HomeEntertainmentMusic2022 Coachella Music Festival မှာ surprise ပါဝင်ခဲ့ကြတဲ့ artist များ

2022 Coachella Music Festival မှာ surprise ပါဝင်ခဲ့ကြတဲ့ artist များ

Coachella Music Festival ကတော့ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဂီတပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဒီပွဲတော်ကိုတော့ ၁၉၉၉ ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် အရှေ့ပိုင်း ကော်လိုရာဒို သဲကန္တာရထဲမှာ တည်ရှိတဲ့ Coachella Valley မှာ ကျင်းပပြုလုပ်လေ့ ရှိပါတယ်။ နာမည်ကြီး ဂီတပွဲတော်တစ်ခု ဖြစ်ပြီး ကမ္ဘာတဝန်းက နာမည်ကျော်ကြားတဲ့ artist များက လာရောက် ဖျော်ဖြေလေ့ ရှိပါတယ်။ ယခုနှစ်ရဲ့ Coachella ပွဲကတော့ ဧပြီလ (၁၅)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး ကြိုတင် ကြေညာမထားဘဲ surprise အနေနဲ့ ပါဝင်လာကြတဲ့ artist တွေ ရှိနေပါတယ်။

Anitta, Snoop Dogg နဲ့ Saweetie

Photo: the_forty_five/ Instagram

ပရိသတ်တွေကို surprise အနေနဲ့ ပါဝင်ဖျော်ဖြေခဲ့ကြသူတွေထဲမှာ Anitta ၊ Snoop Dogg နဲ့ Saweetie တို့လည်း ပါဝင်ပါတယ်။ Anitta ဟာ Snoop Dogg ကို သူမရဲ့ hype man အဖြစ် ပါဝင်စေခဲ့တာ ဖြစ်ပြီး Snoop ကတော့ ထုံးစံအတိုင်းပဲ သူ့ရဲ့ iconic ဖြစ်တဲ့ စတိုင်လ်နဲ့ စင်ပေါ်မှာ စိုးမိုးနေရာယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Saweetie လည်း ပါဝင်လာခဲ့ပြီး Anitta နဲ့ collab လုပ်ထားတဲ့ Faking Love သီချင်းကို ဖျော်ဖြေခဲ့ပါတယ်။

Daniel Caesar နဲ့ Justin Bieber

Photo: Instagram

Daniel Caesar နဲ့အတူ ကြိုတင် မကြေညာဘဲ ပရိသတ်တွေကို surprise လုပ်သွားသူကတော့ Peaches သီချင်းနဲ့ ဖျော်ဖြေခဲ့တဲ့ Justin Bieber ပဲ ဖြစ်ပါတယ်။ Coachella ပွဲကတော့ Justin Bieber မပါရင် တစ်ခုခု လိုအပ်နေမှာ အသေအချာပါပဲ။

Harry Styles နဲ့ Shania Twain

Photo: shaniatwain/ Instagram

country တေးဂီတရဲ့ နာမည်ကျော် ဝါရင့်အဆိုတော်နဲ့ တွဲဖက်ပြီး surprise လုပ်သွားသူကတော့ Harry Styles ပဲ ဖြစ်ပါတယ်။ Harry ဟာ Shania Twain ရဲ့ နာမည်ကျော် ဟစ်သီချင်းဖြစ်တဲ့ Man, I Feel Like A Woman နဲ့ သူ့ရဲ့ headline set ကို ဖျော်ဖြေသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ငယ်စဉ်က မိခင်ဖြစ်သူနဲ့အတူ Shania ရဲ့ သီချင်းတွေကို နားထောင်ပြီး လိုက်ဆိုခဲ့ရာက သီချင်းဆိုတတ်လာတာ ဖြစ်တယ်လို့ Harry က စင်မြင့်ထက်မှာ ပြောပြသွားပါသေးတယ်။ အဲဒီနောက်မှာတော့ Shania ရဲ့ နောက်ထပ် ဟစ်သီချင်း ဖြစ်တဲ့ You’re Still The One ကို စုံတွဲ သီဆိုခဲ့ကြပါသေးတယ်။

88Rising နဲ့ 2NE1

Photo: 2ne1offficial/ Instagram

Coachella ပွဲမှာ ကေပေါ့ပ် ပရိသတ်တွေကို အကြီးအကျယ် အံ့အားသင့်စေခဲ့တာကတော့ 2NE1 ရဲ့ ပြန်လည်ပေါင်းစည်းမှုနဲ့ Epic ဖြစ်တဲ့ ဖျော်ဖြေမှုပါပဲ။ 2NE1 ဟာ 88Rising ရဲ့ Heads In The Clouds Forever set ရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အရာကတော့ 2NE1 အဖွဲ့ကို အဖွဲ့သားတွေ စုံစုံလင်လင်နဲ့ မြင်တွေ့လိုက်ရတာ ဖြစ်ပြီး သူတို့ရဲ့ ဟစ်သီချင်းဖြစ်တဲ့ I Am The Best သီချင်းနဲ့ ဖျော်ဖြေမှုကို ခံစားလိုက်ရတာပဲ ဖြစ်ပါတယ်။

တကယ်တော့ 2NE1 အဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာပဲ အဖွဲ့ကွဲသွားခဲ့တာကြောင့် ပရိသတ်တွေဟာ CL ၊ Minzy ၊ Dara နဲ့ Park Bom တို့ကို အတူတူ စုစုစည်းစည်း ပြန်မြင်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ခဲ့ကြရာက အခုလို ပြန်လည်ပေါင်းစည်းမှုကို မြင်တွေ့လိုက်ရတာကြောင့် အံ့အားသင့်ပြီး ပျော်ရွှင် ကျေနပ်နေကြတာ ဖြစ်ပါတယ်။

Billie Eilish, Khalid နဲ့ Damon Albarn

Photo: nme.asia/ Instagram

Billie Eilish ကတော့ Coachella ပွဲရဲ့ headline မှာ ‌ဖျော်ဖြေရတဲ့ အသက်အငယ်ဆုံး artist ဖြစ်ပါတယ်။ စစချင်းမှာတော့ သူမရဲ့အစ်ကိုဖြစ်သူ FINNEAS နဲ့အတူ စင်ပေါ်မှာ နေရာယူခဲ့ပြီး နောက်ပိုင်းမှာတော့ artist နှစ်ယောက်ကို ဧည့်သည်အဖြစ် ပွဲထုတ်ပေးခဲ့ပါတယ်။ Billie ပထမဆုံး ဖိတ်ခေါ်ခဲ့သူကတော့ Khalid ဖြစ်ပြီး သူတို့ရဲ့ collab သီချင်းဖြစ်တဲ့ Lovely ကို ဖျော်ဖြေသွားပါတယ်။ အဲဒီနောက်မှာတော့ Getting Older သီချင်းကို ဖျော်ဖြေခဲ့ပြီး သီချင်းရဲ့ နောက်ဆုံးအပိုဒ်မှာတော့ Damon Albarn နဲ့အတူ သီဆိုသွားပါတယ်။

ဒါကတော့ ယခုနှစ်ရဲ့ Coachella ပွဲမှာ ယခုထိ surprise ပါဝင် ဖျော်ဖြေခဲ့ကြတဲ့ artist တွေကို ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ ဖျော်ဖြေမှုတွေ ရှိရင်လည်း ပြန်လည် ဝေမျှပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

Vancouver

Source: thefortyfive/ soompi

RELATED ARTICLES

Most Popular