HomeCelebs Update NewsKoreaYouTube မှာ subscriber အများဆုံး artist channel ဖြစ်လာတဲ့ BLACKPINK အဖွဲ့

YouTube မှာ subscriber အများဆုံး artist channel ဖြစ်လာတဲ့ BLACKPINK အဖွဲ့

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BLACKPINK အဖွဲ့ဟာ YouTube မှာတော့ စံချိန်အသစ်တစ်ခုကို တင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ လက်ရှိမှာ YouTube ရဲ့ subscriber အများဆုံး artist channel ဖြစ်သွားတာပါပဲ။

ယနေ့ စက်တင်ဘာလ(၁၀)ရက်နေ့မှာတော့ BLACKPINK ဟာ YouTube subscriber (၆၅.၂)သန်းကျော်သွားခဲ့ပြီး လက်ရှိ ဝင်ကြည့်ရင်တော့ (၆၅.၃)သန်းအထိ ရောက်နေတာ တွေ့ရမှာပါ။ ဒါဟာ YouTube ရဲ့ artist channel တွေထဲမှာ subscriber အများဆုံး ဖြစ်သွားတာလည်း ဖြစ်ပါတယ်။

Photo: blackpinkofficial/ Instagram

BLACKPINK အဖွဲ့ဟာ ဒီ channel ကို ၂၀၁၆ ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ငါးနှစ်နဲ့ သုံးလအကြာမှာ အခုလို အောင်မြင်မှုကို ရရှိလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာတော့ ဒုတိယ subscriber အများဆုံး YouTube artist channel အဖြစ် ရှိနေခဲ့တာပါ။ အဲဒီအချိန်တုန်းက subscriber အများဆုံး artist channel ဟာ Justin Bieber ရဲ့ channel ဖြစ်ခဲ့ပြီး ယနေ့မှာတော့ Justin Bieber ကို ကျော်တက်ကာ နံပါတ်(၁)နေရာကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။

Photo: blackpinkofficial/ Instagram

ဒီအောင်မြင်မှုနဲ့ ပတ်သက်ပြီး BLACKPINK အဖွဲ့ကတော့ အခုလိုမှတ်ချက်စကား ပါးထားပါတယ်။

“ကျွန်မတို့ ယုံတောင်မယုံနိုင်ပါဘူး။ ဒါဟာ BLINK တွေ ဖန်တီးပေးလိုက်တဲ့ မှော်ဆန်တဲ့ အခိုက်အတန့်လေးပါပဲ။ တစ်ကမ္ဘာလုံးက ကျွန်မတို့ကို ချစ်ခင်ပြီး အားပေးနေကြတဲ့ ပရိသတ်တွေအားလုံးကို ဒီကနေပဲ ဂုဏ်ယူကြောင်း ပြောလိုက်ပါရစေ … ”

“ဒီအောင်မြင်မှုဟာ ကျွန်မတို့နဲ့အတူ ပရိသတ်တွေက ပူးပေါင်း ပါဝင်ပေးခဲ့လို့ ရရှိလာတာ ဖြစ်တာကြောင့် ပရိသတ်တွေလည်း ဒီပျော်ရွှင်မှုကို မျှဝေခံစားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကောင်းမွန်တဲ့ သီချင်းတွေ၊ ဗွီဒီယိုတွေနဲ့ အပေါင်းလက္ခဏာဆန်တဲ့ စွမ်းအင်ခံစားချက်တွေ ပေးစွမ်းနိုင်ဖို့ ကြိုးစားသွားပါဦးမယ် … ” လို့ ပြောထားပါတယ်။

Photo: blackpinkofficial/ Instagram

လက်ရှိမှာတော့ YouTube ရဲ့ subscriber အများဆုံး artist channel (၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(1) BLACKPINK (65.3)သန်း

(2) Justin Bieber (65.1)သန်း

(3) BTS (57.6)သန်း

(4) Marshmello (53.8)သန်း

(5) Ariana Grande (49.6)သန်း

(6) Eminem (48.9)သန်း

(7) Ed Sheeran (48.7)သန်း

(8) Taylor Swift (43.3)သန်း

(9) Billie Eilish (42.8)သန်း

(10) Katy Perry (41.4)သန်း

*** အထက်ဖော်ပြပါ ကိန်းဂဏန်းများဟာ လက်ရှိအချိန်ထိ ရရှိထားတဲ့ subscriber အရေအတွက်ဖြစ်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။ ***

Glasgow

Source: soompi

(Zawgyi Version)

BLACKPINK အဖြဲ႕ဟာ YouTube မွာေတာ့ စံခ်ိန္အသစ္တစ္ခုကို တင္လိုက္ႏိုင္ၿပီ ျဖစ္ပါတယ္။ အဲဒါကေတာ့ လက္ရွိမွာ YouTube ရဲ႕ subscriber အမ်ားဆုံး artist channel ျဖစ္သြားတာပါပဲ။

ယေန႔ စက္တင္ဘာလ(၁၀)ရက္ေန႔မွာေတာ့ BLACKPINK ဟာ YouTube subscriber (၆၅.၂)သန္းေက်ာ္သြားခဲ့ၿပီး လက္ရွိ ဝင္ၾကည့္ရင္ေတာ့ (၆၅.၃)သန္းအထိ ေရာက္ေနတာ ေတြ႕ရမွာပါ။ ဒါဟာ YouTube ရဲ႕ artist channel ေတြထဲမွာ subscriber အမ်ားဆုံး ျဖစ္သြားတာလည္း ျဖစ္ပါတယ္။

Photo: blackpinkofficial/ Instagram

BLACKPINK အဖြဲ႕ဟာ ဒီ channel ကို ၂၀၁၆ ခုႏွစ္ ဇြန္လ(၂၈)ရက္ေန႔မွာ စတင္ဖြင့္လွစ္ခဲ့တာ ျဖစ္ၿပီး ငါးႏွစ္နဲ႔ သုံးလအၾကာမွာ အခုလို ေအာင္ျမင္မႈကို ရရွိလာတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ စက္တင္ဘာလမွာေတာ့ ဒုတိယ subscriber အမ်ားဆုံး YouTube artist channel အျဖစ္ ရွိေနခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက subscriber အမ်ားဆုံး artist channel ဟာ Justin Bieber ရဲ႕ channel ျဖစ္ခဲ့ၿပီး ယေန႔မွာေတာ့ Justin Bieber ကို ေက်ာ္တက္ကာ နံပါတ္(၁)ေနရာကို ေရာက္ရွိသြားတာ ျဖစ္ပါတယ္။

Photo: blackpinkofficial/ Instagram

ဒီေအာင္ျမင္မႈနဲ႔ ပတ္သက္ၿပီး BLACKPINK အဖြဲ႕ကေတာ့ အခုလိုမွတ္ခ်က္စကား ပါးထားပါတယ္။

“ကြၽန္မတို႔ ယုံေတာင္မယုံႏိုင္ပါဘူး။ ဒါဟာ BLINK ေတြ ဖန္တီးေပးလိုက္တဲ့ ေမွာ္ဆန္တဲ့ အခိုက္အတန႔္ေလးပါပဲ။ တစ္ကမာၻလုံးက ကြၽန္မတို႔ကို ခ်စ္ခင္ၿပီး အားေပးေနၾကတဲ့ ပရိသတ္ေတြအားလုံးကို ဒီကေနပဲ ဂုဏ္ယူေၾကာင္း ေျပာလိုက္ပါရေစ … ”

“ဒီေအာင္ျမင္မႈဟာ ကြၽန္မတို႔နဲ႔အတူ ပရိသတ္ေတြက ပူးေပါင္း ပါဝင္ေပးခဲ့လို႔ ရရွိလာတာ ျဖစ္တာေၾကာင့္ ပရိသတ္ေတြလည္း ဒီေပ်ာ္႐ႊင္မႈကို မွ်ေဝခံစားႏိုင္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဆက္လက္ၿပီးေတာ့လည္း ေကာင္းမြန္တဲ့ သီခ်င္းေတြ၊ ဗြီဒီယိုေတြနဲ႔ အေပါင္းလကၡဏာဆန္တဲ့ စြမ္းအင္ခံစားခ်က္ေတြ ေပးစြမ္းႏိုင္ဖို႔ ႀကိဳးစားသြားပါဦးမယ္ … ” လို႔ ေျပာထားပါတယ္။

Photo: blackpinkofficial/ Instagram

လက္ရွိမွာေတာ့ YouTube ရဲ႕ subscriber အမ်ားဆုံး artist channel (၁၀)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) BLACKPINK (65.3)သန္း

(2) Justin Bieber (65.1)သန္း

(3) BTS (57.6)သန္း

(4) Marshmello (53.8)သန္း

(5) Ariana Grande (49.6)သန္း

(6) Eminem (48.9)သန္း

(7) Ed Sheeran (48.7)သန္း

(8) Taylor Swift (43.3)သန္း

(9) Billie Eilish (42.8)သန္း

(10) Katy Perry (41.4)သန္း

*** အထက္ေဖာ္ျပပါ ကိန္းဂဏန္းမ်ားဟာ လက္ရွိအခ်ိန္ထိ ရရွိထားတဲ့ subscriber အေရအတြက္ျဖစ္ၿပီး အခ်ိန္နဲ႔အမွ် ေျပာင္းလဲႏိုင္ပါတယ္။ ***

Glasgow

Source: soompi

RELATED ARTICLES

Most Popular