HomeCelebs Update NewsKoreaအောက်တိုဘာလမှာ အွန်လိုင်း concert ကျင်းပသွားမယ့် BTS အဖွဲ့

အောက်တိုဘာလမှာ အွန်လိုင်း concert ကျင်းပသွားမယ့် BTS အဖွဲ့

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာ လာမယ့်အောက်တိုဘာလမှာ တစ်ကမ္ဘာလုံးက ပရိသတ်တွေအတွက် အွန်လိုင်း concert တစ်ခု ကျင်းပ၊ ဖျော်ဖြေသွားမယ်လို့ BigHit Entertainment က ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

Map of the Soul ON:E လို့ အမည်ပေးထားတဲ့ အဆိုပါ အွန်လိုင်းဖျော်ဖြေပွဲကိုတော့ ဆိုးလ်မြို့မှာ ပြုလုပ်သွားမှာဖြစ်ပြီး နှစ်နာရီကြာမြင့်မယ့် virtual ဖျော်ဖြေပွဲကို အောက်တိုဘာလ(၁၀)ရက်နေ့နဲ့ (၁၁)ရက်နေ့မှာ တစ်ကမ္ဘာလုံးကို livestream ပြသသွားမှာ ဖြစ်ပါတယ်။

Photo: bts.bighitofficial/ Instagram

ယခုအွန်လိုင်းဖျော်ဖြေပွဲကို ပြုလုပ်ရတဲ့ အကြောင်းရင်းကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ဖျော်ဖြေပွဲတွေအားလုံး ဖျက်သိမ်းလိုက်ရတဲ့အတွက် ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ပြန်လည်ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တယ်လို့ BigHit Entertainment က ဆိုပါတယ်။

“အရင်တုန်းက လုံးဝ မမြင်ခဲ့ဖူးတဲ့ စတိတ်အပြင်အဆင်တွေနဲ့ ဆက်တင်တွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုဗစ်ကပ်ရောဂါကြောင့် ဖျော်ဖြေပွဲတွေ ဖျက်သိမ်းလိုက်ရတဲ့အတွက် ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ BTS အဖွဲ့ရဲ့ Map of the Soul ON:E ဖျော်ဖြေပွဲကို စောင့်မျှော်အားပေးကြမယ်လို့ မျှော်လင့်ပါတယ်…” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Photo: bts.bighitofficial/ Instagram

ယခုထုတ်လွှင့်မယ့် အွန်လိုင်းဖျော်ဖြေပွဲမှာတော့ အပြင်မှာ တကယ့် live show အစစ်ကို ကြည့်နေရသလို ရုပ်သံအရည်အသွေးတွေကို ရရှိခံစားနိုင်မှာ ဖြစ်ပြီး 4K resolution နဲ့တကွ AR ၊ XR တွေနဲ့ပါ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် multi view live streaming နဲ့ ထုတ်လွှင့်ပြသမှာဖြစ်လို့ စုစုပေါင်း view ခြောက်ခုထဲက ပရိသတ်တွေအနေနဲ့ မိမိအနှစ်သက်ဆုံး view ကနေ ရွေးချယ်ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။

BTS အဖွဲ့ဟာ လာမယ့် နိုဝင်ဘာလမှာလည်း BE လို့ အမည်ပေးထားတဲ့ တေးအယ်လ်ဘမ်အသစ်တစ်ချပ်ကို ထွက်ရှိသွားဦးမှာလည်း ဖြစ်ပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

နာမည္ေက်ာ္ ေကေပါ့ပ္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ BTS ဟာ လာမယ့္ေအာက္တိုဘာလမွာ တစ္ကမာၻလုံးက ပရိသတ္ေတြအတြက္ အြန္လိုင္း concert တစ္ခု က်င္းပ၊ ေဖ်ာ္ေျဖသြားမယ္လို႔ BigHit Entertainment က ၿပီးခဲ့တဲ့ အဂၤါေန႔က ေၾကညာလိုက္ပါတယ္။

Map of the Soul ON:E လို႔ အမည္ေပးထားတဲ့ အဆိုပါ အြန္လိုင္းေဖ်ာ္ေျဖပြဲကိုေတာ့ ဆိုးလ္ၿမိဳ႕မွာ ျပဳလုပ္သြားမွာျဖစ္ၿပီး ႏွစ္နာရီၾကာျမင့္မယ့္ virtual ေဖ်ာ္ေျဖပြဲကို ေအာက္တိုဘာလ(၁၀)ရက္ေန႔နဲ႔ (၁၁)ရက္ေန႔မွာ တစ္ကမာၻလုံးကို livestream ျပသသြားမွာ ျဖစ္ပါတယ္။

Photo: bts.bighitofficial/ Instagram

ယခုအြန္လိုင္းေဖ်ာ္ေျဖပြဲကို ျပဳလုပ္ရတဲ့ အေၾကာင္းရင္းကေတာ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေဖ်ာ္ေျဖပြဲေတြအားလုံး ဖ်က္သိမ္းလိုက္ရတဲ့အတြက္ ပရိသတ္ေတြရဲ႕ စိတ္ပ်က္မႈကို ျပန္လည္ျဖည့္ဆည္းေပးဖို႔ ရည္႐ြယ္တယ္လို႔ BigHit Entertainment က ဆိုပါတယ္။

“အရင္တုန္းက လုံးဝ မျမင္ခဲ့ဖူးတဲ့ စတိတ္အျပင္အဆင္ေတြနဲ႔ ဆက္တင္ေတြကို အသုံးျပဳသြားမွာ ျဖစ္ပါတယ္။ ဒါဟာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေဖ်ာ္ေျဖပြဲေတြ ဖ်က္သိမ္းလိုက္ရတဲ့အတြက္ ပရိသတ္ေတြရဲ႕ စိတ္ပ်က္မႈကို ျပန္လည္ျဖည့္ဆည္းေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ BTS အဖြဲ႕ရဲ႕ Map of the Soul ON:E ေဖ်ာ္ေျဖပြဲကို ေစာင့္ေမွ်ာ္အားေပးၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္…” လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

Photo: bts.bighitofficial/ Instagram

ယခုထုတ္လႊင့္မယ့္ အြန္လိုင္းေဖ်ာ္ေျဖပြဲမွာေတာ့ အျပင္မွာ တကယ့္ live show အစစ္ကို ၾကည့္ေနရသလို ႐ုပ္သံအရည္အေသြးေတြကို ရရွိခံစားႏိုင္မွာ ျဖစ္ၿပီး 4K resolution နဲ႔တကြ AR ၊ XR ေတြနဲ႔ပါ ၾကည့္ရႈခံစားႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ multi view live streaming နဲ႔ ထုတ္လႊင့္ျပသမွာျဖစ္လို႔ စုစုေပါင္း view ေျခာက္ခုထဲက ပရိသတ္ေတြအေနနဲ႔ မိမိအႏွစ္သက္ဆုံး view ကေန ေ႐ြးခ်ယ္ၾကည့္ရႈႏိုင္မွာလည္း ျဖစ္ပါတယ္။

BTS အဖြဲ႕ဟာ လာမယ့္ ႏိုဝင္ဘာလမွာလည္း BE လို႔ အမည္ေပးထားတဲ့ ေတးအယ္လ္ဘမ္အသစ္တစ္ခ်ပ္ကို ထြက္ရွိသြားဦးမွာလည္း ျဖစ္ပါတယ္။

Glasgow

Source: indian express

 

RELATED ARTICLES

Most Popular