HomeCelebs Update NewsKoreaNetflix မှာ ထုတ်လွှင့်သွားမယ့် BLACKPINK အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင် Light Up The Sky

Netflix မှာ ထုတ်လွှင့်သွားမယ့် BLACKPINK အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင် Light Up The Sky

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် မိန်းကလေးကေပေါ့ပ် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့ဟာ ပထမဦးဆုံး မှတ်တမ်းတင် ရုပ်ရှင်တစ်ခုကို Netflix မှာ ထုတ်လွှင့်သွားတော့မှာ ဖြစ်ပါတယ်။

BLACKPINK: Light Up The Sky လို့ အမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင်ကိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ Netflix က တရားဝင် ထွေလာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မှတ်တမ်းရုပ်ရှင်ကိုတော့ ဒါရိုက်တာ Caroline Suh က ရိုက်ကူးပေးထားတာဖြစ်ပြီး Cara Mones က produce လုပ်ပေးထားတာ ဖြစ်ပါတယ်။

Photo: blackpinkofficial/ Instagram

ဒီမှတ်တမ်းရုပ်ရှင်မှာတော့ အဖွဲ့ဝင်လေးယောက်ဖြစ်တဲ့ Jisoo ၊ Jennie ၊ Rosé ၊ Lisa တို့ရဲ့ လက်မှတ်အားလုံး ရောင်းကုန်ခဲ့တဲ့ ဖျော်ဖြေရေးခရီးစဉ်တွေအကြောင်းနဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ နာမည်ကြီး ဂီတပွဲတော်ဖြစ်တဲ့ Coachella festival မှာ ဖျော်ဖြေခွင့်ရခဲ့တဲ့ ပထမဆုံး ကေပေါ့ပ် အမျိုးသမီးအဖွဲ့ ဖြစ်လာခဲ့ပုံကိုတွေကို ပြသသွားမှာ ဖြစ်ပါတယ်။

“ကျွန်မ လိုချင်တာကတော့ ကျွန်မတို့ဆီမှာ ရှိနေတဲ့ အလားအလာတွေကို လူတွေ မြင်စေချင်တာပါပဲ… ” လို့ Jennie က ထွေလာထဲမှာ ပြောထားပါတယ်။

Light Up The Sky ဟာ အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ ဘဝဇာတ်ကြောင်းတွေ၊ ၂၀၁၆ခုနှစ်မှာ အဖွဲ့ဖြစ်လာခဲ့ပုံတွေ၊ BLINK လို့ ခေါ်ကြတဲ့ သူတို့ရဲ့ပရိသတ်တွေနဲ့ အဖွဲ့ဝင်တွေကြားထဲက ဆက်ဆံရေး၊ ခင်မင်မှုအကြောင်းတွေ၊ အဖွဲ့တစ်ဖွဲ့အဖြစ် ညီညွတ်စည်းလုံးစွာနဲ့ နှစ်တွေတစ်လျှောက်လုံး အတူလက်တွဲလာခဲ့ကြတာတွေကို ပြသသွားမှာ ဖြစ်ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကိုတော့ လာမယ့် အောက်တိုဘာလ(၁၄)ရက်နေ့မှာ Netflix မှာ စတင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Glasgow

Source: rolling stone

(Zawgyi Version)

နာမည္ေက်ာ္ မိန္းကေလးေကေပါ့ပ္ အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ BLACKPINK အဖြဲ႕ဟာ ပထမဦးဆုံး မွတ္တမ္းတင္ ႐ုပ္ရွင္တစ္ခုကို Netflix မွာ ထုတ္လႊင့္သြားေတာ့မွာ ျဖစ္ပါတယ္။

BLACKPINK: Light Up The Sky လို႔ အမည္ေပးထားတဲ့ မွတ္တမ္း႐ုပ္ရွင္ကိုေတာ့ ၿပီးခဲ့တဲ့ အဂၤါေန႔မွာ Netflix က တရားဝင္ ေထြလာ ထြက္ရွိခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ မွတ္တမ္း႐ုပ္ရွင္ကိုေတာ့ ဒါ႐ိုက္တာ Caroline Suh က ႐ိုက္ကူးေပးထားတာျဖစ္ၿပီး Cara Mones က produce လုပ္ေပးထားတာ ျဖစ္ပါတယ္။

Photo: blackpinkofficial/ Instagram

ဒီမွတ္တမ္း႐ုပ္ရွင္မွာေတာ့ အဖြဲ႕ဝင္ေလးေယာက္ျဖစ္တဲ့ Jisoo ၊ Jennie ၊ Rosé ၊ Lisa တို႔ရဲ႕ လက္မွတ္အားလုံး ေရာင္းကုန္ခဲ့တဲ့ ေဖ်ာ္ေျဖေရးခရီးစဥ္ေတြအေၾကာင္းနဲ႔ ကယ္လီဖိုးနီးယားျပည္နယ္ရဲ႕ နာမည္ႀကီး ဂီတပြဲေတာ္ျဖစ္တဲ့ Coachella festival မွာ ေဖ်ာ္ေျဖခြင့္ရခဲ့တဲ့ ပထမဆုံး ေကေပါ့ပ္ အမ်ိဳးသမီးအဖြဲ႕ ျဖစ္လာခဲ့ပုံကိုေတြကို ျပသသြားမွာ ျဖစ္ပါတယ္။

“ကြၽန္မ လိုခ်င္တာကေတာ့ ကြၽန္မတို႔ဆီမွာ ရွိေနတဲ့ အလားအလာေတြကို လူေတြ ျမင္ေစခ်င္တာပါပဲ… ” လို႔ Jennie က ေထြလာထဲမွာ ေျပာထားပါတယ္။

Light Up The Sky ဟာ အဖြဲ႕ဝင္တစ္ေယာက္ခ်င္းစီရဲ႕ ဘဝဇာတ္ေၾကာင္းေတြ၊ ၂၀၁၆ခုႏွစ္မွာ အဖြဲ႕ျဖစ္လာခဲ့ပုံေတြ၊ BLINK လို႔ ေခၚၾကတဲ့ သူတို႔ရဲ႕ပရိသတ္ေတြနဲ႔ အဖြဲ႕ဝင္ေတြၾကားထဲက ဆက္ဆံေရး၊ ခင္မင္မႈအေၾကာင္းေတြ၊ အဖြဲ႕တစ္ဖြဲ႕အျဖစ္ ညီၫြတ္စည္းလုံးစြာနဲ႔ ႏွစ္ေတြတစ္ေလွ်ာက္လုံး အတူလက္တြဲလာခဲ့ၾကတာေတြကို ျပသသြားမွာ ျဖစ္ပါတယ္။

ဒီမွတ္တမ္း႐ုပ္ရွင္ကိုေတာ့ လာမယ့္ ေအာက္တိုဘာလ(၁၄)ရက္ေန႔မွာ Netflix မွာ စတင္ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

Glasgow

Source: rolling stone

RELATED ARTICLES

Most Popular