HomeCelebs Update NewsKoreaစြပ္စြဲခံရမႈအတြက္ မင္းသမီး Oh Yeon Seo ကို ေတာင္းပန္လိုက္တဲ့ Ahn Jae Hyun

စြပ္စြဲခံရမႈအတြက္ မင္းသမီး Oh Yeon Seo ကို ေတာင္းပန္လိုက္တဲ့ Ahn Jae Hyun

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မင္းသမီး Goo Hye Sun ဟာ သူမရဲ႕ခင္ပြန္း Ahn Jae Hyun နဲ႔ လက္ရိွအတူ တြဲရိုက္ေနတဲ့ မင္းသမီးတစ္ေယာက္တို႔ ေဖာက္ျပန္ေနၾကေၾကာင္း ေျပာလိုက္တဲ့အခါ ပရိသတ္ေတြရဲ႕ လက္ညိဳးေတြက မင္းသမီး Oh Yeon Seo အေပၚကို က်ေရာက္လာပါေတာ့တယ္။ မင္းသား Ahn Jae Hyun နဲ႔ မင္းသမီး Oh Yeon Seo တို႔ဟာ မၾကာခင္မွာ လႊင့္ထုတ္ေတာ့မယ့္ People with Flaws ဆိုတဲ့ ဇာတ္လမ္းတြဲထဲမွာ ခ်စ္သူစုံတြဲေတြအျဖစ္ သရုပ္ေဆာင္ေနၾကရတာလည္း ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး Ahn Jae Hyun ရဲ႕ အတြင္းေရးေတြကို သိရိွတဲ့ မိတ္ေဆြအရင္းတစ္ေယာက္က Ahn Jae Hyun ဟာ မင္းသမီး Oh Yeon Seo ကို ရိုက္ကြင္းေပၚမွာ ေတာင္းပန္လိုက္တဲ့အေၾကာင္း ဖြင့္ဟလာပါတယ္။

Photo: koreaboo

“ပထမဆုံးေျပာခ်င္တာကေတာ့ အခု ကၽြန္ေတာ့္သူငယ္ခ်င္း သရုပ္ေဆာင္ေနတဲ့ ဒရာမာထဲက မင္းသမီးနဲ႔ ေဖာက္ျပန္ေနတယ္ဆိုတဲ့ သတင္းဟာ မမွန္ပါဘူး။ မင္းသမီး Oh Yeon Seo နဲ႔ ပတ္သက္တဲ့ ေကာလာဟလေတြ စပ်ံ႕လာတာကို သူသိသြားတည္းက အရမ္းစိတ္မေကာင္းျဖစ္ေနတာပါ။ Oh Yeon Seo ဘက္ကလည္း ဒီေကာလာဟလေတြေၾကာင့္ပဲ ရိုက္ကြင္းေပၚမွာ အခက္အခဲေတြနဲ႔ ႀကံဳခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ Ahn Jae Hyun ကလည္း သူမကို ေတာင္းပန္ခဲ့တာပါ။

Ahn Jae Hyun နဲ႔ Oh Yeon Seo တို႔ႏွစ္ေယာက္က သက္တူရြယ္တူေတြလည္း ျဖစ္တာေၾကာင့္ အတူတူ အလုပ္တြဲလုပ္ရင္း ခင္မင္တဲ့မိတ္ေဆြေတြ ျဖစ္လာၾကတာပါ။ Ahn Jae Hyun တို႔ရဲ႕ အိမ္ေထာင္ေရးသတင္းေတြကို သူၾကားရေတာ့ မိန္းကေလးတစ္ေယာက္ဘက္ကေန ခံစားၿပီး Ahn Jae Hyun ကိုေတာင္ ဆူခဲ့ပါေသးတယ္” လို႔ Ahn Jae Hyun ရဲ႕ သူငယ္ခ်င္းက ေျပာျပပါတယ္။

ဒါ့အျပင္ Ahn Jae Hyun ဟာ အမ်ိဳးသမီးေတြနဲ႔ စကားေျပာတဲ့အခါ ၿပံဳးတာ၊ ရယ္တာမ်ိဳးေတြလည္း လုံး၀မရိွတဲ့အေၾကာင္း သူ႔ရဲ႕သူငယ္ခ်င္းက အခိုင္အမာ ေျပာထားပါေသးတယ္။ Ahn Jae Hyun မွာ ရိုက္ကြင္းေပၚက အလုပ္အတူလုပ္ရတဲ့ အဖြဲ႔သားေတြကလြဲလို႔ အျခားအမ်ိဳးသမီးမိတ္ေဆြ မရိွဘူးလို႔လည္း ဆိုပါတယ္။ ဆက္လက္ၿပီး ျပႆနာျဖစ္ေနတဲ့ ေမြးေန႔ပါတီကိစၥကလည္း အဆိုပါေန႔က သူ႔ရဲ႕အခ်ိန္ဇယားေတြၾကားထဲမွာ အားလပ္ေနတဲ့အခ်ိန္ေလးကို သူငယ္ခ်င္းေတြနဲ႔ ေတြ႕တဲ့သေဘာအျပင္ အျခားမရိွဘူးလို႔ ရွင္းျပထားပါတယ္။

Photo: koreaboo

“Ahn Jae Hyun ဟာ သူငယ္ငယ္ ကေလးဘ၀ကတည္းက မိသားစုတစ္ခု ထူေထာင္ခ်င္ခဲ့သူပါ။ အဲ့ဒါေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ လက္ထပ္ဖို႔ ျပင္ဆင္တဲ့အခ်ိန္တုန္းက ရင္ဆိုင္ခဲ့ရတဲ့ ျခားနားခ်က္ေတြကို လ်စ္လ်ဴရႈၿပီး လက္ထပ္ဖို႔ကိုပဲ အားစိုက္ခဲ့တာပါ။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ရဲ႕ မတူညီတဲ့ personality ေတြေၾကာင့္ ႀကံဳလာရတဲ့ ျခားနားမႈေတြကို သူ႔အေနနဲ႔ ေက်ာ္လႊားႏိုင္ခဲ့ျခင္း မရိွပါဘူး။

Ahn Jae Hyun က တစ္ျခားေမြးေန႔ပါတီတစ္ခု မလုပ္ခဲ့ပါဘူး။ သူက သူ႔ဘာသာ အလုပ္သြားတာပါ။ ဒါေပမယ့္ ေမြးေန႔ျဖစ္ေနေတာ့ သဘာ၀အရ ၀ိုင္းၿပီးဂုဏ္ျပဳေပးၾကတာပဲ ရိွပါတယ္။ ဗီြဒီယိုထဲမွာ အားလုံးပါပါတယ္။ သူက မူးရူးေနခဲ့တာ မဟုတ္သလို ဘာျပႆနာမွလည္း မတက္ခဲ့ပါဘူး။ တကယ့္ကို ရိုးရွင္းတဲ့ ေမြးေန႔ဂုဏ္ျပဳပြဲေလးတစ္ခုပဲ ျဖစ္ခဲ့တာပါ” လို႔ Ahn Jae Hyun က မိတ္ေဆြအရင္းတစ္ေယာက္က ရွင္းျပထားပါတယ္။

အဆိုပါမိတ္ေဆြရဲ႕အဆိုအရ Ahn Jae Hyun ဟာ အခုရိုက္ကူးေနတဲ့ ဒရာမာနဲ႔ အဖြဲ႕သားေတြအားလုံးကို အရမ္းအားနာေနၿပီး အကုန္လုံးကို တိတ္တိတ္ဆိတ္ဆိတ္၊ ျမန္ျမန္ဆန္ဆန္နဲ႔႔ဲပဲ အဆုံးသတ္သြားဖို႔ လုပ္ေနေၾကာင္း သိရပါတယ္။ တစ္ဖက္က မင္းသမီး Oh Yeon Seo ရဲ႕ ေအဂ်င္စီကေတာ့ ႏွစ္ေယာက္သား ေဖာက္ျပန္ေနတယ္ဆိုတဲ့သတင္းကို ျငင္းဆိုထားၿပီး တရားဥပေဒအရ အေရးယူသြားမယ္လို႔ ေၾကျငာထားပါတယ္။

Xei

Source: koreaboo

(Unicode Version)

မင်းသမီး Goo Hye Sun ဟာ သူမရဲ့ခင်ပွန်း Ahn Jae Hyun နဲ့ လက်ရှိအတူ တွဲရိုက်နေတဲ့ မင်းသမီးတစ်ယောက်တို့ ဖောက်ပြန်နေကြကြောင်း ပြောလိုက်တဲ့အခါ ပရိသတ်တွေရဲ့ လက်ညိုးတွေက မင်းသမီး Oh Yeon Seo အပေါ်ကို ကျရောက်လာပါတော့တယ်။ မင်းသား Ahn Jae Hyun နဲ့ မင်းသမီး Oh Yeon Seo တို့ဟာ မကြာခင်မှာ လွှင့်ထုတ်တော့မယ့် People with Flaws ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာ ချစ်သူစုံတွဲတွေအဖြစ် သရုပ်ဆောင်နေကြရတာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Ahn Jae Hyun ရဲ့ အတွင်းရေးတွေကို သိရှိတဲ့ မိတ်ဆွေအရင်းတစ်ယောက်က Ahn Jae Hyun ဟာ မင်းသမီး Oh Yeon Seo ကို ရိုက်ကွင်းပေါ်မှာ တောင်းပန်လိုက်တဲ့အကြောင်း ဖွင့်ဟလာပါတယ်။

Photo: koreaboo

“ပထမဆုံးပြောချင်တာကတော့ အခု ကျွန်တော့်သူငယ်ချင်း သရုပ်ဆောင်နေတဲ့ ဒရာမာထဲက မင်းသမီးနဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းဟာ မမှန်ပါဘူး။ မင်းသမီး Oh Yeon Seo နဲ့ ပတ်သက်တဲ့ ကောလာဟလတွေ စပျံ့လာတာကို သူသိသွားတည်းက အရမ်းစိတ်မကောင်းဖြစ်နေတာပါ။ Oh Yeon Seo ဘက်ကလည်း ဒီကောလာဟလတွေကြောင့်ပဲ ရိုက်ကွင်းပေါ်မှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒါကြောင့်ပဲ Ahn Jae Hyun ကလည်း သူမကို တောင်းပန်ခဲ့တာပါ။

Ahn Jae Hyun နဲ့ Oh Yeon Seo တို့နှစ်ယောက်က သက်တူရွယ်တူတွေလည်း ဖြစ်တာကြောင့် အတူတူ အလုပ်တွဲလုပ်ရင်း ခင်မင်တဲ့မိတ်ဆွေတွေ ဖြစ်လာကြတာပါ။ Ahn Jae Hyun တို့ရဲ့ အိမ်ထောင်ရေးသတင်းတွေကို သူကြားရတော့ မိန်းကလေးတစ်ယောက်ဘက်ကနေ ခံစားပြီး Ahn Jae Hyun ကိုတောင် ဆူခဲ့ပါသေးတယ်” လို့ Ahn Jae Hyun ရဲ့ သူငယ်ချင်းက ပြောပြပါတယ်။

ဒါ့အပြင် Ahn Jae Hyun ဟာ အမျိုးသမီးတွေနဲ့ စကားပြောတဲ့အခါ ပြုံးတာ၊ ရယ်တာမျိုးတွေလည်း လုံးဝမရှိတဲ့အကြောင်း သူ့ရဲ့သူငယ်ချင်းက အခိုင်အမာ ပြောထားပါသေးတယ်။ Ahn Jae Hyun မှာ ရိုက်ကွင်းပေါ်က အလုပ်အတူလုပ်ရတဲ့ အဖွဲ့သားတွေကလွဲလို့ အခြားအမျိုးသမီးမိတ်ဆွေ မရှိဘူးလို့လည်း ဆိုပါတယ်။ ဆက်လက်ပြီး ပြဿနာဖြစ်နေတဲ့ မွေးနေ့ပါတီကိစ္စကလည်း အဆိုပါနေ့က သူ့ရဲ့အချိန်ဇယားတွေကြားထဲမှာ အားလပ်နေတဲ့အချိန်လေးကို သူငယ်ချင်းတွေနဲ့ တွေ့တဲ့သဘောအပြင် အခြားမရှိဘူးလို့ ရှင်းပြထားပါတယ်။

Photo: koreaboo

“Ahn Jae Hyun ဟာ သူငယ်ငယ် ကလေးဘဝကတည်းက မိသားစုတစ်ခု ထူထောင်ချင်ခဲ့သူပါ။ အဲ့ဒါကြောင့်ပဲ သူတို့နှစ်ယောက် လက်ထပ်ဖို့ ပြင်ဆင်တဲ့အချိန်တုန်းက ရင်ဆိုင်ခဲ့ရတဲ့ ခြားနားချက်တွေကို လျစ်လျူရှုပြီး လက်ထပ်ဖို့ကိုပဲ အားစိုက်ခဲ့တာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ personality တွေကြောင့် ကြုံလာရတဲ့ ခြားနားမှုတွေကို သူ့အနေနဲ့ ကျော်လွှားနိုင်ခဲ့ခြင်း မရှိပါဘူး။

Ahn Jae Hyun က တစ်ခြားမွေးနေ့ပါတီတစ်ခု မလုပ်ခဲ့ပါဘူး။ သူက သူ့ဘာသာ အလုပ်သွားတာပါ။ ဒါပေမယ့် မွေးနေ့ဖြစ်နေတော့ သဘာဝအရ ဝိုင်းပြီးဂုဏ်ပြုပေးကြတာပဲ ရှိပါတယ်။ ဗွီဒီယိုထဲမှာ အားလုံးပါပါတယ်။ သူက မူးရူးနေခဲ့တာ မဟုတ်သလို ဘာပြဿနာမှလည်း မတက်ခဲ့ပါဘူး။ တကယ့်ကို ရိုးရှင်းတဲ့ မွေးနေ့ဂုဏ်ပြုပွဲလေးတစ်ခုပဲ ဖြစ်ခဲ့တာပါ” လို့ Ahn Jae Hyun က မိတ်ဆွေအရင်းတစ်ယောက်က ရှင်းပြထားပါတယ်။

အဆိုပါမိတ်ဆွေရဲ့အဆိုအရ Ahn Jae Hyun ဟာ အခုရိုက်ကူးနေတဲ့ ဒရာမာနဲ့ အဖွဲ့သားတွေအားလုံးကို အရမ်းအားနာနေပြီး အကုန်လုံးကို တိတ်တိတ်ဆိတ်ဆိတ်၊ မြန်မြန်ဆန်ဆန်နဲ့ဲပဲ အဆုံးသတ်သွားဖို့ လုပ်နေကြောင်း သိရပါတယ်။ တစ်ဖက်က မင်းသမီး Oh Yeon Seo ရဲ့ အေဂျင်စီကတော့ နှစ်ယောက်သား ဖောက်ပြန်နေတယ်ဆိုတဲ့သတင်းကို ငြင်းဆိုထားပြီး တရားဥပဒေအရ အရေးယူသွားမယ်လို့ ကြေငြာထားပါတယ်။

Xei

Source: koreaboo

 

RELATED ARTICLES

Most Popular