HomeCelebs Update NewsKoreaEXO နဲ့ NCT ပွဲထွက်ခဲ့ရပုံချင်း အခြေအနေကွာခြားတာကို ရင်ဖွင့်လာတဲ့ Baekhyun

EXO နဲ့ NCT ပွဲထွက်ခဲ့ရပုံချင်း အခြေအနေကွာခြားတာကို ရင်ဖွင့်လာတဲ့ Baekhyun

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

EXO အဖွဲ့ ပွဲထွက်ခဲ့ချိန်နဲ့ သူတို့နဲ့ label တူ ဂျူနီယာအဖွဲ့ဖြစ်တဲ့ NCT အဖွဲ့ ပွဲထွက်ချိန်ဟာ ငါးနှစ်လောက် ကွာခြားပါတယ်။ ဒီငါးနှစ်ဆိုတဲ့ အချိန်အတိုင်းအတာအတွင်းမှာ ကေပေါ့ပ်လောကထဲက ပြောင်းလဲမှုတွေအကြောင်းကို EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Beakhyun က Radio Star အစီအစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။

Baekhyun ပြောတာကတော့ သူတို့အဖွဲ့ ပွဲထွက်ခဲ့ချိန် ၂၀၁၁ခုနှစ်လောက်တုန်းကဆိုရင် အဖွဲ့ဝင်အားလုံးဟာ ဆဲလ်ဖုန်းဆိုတာ ဘာမှန်းတောင်မသိခဲ့ကြရဘူးလို့ ဆိုပါတယ်။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ခံထားရပြီး သူတို့ရဲ့အလုပ်ပေါ်မှာသာ အာရုံစိုက်ခဲ့ရကာ အဖွဲ့အနေနဲ့ တိုးတက်လာအောင်သာ ကြိုးပမ်းခဲ့ရတယ်လို့ ပြောပါတယ်။ သို့ပေမယ့် ယနေ့ခေတ် အဖွဲ့တွေကတော့ ကိုယ်ပိုင်ဖုန်းတွေကိုယ်စီနဲ့ပါလို့ ဆိုပါတယ်။

Photo: baekhyunee_exo/ Instagram

“ကျွန်တော်တို့ လူသစ်တန်းဘဝတုန်းကဆိုရင် ဆဲလ်ဖုန်းဆိုတာ လုံးဝမကိုင်ခဲ့ရဘူး။ ဖုန်းတွေလည်း မရှိတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်ပဲ တွေ့ကြရတယ်။  ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလည်းဆိုတာလည်း မသိခဲ့ကြရဘူး။ အခုကတော့ လူတိုင်းမှာ ဖုန်းကိုယ်စီနဲ့ ဖြစ်နေကြပြီ” လို့ Baekhyun က ပြောထားပါတယ်။

EXO အဖွဲ့ဝင်တွေဟာ ကင်မ်ဘတ်လို့ခေါ်တဲ့ စျေးပေါပြီး သက်သာတဲ့ ထမင်းလိပ်တွေကိုသာ နှစ်နဲ့ချီပြီး စားခဲ့ကြရပါတယ်။ ကင်မ်ဘတ်ထဲမှာမှ နည်းနည်းပိုကောင်းတဲ့ဟာလေးကို စားရဖို့ဆိုရင် အဖွဲ့သားတွေအချင်းချင်း အမြဲလုခဲ့ကြရပါတယ်။

ဒီအကြောင်းကိုတော့ “ကျွန်တော်တို့ နှစ်နဲ့ချီပြီး ကင်မ်ဘတ်တွေပဲ စားခဲ့ရပါတယ်။ (၁၂)ယောက်စာအတွက် အဲ့ဒီ့ကင်မ်ဘတ် (၁၂)လိပ်ထဲမှာမှ တူနာငါးပါတဲ့ အလိပ်က နှစ်လိပ်ပဲ ပါပါတယ်။ အဲ့တော့ (၁၂)ယောက်ထဲက နှစ်ယောက်ကပဲ တူနာငါးပါတဲ့ ကင်မ်ဘတ်ကို စားခွင့်ရကြပါတယ်။ ပြီးတော့ ဘယ်အလိပ်ထဲမှာ တူနာငါးပါတယ်ဆိုတာလည်း သူတို့က မပြောပြတော့ အဲ့ဒါစားရဖို့ ကံကောင်းဖို့လည်း လိုပါသေးတယ်။ ဖွင့်စားကြည့်မှပဲ အထဲမှာ ဘာပါတယ်ဆိုတာ သိရတာကိုး” လို့ Baekhyun က ရင်ဖွင့်ထားပါတယ်။

Photo: weareone.exo/ Instagram

သို့ပေမယ့် ၂၀၁၉ခုနှစ်ကို ရောက်လာတဲ့အခါမှာတော့ လူသစ်တန်းပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အဖွဲ့တော်တော်များများဟာ ကောင်းကောင်းစားကြရတယ်လို့ Baekhyun က ဆိုပါတယ်။ “အခုခေတ်ကျတော့ ကလေးတွေက အမဲရိုးစွပ်ပြုတ်တွေဘာတွေတောင် စားနေကြရတယ်” လို့ ထောက်ပြထားပါတယ်။

နောက်ထပ်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chanyeol ကလည်း ဖုန်းလည်းမကိုင်ရ၊ အစားအသောက်လည်း ကောင်းကောင်းမစားရဘဲ နှစ်နဲ့ချီ နေခဲ့ရတာဟာ Growl နဲ့ ဝက်ဝက်ကွဲအောင်မြင်ပြီးတာတောင် အဲ့လိုပဲ ဆက်နေခဲ့ရသေးတယ်လို့ ထပ်မံဖြည့်စွက် ပြောကြားထားပါသေးတယ်။

” ကျွန်တော်တို့ ပွဲထွက်ပြီး နှစ်နှစ်၊ သုံးနှစ်လောက်အထိ အဲ့လိုပဲ နေခဲ့ရတာပါ။ Growl နဲ့ အောင်မြင်ပြီး နောက်တစ်နှစ်လောက်အထိကို ကင်မ်ဘတ်ပဲ စားခဲ့ရတယ်။ အပြင်လည်း လုံးဝမထွက်ခဲ့ရဘူး ” လို့ Chanyeol က ပြောပါတယ်။

အစီအစဉ်က host လုပ်သူတွေက NCT နဲ့ နှိုင်းယှဉ်ပြီး ပြောနေတာလားလို့ Baekhyun ကို မေးမြန်းတဲ့အခါမှာတော့ ချစ်စရာကောင်းတဲ့ အမူအရာလေးနဲ့ “ဟုတ်ပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

Photo: weareone.exo/ Instagram

ရုတ်တရက် တွေးကြည့်ရင်တော့ EXO ဟာ သူတို့ပွဲထွက်ခဲ့တဲ့ခေတ်နဲ့ အခုခေတ်ကို နှိုင်းယှဉ်ပြီး စောဒကတက်နေတယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းမှာ သူတို့အနစ်နာခံ၊ ကြိုးစားပြီး ဖောက်ခဲ့တဲ့လမ်းတွေကြောင့် နောက်တက် လူသစ်တွေဟာ ပိုမိုလွယ်ကူတဲ့ အခြေအနေနဲ့ ပွဲထွက်ခွင့် ရခဲ့ကြတာဖြစ်တယ်ဆိုတာ သဘောပေါက်မိသွားမှာပဲ ဖြစ်ပါတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

EXO အဖြဲ႕ ပြဲထြက္ခဲ့ခ်ိန္နဲ႔ သူတို႔နဲ႔ label တူ ဂ်ဴနီယာအဖြဲ႕ျဖစ္တဲ့ NCT အဖြဲ႕ ပြဲထြက္ခ်ိန္ဟာ ငါးႏွစ္ေလာက္ ကြာျခားပါတယ္။ ဒီငါးႏွစ္ဆိုတဲ့ အခ်ိန္အတိုင္းအတာအတြင္းမွာ ေကေပါ့ပ္ေလာကထဲက ေျပာင္းလဲမႈေတြအေၾကာင္းကို EXO အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Beakhyun က Radio Star အစီအစဥ္မွာ ေျပာၾကားသြားခဲ့ပါတယ္။

Baekhyun ေျပာတာကေတာ့ သူတို႔အဖြဲ႕ ပြဲထြက္ခဲ့ခ်ိန္ ၂၀၁၁ခုႏွစ္ေလာက္တုန္းကဆိုရင္ အဖြဲ႕ဝင္အားလုံးဟာ ဆဲလ္ဖုန္းဆိုတာ ဘာမွန္းေတာင္မသိခဲ့ၾကရဘူးလို႔ ဆိုပါတယ္။ ကမာၻႀကီးနဲ႔ အဆက္အသြယ္ျဖတ္ခံထားရၿပီး သူတို႔ရဲ႕အလုပ္ေပၚမွာသာ အာ႐ုံစိုက္ခဲ့ရကာ အဖြဲ႕အေနနဲ႔ တိုးတက္လာေအာင္သာ ႀကိဳးပမ္းခဲ့ရတယ္လို႔ ေျပာပါတယ္။ သို႔ေပမယ့္ ယေန႔ေခတ္ အဖြဲ႕ေတြကေတာ့ ကိုယ္ပိုင္ဖုန္းေတြကိုယ္စီနဲ႔ပါလို႔ ဆိုပါတယ္။

Photo: baekhyunee_exo/ Instagram

“ကြၽန္ေတာ္တို႔ လူသစ္တန္းဘဝတုန္းကဆိုရင္ ဆဲလ္ဖုန္းဆိုတာ လုံးဝမကိုင္ခဲ့ရဘူး။ ဖုန္းေတြလည္း မရွိတဲ့အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ပဲ ေတြ႕ၾကရတယ္။  ကမာၻႀကီးမွာ ဘာေတြျဖစ္ေနလည္းဆိုတာလည္း မသိခဲ့ၾကရဘူး။ အခုကေတာ့ လူတိုင္းမွာ ဖုန္းကိုယ္စီနဲ႔ ျဖစ္ေနၾကၿပီ” လို႔ Baekhyun က ေျပာထားပါတယ္။

EXO အဖြဲ႕ဝင္ေတြဟာ ကင္မ္ဘတ္လို႔ေခၚတဲ့ ေစ်းေပါၿပီး သက္သာတဲ့ ထမင္းလိပ္ေတြကိုသာ ႏွစ္နဲ႔ခ်ီၿပီး စားခဲ့ၾကရပါတယ္။ ကင္မ္ဘတ္ထဲမွာမွ နည္းနည္းပိုေကာင္းတဲ့ဟာေလးကို စားရဖို႔ဆိုရင္ အဖြဲ႕သားေတြအခ်င္းခ်င္း အၿမဲလုခဲ့ၾကရပါတယ္။

ဒီအေၾကာင္းကိုေတာ့ “ကြၽန္ေတာ္တို႔ ႏွစ္နဲ႔ခ်ီၿပီး ကင္မ္ဘတ္ေတြပဲ စားခဲ့ရပါတယ္။ (၁၂)ေယာက္စာအတြက္ အဲ့ဒီ့ကင္မ္ဘတ္ (၁၂)လိပ္ထဲမွာမွ တူနာငါးပါတဲ့ အလိပ္က ႏွစ္လိပ္ပဲ ပါပါတယ္။ အဲ့ေတာ့ (၁၂)ေယာက္ထဲက ႏွစ္ေယာက္ကပဲ တူနာငါးပါတဲ့ ကင္မ္ဘတ္ကို စားခြင့္ရၾကပါတယ္။ ၿပီးေတာ့ ဘယ္အလိပ္ထဲမွာ တူနာငါးပါတယ္ဆိုတာလည္း သူတို႔က မေျပာျပေတာ့ အဲ့ဒါစားရဖို႔ ကံေကာင္းဖို႔လည္း လိုပါေသးတယ္။ ဖြင့္စားၾကည့္မွပဲ အထဲမွာ ဘာပါတယ္ဆိုတာ သိရတာကိုး” လို႔ Baekhyun က ရင္ဖြင့္ထားပါတယ္။

Photo: weareone.exo/ Instagram

သို႔ေပမယ့္ ၂၀၁၉ခုႏွစ္ကို ေရာက္လာတဲ့အခါမွာေတာ့ လူသစ္တန္းပဲျဖစ္ျဖစ္၊ ဘာပဲျဖစ္ျဖစ္ အဖြဲ႕ေတာ္ေတာ္မ်ားမ်ားဟာ ေကာင္းေကာင္းစားၾကရတယ္လို႔ Baekhyun က ဆိုပါတယ္။ “အခုေခတ္က်ေတာ့ ကေလးေတြက အမဲ႐ိုးစြပ္ျပဳတ္ေတြဘာေတြေတာင္ စားေနၾကရတယ္” လို႔ ေထာက္ျပထားပါတယ္။

ေနာက္ထပ္အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Chanyeol ကလည္း ဖုန္းလည္းမကိုင္ရ၊ အစားအေသာက္လည္း ေကာင္းေကာင္းမစားရဘဲ ႏွစ္နဲ႔ခ်ီ ေနခဲ့ရတာဟာ Growl နဲ႔ ဝက္ဝက္ကြဲေအာင္ျမင္ၿပီးတာေတာင္ အဲ့လိုပဲ ဆက္ေနခဲ့ရေသးတယ္လို႔ ထပ္မံျဖည့္စြက္ ေျပာၾကားထားပါေသးတယ္။

” ကြၽန္ေတာ္တို႔ ပြဲထြက္ၿပီး ႏွစ္ႏွစ္၊ သုံးႏွစ္ေလာက္အထိ အဲ့လိုပဲ ေနခဲ့ရတာပါ။ Growl နဲ႔ ေအာင္ျမင္ၿပီး ေနာက္တစ္ႏွစ္ေလာက္အထိကို ကင္မ္ဘတ္ပဲ စားခဲ့ရတယ္။ အျပင္လည္း လုံးဝမထြက္ခဲ့ရဘူး ” လို႔ Chanyeol က ေျပာပါတယ္။

Photo: weareone.exo/ Instagram

အစီအစဥ္က host လုပ္သူေတြက NCT နဲ႔ ႏႈိင္းယွဥ္ၿပီး ေျပာေနတာလားလို႔ Baekhyun ကို ေမးျမန္းတဲ့အခါမွာေတာ့ ခ်စ္စရာေကာင္းတဲ့ အမူအရာေလးနဲ႔ “ဟုတ္ပါတယ္” လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

႐ုတ္တရက္ ေတြးၾကည့္ရင္ေတာ့ EXO ဟာ သူတို႔ပြဲထြက္ခဲ့တဲ့ေခတ္နဲ႔ အခုေခတ္ကို ႏႈိင္းယွဥ္ၿပီး ေစာဒကတက္ေနတယ္လို႔ ထင္စရာရွိေပမယ့္ တကယ္တမ္းမွာ သူတို႔အနစ္နာခံ၊ ႀကိဳးစားၿပီး ေဖာက္ခဲ့တဲ့လမ္းေတြေၾကာင့္ ေနာက္တက္ လူသစ္ေတြဟာ ပိုမိုလြယ္ကူတဲ့ အေျခအေနနဲ႔ ပြဲထြက္ခြင့္ ရခဲ့ၾကတာျဖစ္တယ္ဆိုတာ သေဘာေပါက္မိသြားမွာပဲ ျဖစ္ပါတယ္။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

 

RELATED ARTICLES

Most Popular