HomeCelebs Update NewsKoreaJungkook ဒိတ္လုပ္ေနတယ္ဆိုတဲ့ သတင္းကို Big Hit Entertainment ျငင္းဆို

Jungkook ဒိတ္လုပ္ေနတယ္ဆိုတဲ့ သတင္းကို Big Hit Entertainment ျငင္းဆို

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

BTS အဖြဲ႕၀င္တစ္ေယာက္ျဖစ္တဲ့ Jungkook ဟာ ရည္းစားနဲ႔ တြဲခုတ္ေနတယ္ဆိုတဲ့ ေကာလာဟလကို Big Hit Entertainment က ျငင္းဆိုလုိက္ၿပီး ေနာက္ကြယ္က ေကာလာဟလျဖန္႔တဲ့လူေတြကို တရားဥပေဒအရ အေရးယူသြားမယ္လို႔ ေၾကျငာလိုက္ပါတယ္။

Koreaboo ၀က္ဘ္ဆိုဒ္ရဲ႕ ေဖာ္ျပခ်က္အရ ဒီကေန႔ အေစာပိုင္းမွာ Jungkook နဲ႔ အမ်ိဳးသမီးတစ္ေယာက္ ပါ၀င္တဲ့ စီစီတီဗီြဓာတ္ပုံအခ်ိဳ႕ ထြက္ေပၚ၊ ပ်ံ႕ႏွံ႕လာခဲ့ပါတယ္။ အဲ့ဒီ့ေနာက္မွာေတာ့ Jungkook ဟာ ဓာတ္ပုံထဲက အမ်ိဳးသမီးနဲ႔ တြဲခုတ္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္လာခဲ့တာ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး Big Hit Entertainment က ေကာလာဟလအားလုံးကို ျငင္းဆိုလိုက္ကာ အဆိုပါ ဓာတ္ပုံေတြကို ျဖန္႔လိုက္တဲ့လူကိုလည္း တရားဥပေဒအရ အေရးယူသြားမယ္လို႔ ေၾကျငာခ်က္ ထုတ္ျပန္လိုက္ပါတယ္။ ေၾကျငာခ်က္ကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

Photo: koreaboo

“ကၽြႏု္ပ္တို႔ရဲ႕ artist တစ္ေယာက္ျဖစ္တဲ့ Jungkook နဲ႔ ပတ္သက္ၿပီး ဆိုရွယ္မီဒီယာေပၚမွာ အခုေျပာဆိုေနၾကတဲ့အရာေတြဟာ မမွန္ကန္ဘူးဆိုတဲ့အေၾကာင္း Big Hit Entertainment က ရွင္းလင္းေျပာၾကားခ်င္ပါတယ္။

Jungkook ဟာ Geoje ကၽြန္းကို အလည္အပတ္ သြားေရာက္ေနတုန္း အဲ့ဒီ့နားမွာ သူ႔သူငယ္ခ်င္းတစ္ေယာက္က တက္တူးဆိုင္ဖြင့္ထားေၾကာင္း သိလိုက္ရပါတယ္။ အဲ့ဒီ့ေနာက္ Jungkook ဟာ အဲ့ဒီ့တက္တူးဆိုင္က သူငယ္ခ်င္းေတြရယ္၊ Geoje ကၽြန္းမွာရိွတဲ့ သူငယ္ခ်င္းေတြရယ္နဲ႔ ေတြ႕ၿပီး အတူတူ ကာရာအိုေကဆိုင္ကို သြားၾကတာပါ။ အဲ့ဒီ့ေနာက္ပိုင္း ျဖစ္တဲ့ကိစၥေတြကေတာ့ အမွန္မဟုတ္ဘဲ လိုရာဆြဲေျပာထားတာေတြ ျဖစ္ပါတယ္။

ကၽြႏု္ပ္တို႔ artist ရဲ႕ ပုဂၢိဳလ္ေရးဘ၀ထဲက ကိစၥေသးေသးေလးေတြကေန အခုလို မဟုတ္မမွန္ သတင္းေတြ ထြက္လာရတဲ့အတြက္လည္း စိတ္မေကာင္းျဖစ္မိပါတယ္။

Photo: jazmine media

အခုလို လူတစ္ေယာက္ရဲ႕ ကိုယ္ပိုင္ပုဂၢိဳလ္ေရးကိစၥေတြကို ျပင္ပကို ေပါက္ၾကားေအာင္ လုပ္တဲ့အတြက္လည္း တရားဥပေဒအရ အေရးယူသြားမွာ ျဖစ္ပါတယ္။ ေပါက္ၾကားလာတဲ့ ဓာတ္ပုံေတြကလည္း စီစီတီဗီြကရတာလား၊ တရားမ၀င္ ခိုးရိုက္ထားတာလားဆိုတာ စုံစမ္းစစ္ေဆးသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အခုလို ေကာလာဟလေတြ ပ်ံ႕ႏွံေအာင္ ေဆာင္ရြက္ေနတဲ့ ေနာက္ကြယ္ကလူေတြကိုလည္း တရားဥပေဒအရ အေရးယူသြားမွာျဖစ္ပါတယ္။”

LaNina 

(ဆံရစ္၀ိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရိွဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

BTS အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jungkook ဟာ ရည်းစားနဲ့ တွဲခုတ်နေတယ်ဆိုတဲ့ ကောလာဟလကို Big Hit Entertainment က ငြင်းဆိုလိုက်ပြီး နောက်ကွယ်က ကောလာဟလဖြန့်တဲ့လူတွေကို တရားဥပဒေအရ အရေးယူသွားမယ်လို့ ကြေငြာလိုက်ပါတယ်။

Koreaboo ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ ဒီကနေ့ အစောပိုင်းမှာ Jungkook နဲ့ အမျိုးသမီးတစ်ယောက် ပါဝင်တဲ့ စီစီတီဗွီဓာတ်ပုံအချို့ ထွက်ပေါ်၊ ပျံ့နှံ့လာခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ Jungkook ဟာ ဓာတ်ပုံထဲက အမျိုးသမီးနဲ့ တွဲခုတ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Big Hit Entertainment က ကောလာဟလအားလုံးကို ငြင်းဆိုလိုက်ကာ အဆိုပါ ဓာတ်ပုံတွေကို ဖြန့်လိုက်တဲ့လူကိုလည်း တရားဥပဒေအရ အရေးယူသွားမယ်လို့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။ ကြေငြာချက်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Photo: koreaboo

“ကျွနု်ပ်တို့ရဲ့ artist တစ်ယောက်ဖြစ်တဲ့ Jungkook နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ အခုပြောဆိုနေကြတဲ့အရာတွေဟာ မမှန်ကန်ဘူးဆိုတဲ့အကြောင်း Big Hit Entertainment က ရှင်းလင်းပြောကြားချင်ပါတယ်။

Jungkook ဟာ Geoje ကျွန်းကို အလည်အပတ် သွားရောက်နေတုန်း အဲ့ဒီ့နားမှာ သူ့သူငယ်ချင်းတစ်ယောက်က တက်တူးဆိုင်ဖွင့်ထားကြောင်း သိလိုက်ရပါတယ်။ အဲ့ဒီ့နောက် Jungkook ဟာ အဲ့ဒီ့တက်တူးဆိုင်က သူငယ်ချင်းတွေရယ်၊ Geoje ကျွန်းမှာရှိတဲ့ သူငယ်ချင်းတွေရယ်နဲ့ တွေ့ပြီး အတူတူ ကာရာအိုကေဆိုင်ကို သွားကြတာပါ။ အဲ့ဒီ့နောက်ပိုင်း ဖြစ်တဲ့ကိစ္စတွေကတော့ အမှန်မဟုတ်ဘဲ လိုရာဆွဲပြောထားတာတွေ ဖြစ်ပါတယ်။

Photo: jazmine media

ကျွနု်ပ်တို့ artist ရဲ့ ပုဂ္ဂိုလ်ရေးဘဝထဲက ကိစ္စသေးသေးလေးတွေကနေ အခုလို မဟုတ်မမှန် သတင်းတွေ ထွက်လာရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။

အခုလို လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ပုဂ္ဂိုလ်ရေးကိစ္စတွေကို ပြင်ပကို ပေါက်ကြားအောင် လုပ်တဲ့အတွက်လည်း တရားဥပဒေအရ အရေးယူသွားမှာ ဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေကလည်း စီစီတီဗွီကရတာလား၊ တရားမဝင် ခိုးရိုက်ထားတာလားဆိုတာ စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို ကောလာဟလတွေ ပျံ့နှံအောင် ဆောင်ရွက်နေတဲ့ နောက်ကွယ်ကလူတွေကိုလည်း တရားဥပဒေအရ အရေးယူသွားမှာဖြစ်ပါတယ်။”

LaNina 

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular