HomeAnimeရိုမန့်စ်ဆန်တာလေးမှ ကြိုက်သူများအတွက် အကောင်းဆုံး ရိုမန့်စ် anime စီးရီး(၇)ခု

ရိုမန့်စ်ဆန်တာလေးမှ ကြိုက်သူများအတွက် အကောင်းဆုံး ရိုမန့်စ် anime စီးရီး(၇)ခု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anime တွေဟာ ကွဲထွက်နေတဲ့ ကိုယ်ပိုင်ဟန်နဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။ anime လို့ ပြောလိုက်ရင် အက်ရှင် ၊ slice of life ၊ horror စသဖြင့် အမျိုးအစား အများကြီး ရှိတာကို သိထားကြမှာပါ။ အခုဖော်ပြပေးချင်တာကတော့ ရိုမန့်စ်နဲ့ ရိုမန့်စ်ဒရာမာ အမျိုးအစားကို နှစ်သက်သူတွေအတွက် တစ်ထိုင်တည်း ‌ကြည့်ပစ်ချင်မယ့် IMDb အမြင့်ဆုံး ရိုမန့်စ် anime စီးရီး(၇)ခု ဖြစ်ပါတယ်။

(7) CROSS GAME
photo via cbr

ဒီဇာတ်လမ်းတွဲဟာ ၂၀၀၉ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (8.2) ရရှိထားကာ အပိုင်းပေါင်း(၅၀)ရှိပါတယ်။ ဒီဇာတ်လမ်းတွဲတစ်ခုတည်းနဲ့ sports ၊ romance ၊ comedy နဲ့ school တို့လို ရသတွေကို ခံစားရစေမှာ ဖြစ်ပြီးတော့ ကိုယ်တိုင် ကျောင်းသားဘဝ ပြန်လည်ရောက်သွားသလို ခံစားရမှာပါ။

ဇာတ်လမ်းကတော့ Kou နဲ့ Aoba ဆိုတဲ့ ကောင်လေးနဲ့ ကောင်မလေးတို့အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အစက လုံးဝကိုမတည့်တဲ့ ရန်သူနှစ်ယောက်ပါ။ ဒီဇာတ်လမ်းကို ကြည့်ရတာဟာ ကြောင်နဲ့ ကြွက်ကို ကြည့်နေရတာနဲ့ နည်းနည်းတော့ ဆင်တူရင် တူပါလိမ့်မယ်။ ဒီလိုမတည့်အတူနေ နှစ်ယောက်ဟာ ဘယ်လိုမျိုးတွေ ဆက်ပြီး ဖြစ်သွားမလည်းဆိုတာ ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုရမှာပါ။

(6) ANOHANA: THE FLOWER WE SAW THAT DAY
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၁ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားကာ အပိုင်းပေါင်း(၁၁)ပိုင်း ပါရှိပါတယ်။ အမျိုးအစားကတော့ သဘာလွန်အဖြစ်အပျက်တွေနဲ့ ရိုမန့်စ်ကို ရောထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ တစ်ယောက်တည်း တစ်နေကုန် ဂိမ်းပဲ ထိုင်ဆော့နေတတ်တဲ့ ကောင်လေးတစ်ယောက်က ဟိုးအရင်တုန်းက သေသွားတာကြာပြီဖြစ်တဲ့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ ဝိဉာဉ်ကို မြင်လိုက်ရတာက စပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့ငယ်ဘဝက သူငယ်ချင်းတွေနဲ့ ပြန်ပြီးစုဖြစ်သွားပြီး အဲ့ဒီဝိဉာဉ်လေးရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် ကြိုးစားကြပါတော့တယ်။

(5) KIDS ON THE SLOPE
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ထားပြီး IMDb (8.3) ရရှိထားတဲ့အပြင် အပိုင်းပေါင်း(၁၂)ပိုင်း ပါရှိပါတယ်။ အမျိုးအစားကတော့ musical ရိုမန့်စ်လေးဖြစ်ပြီး သူငယ်ချင်းတွေရဲ့ ခင်မင်ရင်းနှီးမှု၊ အချစ်နဲ့တေးဂီတတွေကို ဖော်ကျူးထားတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကျောင်းသားနှစ်ယောက်နဲ့ သူတို့ရဲ့ သူငယ်ချင်းကောင်မလေး တစ်ယောက်တို့က စုပေါင်းပြီးတော့ Jazz တေးဂီတ တီးဝိုင်းတစ်ခုကို တည်ထောင်တာပါ။ ဒါ့အပြင် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(4) FRUITS BASKET
photo via cbr

ဒီစီးရီးကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ထားတာ ဖြစ်ပြီးတော့ IMDb (8.4) ရရှိထားပါတယ်။ အပိုင်းကတော့ စုစုပေါင်း(၃၃)ပိုင်း ရှိပြီးတော့ ဆက်လက် ထွက်ရှိဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ၂၀၀၁ခုနှစ်မှာ ထွက်ထားတာ ရှိပြီးတော့ အခုဟာကတော့ ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ (၁၆)နှစ်အရွယ် ကျောင်းသူတစ်ယောက်ဟာ သူ့မိသားစုမှာ ဝမ်းနည်းစရာ အဖြစ်အပျက်တွေ ဖြစ်သွားတာကြောင့် သူ့ခြေထောက်ပေါ် သူရပ်ပြီး နေဖို့အတွက် နေစရာအသစ်ကို ရှာပါတော့တယ်။ သူရောက်သွားတဲ့ နေရာက လူတွေက သူ့ရဲ့လျှို့ဝှက်ချက်ကို မသိတာကြောင့် နေဖို့ ခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီနေရာမှာ နေတဲ့ မိသားစုမှာလည်း လျှို့ဝှက်ချက်က ရှိနေပါသေးတယ်။

(3) NANA
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၆ခုနှစ်မှာ ထွက်ထားတာ ဖြစ်ပြီးတော့ IMDb (8.4) ရရှိထားပါတယ်။ အပိုင်းပေါင်း (၄၈)ပိုင်း ရှိပါတယ်။ ဇာတ်လမ်းကတော့ Nana Komatsu ဆိုတဲ့ ကောင်မလေးက သူ့ရဲ့ကောင်လေးနောက်ကို လိုက်လာရင်းနဲ့ ရထားပေါ်မှာ Nana Osaki ဆိုတဲ့ နာမည်ဆင်တူတဲ့ ကောင်မလေးနဲ့ တွေ့သွားကြပါတယ်။ တွေ့တွေ့ချင်းပဲ သူတို့နှစ်ယောက်ဟာ အရမ်းကို ခင်မင်ရင်းနှီးသွားကြပြီး အခန်းဖော်တွေပါ ဖြစ်သွားကြပါတယ်။

(2) CLANNAD: AFTER STORY
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၀၈ခုနှစ်မှာ ထွက်ထားတာ ဖြစ်ပြီးတော့ IMDb (8.6) ရရှိထားပါတယ်။ အပိုင်းပေါင်း (၂၅)ပိုင်း ပါရှိတဲ့ Clannad ကတော့ ပထမဇာတ်လမ်း ဖြစ်ပြီးတော့ အခုကတော့ အဲ့ဒါရဲ့အဆက် ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ကောင်လေးနဲ့ ကောင်မလေးက ကျောင်းပြီးသွားတဲ့အခါမှာ ချစ်ကြိုက်သွားကြပြီးတော့  ပိုပြီးကောင်းမွန်တဲ့ ဘဝကို ရဖို့အတွက် ကြိုးစားကြပါတယ်။ ဒီဇာတ်လမ်းရဲ့ နောက်ပိုင်းဟာ အရမ်းကို ဝမ်းနည်းစရာ ကောင်းတာကြောင့် ဒရာမာကောင်းကောင်း ကြည့်ချင်တဲ့သူတွေ ကြည့်သင့်ပါတယ်။

(1) YOUR LIE IN APRIL
photo via cbr

ဒီဇာတ်လမ်းတွဲဟာ ၂၀၁၄ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ စုစုပေါင်း အပိုင်း(၂၃)ပိုင်း ရှိတဲ့ ဒီစီးရီးကိုတော့ anime ပရိသတ်တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။

ဇာတ်လမ်းကတော့ Kousei Arima လို့ခေါ်တဲ့ စန္ဒယားပညာရှင်တစ်ယောက်ဟာ သူ့ရဲ့အမေ သေသွားပြီးနောက်မှာ စန္ဒယားတီးတာကို စွန့်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း Kaori Miyazono လို့ခေါ်တဲ့ တယောဆရာမလေးတစ်ယောက်နဲ့ တွေ့သွားတဲ့အခါမှာတော့ သူ့ရဲ့ဘဝကို အသစ်က ပြန်စဖို့အတွက် အဲ့ဒီကောင်မလေးက ကူညီပါတော့တယ်။

ဖတ်ပြီးလို့ နှစ်သက်တယ်ဆို မိတ်ဆွေတွေ သိရအောင် ရှဲပေးသွားပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Anime ေတြဟာ ကြဲထြက္ေနတဲ့ ကိုယ္ပိုင္ဟန္နဲ႔ တစ္ကမာၻလုံးက ပရိသတ္ေတြကို ဆြဲေဆာင္ထားႏိုင္ပါတယ္။ anime လို႔ ေျပာလိုက္ရင္ အက္ရွင္ ၊ slice of life ၊ horror စသျဖင့္ အမ်ိဳးအစား အမ်ားႀကီး ရွိတာကို သိထားၾကမွာပါ။ အခုေဖာ္ျပေပးခ်င္တာကေတာ့ ႐ိုမန႔္စ္နဲ႔ ႐ိုမန႔္စ္ဒရာမာ အမ်ိဳးအစားကို ႏွစ္သက္သူေတြအတြက္ တစ္ထိုင္တည္း ‌ၾကည့္ပစ္ခ်င္မယ့္ IMDb အျမင့္ဆုံး ႐ိုမန႔္စ္ anime စီးရီး(၇)ခု ျဖစ္ပါတယ္။

(7) CROSS GAME
photo via cbr

ဒီဇာတ္လမ္းတြဲဟာ ၂၀၀၉ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.2) ရရွိထားကာ အပိုင္းေပါင္း(၅၀)ရွိပါတယ္။ ဒီဇာတ္လမ္းတြဲတစ္ခုတည္းနဲ႔ sports ၊ romance ၊ comedy နဲ႔ school တို႔လို ရသေတြကို ခံစားရေစမွာ ျဖစ္ၿပီးေတာ့ ကိုယ္တိုင္ ေက်ာင္းသားဘဝ ျပန္လည္ေရာက္သြားသလို ခံစားရမွာပါ။

ဇာတ္လမ္းကေတာ့ Kou နဲ႔ Aoba ဆိုတဲ့ ေကာင္ေလးနဲ႔ ေကာင္မေလးတို႔အေၾကာင္းပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အစက လုံးဝကိုမတည့္တဲ့ ရန္သူႏွစ္ေယာက္ပါ။ ဒီဇာတ္လမ္းကို ၾကည့္ရတာဟာ ေၾကာင္နဲ႔ ႂကြက္ကို ၾကည့္ေနရတာနဲ႔ နည္းနည္းေတာ့ ဆင္တူရင္ တူပါလိမ့္မယ္။ ဒီလိုမတည့္အတူေန ႏွစ္ေယာက္ဟာ ဘယ္လိုမ်ိဳးေတြ ဆက္ၿပီး ျဖစ္သြားမလည္းဆိုတာ ေပါ့ေပါ့ပါးပါးေလး ၾကည့္ရႈရမွာပါ။

(6) ANOHANA: THE FLOWER WE SAW THAT DAY
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.2) ရရွိထားကာ အပိုင္းေပါင္း(၁၁)ပိုင္း ပါရွိပါတယ္။ အမ်ိဳးအစားကေတာ့ သဘာလြန္အျဖစ္အပ်က္ေတြနဲ႔ ႐ိုမန႔္စ္ကို ေရာထားတာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ တစ္ေယာက္တည္း တစ္ေနကုန္ ဂိမ္းပဲ ထိုင္ေဆာ့ေနတတ္တဲ့ ေကာင္ေလးတစ္ေယာက္က ဟိုးအရင္တုန္းက ေသသြားတာၾကာၿပီျဖစ္တဲ့ သူ႔သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ဝိဉာဥ္ကို ျမင္လိုက္ရတာက စပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕ငယ္ဘဝက သူငယ္ခ်င္းေတြနဲ႔ ျပန္ၿပီးစုျဖစ္သြားၿပီး အဲ့ဒီဝိဉာဥ္ေလးရဲ႕ ေနာက္ဆုံးဆႏၵကို ျဖည့္ဆည္းေပးဖို႔အတြက္ ႀကိဳးစားၾကပါေတာ့တယ္။

(5) KIDS ON THE SLOPE
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ထားၿပီး IMDb (8.3) ရရွိထားတဲ့အျပင္ အပိုင္းေပါင္း(၁၂)ပိုင္း ပါရွိပါတယ္။ အမ်ိဳးအစားကေတာ့ musical ႐ိုမန႔္စ္ေလးျဖစ္ၿပီး သူငယ္ခ်င္းေတြရဲ႕ ခင္မင္ရင္းႏွီးမႈ၊ အခ်စ္နဲ႔ေတးဂီတေတြကို ေဖာ္က်ဴးထားတဲ့ ဇာတ္လမ္း ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ေက်ာင္းသားႏွစ္ေယာက္နဲ႔ သူတို႔ရဲ႕ သူငယ္ခ်င္းေကာင္မေလး တစ္ေယာက္တို႔က စုေပါင္းၿပီးေတာ့ Jazz ေတးဂီတ တီးဝိုင္းတစ္ခုကို တည္ေထာင္တာပါ။ ဒါ့အျပင္ သုံးပြင့္ဆိုင္ အခ်စ္ဇာတ္လမ္းေလးကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(4) FRUITS BASKET
photo via cbr

ဒီစီးရီးကေတာ့ ၂၀၁၉ခုႏွစ္မွာ ထြက္ထားတာ ျဖစ္ၿပီးေတာ့ IMDb (8.4) ရရွိထားပါတယ္။ အပိုင္းကေတာ့ စုစုေပါင္း(၃၃)ပိုင္း ရွိၿပီးေတာ့ ဆက္လက္ ထြက္ရွိဦးမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ ၂၀၀၁ခုႏွစ္မွာ ထြက္ထားတာ ရွိၿပီးေတာ့ အခုဟာကေတာ့ ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ (၁၆)ႏွစ္အ႐ြယ္ ေက်ာင္းသူတစ္ေယာက္ဟာ သူ႔မိသားစုမွာ ဝမ္းနည္းစရာ အျဖစ္အပ်က္ေတြ ျဖစ္သြားတာေၾကာင့္ သူ႔ေျခေထာက္ေပၚ သူရပ္ၿပီး ေနဖို႔အတြက္ ေနစရာအသစ္ကို ရွာပါေတာ့တယ္။ သူေရာက္သြားတဲ့ ေနရာက လူေတြက သူ႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ကို မသိတာေၾကာင့္ ေနဖို႔ ခြင့္ျပဳလိုက္ပါတယ္။ ဒါေပမဲ့လည္း အဲ့ဒီေနရာမွာ ေနတဲ့ မိသားစုမွာလည္း လွ်ိဳ႕ဝွက္ခ်က္က ရွိေနပါေသးတယ္။

(3) NANA
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၆ခုႏွစ္မွာ ထြက္ထားတာ ျဖစ္ၿပီးေတာ့ IMDb (8.4) ရရွိထားပါတယ္။ အပိုင္းေပါင္း (၄၈)ပိုင္း ရွိပါတယ္။ ဇာတ္လမ္းကေတာ့ Nana Komatsu ဆိုတဲ့ ေကာင္မေလးက သူ႔ရဲ႕ေကာင္ေလးေနာက္ကို လိုက္လာရင္းနဲ႔ ရထားေပၚမွာ Nana Osaki ဆိုတဲ့ နာမည္ဆင္တူတဲ့ ေကာင္မေလးနဲ႔ ေတြ႕သြားၾကပါတယ္။ ေတြ႕ေတြ႕ခ်င္းပဲ သူတို႔ႏွစ္ေယာက္ဟာ အရမ္းကို ခင္မင္ရင္းႏွီးသြားၾကၿပီး အခန္းေဖာ္ေတြပါ ျဖစ္သြားၾကပါတယ္။

(2) CLANNAD: AFTER STORY
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၀၈ခုႏွစ္မွာ ထြက္ထားတာ ျဖစ္ၿပီးေတာ့ IMDb (8.6) ရရွိထားပါတယ္။ အပိုင္းေပါင္း (၂၅)ပိုင္း ပါရွိတဲ့ Clannad ကေတာ့ ပထမဇာတ္လမ္း ျဖစ္ၿပီးေတာ့ အခုကေတာ့ အဲ့ဒါရဲ႕အဆက္ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ ေကာင္ေလးနဲ႔ ေကာင္မေလးက ေက်ာင္းၿပီးသြားတဲ့အခါမွာ ခ်စ္ႀကိဳက္သြားၾကၿပီးေတာ့  ပိုၿပီးေကာင္းမြန္တဲ့ ဘဝကို ရဖို႔အတြက္ ႀကိဳးစားၾကပါတယ္။ ဒီဇာတ္လမ္းရဲ႕ ေနာက္ပိုင္းဟာ အရမ္းကို ဝမ္းနည္းစရာ ေကာင္းတာေၾကာင့္ ဒရာမာေကာင္းေကာင္း ၾကည့္ခ်င္တဲ့သူေတြ ၾကည့္သင့္ပါတယ္။

(1) YOUR LIE IN APRIL
photo via cbr

ဒီဇာတ္လမ္းတြဲဟာ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.6) ရရွိထားပါတယ္။ စုစုေပါင္း အပိုင္း(၂၃)ပိုင္း ရွိတဲ့ ဒီစီးရီးကိုေတာ့ anime ပရိသတ္ေတာ္ေတာ္မ်ားမ်ား ၾကည့္ဖူးၾကမယ္ ထင္ပါတယ္။

ဇာတ္လမ္းကေတာ့ Kousei Arima လို႔ေခၚတဲ့ စႏၵယားပညာရွင္တစ္ေယာက္ဟာ သူ႔ရဲ႕အေမ ေသသြားၿပီးေနာက္မွာ စႏၵယားတီးတာကို စြန႔္လႊတ္လိုက္ပါတယ္။ ဒါေပမဲ့လည္း Kaori Miyazono လို႔ေခၚတဲ့ တေယာဆရာမေလးတစ္ေယာက္နဲ႔ ေတြ႕သြားတဲ့အခါမွာေတာ့ သူ႔ရဲ႕ဘဝကို အသစ္က ျပန္စဖို႔အတြက္ အဲ့ဒီေကာင္မေလးက ကူညီပါေတာ့တယ္။

ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆို မိတ္ေဆြေတြ သိရေအာင္ ရွဲေပးသြားပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular