HomeCelebs Update NewsKoreaမူးယစ္ေဆးမႈအခ်ိဳ႕ကို B.I က ၀န္ခံလိုက္တယ္လို႔ ရဲတပ္ဖြဲ႕မွ အတည္ျပဳေျပာၾကား

မူးယစ္ေဆးမႈအခ်ိဳ႕ကို B.I က ၀န္ခံလိုက္တယ္လို႔ ရဲတပ္ဖြဲ႕မွ အတည္ျပဳေျပာၾကား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

iKON အဖြဲ႕၀င္ေဟာင္း B.I ဟာ အခ်ိဳ႕ေသာ မူးယစ္ေဆး၀ါးျပစ္မႈမ်ားနဲ႔ ပတ္သက္ၿပီး ကိုယ္တိုင္က ၀န္ခံလိုက္တယ္လို႔ ရဲတပ္ဖြဲ႕က အတည္ျပဳေျပာၾကားခဲ့ၿပီး အမႈအတြက္ လိုအပ္တဲ့ စုံစမ္းစစ္ေဆးမႈမ်ားကို ထပ္တိုးလုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ေဂ်ာင္ဂီၿမိဳ႕ေတာင္ပိုင္း ရဲစခန္းရဲ႕ မူးယစ္ေဆး၀ါးျပစ္မႈမ်ား ကိုင္တြယ္ေရး အဖြဲ႕မွ ေျပာေရးဆိုခြင့္ရရိွသူတစ္ဦးက Dispatch သတင္းဌာနကို စက္တင္ဘာလ(၁၈)ရက္ေန႔က တယ္လီဖုန္းနဲ႔ ေျဖၾကားေပးခဲ့တာျဖစ္ၿပီး B.I ဟာ သူ႔ကိုစြဲဆိုထားတဲ့ ျပစ္မႈေတြထဲက အခ်ိဳ႕ေသာ မူးယစ္မႈေတြကို ၀န္ခံခဲ့တယ္လို႔ သိရပါတယ္။

Photo: south china morning post

B.I ဟာ မူးယစ္မႈအခ်ိဳ႕ကို ၀န္ခံခ်က္ေပးလိုက္တဲ့အတြက္ သက္ေသအျဖစ္ကေန သံသယရိွသူအျဖစ္ ေျပာင္းလဲသတ္မွတ္ခံခဲ့ရၿပီး မူးယစ္ေဆး၀ါးထိန္းခ်ဳပ္မႈ ဥပေဒကို ခ်ိဳးေဖာက္မႈနဲ႔ ေဂ်ာင္ဂီရဲစခန္းမွ အေရးယူသြားမွာ ျဖစ္ပါတယ္။ လက္ရိွျဖစ္ေနဆဲ အမႈနဲ႔ ပတ္သက္ၿပီးေတာ့လည္း B.I ကို သံသယရိွသူတစ္ေယာက္အျဖစ္ ဆက္လက္ စစ္ေဆးသြားမွာျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။

B.I ဘက္က ၀န္ခံခ်က္ေပးလိုက္ေပမယ့္ အခ်ိဳ႕သက္ေသထြက္ဆိုၿပီးသား အရာေတြနဲ႔ ကြဲလြဲမႈေတြ ရိွေနတယ္လုိ႔လည္း သိရပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း အမႈကို ဆက္လက္တူးေဖာ္သြားမွာျဖစ္တယ္လို႔ ေဂ်ာင္ဂီစခန္းက Dispatch ကို ေျဖၾကားထားပါတယ္။

Photo: wikimedia commons

ဒါ့အျပင္ Yang Hyun Suk ကိုလည္း ၿခိမ္းေျခာက္မႈနဲ႔ ပတ္သက္ၿပီး မၾကာခင္မွာ ဆင့္ေခၚေမးျမန္းစစ္ေဆးသြားမယ္လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။ ဒီအမႈကို မၾကာခင္မွာ တရားစြဲဆိုဖို႔အတြက္ ရုံးေတာ္ကို တင္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

LaNina

(Unicode Version)

iKON အဖွဲ့ဝင်ဟောင်း B.I ဟာ အချို့သော မူးယစ်ဆေးဝါးပြစ်မှုများနဲ့ ပတ်သက်ပြီး ကိုယ်တိုင်က ဝန်ခံလိုက်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့ပြီး အမှုအတွက် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုများကို ထပ်တိုးလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဂျောင်ဂီမြို့တောင်ပိုင်း ရဲစခန်းရဲ့ မူးယစ်ဆေးဝါးပြစ်မှုများ ကိုင်တွယ်ရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရရှိသူတစ်ဦးက Dispatch သတင်းဌာနကို စက်တင်ဘာလ(၁၈)ရက်နေ့က တယ်လီဖုန်းနဲ့ ဖြေကြားပေးခဲ့တာဖြစ်ပြီး B.I ဟာ သူ့ကိုစွဲဆိုထားတဲ့ ပြစ်မှုတွေထဲက အချို့သော မူးယစ်မှုတွေကို ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

Photo: south china morning post

B.I ဟာ မူးယစ်မှုအချို့ကို ဝန်ခံချက်ပေးလိုက်တဲ့အတွက် သက်သေအဖြစ်ကနေ သံသယရှိသူအဖြစ် ပြောင်းလဲသတ်မှတ်ခံခဲ့ရပြီး မူးယစ်ဆေးဝါးထိန်းချုပ်မှု ဥပဒေကို ချိုးဖောက်မှုနဲ့ ဂျောင်ဂီရဲစခန်းမှ အရေးယူသွားမှာ ဖြစ်ပါတယ်။ လက်ရှိဖြစ်နေဆဲ အမှုနဲ့ ပတ်သက်ပြီးတော့လည်း B.I ကို သံသယရှိသူတစ်ယောက်အဖြစ် ဆက်လက် စစ်ဆေးသွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

B.I ဘက်က ဝန်ခံချက်ပေးလိုက်ပေမယ့် အချို့သက်သေထွက်ဆိုပြီးသား အရာတွေနဲ့ ကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အမှုကို ဆက်လက်တူးဖော်သွားမှာဖြစ်တယ်လို့ ဂျောင်ဂီစခန်းက Dispatch ကို ဖြေကြားထားပါတယ်။

Photo: wikimedia commons

ဒါ့အပြင် Yang Hyun Suk ကိုလည်း ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး မကြာခင်မှာ ဆင့်ခေါ်မေးမြန်းစစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒီအမှုကို မကြာခင်မှာ တရားစွဲဆိုဖို့အတွက် ရုံးတော်ကို တင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

LaNina

 

RELATED ARTICLES

Most Popular