HomeEntertainmentMusicဇူလိုင္လ ပထမအပတ္အတြက္ အသစ္ထြက္ သီခ်င္းေကာင္းမ်ား

ဇူလိုင္လ ပထမအပတ္အတြက္ အသစ္ထြက္ သီခ်င္းေကာင္းမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မိုးေရစက္ေတြၾကားက ဇူလိုင္လရဲ႕ ပထမဆုံးရက္သတၱပတ္ကေတာ့ ၿပီးဆုံးသြားခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ တစ္ပတ္အတြင္း ထြက္ရိွခဲ့တဲ့ ႏိုင္ငံတကာက သီခ်င္းေပါင္းေျမာက္မ်ားစြာထဲက ေတးခ်စ္သူတို႔ အႀကိဳက္ေတြ႕ေစမယ့္ ေကာင္းႏုိးရာရာ သီခ်င္းသစ္မ်ားကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

Mother’s Daughter (Miley Cyrus)

ဇူလိုင္လ(၂)ရက္ေန႔က ထြက္ရိွလာတဲ့ Mother’s Daughter MV ကေတာ့ Miley ရဲ႕ EP အသစ္ “SHE IS COMING” ထဲက သီခ်င္းတစ္ပုဒ္ ျဖစ္ပါတယ္။ သီခ်င္းအေၾကာင္းအရာကေတာ့ အမ်ိဳးသမီးေတြရဲ႕ ခႏၶာကိုယ္နဲ႔ ပတ္သက္လို႔ ဘယ္လိုပုံစံအခ်ိဳးအစားေတြကို ပိုင္ဆိုင္ထားပါေစ၊ ကိုယ့္ခႏၶာကိုယ္အတြက္ ကိုယ္တိုင္ရဲ႕ေရြးခ်ယ္မႈသာျဖစ္ၿပီး ပတ္၀န္းက်င္က ေ၀ဖန္ျပစ္တင္ ဖိအားေပးတာေတြကို ဂရုမစိုက္ဖို႔ တြန္းအားေပးထားတာပါ။ ဒီ MV ထဲမွာ အဆိုေတာ္ေတြ၊ performer ေတြ၊ ေမာ္ဒယ္လ္မ်ားစြာက ဧည့္သည္သရုပ္ေဆာင္အျဖစ္ ပါ၀င္ထားၿပီး Miley ရဲ႕ အေမကိုယ္တိုင္လည္း ပါ၀င္ထားပါတယ္။ ဒါ့အျပင္ symbolic အေနနဲ႔ ထည့္သြင္းထားတဲ့ အေၾကာင္းအရာမ်ားစြာလည္း ပါ၀င္ေနပါတယ္။ လက္ရိွမွာေတာ့ MV ကို ၾကည့္ရႈနားဆင္သူ (၂၁)သန္းေက်ာ္ ရိွေနပါၿပီ။ ေအာက္ကေပးထားတဲ့ video clip ေလးကို ႏွိပ္ၿပီး နားဆင္ၾကည့္လိုက္ပါ။

Homicide (Logic ft. Eminem)

ဒီသီခ်င္းေလးကေတာ့ ဇြန္လ(၂၈)ရက္ေန႔က ထြက္ရိွထားတာျဖစ္ေပမယ့္ လက္ရိွမွာ trending ထဲမွာ ၀င္ေနလို႔ ေဖာ္ျပေပးလိုက္ပါတယ္။ Eminem နဲ႔ Logic တို႔ရဲ႕ အသက္မရႈစတမ္း ရြတ္တဲ့ Rap ေတြနဲ႔ Beat ေတြၾကားမွာ လြင့္ေမ်ာသြားမွာပါ။

Lights  (BTS)

ဇူလိုင္လ(၂)ရက္ေန႔ကမွ ထြက္ရိွထားတဲ့ BTS ရဲ႕ official MV အသစ္ပါ။ ARMY ေတြအားလုံး စိတ္လႈပ္ရွားစြာနဲ႔ နားဆင္ေနၾကတယ္ဆိုတာကို လက္ရိွရထားတဲ့ ၾကည့္ရႈသူ သန္း(၂၀)ေက်ာ္က သက္ေသျပေနပါတယ္။ ေအာက္က ဗီြဒီယိုကလစ္ေလးကို ႏွိပ္ၿပီး နားဆင္ႏိုင္ပါတယ္ေနာ္။

BLOW – Ed Sheeran (Ft. Chris Stapleton & Bruno Mars)

ဇူလိုင္လ(၄)ရက္ေန႔က ထြက္ရိွထားတဲ့ Lyric Video ျဖစ္ပါတယ္။ Lyrics Video ဆိုေပမယ့္ Ed Sheeran ၊ Bruno Mars နဲ႔ Chris Stapleton တို႔ သီဆိုထားတဲ့သီခ်င္းမို႔လို႔ တကယ္ ထူးျခားတဲ့ တြဲစပ္မႈလို႔ ေျပာရမွာပါ။ ရက္ပိုင္းေလးပဲ ရိွေသးေပမယ့္ လက္ရိွမွာ ၾကည့္ရႈနားဆင္သူ (၄.၅)သန္းေက်ာ္ ရိွေနပါၿပီ။

Beautiful People (Ed Sheeran ft. Khalid)

Ed Sheeran ကေတာ့ ပရိသတ္ေတြ မထင္ထားတဲ့ အဆိုေတာ္ေတြနဲ႔တြဲၿပီး collaboration project လုပ္ေနတာပါ။ ဒီသီခ်င္းကိုေတာ့ ဇြန္လ(၂၈)ရက္ေန႔က ထြက္ရိွထားတာျဖစ္ၿပီး လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၂၃)သန္းေက်ာ္ ရိွေနၿပီျဖစ္ပါတယ္။ Ed Sheeran ရဲ႕ သီခ်င္းအသစ္ကို ေစာင့္ေနသူေတြနဲ႔ Khalid ပရိသတ္ေတြအားလုံး နားကိုနားေထာင္ရမယ့္ သီခ်င္းလို႔ ေျပာရမွာပါ။

HÃY TRAO CHO ANH – (SƠN TÙNG M-TP ft. Snoop Dogg)

ဗီယက္နမ္ေပါ့ပ္စတားတစ္ဦးျဖစ္တဲ့ SƠN TÙNG M-TP နဲ႔  ရပ္ပါႀကီး Snoop Dogg တို႔ ပူးေပါင္းဖန္တီးထားတဲ့ ဗီယက္နမ္-အဂၤလိပ္ ႏွစ္ဘာသာနဲ႔ သီခ်င္းျဖစ္ပါတယ္။ သီခ်င္းပုံစံနဲ႔ MV ရိုက္ကူးထားတဲ့ ပုံကေတာ့ လက္တင္သီခ်င္းေတြနဲ႔ ဆင္တူပါတယ္။ SƠN TÙNG M-TP ကလည္း ကိုရီးယား Idol ေတြလို အေခ်ာေလးဆိုေတာ့ ေကာင္မေလးေတြၾကား ေရပန္းစားလာဖို႔ အလားအလာ အမ်ားႀကီးရိွေနတယ္လို႔ ေျပာရမွာပါ။ ဇူလိုင္လ (၁)ရက္ေန႔က ထြက္ရိွထားၿပီး လက္ရိွမွာ ၾကည့္ရႈနားဆင္သူ (၆၂)သန္းေက်ာ္ ရိွေနၿပီ ျဖစ္ပါတယ္။ ရသအသစ္ေလး ခံစားရမယ့္ သီခ်င္းေလးကို ေအာက္က ဗီြဒီယိုေလးမွာ ခံစားၾကည့္လိုက္ပါဦး။

Goodbyes – (Post Malone ft. Young Thug)

ဇူလိုင္လ(၅)ရက္ေန႔ကမွ ထြက္ရိွထားတဲ့ Post Malone ရဲ႕ သီခ်င္းအသစ္ပါ။ ခ်စ္သူနဲ႔ လမ္းခြဲမယ့္အေၾကာင္း သီဆိုထားတဲ့သီခ်င္းျဖစ္ၿပီး MV ကေတာ့ ဇာတ္လမ္းပုံစံေလး ရိုက္ကူးထားပါတယ္။ ခ်စ္သူနဲ႔ အဆင္မေျပတဲ့သူေတြ ဖီးလ္လို႔၊ ေပါက္ကြဲလို႔ေကာင္းမယ့္ သီခ်င္းပုံစံမ်ိဳး ျဖစ္ပါတယ္။ ပူပူေႏြးေႏြး ရက္ပိုင္းပဲ ရိွေသးေပမယ့္ ၾကည့္ရႈနားဆင္သူေပါင္း (၁၅)သန္းေက်ာ္သြားပါၿပီ။ ေအာက္ကေပးထားတဲ့ ဗီြဒီယိုကလစ္ေလးမွာ တိုက္ရိုက္နားဆင္လို႔ရပါတယ္။

I Do I Do – (Park Bom) OST of Perfume Drama

Park Bom ရဲ႕ အသံေလးကို လြမ္းေနသူေတြအတြက္ ဟန္က်ေစမယ့္ သီခ်င္းေလးပါ။ လက္ရိွ ထုတ္လႊင့္ေနဆဲ Perfume ဆိုတဲ့ ကိုရီးယားဒရာမာ ဇာတ္လမ္းတြဲထဲက ဇာတ္၀င္သီခ်င္းေလး ျဖစ္ပါတယ္။ ဇူလိုင္လ(၁)ရက္ေန႔က တရား၀င္ထုတ္လႊင့္ခဲ့တာျဖစ္ၿပီး လက္ရိွမွာ ၾကည့္ရႈနားဆင္သူေပါင္း (၂)သိန္းေက်ာ္ ရိွေနပါၿပီ။

Xei

(Unicode Version)

မိုးရေစက်တွေကြားက ဇူလိုင်လရဲ့ ပထမဆုံးရက်သတ္တပတ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ထွက်ရှိခဲ့တဲ့ နိုင်ငံတကာက သီချင်းပေါင်းမြောက်များစွာထဲက တေးချစ်သူတို့ အကြိုက်တွေ့စေမယ့် ကောင်းနိုးရာရာ သီချင်းသစ်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Mother’s Daughter (Miley Cyrus)

ဇူလိုင်လ(၂)ရက်နေ့က ထွက်ရှိလာတဲ့ Mother’s Daughter MV ကတော့ Miley ရဲ့ EP အသစ် “SHE IS COMING” ထဲက သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်လို့ ဘယ်လိုပုံစံအချိုးအစားတွေကို ပိုင်ဆိုင်ထားပါစေ၊ ကိုယ့်ခန္ဓာကိုယ်အတွက် ကိုယ်တိုင်ရဲ့ရွေးချယ်မှုသာဖြစ်ပြီး ပတ်ဝန်းကျင်က ဝေဖန်ပြစ်တင် ဖိအားပေးတာတွေကို ဂရုမစိုက်ဖို့ တွန်းအားပေးထားတာပါ။ ဒီ MV ထဲမှာ အဆိုတော်တွေ၊ performer တွေ၊ မော်ဒယ်လ်များစွာက ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး Miley ရဲ့ အမေကိုယ်တိုင်လည်း ပါဝင်ထားပါတယ်။ ဒါ့အပြင် symbolic အနေနဲ့ ထည့်သွင်းထားတဲ့ အကြောင်းအရာများစွာလည်း ပါဝင်နေပါတယ်။ လက်ရှိမှာတော့ MV ကို ကြည့်ရှုနားဆင်သူ (၂၁)သန်းကျော် ရှိနေပါပြီ။ အောက်ကပေးထားတဲ့ video clip လေးကို နှိပ်ပြီး နားဆင်ကြည့်လိုက်ပါ။

Homicide (Logic ft. Eminem)

ဒီသီချင်းလေးကတော့ ဇွန်လ(၂၈)ရက်နေ့က ထွက်ရှိထားတာဖြစ်ပေမယ့် လက်ရှိမှာ trending ထဲမှာ ဝင်နေလို့ ဖော်ပြပေးလိုက်ပါတယ်။ Eminem နဲ့ Logic တို့ရဲ့ အသက်မရှုစတမ်း ရွတ်တဲ့ Rap တွေနဲ့ Beat တွေကြားမှာ လွင့်မျောသွားမှာပါ။

Lights  (BTS)

ဇူလိုင်လ(၂)ရက်နေ့ကမှ ထွက်ရှိထားတဲ့ BTS ရဲ့ official MV အသစ်ပါ။ ARMY တွေအားလုံး စိတ်လှုပ်ရှားစွာနဲ့ နားဆင်နေကြတယ်ဆိုတာကို လက်ရှိရထားတဲ့ ကြည့်ရှုသူ သန်း(၂၀)ကျော်က သက်သေပြနေပါတယ်။ အောက်က ဗွီဒီယိုကလစ်လေးကို နှိပ်ပြီး နားဆင်နိုင်ပါတယ်နော်။

BLOW – Ed Sheeran (Ft. Chris Stapleton & Bruno Mars)

ဇူလိုင်လ(၄)ရက်နေ့က ထွက်ရှိထားတဲ့ Lyric Video ဖြစ်ပါတယ်။ Lyrics Video ဆိုပေမယ့် Ed Sheeran ၊ Bruno Mars နဲ့ Chris Stapleton တို့ သီဆိုထားတဲ့သီချင်းမို့လို့ တကယ် ထူးခြားတဲ့ တွဲစပ်မှုလို့ ပြောရမှာပါ။ ရက်ပိုင်းလေးပဲ ရှိသေးပေမယ့် လက်ရှိမှာ ကြည့်ရှုနားဆင်သူ (၄.၅)သန်းကျော် ရှိနေပါပြီ။

Beautiful People (Ed Sheeran ft. Khalid)

Ed Sheeran ကတော့ ပရိသတ်တွေ မထင်ထားတဲ့ အဆိုတော်တွေနဲ့တွဲပြီး collaboration project လုပ်နေတာပါ။ ဒီသီချင်းကိုတော့ ဇွန်လ(၂၈)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၂၃)သန်းကျော် ရှိနေပြီဖြစ်ပါတယ်။ Ed Sheeran ရဲ့ သီချင်းအသစ်ကို စောင့်နေသူတွေနဲ့ Khalid ပရိသတ်တွေအားလုံး နားကိုနားထောင်ရမယ့် သီချင်းလို့ ပြောရမှာပါ။

HÃY TRAO CHO ANH – (SƠN TÙNG M-TP ft. Snoop Dogg)

ဗီယက်နမ်ပေါ့ပ်စတားတစ်ဦးဖြစ်တဲ့ SƠN TÙNG M-TP နဲ့  ရပ်ပါကြီး Snoop Dogg တို့ ပူးပေါင်းဖန်တီးထားတဲ့ ဗီယက်နမ်-အင်္ဂလိပ် နှစ်ဘာသာနဲ့ သီချင်းဖြစ်ပါတယ်။ သီချင်းပုံစံနဲ့ MV ရိုက်ကူးထားတဲ့ ပုံကတော့ လက်တင်သီချင်းတွေနဲ့ ဆင်တူပါတယ်။ SƠN TÙNG M-TP ကလည်း ကိုရီးယား Idol တွေလို အချောလေးဆိုတော့ ကောင်မလေးတွေကြား ရေပန်းစားလာဖို့ အလားအလာ အများကြီးရှိနေတယ်လို့ ပြောရမှာပါ။ ဇူလိုင်လ (၁)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူ (၆၂)သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ ရသအသစ်လေး ခံစားရမယ့် သီချင်းလေးကို အောက်က ဗွီဒီယိုလေးမှာ ခံစားကြည့်လိုက်ပါဦး။

Goodbyes – (Post Malone ft. Young Thug)

ဇူလိုင်လ(၅)ရက်နေ့ကမှ ထွက်ရှိထားတဲ့ Post Malone ရဲ့ သီချင်းအသစ်ပါ။ ချစ်သူနဲ့ လမ်းခွဲမယ့်အကြောင်း သီဆိုထားတဲ့သီချင်းဖြစ်ပြီး MV ကတော့ ဇာတ်လမ်းပုံစံလေး ရိုက်ကူးထားပါတယ်။ ချစ်သူနဲ့ အဆင်မပြေတဲ့သူတွေ ဖီးလ်လို့၊ ပေါက်ကွဲလို့ကောင်းမယ့် သီချင်းပုံစံမျိုး ဖြစ်ပါတယ်။ ပူပူနွေးနွေး ရက်ပိုင်းပဲ ရှိသေးပေမယ့် ကြည့်ရှုနားဆင်သူပေါင်း (၁၅)သန်းကျော်သွားပါပြီ။ အောက်ကပေးထားတဲ့ ဗွီဒီယိုကလစ်လေးမှာ တိုက်ရိုက်နားဆင်လို့ရပါတယ်။

I Do I Do – (Park Bom) OST of Perfume Drama

Park Bom ရဲ့ အသံလေးကို လွမ်းနေသူတွေအတွက် ဟန်ကျစေမယ့် သီချင်းလေးပါ။ လက်ရှိ ထုတ်လွှင့်နေဆဲ Perfume ဆိုတဲ့ ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲထဲက ဇာတ်ဝင်သီချင်းလေး ဖြစ်ပါတယ်။ ဇူလိုင်လ(၁)ရက်နေ့က တရားဝင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၂)သိန်းကျော် ရှိနေပါပြီ။

Xei

 

 

RELATED ARTICLES

Most Popular