HomeCelebs Update NewsKoreaKang Ha Neul ဒိတ်လုပ်နေတယ်ဆိုတဲ့သတင်း အေဂျင်စီဘက်မှတုံ့ပြန်

Kang Ha Neul ဒိတ်လုပ်နေတယ်ဆိုတဲ့သတင်း အေဂျင်စီဘက်မှတုံ့ပြန်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသားချော Kang Ha Neul ဟာ musical artist တစ်ယောက်ဖြစ်တ‌ဲ့ Lee Tae Eun နဲ့ တွဲနေခဲ့တာ နှစ်နှစ်ဝန်းကျင် ရှိနေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ သို့ပေမယ့် Ha Neul ရဲ့ အေဂျင်စီကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။

ဖြစ်ပုံကတော့ Star Daily News ဆိုတဲ့သတင်းဌာနက ဒီသတင်းကို ပထမဆုံးအခိုင်အမာ ပြောဆိုရင်း တင်လိုက်ရာက စပါတယ်။ အဆိုပါသတင်းဌာနရဲ့ အဆိုအရ Kang Ha Neul နဲ့ Lee Tae Eun တို့ဟာ musical စစ်ကားတစ်ကားဖြစ်တဲ့ Shinheung Military Academy ရိုက်ကွင်းမှာ ဆုံတွေ့ရာက ချစ်သူတွေဖြစ်ခဲ့ကြတယ်လို့ ဖော်ပြထားတာပါ။ အခုဆိုရင် ချစ်သူသက်တမ်း နှစ်နှစ်တောင် ရှိနေပြီဖြစ်ပြီး ခရီးတစ်ခုကိုတောင် အတူသွားထားကြသေးတယ်လို့လည်း ဆိုထားပါသေးတယ်။

Photo: _kanghaneul/ Instagram

သို့ပေမယ့် Kang Ha Neul ရဲ့ အေဂျင်စီဖြစ်တဲ့ TH Company ကတော့ ဒီသတင်းကို ငြင်းဆိုထားပြီး ကောလာဟလမျှသာဖြစ်ကြောင်းနဲ့ သူတို့နှစ်ဦးဟာ တွဲနေတာမဟုတ်ကြောင်း ဖြေရှင်းထားပါတယ်။

“သူတို့နှစ်ယောက် ခရီးအတူသွားတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူတို့က ရိုးရိုးရင်းနှီးကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။ ပြီးတော့ အဲ့ဒီ့ခရီးမှာ Shinheung Military Academy ရိုက်ကွင်းက တစ်ခြားလုပ်ဖော်ကိုင်ဖက် လေးငါးယောက်လည်း ပါပါသေးတယ် …” လို့ TH Company က ဖြေရှင်းချက် ထုတ်ပြန်ထားပါတယ်။

Photo: taeeunzzang/ Instagram

Kang Ha Neul နဲ့ Lee Tae Eun တို့ဟာ Shinheung Military Academy ၊ Paldo နဲ့ Napal လို့အမည်ရတဲ့ musical သုံးကားမှာ အတူတူပါဝင်ထားကြတာ ဖြစ်ပါတယ်။ အဲ့ဒီ့အချိန်တုန်းက Kang Ha Neul ဟာ တပ်ထဲမှာ စစ်မှုထမ်းနေတဲ့ကာလလည်း ဖြစ်ပါတယ်။ စစ်မှုထမ်းကာလ ပြီးဆုံးပြီးနောက်မှာတော့ When the Camellia Blooms ဒရာမာထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

LaNina
(Zawgyi Version)

မင္းသားေခ်ာ Kang Ha Neul ဟာ musical artist တစ္ေယာက္ျဖစ္တ‌ဲ့ Lee Tae Eun နဲ႔ တြဲေနခဲ့တာ ႏွစ္ႏွစ္ဝန္းက်င္ ရွိေနၿပီလို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ သို႔ေပမယ့္ Ha Neul ရဲ႕ ေအဂ်င္စီကေတာ့ ဒီသတင္းနဲ႔ပတ္သက္ၿပီး ျငင္းဆိုထားပါတယ္။

ျဖစ္ပုံကေတာ့ Star Daily News ဆိုတဲ့သတင္းဌာနက ဒီသတင္းကို ပထမဆုံးအခိုင္အမာ ေျပာဆိုရင္း တင္လိုက္ရာက စပါတယ္။ အဆိုပါသတင္းဌာနရဲ႕ အဆိုအရ Kang Ha Neul နဲ႔ Lee Tae Eun တို႔ဟာ musical စစ္ကားတစ္ကားျဖစ္တဲ့ Shinheung Military Academy ႐ိုက္ကြင္းမွာ ဆုံေတြ႕ရာက ခ်စ္သူေတြျဖစ္ခဲ့ၾကတယ္လို႔ ေဖာ္ျပထားတာပါ။ အခုဆိုရင္ ခ်စ္သူသက္တမ္း ႏွစ္ႏွစ္ေတာင္ ရွိေနၿပီျဖစ္ၿပီး ခရီးတစ္ခုကိုေတာင္ အတူသြားထားၾကေသးတယ္လို႔လည္း ဆိုထားပါေသးတယ္။

Photo: _kanghaneul/ Instagram

သို႔ေပမယ့္ Kang Ha Neul ရဲ႕ ေအဂ်င္စီျဖစ္တဲ့ TH Company ကေတာ့ ဒီသတင္းကို ျငင္းဆိုထားၿပီး ေကာလာဟလမွ်သာျဖစ္ေၾကာင္းနဲ႔ သူတို႔ႏွစ္ဦးဟာ တြဲေနတာမဟုတ္ေၾကာင္း ေျဖရွင္းထားပါတယ္။

“သူတို႔ႏွစ္ေယာက္ ခရီးအတူသြားတယ္ဆိုတာကေတာ့ ဟုတ္ပါတယ္။ ဒါေပမယ့္ သူတို႔က ႐ိုး႐ိုးရင္းႏွီးၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြပါ။ ၿပီးေတာ့ အဲ့ဒီ့ခရီးမွာ Shinheung Military Academy ႐ိုက္ကြင္းက တစ္ျခားလုပ္ေဖာ္ကိုင္ဖက္ ေလးငါးေယာက္လည္း ပါပါေသးတယ္ …” လို႔ TH Company က ေျဖရွင္းခ်က္ ထုတ္ျပန္ထားပါတယ္။

Photo: taeeunzzang/ Instagram

Kang Ha Neul နဲ႔ Lee Tae Eun တို႔ဟာ Shinheung Military Academy ၊ Paldo နဲ႔ Napal လို႔အမည္ရတဲ့ musical သုံးကားမွာ အတူတူပါဝင္ထားၾကတာ ျဖစ္ပါတယ္။ အဲ့ဒီ့အခ်ိန္တုန္းက Kang Ha Neul ဟာ တပ္ထဲမွာ စစ္မႈထမ္းေနတဲ့ကာလလည္း ျဖစ္ပါတယ္။ စစ္မႈထမ္းကာလ ၿပီးဆုံးၿပီးေနာက္မွာေတာ့ When the Camellia Blooms ဒရာမာထဲမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

LaNina

 

RELATED ARTICLES

Most Popular