HomeCelebs Update NewsKoreaတစ္ရက္တည္းနဲ႔ စံခ်ိန္သစ္ႏွစ္ခုတင္သြားတဲ့ BLACKPINK ရဲ႕ DDU DU DDU DU

တစ္ရက္တည္းနဲ႔ စံခ်ိန္သစ္ႏွစ္ခုတင္သြားတဲ့ BLACKPINK ရဲ႕ DDU DU DDU DU

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

BLACKPINK အဖြဲ႕ရဲ႕ နာမည္ေက်ာ္သီခ်င္းျဖစ္တဲ့ DDU DU DDU DU ဟာ ပရိသတ္ေတြအတြက္ေတာ့ နည္းနည္းေလးမွ ရိုးသြားဟန္ မရိွေသးပါဘူး။ စံခ်ိန္မ်ားစြာကို ခ်ိဳးျဖတ္သြားႏိုင္ခဲ့တဲ့ ဒီသီခ်င္းဟာ အခုလည္း တစ္ရက္တည္းနဲ႔ စံခ်ိန္အသစ္ႏွစ္ခုကို မွတ္ေက်ာက္တင္လိုက္ႏိုင္ျပန္ပါၿပီ။

ဇူလိုင္လ(၂၆)ရက္ေန႔မွာပဲ DDU DU DDU DU ရဲ႕ YouTube က MV ဟာ Like (၁၀)သန္း ရရိွသြားခဲ့ပါတယ္။ ဒါဟာ BLACKPINK အဖြဲ႕အတြက္ Like (၁၀)သန္း ရရိွဖူးတဲ့ ပထမဦးဆုံးေသာ MV ျဖစ္ၿပီး K-pop တစ္ခုလုံးအေနနဲ႔ဆိုရင္ေတာ့ စတုတၳေျမာက္သီခ်င္းလို႔ ေျပာရမွာပါ။ ပထမေနရာကေန တတိယေနရာအထိ ဗိုလ္စြဲထားတဲ့ သီခ်င္းေတြကေတာ့ BTS အဖြဲ႕ရဲ႕ DNA (၁၀)သန္း၊ Boy With Luv (၁၀)သန္းနဲ႔ Fake Love (၁၀)သန္းတို႔ ျဖစ္ပါတယ္။


ဒုတိယေျမာက္ ရရိွသြားတဲ့စံခ်ိန္ကေတာ့ DDU DU DDU DU နဲ႔အတူ ထြက္ရိွခဲ့တဲ့ မီနီအယ္လ္ဘမ္ Square Up ဟာ Gaon မွာ digital point (၂)ဘီလ်ံ ရရိွသြားတဲ့ ပထမဦးဆုံးေသာ မိန္းကေလးအဖြဲ႕ ျဖစ္သြားတာပါပဲ။


ယခုေလာေလာဆယ္မွာ BLACKPINK အဖြဲ႕ဟာ ေခတၱခဏ အနားယူေနဟန္ရိွေပမယ့္ သူတို႔ရဲ႕သီခ်င္းေတြကေတာ့ အနားမယူဘဲ အရိွန္အဟုန္နဲ႔ ခုတ္ေမာင္းေနဆဲဆိုတာ တင္ျပရင္း …။

Xei

Ref: koreaboo

(Unicode Version)

BLACKPINK အဖွဲ့ရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့ DDU DU DDU DU ဟာ ပရိသတ်တွေအတွက်တော့ နည်းနည်းလေးမှ ရိုးသွားဟန် မရှိသေးပါဘူး။ စံချိန်များစွာကို ချိုးဖြတ်သွားနိုင်ခဲ့တဲ့ ဒီသီချင်းဟာ အခုလည်း တစ်ရက်တည်းနဲ့ စံချိန်အသစ်နှစ်ခုကို မှတ်ကျောက်တင်လိုက်နိုင်ပြန်ပါပြီ။

ဇူလိုင်လ(၂၆)ရက်နေ့မှာပဲ DDU DU DDU DU ရဲ့ YouTube က MV ဟာ Like (၁၀)သန်း ရရှိသွားခဲ့ပါတယ်။ ဒါဟာ BLACKPINK အဖွဲ့အတွက် Like (၁၀)သန်း ရရှိဖူးတဲ့ ပထမဦးဆုံးသော MV ဖြစ်ပြီး K-pop တစ်ခုလုံးအနေနဲ့ဆိုရင်တော့ စတုတ္ထမြောက်သီချင်းလို့ ပြောရမှာပါ။ ပထမနေရာကနေ တတိယနေရာအထိ ဗိုလ်စွဲထားတဲ့ သီချင်းတွေကတော့ BTS အဖွဲ့ရဲ့ DNA (၁၀)သန်း၊ Boy With Luv (၁၀)သန်းနဲ့ Fake Love (၁၀)သန်းတို့ ဖြစ်ပါတယ်။


ဒုတိယမြောက် ရရှိသွားတဲ့စံချိန်ကတော့ DDU DU DDU DU နဲ့အတူ ထွက်ရှိခဲ့တဲ့ မီနီအယ်လ်ဘမ် Square Up ဟာ Gaon မှာ digital point (၂)ဘီလျံ ရရှိသွားတဲ့ ပထမဦးဆုံးသော မိန်းကလေးအဖွဲ့ ဖြစ်သွားတာပါပဲ။


ယခုလောလောဆယ်မှာ BLACKPINK အဖွဲ့ဟာ ခေတ္တခဏ အနားယူနေဟန်ရှိပေမယ့် သူတို့ရဲ့သီချင်းတွေကတော့ အနားမယူဘဲ အရှိန်အဟုန်နဲ့ ခုတ်မောင်းနေဆဲဆိုတာ တင်ပြရင်း …။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular