HomeDramaဒရာမာချစ်သူတိုင်း ကြည့်ထားသင့်တဲ့ ယခုနှစ်ရဲ့ Baeksang Arts Awards ဆုရ စီးရီးများ 

ဒရာမာချစ်သူတိုင်း ကြည့်ထားသင့်တဲ့ ယခုနှစ်ရဲ့ Baeksang Arts Awards ဆုရ စီးရီးများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Baeksang အနုပညာ ဆုပေးပွဲဟာ တောင်ကိုရီးယားရဲ့ ဩဇာတိက္ကမရှိတဲ့ ဆုတစ်ခု ဖြစ်ပါတယ်။ ဒီဆုပေးပွဲကိုတော့ နှစ်စဉ် ကျင်းပလေ့ရှိပြီး ရုပ်ရှင်၊ ပြဇာတ်နဲ့ ရုပ်မြင်သံကြားတွေမှာ တင်ဆက် ပြသခဲ့တဲ့ ဇာတ်ကားတွေကို စိစစ်ရွေးချယ်ပြီး ဆုချီးမြှင့်တဲ့ ကိုရီးယားရဲ့ တစ်ခုတည်းသော ဆုပေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ (၅၇)ကြိမ်မြောက် Baeksang ဆုပေးပွဲကို ကျင်းပပြီးစီးခဲ့ပြီး ပြောင်မြောက်တဲ့ ရုပ်ရှင်နဲ့ ဒရာမာတွေလည်း ဆုချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ဒီထဲကမှ ကိုရီးယားဒရာမာချစ်သူတွေ မဖြစ်မနေ ကြည့်ရှုထားသင့်တဲ့ ဆုရ ဒရာမာ(၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(1) Beyond Evil
Photo via soompi

ဒီဒရာမာကတော့ (၅၇)ကြိမ်မြောက် Baeksang မှာ category (၇)ခုနဲ့ စံကာတင်စာရင်း ဝင်ခဲ့တဲ့ ဒရာမာတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ Lee Dong Sik နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Shin Ha Kyun က အကောင်းဆုံး သရုပ်ဆောင်ဆုတို့ ဆွတ်ခူးခဲ့ပါတယ်။ Beyond Evil ဟာ စံကာတင်စာရင်းထဲက ဒရာမာတွေအားလုံးထဲမှာ ဆုအများဆုံး ဆွတ်ခူးခဲ့တဲ့ ဒရာမာလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ မြို့ငယ်လေးတစ်ခုမှာ ရဲအရာရှိတစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့ Lee Dong Sik ဆိုတဲ့ လူတစ်ယောက်ရဲ့အကြောင်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဆိုးလ်မြို့က ပြောင်းလာတဲ့ Han Joo Won ဆိုတဲ့ ရဲအရာရှိတစ်ယောက် သူတို့မြို့ငယ်လေးကို တာဝန်ကျလာပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ပူးပေါင်းပြီး လွန်ခဲ့တဲ့ နှစ်နှစ်လောက်တည်းက မြို့ကို တောက်လျှောက် ဒုက္ခပေးလာတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို လိုက်လံစုံစမ်း ဖော်ထုတ်ရပါတော့တယ်။

(2) Flower of Evil
Photo via soompi

Flower of Evil ကတော့ စံကာတင်ငါးဆု ဝင်ခဲ့ပြီး ဒါရိုက်တာ Kim Cheol Kyu က အကောင်းဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးသွားပါတယ်။ ဒီစီးရီးဟာ အကောင်းဆုံးဇာတ်ကား၊ အကောင်းဆုံး ဇာတ်ညွှန်း၊ အကောင်းဆုံး သရုပ်ဆောင်နဲ့ အကောင်းဆုံး ဇာတ်ပို့ဆုတွေမှာလည်း စံကာတင်ဝင်ခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ လက်မှုပညာသည် Baek Hee Sung ဟာ Cha Ji Won ဆိုတဲ့ အမျိုးသမီးစုံထောက်တစ်ယောက်နဲ့  လက်ထပ်ထားပါတယ်။ သူတို့ဇနီးမောင်နှံမှာ သမီးလေးတစ်ယောက်လည်း ရှိပြီး အကြမ်းအားဖြင့် ပျော်ရွှင်စရာ သာမန်ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မိသားစုလို့ မြင်နိုင်ပါတယ်။ ဇနီးသည်ဖြစ်သူ Cha Ji Won မသိတာတစ်ခုကတော့ သူ့ရဲ့ခင်ပွန်းသည် Baek Hee Sung နဲ့ ပတ်သက်တဲ့ အတိတ်ဆိုးတစ်ခုနဲ့ နှစ်ပေါင်းများစွာ သူ ဖုံးကွယ်ထားတဲ့အရာတွေပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ သူမ အမှုတစ်ခုကို တာဝန်ယူ စုံစမ်းရတဲ့အခါ အဲ့ဒီအမှုက သူမရဲ့ခင်ပွန်းသည်နဲ့ ဆက်နွယ်နေတာကို သိလိုက်ရပါတော့တယ်။

Baek Hee Sung နေရာမှာ Lee Joon Gi က သရုပ်ဆောင်ထားပြီး Cha Ji Won နေရာမှာတော့ Moon Chae Won က သရုပ်ဆောင်ထားပါတယ်။

(3) The Penthouse
Photo via soompi

ယခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကိုတော့ Kim So Yeon က ထိုက်တန်စွာ ဆွတ်ခူးသွားပါတယ်။ ဒါတင်မက ဒီစီးရီးဟာ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံး မျက်နှာသစ် အမျိုးသားသရုပ်ဆောင်ဆုနဲ့ အကောင်းဆုံး မျက်နှာသစ် အမျိုးသမီးသရုပ်ဆောင်ဆုတို့မှာပါ စံကာတင်ဝင်ခဲ့ပါသေးတယ်။

ဇာတ်လမ်းကတော့ ကျောင်းသူဘဝတည်းကနေ ပြိုင်ဖက်တွေအဖြစ် ကြာမြင့်စွာ ယှဉ်ပြိုင်လာခဲ့ကြတဲ့ Cheon Seo Jin နဲ့ Oh Yoon Hee ဆိုတဲ့ အော်ပရာအဆိုတော်နှစ်ယောက်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အရှုပ်တော်ပုံဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာကြတဲ့အခါမှာတော့ Cheon Seo Jin ဟာ လူချမ်းသာအသိုင်းအဝိုင်းတွေပဲ နေထိုင်နိုင်တဲ့ ဇိမ်ခံကွန်ဒိုတစ်ခုမှာ ထင်ပေါ်ကျော်ကြားစွာနဲ့ ချမ်းချမ်းသာသာ နေထိုင်နေပါတယ်။ နောက်ပိုင်းမှာတော့ Oh Yoon Hee အပါအဝင် အဆိုပါ ဇိမ်ခံကွန်ဒိုကြီးမှာ နေထိုင်ကြသူ မိသားစုတွေဟာ လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်မိသွားကြပြီး သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ စည်းစိမ်ဥစ္စာတွေအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြပါတော့တယ်။

(4) It’s Okay To Not Be Okay
Photo via soompi

ဒီဇာတ်လမ်းတွဲဟာလည်း အကောင်းဆုံးဒရာမာ၊ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတွေမှာ စံကာတင် ဝင်ခဲ့ပြီး Oh Jung Se ကတော့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဇာတ်လမ်းကတော့ Moon Kang Tae ဟာ စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ လူနာပြုစုစောင့်ရှောက်သူအဖြစ် လုပ်ကိုင်ပါတယ်။ ဒီလိုနဲ့ သူဟာ Go Moon Young လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ Go Moon Young ကတော့ သာမန်မဟုတ်တဲ့ ကလေးစာအုပ်တွေကို ရေးသားနေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး Moon Kang Tae ကို အလွန်သဘောကျသွားပါတယ်။ ဒါကြောင့်ပဲ Go Moon Young ဟာ Moon Kang Tae ရဲ့ နှလုံးသားကို အပိုင်သိမ်းမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပေမယ့် တစ်ဘက်မှာတော့ Moon Kang Tae ဟာ သူ့ရဲ့အော်တစ်ဆင်ဖြစ်နေတဲ့ အစ်ကိုကို စောင့်ရှောက်ဖို့ တာဝန်ရှိတာကြောင့် နှလုံးသားရေးရာမှာ စိတ်မဝင်စားနိုင်ဘူး ဖြစ်နေပါတယ်။

Moon Kang Tae နေရာမှာတော့ Kim Soo Hyun က သရုပ်ဆောင်ထားပြီး Go Moon Young နေရာမှာတော့ Seo Ye Ji က သရုပ်ဆောင်ထားပါတယ်။

(5) The Uncanny Counter
Photo via soompi

လူကြိုက်များတဲ့ ဝက်ဘ်တွန်းတစ်ခုကို အခြေခံ ရိုက်ကူးထားတဲ့ ဒီဒရာမာဟာလည်း စံကာတင်စာရင်းတွေ ဝင်ခဲ့ပါသေးတယ်။ Choo Mae Ok နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Yeom Hye Ran ကတော့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးခဲ့ပါတယ်။

The Uncanny Counter ထဲမှာတော့ Jo Byeong Gu ၊ Yoo Joon Sang ၊ Kim Sejeong နဲ့ Yeom Hye Ran တို့က အဓိက သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ မိဘတွေနဲ့အတူ ကားအက်ဆီးဒင့်တစ်ခု ကြုံတွေ့လိုက်ရပြီးနောက် မိဘမဲ့ဘဝ ရောက်ရှိသွားရတဲ့ So Moon ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ အထက်တန်းကျောင်းသားလေး So Moon ဟာ အမျိုးအမည်မသိရတဲ့ စွမ်းအားတစ်မျိုးကို ရရှိသွားပါတယ်။ အဲ့ဒီအစွမ်းကတော့ တမလွန်ကို သွားဖို့ ငြင်းဆန်နေတဲ့ မကောင်းဆိုးဝါး ဝိဉာဉ်တွေကို တိုက်ခိုက်နိုင်တဲ့အစွမ်းပဲ ဖြစ်ပါတယ်။

(6) 18 Again
Photo via soompi

18 Again ကတော့ စံကာတင်စာရင်းမှာ တစ်ဆုတည်းဝင်ပြီး အဲ့ဒီတစ်ဆုတည်းကပဲ ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ Hong Dae Young အဖြစ် သရုပ်ဆောင်ထားတဲ့ Lee Do Hyun ဟာ အကောင်းဆုံး မျက်နှာသစ် အမျိုးသားသရုပ်ဆောင်ဆုကို ရရှိသွားတာ ဖြစ်ပါတယ်။

Hong Dae Young ဆိုတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ဟာ ချစ်သူကောင်မလေးနဲ့ ကိုယ်ဝန်ရသွားတဲ့အတွက် မတတ်သာတော့ဘဲ နှစ်ယောက်သား လက်ထပ်လိုက်ရပါတယ်။ Hong Dae Young ဟာ ဘတ်စကတ်ဘော ကစားသမားဖြစ်ချင်တဲ့ သူ့ရဲ့အိပ်မက်ကို စွန့်လွှတ်လိုက်ရပြီး သူ့ရဲ့ဇနီးသည်ကတော့ အစီအစဉ်တင်ဆက်သူ ဖြစ်ချင်တဲ့ အိပ်မက်ကို စွန့်လွှတ်လိုက်ရပါတယ်။ ဒီလိုနဲ့ ကြောက်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ပြီးနောက်မှာတော့ သတ်လတ်ပိုင်းအရွယ် ရောက်နေပြီဖြစ်တဲ့ Hong Dae Young ဟာ (၁၈)နှစ်အရွယ်ကို ပြန်ရောက်နေတာ သိလိုက်ရပါတော့တယ်။

(7) Extracurricular
Photo via soompi

ဒီဒရာမာဟာလည်း စံကာတင်စာရင်းတွေ ဝင်ခဲ့ပြီး Bae Gyu Ri အဖြစ် သရုပ်ဆောင်ထားတဲ့ Park Ju Hyun ကတော့ မျက်နှာသစ် အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိသွားပါတယ်။

ဇာတ်လမ်းကတော့ Oh Ji Soo ဆိုတဲ့ စာတော်တဲ့ အထက်တန်းကျောင်းသားတစ်ယောက်မှာ တရားမဝင်တဲ့ အလုပ်တစ်ခု ရှိနေပါတယ်။ သူဟာ မိသားစုရဲ့ ပစ်ပယ်ခြင်းကို ခံထားရသူဖြစ်တာကြောင့် အသက်ဆက်ဖို့အတွက် ဒီအလုပ်ကို လုပ်နေရတာပါ။ Seo Min Hee နဲ့ Bae Gyu Ri တို့ ကျောင်းသူနှစ်ဦးဟာလည်း Oh Ji Soo နဲ့ တစ်ကျောင်းတည်း တက်နေသူတွေ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ကပါ Oh Ji Soo ရဲ့ အလုပ်ထဲမှာ ပါဝင်ပတ်သက်လာကြပါတော့တယ်။

ဒါကတော့ (၅၇)ကြိမ်မြောက် Baeksang Arts Awards မှာ ဆွတ်ခူးထားတဲ့ ဆုရဒရာမာတွေထဲက မဖြစ်မနေ ကြည့်ရှုထားသင့်တဲ့ (၇)ကား ဖြစ်ပါတယ်။ ဘယ်စီးရီးတွေ ကြည့်ပြီးပြီလဲ။ ဘယ်လိုခံစားရလည်းဆိုတဲ့ အမြင်လေးတွေလည်း ကောမန့်မှာ မျှဝေပေးခဲ့ကြပါဦး။

Linda December
(Zawgyi Version)

Baeksang အႏုပညာ ဆုေပးပြဲဟာ ေတာင္ကိုရီးယားရဲ႕ ဩဇာတိကၠမရွိတဲ့ ဆုတစ္ခု ျဖစ္ပါတယ္။ ဒီဆုေပးပြဲကိုေတာ့ ႏွစ္စဥ္ က်င္းပေလ့ရွိၿပီး ႐ုပ္ရွင္၊ ျပဇာတ္နဲ႔ ႐ုပ္ျမင္သံၾကားေတြမွာ တင္ဆက္ ျပသခဲ့တဲ့ ဇာတ္ကားေတြကို စိစစ္ေ႐ြးခ်ယ္ၿပီး ဆုခ်ီးျမႇင့္တဲ့ ကိုရီးယားရဲ႕ တစ္ခုတည္းေသာ ဆုေပးပြဲတစ္ခုလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ကေတာ့ (၅၇)ႀကိမ္ေျမာက္ Baeksang ဆုေပးပြဲကို က်င္းပၿပီးစီးခဲ့ၿပီး ေျပာင္ေျမာက္တဲ့ ႐ုပ္ရွင္နဲ႔ ဒရာမာေတြလည္း ဆုခ်ီးျမႇင့္ျခင္း ခံခဲ့ရပါတယ္။ ဒီထဲကမွ ကိုရီးယားဒရာမာခ်စ္သူေတြ မျဖစ္မေန ၾကည့္ရႈထားသင့္တဲ့ ဆုရ ဒရာမာ(၇)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) Beyond Evil
Photo via soompi

ဒီဒရာမာကေတာ့ (၅၇)ႀကိမ္ေျမာက္ Baeksang မွာ category (၇)ခုနဲ႔ စံကာတင္စာရင္း ဝင္ခဲ့တဲ့ ဒရာမာတစ္ခု ျဖစ္ပါတယ္။ ဒါ့အျပင္ အေကာင္းဆုံး ဇာတ္ကားဆု၊ အေကာင္းဆုံး ဇာတ္ၫႊန္းဆုနဲ႔ Lee Dong Sik ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Shin Ha Kyun က အေကာင္းဆုံး သ႐ုပ္ေဆာင္ဆုတို႔ ဆြတ္ခူးခဲ့ပါတယ္။ Beyond Evil ဟာ စံကာတင္စာရင္းထဲက ဒရာမာေတြအားလုံးထဲမွာ ဆုအမ်ားဆုံး ဆြတ္ခူးခဲ့တဲ့ ဒရာမာလည္း ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ ၿမိဳ႕ငယ္ေလးတစ္ခုမွာ ရဲအရာရွိတစ္ေယာက္အျဖစ္ လုပ္ကိုင္ေနတဲ့ Lee Dong Sik ဆိုတဲ့ လူတစ္ေယာက္ရဲ႕အေၾကာင္း ျဖစ္ပါတယ္။ တစ္ေန႔မွာေတာ့ ဆိုးလ္ၿမိဳ႕က ေျပာင္းလာတဲ့ Han Joo Won ဆိုတဲ့ ရဲအရာရွိတစ္ေယာက္ သူတို႔ၿမိဳ႕ငယ္ေလးကို တာဝန္က်လာပါတယ္။ ဒီလိုနဲ႔ သူတို႔ႏွစ္ေယာက္ ပူးေပါင္းၿပီး လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္တည္းက ၿမိဳ႕ကို ေတာက္ေလွ်ာက္ ဒုကၡေပးလာတဲ့ ကြင္းဆက္လူသတ္သမားတစ္ေယာက္ကို လိုက္လံစုံစမ္း ေဖာ္ထုတ္ရပါေတာ့တယ္။

(2) Flower of Evil
Photo via soompi

Flower of Evil ကေတာ့ စံကာတင္ငါးဆု ဝင္ခဲ့ၿပီး ဒါ႐ိုက္တာ Kim Cheol Kyu က အေကာင္းဆုံး ဒါ႐ိုက္တာဆုကို ဆြတ္ခူးသြားပါတယ္။ ဒီစီးရီးဟာ အေကာင္းဆုံးဇာတ္ကား၊ အေကာင္းဆုံး ဇာတ္ၫႊန္း၊ အေကာင္းဆုံး သ႐ုပ္ေဆာင္နဲ႔ အေကာင္းဆုံး ဇာတ္ပို႔ဆုေတြမွာလည္း စံကာတင္ဝင္ခဲ့တာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ လက္မႈပညာသည္ Baek Hee Sung ဟာ Cha Ji Won ဆိုတဲ့ အမ်ိဳးသမီးစုံေထာက္တစ္ေယာက္နဲ႔  လက္ထပ္ထားပါတယ္။ သူတို႔ဇနီးေမာင္ႏွံမွာ သမီးေလးတစ္ေယာက္လည္း ရွိၿပီး အၾကမ္းအားျဖင့္ ေပ်ာ္႐ႊင္စရာ သာမန္ဘဝေလးကို ပိုင္ဆိုင္ထားတဲ့ မိသားစုလို႔ ျမင္ႏိုင္ပါတယ္။ ဇနီးသည္ျဖစ္သူ Cha Ji Won မသိတာတစ္ခုကေတာ့ သူ႔ရဲ႕ခင္ပြန္းသည္ Baek Hee Sung နဲ႔ ပတ္သက္တဲ့ အတိတ္ဆိုးတစ္ခုနဲ႔ ႏွစ္ေပါင္းမ်ားစြာ သူ ဖုံးကြယ္ထားတဲ့အရာေတြပဲ ျဖစ္ပါတယ္။ ဒီလိုနဲ႔ တစ္ရက္မွာ သူမ အမႈတစ္ခုကို တာဝန္ယူ စုံစမ္းရတဲ့အခါ အဲ့ဒီအမႈက သူမရဲ႕ခင္ပြန္းသည္နဲ႔ ဆက္ႏြယ္ေနတာကို သိလိုက္ရပါေတာ့တယ္။

Baek Hee Sung ေနရာမွာ Lee Joon Gi က သ႐ုပ္ေဆာင္ထားၿပီး Cha Ji Won ေနရာမွာေတာ့ Moon Chae Won က သ႐ုပ္ေဆာင္ထားပါတယ္။

(3) The Penthouse
Photo via soompi

ယခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသမီးသ႐ုပ္ေဆာင္ဆုကိုေတာ့ Kim So Yeon က ထိုက္တန္စြာ ဆြတ္ခူးသြားပါတယ္။ ဒါတင္မက ဒီစီးရီးဟာ အေကာင္းဆုံး အမ်ိဳးသားသ႐ုပ္ေဆာင္ဆု၊ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆု၊ အေကာင္းဆုံး မ်က္ႏွာသစ္ အမ်ိဳးသားသ႐ုပ္ေဆာင္ဆုနဲ႔ အေကာင္းဆုံး မ်က္ႏွာသစ္ အမ်ိဳးသမီးသ႐ုပ္ေဆာင္ဆုတို႔မွာပါ စံကာတင္ဝင္ခဲ့ပါေသးတယ္။

ဇာတ္လမ္းကေတာ့ ေက်ာင္းသူဘဝတည္းကေန ၿပိဳင္ဖက္ေတြအျဖစ္ ၾကာျမင့္စြာ ယွဥ္ၿပိဳင္လာခဲ့ၾကတဲ့ Cheon Seo Jin နဲ႔ Oh Yoon Hee ဆိုတဲ့ ေအာ္ပရာအဆိုေတာ္ႏွစ္ေယာက္နဲ႔ ပတ္သက္ဆက္ႏြယ္ေနတဲ့ အရႈပ္ေတာ္ပုံဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။ ဒီလိုနဲ႔ အ႐ြယ္ေရာက္လာၾကတဲ့အခါမွာေတာ့ Cheon Seo Jin ဟာ လူခ်မ္းသာအသိုင္းအဝိုင္းေတြပဲ ေနထိုင္ႏိုင္တဲ့ ဇိမ္ခံကြန္ဒိုတစ္ခုမွာ ထင္ေပၚေက်ာ္ၾကားစြာနဲ႔ ခ်မ္းခ်မ္းသာသာ ေနထိုင္ေနပါတယ္။ ေနာက္ပိုင္းမွာေတာ့ Oh Yoon Hee အပါအဝင္ အဆိုပါ ဇိမ္ခံကြန္ဒိုႀကီးမွာ ေနထိုင္ၾကသူ မိသားစုေတြဟာ လူသတ္မႈတစ္ခုမွာ ပါဝင္ပတ္သက္မိသြားၾကၿပီး သူတို႔ရဲ႕ဂုဏ္သိကၡာနဲ႔ စည္းစိမ္ဥစၥာေတြအတြက္ ယွဥ္ၿပိဳင္တိုက္ခိုက္ၾကပါေတာ့တယ္။

(4) It’s Okay To Not Be Okay
Photo via soompi

ဒီဇာတ္လမ္းတြဲဟာလည္း အေကာင္းဆုံးဒရာမာ၊ အေကာင္းဆုံး အမ်ိဳးသားသ႐ုပ္ေဆာင္ဆု၊ အေကာင္းဆုံး အမ်ိဳးသမီးသ႐ုပ္ေဆာင္ဆုနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုေတြမွာ စံကာတင္ ဝင္ခဲ့ၿပီး Oh Jung Se ကေတာ့ အေကာင္းဆုံး အမ်ိဳးသားဇာတ္ပို႔ဆုကို ဆြတ္ခူးခဲ့ပါတယ္။

ဇာတ္လမ္းကေတာ့ Moon Kang Tae ဟာ စိတ္က်န္းမာေရးေဆး႐ုံတစ္ခုမွာ လူနာျပဳစုေစာင့္ေရွာက္သူအျဖစ္ လုပ္ကိုင္ပါတယ္။ ဒီလိုနဲ႔ သူဟာ Go Moon Young လို႔ေခၚတဲ့ အမ်ိဳးသမီးတစ္ဦးနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ Go Moon Young ကေတာ့ သာမန္မဟုတ္တဲ့ ကေလးစာအုပ္ေတြကို ေရးသားေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး Moon Kang Tae ကို အလြန္သေဘာက်သြားပါတယ္။ ဒါေၾကာင့္ပဲ Go Moon Young ဟာ Moon Kang Tae ရဲ႕ ႏွလုံးသားကို အပိုင္သိမ္းမယ္လို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္ေပမယ့္ တစ္ဘက္မွာေတာ့ Moon Kang Tae ဟာ သူ႔ရဲ႕ေအာ္တစ္ဆင္ျဖစ္ေနတဲ့ အစ္ကိုကို ေစာင့္ေရွာက္ဖို႔ တာဝန္ရွိတာေၾကာင့္ ႏွလုံးသားေရးရာမွာ စိတ္မဝင္စားႏိုင္ဘူး ျဖစ္ေနပါတယ္။

Moon Kang Tae ေနရာမွာေတာ့ Kim Soo Hyun က သ႐ုပ္ေဆာင္ထားၿပီး Go Moon Young ေနရာမွာေတာ့ Seo Ye Ji က သ႐ုပ္ေဆာင္ထားပါတယ္။

(5) The Uncanny Counter
Photo via soompi

လူႀကိဳက္မ်ားတဲ့ ဝက္ဘ္တြန္းတစ္ခုကို အေျခခံ ႐ိုက္ကူးထားတဲ့ ဒီဒရာမာဟာလည္း စံကာတင္စာရင္းေတြ ဝင္ခဲ့ပါေသးတယ္။ Choo Mae Ok ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Yeom Hye Ran ကေတာ့ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကို ဆြတ္ခူးခဲ့ပါတယ္။

The Uncanny Counter ထဲမွာေတာ့ Jo Byeong Gu ၊ Yoo Joon Sang ၊ Kim Sejeong နဲ႔ Yeom Hye Ran တို႔က အဓိက သ႐ုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းကေတာ့ မိဘေတြနဲ႔အတူ ကားအက္ဆီးဒင့္တစ္ခု ႀကဳံေတြ႕လိုက္ရၿပီးေနာက္ မိဘမဲ့ဘဝ ေရာက္ရွိသြားရတဲ့ So Moon ဆိုတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္း ျဖစ္ပါတယ္။ ဒီလိုနဲ႔ အထက္တန္းေက်ာင္းသားေလး So Moon ဟာ အမ်ိဳးအမည္မသိရတဲ့ စြမ္းအားတစ္မ်ိဳးကို ရရွိသြားပါတယ္။ အဲ့ဒီအစြမ္းကေတာ့ တမလြန္ကို သြားဖို႔ ျငင္းဆန္ေနတဲ့ မေကာင္းဆိုးဝါး ဝိဉာဥ္ေတြကို တိုက္ခိုက္ႏိုင္တဲ့အစြမ္းပဲ ျဖစ္ပါတယ္။

(6) 18 Again
Photo via soompi

18 Again ကေတာ့ စံကာတင္စာရင္းမွာ တစ္ဆုတည္းဝင္ၿပီး အဲ့ဒီတစ္ဆုတည္းကပဲ ဆြတ္ခူးခဲ့တာ ျဖစ္ပါတယ္။ Hong Dae Young အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Lee Do Hyun ဟာ အေကာင္းဆုံး မ်က္ႏွာသစ္ အမ်ိဳးသားသ႐ုပ္ေဆာင္ဆုကို ရရွိသြားတာ ျဖစ္ပါတယ္။

Hong Dae Young ဆိုတဲ့ အထက္တန္းေက်ာင္းသားတစ္ေယာက္ဟာ ခ်စ္သူေကာင္မေလးနဲ႔ ကိုယ္ဝန္ရသြားတဲ့အတြက္ မတတ္သာေတာ့ဘဲ ႏွစ္ေယာက္သား လက္ထပ္လိုက္ရပါတယ္။ Hong Dae Young ဟာ ဘတ္စကတ္ေဘာ ကစားသမားျဖစ္ခ်င္တဲ့ သူ႔ရဲ႕အိပ္မက္ကို စြန႔္လႊတ္လိုက္ရၿပီး သူ႔ရဲ႕ဇနီးသည္ကေတာ့ အစီအစဥ္တင္ဆက္သူ ျဖစ္ခ်င္တဲ့ အိပ္မက္ကို စြန႔္လႊတ္လိုက္ရပါတယ္။ ဒီလိုနဲ႔ ေၾကာက္စရာ အျဖစ္အပ်က္တစ္ခု ျဖစ္ပ်က္ၿပီးေနာက္မွာေတာ့ သတ္လတ္ပိုင္းအ႐ြယ္ ေရာက္ေနၿပီျဖစ္တဲ့ Hong Dae Young ဟာ (၁၈)ႏွစ္အ႐ြယ္ကို ျပန္ေရာက္ေနတာ သိလိုက္ရပါေတာ့တယ္။

(7) Extracurricular
Photo via soompi

ဒီဒရာမာဟာလည္း စံကာတင္စာရင္းေတြ ဝင္ခဲ့ၿပီး Bae Gyu Ri အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Park Ju Hyun ကေတာ့ မ်က္ႏွာသစ္ အမ်ိဳးသမီးသ႐ုပ္ေဆာင္ဆုကို ရရွိသြားပါတယ္။ ဇာတ္လမ္းကေတာ့ Oh Ji Soo ဆိုတဲ့ စာေတာ္တဲ့ အထက္တန္းေက်ာင္းသားတစ္ေယာက္မွာ တရားမဝင္တဲ့ အလုပ္တစ္ခု ရွိေနပါတယ္။ သူဟာ မိသားစုရဲ႕ ပစ္ပယ္ျခင္းကို ခံထားရသူျဖစ္တာေၾကာင့္ အသက္ဆက္ဖို႔အတြက္ ဒီအလုပ္ကို လုပ္ေနရတာပါ။ Seo Min Hee နဲ႔ Bae Gyu Ri တို႔ ေက်ာင္းသူႏွစ္ဦးဟာလည္း Oh Ji Soo နဲ႔ တစ္ေက်ာင္းတည္း တက္ေနသူေတြ ျဖစ္ပါတယ္။ ဒီလိုနဲ႔ပဲ သူတို႔ႏွစ္ေယာက္ကပါ Oh Ji Soo ရဲ႕ အလုပ္ထဲမွာ ပါဝင္ပတ္သက္လာၾကပါေတာ့တယ္။

ဒါကေတာ့ (၅၇)ႀကိမ္ေျမာက္ Baeksang Arts Awards မွာ ဆြတ္ခူးထားတဲ့ ဆုရဒရာမာေတြထဲက မျဖစ္မေန ၾကည့္ရႈထားသင့္တဲ့ (၇)ကား ျဖစ္ပါတယ္။ ဘယ္စီးရီးေတြ ၾကည့္ၿပီးၿပီလဲ။ ဘယ္လိုခံစားရလည္းဆိုတဲ့ အျမင္ေလးေတြလည္း ေကာမန႔္မွာ မွ်ေဝေပးခဲ့ၾကပါဦး။

Linda December

 

RELATED ARTICLES

Most Popular