2021 Billboard Music Awards ကိုတော့ မေလ(၂၃)ရက်နေ့ညက လော့စ်အိန်ဂျလိစ်မြို့ရဲ့ Microsoft Theatre မှာ ကျင်းပခဲ့ပါတယ်။ ဆုချီးမြှင့်ပွဲရဲ့ ပုံရိပ်တွေကိုတော့ NBC ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။
ယခုနှစ်အတွက် BBMAs ဆုပေးပွဲမှာတော့ The Weeknd က စံကာတင်(၁၆)ခုနဲ့ ရှေ့ဆုံးက ဦးဆောင်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယစံကာတင်အများဆုံးနေရာကိုတော့ DaBaby က စံကာတင်(၁၁)ခုနဲ့ ရပ်တည်ခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ရက်ပ်ပါ Pop Smoke ကတော့ စံကာတင်(၁၀)ခုနဲ့ တတိယနေရာက ရပ်တည်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဆုပေးပွဲမှာတော့ Post Malone က စံကာတင်(၁၆)ခုမှာ (၉)ခု ရရှိပြီး ဆုအများဆုံးနဲ့ အိမ်ပြန်သွားနိုင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ Pink က Billboard Icon Award ကို ရရှိသွားပြီး Trae The Truth ကတော့ Change Maker ဆုကို ရရှိသွားကာ Drake ကတော့ Artist of the Decade ဆုကို အသီးသီး ရရှိသွားကြပါတယ်။
Nick Jonas က အစီအစဉ်တင်ဆက်သူအဖြစ် တင်ဆက်ပေးခဲ့တဲ့ ယခုနှစ်ရဲ့ BBMAs ဆုပေးပွဲမှာတော့ အောက်ပါအတိုင်း ဆွတ်ခူးသွားကြပါတယ်။
Top Artist : ဒီဆုကိုတော့ Drake ၊ Juice WRLD ၊ Pop Smoke ၊ Taylor Swift တို့ကို ကျော်တက်ပြီး The Weeknd က ရရှိသွားပါတယ်။
Top New Artist : ဒီဆုကိုတော့ Gabby Barrett ၊ Doja Cat ၊ Jack Harlow ၊ Rod Wave တို့ကို ကျော်တက်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ Pop Smoke က ဆွတ်ခူးသွားပါတယ်။
Top Male Artist : ဒီဆုကိုလည်း The Weeknd က ဆွတ်ခူးသွားပါတယ်။ Top Male Artist ဆုကို စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Drake ၊ Juice WRLD ၊ Lil Baby နဲ့ Pop Smoke တို့ ဖြစ်ပါတယ်။
Top Female Artist : Top Female Artist ဆုကိုတော့ Billie Eilish ၊ Ariana Grande ၊ Dua Lipa ၊ Megan Thee Stallion တို့ကို ကျော်တက်ပြီး Taylor Swift က ဆွတ်ခူးသွားပါတယ်။
Top Duo/ Group : ဒီဆုမှာ စံကာတင်ဝင်ခဲ့ကြတဲ့ အဖွဲ့တွေကတော့ AC/DC ၊ AJR ၊ Dan + Shay ၊ Maroon 5 နဲ့ BTS တို့ ဖြစ်ပြီး BTS အဖွဲ့က ရရှိသွားပါတယ်။
Top Billboard 200 Artist : ဒီဆုကိုတော့ Taylor Swift က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Drake ၊ Juice WRLD ၊ Pop Smoke နဲ့ Post Malone တို့ ဖြစ်ပါတယ်။
Top Hot 100 Artist : ဒီဆုကိုတော့ The Weeknd က ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ DaBaby ၊ Drake ၊ Dua Lipa နဲ့ Pop Smoke တို့ ဖြစ်ပါတယ်။
Top Streaming Songs Artist : ဒီဆုကိုတော့ DaBaby ၊ Lil Baby ၊ Pop Smoke ၊ The Weeknd တို့ကို ကျော်တက်ပြီး Drake က ဆွတ်ခူးသွားပါတယ်။
Top Song Sales Artist : ဒီဆုကိုတော့ Justin Bieber ၊ Megan Thee Stallion ၊ Morgan Wallen ၊ The Weeknd တို့ကို ကျော်တက်ပြီး BTS က ရရှိသွားပါတယ်။
Top Radio Songs Artist : ဒီဆုကိုတော့ The Weeknd က ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Justin Bieber ၊ Lewis Capaldi ၊ Dua Lipa နဲ့ Harry Styles တို့ ဖြစ်ပါတယ်။
Top Social Artist (Fan Voted) : ဒီဆုကိုတော့ BTS အဖွဲ့က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ BLACKPINK ၊ Ariana Grande ၊ SB19 ၊ Seventeen တို့ ဖြစ်ပါတယ်။
Top R&B Artist : ဒီဆုကိုတော့ Jhene Aiko ၊ Justin Bieber ၊ Chris Brown နဲ့ Doja Cat တို့ကို ကျော်တက်ပြီး The Weeknd က ဆွတ်ခူးသွားပါတယ်။
Top R&B Male Artist : ဒီဆုကိုလည်း The Weeknd ကပဲ ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Justin Bieber နဲ့ Chris Brown တို့ ဖြစ်ပါတယ်။
Top R&B Female Artist : ဒီဆုကိုတော့ Jhene Aiko နဲ့ SZA တို့ကို ကျော်တက်ပြီး Doja Cat က ဆွတ်ခူးသွားပါတယ်။
Top Rap Artist : ကွယ်လွန်သူ ရက်ပ်ပါ Pop Smoke က Top Rap Artist ဆုကို ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ DaBaby ၊ Drake ၊ Juice WRLD ၊ Lil Baby တို့ ဖြစ်ပါတယ်။
Top Rap Male Artist : ဒီဆုကိုလည်း Juice WRLD နဲ့ Lil Baby တို့ကို ကျော်တက်ပြီး Pop Smoke က ဆွတ်ခူးသွားပါတယ်။
Top Rap Female Artist : ဒီဆုကိုတော့ Cardi B နဲ့ Saweetie တို့ကို ကျော်တက်ပြီး Megan Thee Stallion က ဆွတ်ခူးသွားပါတယ်။
Top Country Artist : ဒီဆုကိုတော့ Morgan Wallen က ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Gabby Barrett ၊ Kane Brown ၊ Luke Combs နဲ့ Chris Stapleton တို့ ဖြစ်ပါတယ်။
Top Country Male Artist : ဒီဆုကိုလည်း Luke Combs နဲ့ Chris Stapleton တို့ကို ကျော်တက်ပြီး Morgan Wallen က ဆွတ်ခူးသွားပါတယ်။
Top Country Female Artist : ဒီဆုကိုတော့ Maren Morris နဲ့ Carrie Underwood တို့ကို ကျော်တက်ပြီး Gabby Barrett က ဆွတ်ခူးသွားပါတယ်။
Top Country Duo/Group : ဒီဆုကိုတော့ Maddie & Tae ၊ Dan + Shay တို့ကို ကျော်တက်ပြီး Florida Georgia Line က ရရှိသွားပါတယ်။
Top Rock Artist : ဒီဆုကိုတော့ AC/DC ၊ AJR ၊ Five Finger Death Punch ၊ twenty one pilots တို့ကို ကျော်တက်ပြီး Machine Gun Kelly က ဆွတ်ခူးသွားပါတယ်။
Top Latin Artist : ဒီဆုကိုတော့ Bad Bunny က ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Anuel AA ၊ J Balvin ၊ Maluma နဲ့ Ozuna တို့ ဖြစ်ပါတယ်။
Top Latin Male Artist : ဒီဆုကိုတော့ J Balvin နဲ့ Ozuna တို့ကို ကျော်တက်ပြီး Bad Bunny ကပဲ ထပ်မံဆွတ်ခူးသွားပါတယ်။
Top Latin Female Artist : ဒီဆုကိုတော့ Becky G နဲ့ Rosalia တို့ကို ကျော်တက်ပြီး Karol G က ဆွတ်ခူးသွားပါတယ်။
Top Latin Duo/Group : ဒီဆုကိုတော့ Banda MS de Sergio Lizaraaga နဲ့ Los Dos Carnales တို့ကို ကျော်တက်ပြီး Eslabon Armado က ဆွတ်ခူးသွားပါတယ်။
Top Dance/Electronic Artist : ဒီဆုကိုတော့ The Chainsmokers ၊ Kygo ၊ Marshmello နဲ့ Surf Mesa တို့ကို ကျော်တက်ပြီး Lady Gaga က ရရှိသွားပါတယ်။
Top Gospel Artist : ဒီဆုကိုတော့ Kanye West က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ Kirk Franklin ၊ Koryn Hawthorne ၊ Tasha Cobbs Leonard နဲ့ Maverick City Music တို့ ဖြစ်ပါတယ်။
Top Billboard 200 Album : ဒီဆုကိုတော့ Pop Smoke ရဲ့ Shoot for the Stars, Aim for the Moon အယ်လ်ဘမ်က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ အယ်လ်ဘမ်တွေကတော့ Juice WRLD ရဲ့ Legends Never Die ၊ Lil Baby ရဲ့ My Turn ၊ Taylor Swift ရဲ့ Folklore နဲ့ The Weeknd ရဲ့ After Hours တို့ ဖြစ်ပါတယ်။
Top R&B Album : ဒီဆုကိုတော့ The Weeknd ရဲ့ After Hours က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ R&B အယ်လ်ဘမ်တွေကတော့ Jhene Aiko ရဲ့ Chilombo ၊ Chris Brown & Young Thug ရဲ့ Slime & B ၊ Doja Cat ရဲ့ Hot Pink ၊ Kelhlani ရဲ့ It Was Good Until It Wasn’t တို့ ဖြစ်ပါတယ်။
Top Rap Album : ဒီဆုကိုလည်း Pop Smoke ရဲ့ Shoot for the Stars, Aim for the Moon အယ်လ်ဘမ်ကပဲ ဆွတ်ခူးသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ ရက်ပ် အယ်လ်ဘမ်တွေကတော့ DaBaby ရဲ့ Blame It On Baby ၊ Juice WRLD ရဲ့ Legends Never Die ၊ Lil Baby ရဲ့ My Turn ၊ Lil Uzi Vert ရဲ့ Eternal Atake တို့ ဖြစ်ပါတယ်။
Top Country Album : ဒီဆုကိုတော့ Morgan Wallen ရဲ့ Dangerous: The Double Album က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ ကျေးလက်အယ်လ်ဘမ်တွေကတော့ Gabby Barrett ရဲ့ Goldmine ၊ Sam Hunt ရဲ့ Southside ၊ Chris Stapleton ရဲ့ Starting Over ၊ Carrie Underwood ရဲ့ My Gift တို့ ဖြစ်ပါတယ်။
Top Rock Album : ဒီဆုကိုတော့ Machine Gun Kelly ရဲ့ Ticket to My Downfall အယ်လ်ဘမ်က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြသူတွေကတော့ AC/DC ရဲ့ Power Up ၊ Miley Cyrus ရဲ့ Plastic Hearts ၊ Glass Animals ရဲ့ Dreamland ၊ Bruce Springsteen ရဲ့ Letter To You တို့ ဖြစ်ပါတယ်။
Top Latin Album : Bad Bunny ရဲ့ YHLQMDLG အယ်လ်ဘမ်က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ လက်တင် တေးအယ်လ်ဘမ်တွေကတော့ Anuel AA ရဲ့ Emmanuel ၊ Bad Bunny ရဲ့ El Ultimo Tour Del Mundo ၊ Bad Bunny ရဲ့ Las que no iban a salir ၊ J Balvin ရဲ့ Colores တို့ ဖြစ်ပါတယ်။
Top Dance/ Electronic Album : ဒီဆုကိုတော့ Lady Gaga ရဲ့ Chromatica အယ်လ်ဘမ်က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ အယ်လ်ဘမ်ကတော့ DJ Snake ရဲ့ Carte Blanche ၊ Gryffin ရဲ့ Gravity ၊ Kygo ရဲ့ Golden Hour ၊ Kylie Minogue ရဲ့ Disco တို့ ဖြစ်ပါတယ်။
Top Christian Album : ဒီဆုကိုတော့ Carrie Underwood ရဲ့ My Gift အယ်လ်ဘမ်က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ အယ်လ်ဘမ်တွေကတော့ Bethel Music ရဲ့ Peace ၊ Elevation Worship ရဲ့ Grave Into Gardens ၊ We The Kingdom ရဲ့ Holy Water ၊ Zac Williams ရဲ့ Rescue Story တို့ ဖြစ်ပါတယ်။
Top Streaming Song : ဒီဆုကိုတော့ DaBaby နဲ့ Roddy Ricch တို့ရဲ့ ROCKSTAR က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ တေးသီချင်းတွေကတော့ Cardi B နဲ့ Megan Thee Stallion တို့ရဲ့ WAP ၊ Future နဲ့ Drake တို့ရဲ့ Life is Good ၊ Jack Harlow နဲ့ DaBaby ၊ Tory Lanez ၊ Lil’ Wayne တို့ featuring သီဆိုထားတဲ့ WHATS POPPIN ၊ The Weeknd ရဲ့ Blinding Lights တို့ ဖြစ်ပါတယ်။
Top Selling Song : ဒီဆုကိုတော့ BTS ရဲ့ Dynamite က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ တေးသီချင်းတွေကတော့ Gabby Barrett ft. Charlie Puth တို့ရဲ့ I Hope ၊ Cardi B ft. Megan Thee Stallion တို့ရဲ့ WAP ၊ Megan Thee Stallion ft. Beyonce တို့ရဲ့ Savage ၊ The Weeknd ရဲ့ Blinding Lights တို့ ဖြစ်ပါတယ်။
Top Radio Song : ဒီဆုကိုတော့ The Weeknd ရဲ့ Blinding Lights က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ တေးသီချင်းတွေကတော့ Gabby Barrett ft. Charlie Puth တို့ရဲ့ I Hope ၊ Chris Brown & Young Thug တို့ရဲ့ Go Crazy ၊ Dua Lipa ရဲ့ Don’t Start Now ၊ Harry Styles ရဲ့ Adore You တို့ ဖြစ်ပါတယ်။
Top R&B Song : ဒီဆုကိုလည်း The Weeknd ရဲ့ Blinding Lights က ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ R&B တေးသီချင်းတွေကတော့ Jhene Aiko ft. H.E.R ရဲ့ B.S ၊ Justin Bieber ft. Quavo တို့ရဲ့ Intentions ၊ Chris Brown & Young Thug တို့ရဲ့ Go Crazy ၊ Doja Cat ရဲ့ Say So တို့ ဖြစ်ပါတယ်။
Top Rap Song : ဒီဆုကိုတော့ DaBaby ft. Roddy Ricch တို့ရဲ့ ROCKSTAR သီချင်းက ရရှိသွားပါတယ်။ စံကာတင်ဝင်ခဲ့ကြတဲ့ တေးသီချင်းတွေကတော့ 24KGoldn ft. iann dior တို့ရဲ့ Mood ၊ Cardi B ft. Megan Thee Stallion တို့ရဲ့ WAP ၊ Jack Harlow နဲ့ DaBaby ၊ Tory Lanez ၊ Lil’ Wayne တို့ featuring သီဆိုထားတဲ့ WHATS POPPIN ၊ Megan Thee Stallion ft. Beyonce တို့ရဲ့ Savage တို့ ဖြစ်ပါတယ်။
Glasgow
Source: vulture