HomeCelebs Update NewsKoreaစက်တင်ဘာမှာ comeback ပြန်လာမယ့် AKMU အဖွဲ့

စက်တင်ဘာမှာ comeback ပြန်လာမယ့် AKMU အဖွဲ့

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

YG Entertainment ရဲ့ ကြေညာချက်အရ နှစ်ယောက်တွဲအဖွဲ့ဖြစ်တဲ့ AKMU အဖွဲ့ဟာ လာမယ့်စက်တင်ဘာလမှာ comeback ပြန်လာတော့မယ်လို့ သိရပါတယ်။

ယနေ့ ဩဂုတ်လ(၁၁)ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ YG Entertainment ရဲ့ ကြေညာချက်အရ AKMU အဖွဲ့ဟာ မားကတ်တင်းဗျူဟာအသစ်နဲ့ ပြန်လာမှာဖြစ်ပြီး စက်တင်ဘာလမှစတင်ကာ ယခုနှစ်ကုန်အထိ music video သုံးခု ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

Photo: akmu_suhyun/ Instagram

AKMU ရဲ့ နောက်ဆုံးထွက်ထားတဲ့ ၂၀၁၉ခုနှစ်က အယ်လ်ဘမ်ပြီးတည်းက ပရိသတ်တွေဟာ ဒီအဖွဲ့ရဲ့ ရင့်ကျက်လာမှုကို မျက်မြင်ကိုယ်တွေ့ ခံစားခဲ့ရပြီမို့ အခုလာမယ့်သီချင်းတွေဟာ ယခင်က ထွက်ရှိပြီးခဲ့တဲ့ သီချင်းတွေထက် ပိုအဓိပ္ပာယ် လေးနက်တာမျိုးတွေကို ခံစားကြရမှာဖြစ်တယ်လို့ YG က ဆိုထားပါတယ်။ ငါးက ရေနဲ့တွေ့သွားသလိုပဲ လာမယ့်သီချင်းတွေဟာ AKMU အတွက် ဖန်တီးမှုအပြည့်အဝ အပ်နှင်းခံထားရတာ ဖြစ်လို့ ပရိသတ်တွေအနေနဲ့ စောင့်မျှော်နေကြပါလို့လည်း YG  က တိုက်တွန်းထားပါသေးတယ်။

ဒါဟာ ၂၀၁၉ခုနှစ် အောက်တိုဘာလက အယ်လ်ဘမ်ထွက်ရှိပြီး (၁၁)လအကြာမှာ ပထမဆုံး comeback ပြန်လာမှာ ဖြစ်ပါတယ်။ AKMU အဖွဲ့ဟာ ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို တခဲနက် ရရှိထားတဲ့အဖွဲ့ ဖြစ်သလို music chart တွေမှာလည်း ရလဒ်ကောင်းတွေ ဖန်တီးနိုင်လေ့ရှိတာကြောင့် ယခု comeback မှာ YG ဘက်ကရော ဘယ်လိုမားကတ်တင်းနည်းဗျူဟာတွေ သုံးသွားမလည်းဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။

Photo: akmu_suhyun/ Instagram

ဒီနှစ်ယောက်တွဲအဖွဲ့လေးနဲ့ သိပ်မရင်းနှီးသေးတဲ့ စာဖတ်သူတွေကို အနည်းငယ် မိတ်ဆက်ပေးရမယ်ဆိုရင်တော့ AKMU အဖွဲ့ဟာ မောင်နှမနှစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့လေး ဖြစ်ပါတယ်။ Lee Chanhyuk နဲ့ Lee Soohyun ဆိုတဲ့ မောင်နှမနှစ်ယောက်ဖြစ်ပြီး သူတို့သီဆိုတဲ့ တေးသီချင်းအားလုံးကို ကိုယ်တိုင်ရေးသားဖန်တီးပြီး သီဆိုကြသူတွေလည်း ဖြစ်ပါတယ်။

Glasgow

Source: koreaboo

(Zawgyi Version)

YG Entertainment ရဲ႕ ေၾကညာခ်က္အရ ႏွစ္ေယာက္တြဲအဖြဲ႕ျဖစ္တဲ့ AKMU အဖြဲ႕ဟာ လာမယ့္စက္တင္ဘာလမွာ comeback ျပန္လာေတာ့မယ္လို႔ သိရပါတယ္။

ယေန႔ ဩဂုတ္လ(၁၁)ရက္ေန႔မွာ ထုတ္ျပန္လိုက္တဲ့ YG Entertainment ရဲ႕ ေၾကညာခ်က္အရ AKMU အဖြဲ႕ဟာ မားကတ္တင္းဗ်ဴဟာအသစ္နဲ႔ ျပန္လာမွာျဖစ္ၿပီး စက္တင္ဘာလမွစတင္ကာ ယခုႏွစ္ကုန္အထိ music video သုံးခု ထုတ္လႊင့္သြားမယ္လို႔ သိရပါတယ္။

Photo: akmu_suhyun/ Instagram

AKMU ရဲ႕ ေနာက္ဆုံးထြက္ထားတဲ့ ၂၀၁၉ခုႏွစ္က အယ္လ္ဘမ္ၿပီးတည္းက ပရိသတ္ေတြဟာ ဒီအဖြဲ႕ရဲ႕ ရင့္က်က္လာမႈကို မ်က္ျမင္ကိုယ္ေတြ႕ ခံစားခဲ့ရၿပီမို႔ အခုလာမယ့္သီခ်င္းေတြဟာ ယခင္က ထြက္ရွိၿပီးခဲ့တဲ့ သီခ်င္းေတြထက္ ပိုအဓိပၸာယ္ ေလးနက္တာမ်ိဳးေတြကို ခံစားၾကရမွာျဖစ္တယ္လို႔ YG က ဆိုထားပါတယ္။ ငါးက ေရနဲ႔ေတြ႕သြားသလိုပဲ လာမယ့္သီခ်င္းေတြဟာ AKMU အတြက္ ဖန္တီးမႈအျပည့္အဝ အပ္ႏွင္းခံထားရတာ ျဖစ္လို႔ ပရိသတ္ေတြအေနနဲ႔ ေစာင့္ေမွ်ာ္ေနၾကပါလို႔လည္း YG  က တိုက္တြန္းထားပါေသးတယ္။

ဒါဟာ ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလက အယ္လ္ဘမ္ထြက္ရွိၿပီး (၁၁)လအၾကာမွာ ပထမဆုံး comeback ျပန္လာမွာ ျဖစ္ပါတယ္။ AKMU အဖြဲ႕ဟာ ပရိသတ္ရဲ႕ ခ်စ္ခင္အားေပးမႈကို တခဲနက္ ရရွိထားတဲ့အဖြဲ႕ ျဖစ္သလို music chart ေတြမွာလည္း ရလဒ္ေကာင္းေတြ ဖန္တီးႏိုင္ေလ့ရွိတာေၾကာင့္ ယခု comeback မွာ YG ဘက္ကေရာ ဘယ္လိုမားကတ္တင္းနည္းဗ်ဴဟာေတြ သုံးသြားမလည္းဆိုတာ ပရိသတ္ေတြက စိတ္ဝင္စားေနၾကပါတယ္။

Photo: akmu_suhyun/ Instagram

ဒီႏွစ္ေယာက္တြဲအဖြဲ႕ေလးနဲ႔ သိပ္မရင္းႏွီးေသးတဲ့ စာဖတ္သူေတြကို အနည္းငယ္ မိတ္ဆက္ေပးရမယ္ဆိုရင္ေတာ့ AKMU အဖြဲ႕ဟာ ေမာင္ႏွမႏွစ္ေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ အဖြဲ႕ေလး ျဖစ္ပါတယ္။ Lee Chanhyuk နဲ႔ Lee Soohyun ဆိုတဲ့ ေမာင္ႏွမႏွစ္ေယာက္ျဖစ္ၿပီး သူတို႔သီဆိုတဲ့ ေတးသီခ်င္းအားလုံးကို ကိုယ္တိုင္ေရးသားဖန္တီးၿပီး သီဆိုၾကသူေတြလည္း ျဖစ္ပါတယ္။

Glasgow

Source: koreaboo

 

 

RELATED ARTICLES

Most Popular