5 ရရှိထားပါတယ်။

(2) The Uncanny Counter
Photo via koreaboo

ဇာတ်လမ်းကတော့ လူ့ပြည်ကို တကျော့ပြန်လာပြီး ထာဝရအသက်ရှင်သန်ဖို့ ကြိုးစားကြတဲ့ နတ်ဆိုးတွေကို ဖမ်းဆီးဖို့ Counter လို့ခေါ်တဲ့ နတ်ဆိုးဖမ်းသူတွေဟာ စားသောက်ဆိုင်တစ်ခုက အလုပ်သမားတွေအဖြစ် အသွင်ယူပြီး လှုပ်ရှားကြပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Cho Byeong Kyu ၊ Yoo Joon San ၊ Kim Se Jeong နဲ့ Yeom Hye Ran တို့က အဓိက ပါဝင်ထားပါတယ်။ စုစုပေါင်း အပိုင်း(၁၆)ပိုင်း ပါဝင်ပြီး IMDb rating 8.1 ရရှိထားပါတယ်။

(3) Mouse
Photo via mydramalist

ဒီဇာတ်လမ်းတွဲကတော့ ချီးကျူးမှုတွေ ရရှိထားတဲ့ Lee Seung Gi ရဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတကာအထိ အကြီးအကျယ် ပေါ်ပြူလာမဖြစ်ခဲ့ပေမယ့် ကိုရီးယားပြည်တွင်းမှာတော့ အလွန်လူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စိတ္တဇ ကွင်းဆက်လူသတ်သမားရဲ့ ရန်က ကာကွယ်ပြီး တရားမျှတမှုကို ရှာဖွေဖို့ ကြိုးစားကြတဲ့ ရဲစုံထောက်တွေရဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်း ဖြစ်ပါတယ်။ IMDb rating 8.8 ရရှိထားပြီး Lee Seung Gi ၊ Lee Hee Joon ၊ Park Joo Hyun နဲ့ Kyung Soo Jin တို့က အဓိကပါဝင်ထားပါတယ်။ စုစုပေါင်း အပိုင်း(၂၀) ပါဝင်ပါတယ်။

(4) Doom At Your Service
Photo via mydramalist

ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘတွေကို ဆုံးရှုံးသွားရတဲ့ မိန်းကလေးတစ်ယောက်ဟာ ကြိုးစားနေထိုင်ခဲ့ပေမယ့် တစ်နေ့မှာတော့ ဦးနှောက်ကင်ဆာ ခံစားနေရပြီး ရက်ပေါင်းတစ်ရာခန့်သာ အသက်ရှင်နိုင်တော့မယ်လို့ သိလိုက်ရပါတယ်။ အဲဒီနောက် အကြီးအကျယ် စိတ်ထိခိုက်သွားတဲ့ ကောင်မလေးဟာ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားဖို့ ဆုတောင်းလိုက်ပါတော့တယ်။ ဒီမှာတင် ပျက်စီးခြင်းတရားကို ကိုယ်စားပြုတဲ့ တန်ခိုးရှိသူတစ်ဦး ပေါ်လာပြီး သူမရဲ့နောက်ဆုံး ရက်တစ်ရာမှာ သူမနဲ့အတူ နေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ IMDb rating 8.3 ရရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့ Park Bo Young ၊ Seo In Guk ၊ Lee Soo Hyuk နဲ့ Kang Tae Oh တို့က အဓိကပါဝင်ထားပါတယ်။ စုစုပေါင်း အပိုင်း(၁၆)ပိုင်း ပါဝင်ပါတယ်။

(5) True Beauty
Photo via mydramalist

ဒီဒရာမာလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းဖြေစေဖို့ ကြည့်ရှုသင့်တဲ့ ဒရာမာတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မိတ်ကပ်လိမ်းခြယ်နည်းတွေကို ကျွမ်းကျင်သွားတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ ရုပ်ရည်အစစ်အမှန်ကို မပြသနိုင်ပေမယ့် နေ့ချင်းညချင်း နာမည်ကြီးတဲ့ အလှပဂေးတစ်ယောက် ဖြစ်သွားပါတယ်။ သို့ပေမယ့် သူမရဲ့ တကယ့် ရုပ်ရည်အစစ်အမှန်ကို မြင်ထားဖူးတဲ့ ကောင်လေးတစ်ယောက်လည်း ရှိနေတဲ့အခါမှာတော့ … ။ IMDb rating 8.1 ရရှိထားပြီး Moon Ga Young ၊ Cha Eun Woo ၊ Hwan In Yeop နဲ့ Park Yoo Na တို့က အဓိက ပါဝင်ထားပါတယ်။ စုစုပေါင်း အပိုင်း(၁၆)ပိုင်း ပါဝင်ပါတယ်။

(6) My Roommate Is A Gumiho
Photo via mydramalist

Shin Woo Yeo ဟာ ထက်မြက်ပြီး ဉာဏ်အလွန်ကောင်းတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပြီး အသက်(၉၉၉)နှစ် ရှိပြီဖြစ်တဲ့ အမြီးကိုးချောင်းမြေခွေးလည်း ဖြစ်ပါတယ်။ လူအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေစဉ်မှာပဲ Lee Dam ဆိုတဲ့ ကောင်မလေးနဲ့ မတော်တဆမှုတစ်ခု ဖြစ်သွားခဲ့ပြီး Shin Woo Yeo အတွက် အခက်ကြုံရပါတော့တယ်။ IMDb rating 8.1 ရရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့ Jang Ki Yung ၊ Lee Hye Ri ၊ Kang Ha Na နဲ့ Kim Do Wan တို့က အဓိက ပါဝင်ထားပါတယ်။ စုစုပေါင်း အပိုင်း(၁၆)ပိုင်း ပါဝင်ပါတယ်။

(7) Beyond Evil
Photo via mydramalist

ဒီဇာတ်လမ်းတွဲကတော့ ကွင်းဆက်လူသတ်သမားကို အမိဖမ်းနိုင်ဖို့အတွက် တရားဥပဒေကိုပါ ချိုးဖောက်ပြီး ကြိုးစားကြတဲ့ ရဲနှစ်ယောက်ရဲ့အကြောင်း ဖြစ်ပါတယ်။ IMDb rating 8.2 ရရှိထားပြီး အဓိက သရုပ်ဆောင်တွေအနေနဲ့ Yeo Jin Goo ၊ Shin Ha Gyun နဲ့ Kang Min Ah တို့က ပါဝင်ထားပါတယ်။ စုစုပေါင်း အပိုင်း(၁၆)ပိုင်း ပါဝင်ပါတယ်။

(8) Mine
Photo via mydramalist

ဇာတ်လမ်းကတော့ မုသားတွေ၊ လျှို့ဝှက်ချက်တွေအပြည့်နဲ့ ရွှေရောင်ဖုံးလွှမ်းနေတဲ့ ဇိမ်ခံဘဝမှာ နေထိုင်ကြတဲ့ အမျိုးသမီးနှစ်ဦးဟာ သူတို့ရဲ့ တကယ့်ဘဝအစစ်ကို ရှာဖွေဖို့ ကြိုးစားကြပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ IMDb rating 7.8 ရရှိထားပြီး Lee Bo Young ၊ Kim Seo Hyun နဲ့ Ok Ja Yeon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ စုစုပေါင်း အပိုင်း(၁၆)ပိုင်း ပါဝင်ပါတယ်။

(9) Hospital Playlist 2
Photo via mydramalist

သေဆုံးခြင်း၊ ရှင်သန်ခြင်းနဲ့ အဲဒီနှစ်ခုကြားက အရာအားလုံး တွဲလျက် တည်ရှိနေတဲ့ ဆေးရုံထဲက ဆရာဝန်ငါးယောက်ရဲ့ နေ့စဉ်ဘဝတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အပိုင်း(၁၂)ပိုင်း ပါဝင်ပြီး IMDb rating 8.7 ရရှိထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Jo Jung Suk ၊ Yoo Yeon Seok ၊ Jung Kyung Ho ၊ Kim Dae Myung နဲ့ Jeon Mi Do တို့က အဓိက ပါဝင်ထားပါတယ်။

ဒါကတော့ ၂၀၂၁ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း TVing streaming service မှာ လူကြည့်အများဆုံး ဒရာမာ(၉)ခုပဲ ဖြစ်ပါတယ်။ ဘယ်ဒရာမာတွေက စာဖတ်သူတို့ရဲ့ အကြိုက်ဖြစ်ခဲ့လည်းဆိုတာ ပြောခဲ့ပါဦး။

Glasgow
(Zawgyi Version)

ဘာလိုလိုနဲ႔  ၂၀၂၁ခုႏွစ္ရဲ႕ ႏွစ္ဝက္ကို ေက်ာ္လြန္ၿပီး ဩဂုတ္လကုန္ပိုင္းအထိ ေရာက္လာခဲ့ၿပီ ျဖစ္ပါတယ္။ ယခုႏွစ္အတြင္းမွာလည္း ထုံးစံအတိုင္းပဲ ကိုရီးယားဒရာမာအသစ္မ်ားစြာ ထြက္ရွိခဲ့ပါတယ္။ ဒီထဲမွာ ကိုရီးယားျပည္တြင္းမွာသာမက ႏိုင္ငံတကာမွာပါ ေအာင္ျမင္ခဲ့တဲ့ ဒရာမာေတြလည္း ပါရွိပါတယ္။ အခုေဖာ္ျပေပးခ်င္တာကေတာ့ ကိုရီးယားႏိုင္ငံရဲ႕ ေပၚျပဴလာအျဖစ္ဆုံး streaming service တစ္ခုျဖစ္တဲ့ TVing မွာ ပထမႏွစ္ဝက္အတြင္း လူၾကည့္အမ်ားဆုံး ျဖစ္ခဲ့တဲ့ ကိုရီးယားဒရာမာ(၉)ခုပဲ ျဖစ္ပါတယ္။

(1) Vincenzo
Photo via mydramalist

ဒီဒရာမာကေတာ့ ၾကည့္ရက်ိဳးနပ္ေစမယ့္ ဒရာမာေကာင္းတစ္ခုပါ။ အမိေျမကို ျပန္ေရာက္လာတဲ့ ကိုရီးယား-အီတလီ မာဖီးယားေရွ႕ေနတစ္ေယာက္နဲ႔ အမႈကို အႏိုင္ရဖို႔ဆိုရင္ ဘာမဆိုလုပ္မယ့္ ေရွ႕ေနအမ်ိဳးသမီးတစ္ေယာက္တို႔ရဲ႕ ဇာတ္လမ္းကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ Song Joong Ki ၊ Jeon Yeo Bin နဲ႔ Ok Taecyeon တို႔ အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး စုစုေပါင္း အပိုင္း(၂၀) ပါဝင္တဲ့ ဒရာမာဇာတ္လမ္းတြဲ ျဖစ္ပါတယ္။ IMDb rating ကေတာ့ 8.5 ရရွိထားပါတယ္။

(2) The Uncanny Counter
Photo via koreaboo

ဇာတ္လမ္းကေတာ့ လူ႔ျပည္ကို တေက်ာ့ျပန္လာၿပီး ထာဝရအသက္ရွင္သန္ဖို႔ ႀကိဳးစားၾကတဲ့ နတ္ဆိုးေတြကို ဖမ္းဆီးဖို႔ Counter လို႔ေခၚတဲ့ နတ္ဆိုးဖမ္းသူေတြဟာ စားေသာက္ဆိုင္တစ္ခုက အလုပ္သမားေတြအျဖစ္ အသြင္ယူၿပီး လႈပ္ရွားၾကပုံကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ Cho Byeong Kyu ၊ Yoo Joon San ၊ Kim Se Jeong နဲ႔ Yeom Hye Ran တို႔က အဓိက ပါဝင္ထားပါတယ္။ စုစုေပါင္း အပိုင္း(၁၆)ပိုင္း ပါဝင္ၿပီး IMDb rating 8.1 ရရွိထားပါတယ္။

(3) Mouse
Photo via mydramalist

ဒီဇာတ္လမ္းတြဲကေတာ့ ခ်ီးက်ဴးမႈေတြ ရရွိထားတဲ့ Lee Seung Gi ရဲ႕ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ ႏိုင္ငံတကာအထိ အႀကီးအက်ယ္ ေပၚျပဴလာမျဖစ္ခဲ့ေပမယ့္ ကိုရီးယားျပည္တြင္းမွာေတာ့ အလြန္လူႀကိဳက္မ်ားခဲ့တဲ့ ဇာတ္လမ္းတြဲတစ္ခုလည္း ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ စိတၱဇ ကြင္းဆက္လူသတ္သမားရဲ႕ ရန္က ကာကြယ္ၿပီး တရားမွ်တမႈကို ရွာေဖြဖို႔ ႀကိဳးစားၾကတဲ့ ရဲစုံေထာက္ေတြရဲ႕ သည္းထိတ္ရင္ဖိုဇာတ္လမ္း ျဖစ္ပါတယ္။ IMDb rating 8.8 ရရွိထားၿပီး Lee Seung Gi ၊ Lee Hee Joon ၊ Park Joo Hyun နဲ႔ Kyung Soo Jin တို႔က အဓိကပါဝင္ထားပါတယ္။ စုစုေပါင္း အပိုင္း(၂၀) ပါဝင္ပါတယ္။

(4) Doom At Your Service
Photo via mydramalist

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ မိဘေတြကို ဆုံးရႈံးသြားရတဲ့ မိန္းကေလးတစ္ေယာက္ဟာ ႀကိဳးစားေနထိုင္ခဲ့ေပမယ့္ တစ္ေန႔မွာေတာ့ ဦးေႏွာက္ကင္ဆာ ခံစားေနရၿပီး ရက္ေပါင္းတစ္ရာခန႔္သာ အသက္ရွင္ႏိုင္ေတာ့မယ္လို႔ သိလိုက္ရပါတယ္။ အဲဒီေနာက္ အႀကီးအက်ယ္ စိတ္ထိခိုက္သြားတဲ့ ေကာင္မေလးဟာ ကမာၻႀကီးတစ္ခုလုံး ပ်က္စီးသြားဖို႔ ဆုေတာင္းလိုက္ပါေတာ့တယ္။ ဒီမွာတင္ ပ်က္စီးျခင္းတရားကို ကိုယ္စားျပဳတဲ့ တန္ခိုးရွိသူတစ္ဦး ေပၚလာၿပီး သူမရဲ႕ေနာက္ဆုံး ရက္တစ္ရာမွာ သူမနဲ႔အတူ ေနထိုင္ဖို႔ ျဖစ္လာပါေတာ့တယ္။ IMDb rating 8.3 ရရွိထားၿပီး သ႐ုပ္ေဆာင္ေတြအေနနဲ႔ Park Bo Young ၊ Seo In Guk ၊ Lee Soo Hyuk နဲ႔ Kang Tae Oh တို႔က အဓိကပါဝင္ထားပါတယ္။ စုစုေပါင္း အပိုင္း(၁၆)ပိုင္း ပါဝင္ပါတယ္။

(5) True Beauty
Photo via mydramalist

ဒီဒရာမာေလးကေတာ့ ေပါ့ေပါ့ပါးပါးနဲ႔ စိတ္အပန္းေျဖေစဖို႔ ၾကည့္ရႈသင့္တဲ့ ဒရာမာတစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ မိတ္ကပ္လိမ္းျခယ္နည္းေတြကို ကြၽမ္းက်င္သြားတဲ့ ေကာင္မေလးတစ္ေယာက္ဟာ သူမရဲ႕ ႐ုပ္ရည္အစစ္အမွန္ကို မျပသႏိုင္ေပမယ့္ ေန႔ခ်င္းညခ်င္း နာမည္ႀကီးတဲ့ အလွပေဂးတစ္ေယာက္ ျဖစ္သြားပါတယ္။ သို႔ေပမယ့္ သူမရဲ႕ တကယ့္ ႐ုပ္ရည္အစစ္အမွန္ကို ျမင္ထားဖူးတဲ့ ေကာင္ေလးတစ္ေယာက္လည္း ရွိေနတဲ့အခါမွာေတာ့ … ။ IMDb rating 8.1 ရရွိထားၿပီး Moon Ga Young ၊ Cha Eun Woo ၊ Hwan In Yeop နဲ႔ Park Yoo Na တို႔က အဓိက ပါဝင္ထားပါတယ္။ စုစုေပါင္း အပိုင္း(၁၆)ပိုင္း ပါဝင္ပါတယ္။

(6) My Roommate Is A Gumiho
Photo via mydramalist

Shin Woo Yeo ဟာ ထက္ျမက္ၿပီး ဉာဏ္အလြန္ေကာင္းတဲ့ စာေရးဆရာတစ္ေယာက္ျဖစ္ၿပီး အသက္(၉၉၉)ႏွစ္ ရွိၿပီျဖစ္တဲ့ အၿမီးကိုးေခ်ာင္းေျမေခြးလည္း ျဖစ္ပါတယ္။ လူအျဖစ္ ေျပာင္းလဲဖို႔ ႀကိဳးစားေနစဥ္မွာပဲ Lee Dam ဆိုတဲ့ ေကာင္မေလးနဲ႔ မေတာ္တဆမႈတစ္ခု ျဖစ္သြားခဲ့ၿပီး Shin Woo Yeo အတြက္ အခက္ႀကဳံရပါေတာ့တယ္။ IMDb rating 8.1 ရရွိထားၿပီး သ႐ုပ္ေဆာင္ေတြအေနနဲ႔ Jang Ki Yung ၊ Lee Hye Ri ၊ Kang Ha Na နဲ႔ Kim Do Wan တို႔က အဓိက ပါဝင္ထားပါတယ္။ စုစုေပါင္း အပိုင္း(၁၆)ပိုင္း ပါဝင္ပါတယ္။

(7) Beyond Evil
Photo via mydramalist

ဒီဇာတ္လမ္းတြဲကေတာ့ ကြင္းဆက္လူသတ္သမားကို အမိဖမ္းႏိုင္ဖို႔အတြက္ တရားဥပေဒကိုပါ ခ်ိဳးေဖာက္ၿပီး ႀကိဳးစားၾကတဲ့ ရဲႏွစ္ေယာက္ရဲ႕အေၾကာင္း ျဖစ္ပါတယ္။ IMDb rating 8.2 ရရွိထားၿပီး အဓိက သ႐ုပ္ေဆာင္ေတြအေနနဲ႔ Yeo Jin Goo ၊ Shin Ha Gyun နဲ႔ Kang Min Ah တို႔က ပါဝင္ထားပါတယ္။ စုစုေပါင္း အပိုင္း(၁၆)ပိုင္း ပါဝင္ပါတယ္။

(8) Mine
Photo via mydramalist

ဇာတ္လမ္းကေတာ့ မုသားေတြ၊ လွ်ိဳ႕ဝွက္ခ်က္ေတြအျပည့္နဲ႔ ေ႐ႊေရာင္ဖုံးလႊမ္းေနတဲ့ ဇိမ္ခံဘဝမွာ ေနထိုင္ၾကတဲ့ အမ်ိဳးသမီးႏွစ္ဦးဟာ သူတို႔ရဲ႕ တကယ့္ဘဝအစစ္ကို ရွာေဖြဖို႔ ႀကိဳးစားၾကပုံကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ IMDb rating 7.8 ရရွိထားၿပီး Lee Bo Young ၊ Kim Seo Hyun နဲ႔ Ok Ja Yeon တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ စုစုေပါင္း အပိုင္း(၁၆)ပိုင္း ပါဝင္ပါတယ္။

(9) Hospital Playlist 2
Photo via mydramalist

ေသဆုံးျခင္း၊ ရွင္သန္ျခင္းနဲ႔ အဲဒီႏွစ္ခုၾကားက အရာအားလုံး တြဲလ်က္ တည္ရွိေနတဲ့ ေဆး႐ုံထဲက ဆရာဝန္ငါးေယာက္ရဲ႕ ေန႔စဥ္ဘဝေတြကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ အပိုင္း(၁၂)ပိုင္း ပါဝင္ၿပီး IMDb rating 8.7 ရရွိထားပါတယ္။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ Jo Jung Suk ၊ Yoo Yeon Seok ၊ Jung Kyung Ho ၊ Kim Dae Myung နဲ႔ Jeon Mi Do တို႔က အဓိက ပါဝင္ထားပါတယ္။

ဒါကေတာ့ ၂၀၂၁ ခုႏွစ္ရဲ႕ ပထမႏွစ္ဝက္အတြင္း TVing streaming service မွာ လူၾကည့္အမ်ားဆုံး ဒရာမာ(၉)ခုပဲ ျဖစ္ပါတယ္။ ဘယ္ဒရာမာေတြက စာဖတ္သူတို႔ရဲ႕ အႀကိဳက္ျဖစ္ခဲ့လည္းဆိုတာ ေျပာခဲ့ပါဦး။

Glasgow

 

RELATED ARTICLES

Most Popular