HomeCelebs Update NewsKoreaလူငယ္ေတြအေပၚ အၾကမ္းဖက္မႈ ေလွ်ာ႔ခ်ေရးကမ္ပိန္းမွာ UNICEF နဲ႔ ပူးေပါင္းေဆာင္ရြက္ေနတဲ့ BTS အဖြဲ႔

လူငယ္ေတြအေပၚ အၾကမ္းဖက္မႈ ေလွ်ာ႔ခ်ေရးကမ္ပိန္းမွာ UNICEF နဲ႔ ပူးေပါင္းေဆာင္ရြက္ေနတဲ့ BTS အဖြဲ႔

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ကိုရီးယား boy band တစ္ခုျဖစ္တဲ့ BTS အဖြဲ႔နဲ႔ Big Hit Entertainment ကုမၸဏီတို႔ဟာ ကမာၻေပၚမွာရိွတဲ့ ကေလးသူငယ္ေတြနဲ႔ လူငယ္ေတြအေပၚ က်ေရာက္ေနတဲ့ အၾကမ္းဖက္မႈေတြကို ေလွ်ာ႔ခ်ကာကြယ္ေပးဖို႔ ျပဳလုပ္ေနတဲ့ UNICEF ရဲ႕ #LoveMyself ကမ္ပိန္းကို ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလမွာ စတင္ေထာက္ခံ အားေပးခဲ့ၾကပါတယ္။

အဆိုပါ #LoveMyself ကမ္ပိန္းဟာ ၂၀၁၃ခုႏွစ္က အစျပဳခဲ့တဲ့ #ENDViolence ကမ္ပိန္းကို ေထာက္ခံအားေပးတဲ့ ကမ္ပိန္းတစ္ခုျဖစ္ပါတယ္။ #ENDViolence ကမ္ပိန္းကေတာ့ ကမာၻႀကီးကို လူငယ္လူရြယ္ေတြအတြက္ လုံၿခံဳစိတ္ခ်ရတဲ့ေနရာတစ္ခု ျဖစ္လာဖို႔ ရည္ရြယ္တဲ့ ကမ္ပိန္းတစ္ခု ျဖစ္ပါတယ္။

©love-myself.org

#LoveMyself ကမ္ပိန္း လႈပ္ရွားမႈကေန ရရိွလာတဲ့ အလွဴေငြေတြကိုေတာ့ ကေလးသူငယ္နဲ႔ ဆယ္ေက်ာ္သက္ေတြမွာ အိမ္တြင္း၊ ေက်ာင္းတြင္း အၾကမ္းဖက္၊ႏွိပ္စက္မႈေတြနဲ႔ လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္ေစာ္ကားမႈ၊ အၾကမ္းဖက္မႈေတြ မျဖစ္ပြားရေအာင္ ကာကြယ္ေပးဖို႔နဲ႔ အလားတူ ခံစားေနရတဲ့ ကေလးငယ္ေတြနဲ႔ လူငယ္ေတြကို ကာကြယ္ေထာက္ပ့ံေပးဖို႔သာမက အၾကမ္းဖက္မႈ ကာကြယ္ေရးအတြက္ လုပ္ေဆာင္ေနၾကတဲ့ ေဒသတြင္း အဖြဲ႔အစည္းေတြကိုပါ ေထာက္ပ့ံေပးသြားဖို႔ ရည္ရြယ္တယ္လို႔ သိရပါတယ္။

BTS အဖြဲ႔အေနနဲ႔ ၂၀၁၈ခုႏွစ္ ဧၿပီလမွာ ယူအက္စ္၊ ကေနဒါ၊ ယူေက၊ ျပင္သစ္၊ နယ္သာလန္၊ ဂ်ာမနီနဲ႔ ဂ်ပန္ႏိုင္ငံတို႔ ပါ၀င္တဲ့ ကမာၻလွည့္ေဖ်ာ္ေျဖေရးကို UNICEF ရဲ႕ #ENDViolence ကမ္ပိန္း ကိုယ္စားျပဳအေနနဲ႔ ျပဳလုပ္ခဲ့ပါတယ္။ အဆိုပါ tour ဟာ BTS အဖြဲ႔ရဲ႕ Brand တည္ေဆာက္ေရးအတြက္သာမကဘဲ ကမ္ပိန္းအတြက္ ရန္ပုံေငြ ရွာေဖြပြဲပါ ျဖစ္ခဲ့ပါတယ္။

BTS အဖြဲ႔ ယခုလႈပ္ရွားေနတဲ့ #LoveMyself ကမ္ပိန္းကေတာ့ လူငယ္ဘ၀မွာ အခက္အခဲေပါင္းစုံ ႀကံဳေတြ႕ၿပီး သာမန္ကေလးဘ၀၊ လူငယ္ဘ၀ မရရိွႏိုင္တဲ့ ဆယ္ေက်ာ္သက္ရြယ္မ်ားအတြက္ လုံၿခံဳစိတ္ခ်ရၿပီး ေပ်ာ္ရႊင္ဖြယ္ရာေကာင္းတဲ့ ကမာၻတစ္ခု ဖန္တီးေပးႏိုင္ဖို႔ ရည္ရြယ္တယ္လို႔ သိရပါတယ္။

ကမာၻလုံးဆိုင္ရာ #LoveMyself ကမ္ပိန္းအတြက္ လႈံ႔ေဆာ္ေရးဗီြဒီယိုကေတာ့ ဇူလိုင္လ(၂၉)ရက္ေန႔က ibighit ရဲ႕ YouTube Channel မွာ လႊင့္တင္ခဲ့ၿပီး လက္ရိွမွာ ၾကည့္ရႈသူေပါင္း (၁၁.၈)သန္းေက်ာ္ ရိွေနပါတယ္။

Xei

Ref: endviolence.unicef

(Unicode Version)

ကိုရီးယား boy band တစ်ခုဖြစ်တဲ့ BTS အဖွဲ့နဲ့ Big Hit Entertainment ကုမ္ပဏီတို့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကလေးသူငယ်တွေနဲ့ လူငယ်တွေအပေါ် ကျရောက်နေတဲ့ အကြမ်းဖက်မှုတွေကို လျှော့ချကာကွယ်ပေးဖို့ ပြုလုပ်နေတဲ့ UNICEF ရဲ့ #LoveMyself ကမ်ပိန်းကို ၂၀၁၇ခုနှစ် နိုဝင်ဘာလမှာ စတင်ထောက်ခံ အားပေးခဲ့ကြပါတယ်။

အဆိုပါ #LoveMyself ကမ်ပိန်းဟာ ၂၀၁၃ခုနှစ်က အစပြုခဲ့တဲ့ #ENDViolence ကမ်ပိန်းကို ထောက်ခံအားပေးတဲ့ ကမ်ပိန်းတစ်ခုဖြစ်ပါတယ်။ #ENDViolence ကမ်ပိန်းကတော့ ကမ္ဘာကြီးကို လူငယ်လူရွယ်တွေအတွက် လုံခြုံစိတ်ချရတဲ့နေရာတစ်ခု ဖြစ်လာဖို့ ရည်ရွယ်တဲ့ ကမ်ပိန်းတစ်ခု ဖြစ်ပါတယ်။

©love-myself.org

#LoveMyself ကမ်ပိန်း လှုပ်ရှားမှုကနေ ရရှိလာတဲ့ အလှူငွေတွေကိုတော့ ကလေးသူငယ်နဲ့ ဆယ်ကျော်သက်တွေမှာ အိမ်တွင်း၊ ကျောင်းတွင်း အကြမ်းဖက်၊နှိပ်စက်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု၊ အကြမ်းဖက်မှုတွေ မဖြစ်ပွားရအောင် ကာကွယ်ပေးဖို့နဲ့ အလားတူ ခံစားနေရတဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေကို ကာကွယ်ထောက်ပံ့ပေးဖို့သာမက အကြမ်းဖက်မှု ကာကွယ်ရေးအတွက် လုပ်ဆောင်နေကြတဲ့ ဒေသတွင်း အဖွဲ့အစည်းတွေကိုပါ ထောက်ပံ့ပေးသွားဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

BTS အဖွဲ့အနေနဲ့ ၂၀၁၈ခုနှစ် ဧပြီလမှာ ယူအက်စ်၊ ကနေဒါ၊ ယူကေ၊ ပြင်သစ်၊ နယ်သာလန်၊ ဂျာမနီနဲ့ ဂျပန်နိုင်ငံတို့ ပါဝင်တဲ့ ကမ္ဘာလှည့်ဖျော်ဖြေရေးကို UNICEF ရဲ့ #ENDViolence ကမ်ပိန်း ကိုယ်စားပြုအနေနဲ့ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ tour ဟာ BTS အဖွဲ့ရဲ့ Brand တည်ဆောက်ရေးအတွက်သာမကဘဲ ကမ်ပိန်းအတွက် ရန်ပုံငွေ ရှာဖွေပွဲပါ ဖြစ်ခဲ့ပါတယ်။

BTS အဖွဲ့ ယခုလှုပ်ရှားနေတဲ့ #LoveMyself ကမ်ပိန်းကတော့ လူငယ်ဘဝမှာ အခက်အခဲပေါင်းစုံ ကြုံတွေ့ပြီး သာမန်ကလေးဘဝ၊ လူငယ်ဘ၀ မရရှိနိုင်တဲ့ ဆယ်ကျော်သက်ရွယ်များအတွက် လုံခြုံစိတ်ချရပြီး ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ကမ္ဘာတစ်ခု ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ #LoveMyself ကမ်ပိန်းအတွက် လှုံ့ဆော်ရေးဗွီဒီယိုကတော့ ဇူလိုင်လ(၂၉)ရက်နေ့က ibighit ရဲ့ YouTube Channel မှာ လွှင့်တင်ခဲ့ပြီး လက်ရှိမှာ ကြည့်ရှုသူပေါင်း (၁၁.၈)သန်းကျော် ရှိနေပါတယ်။

Xei

Ref: endviolence.unicef

 

 

RELATED ARTICLES

Most Popular