HomeEntertainmentMusicWAP တစ်နှစ်ပြည့်မှာ နောက်ထပ် collab လုပ်ဖို့ စကားစလာတဲ့ Cardi B နဲ့ Megan Thee Stallion 

WAP တစ်နှစ်ပြည့်မှာ နောက်ထပ် collab လုပ်ဖို့ စကားစလာတဲ့ Cardi B နဲ့ Megan Thee Stallion 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Cardi B နဲ့ Megan Thee Stallion တို့ဟာ ဂီတလောကတစ်ခုလုံး တုန်လှုပ်သွားစေခဲ့တဲ့ WAP သီချင်းကို မနှစ်က ထွက်ရှိခဲ့ကြပြီး အခုအချိန်မှာတော့ ဒီသီချင်းရဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်နဲ့အတူ နောက်ထပ် သီချင်းတစ်ပုဒ်လောက် အတူဖန်တီးဖြစ်ဦးမလားဆိုတာ ပြောလာကြပါတယ်။

“wappity WAP က ဒီနေ့ တစ်နှစ်ပြည့်သွားတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ ဘာမှမကြာလိုက်သလိုပဲ။ နောက်တစ်ပုဒ်လောက် ထပ်လုပ်ကြရအောင် … ” လို့ Cardi B က သူမရဲ့တွစ်တာစာမျက်နှာမှာ Megan Thee Stallion ကို မန်းရှင်းပြီး ပြောထားတာ ဖြစ်ပါတယ်။

Photo: theestallion/ Twitter

Megan ကတော့ Cardi ရဲ့ပိုစ့်ကို quote tweet ပြန်လုပ်ပြီး အခုလို ပြောထားပါသေးတယ်။ “HAPPY WAPIVERSARY ပါ … ငါ့ကို အတူတွဲလုပ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေလည်း နောက်ထပ် collab တစ်ပုဒ်လောက် ထပ်ရသင့်ပါသေးတယ် … ” လို့ Megan က ဆိုထားပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ WAP သီချင်းကို ဆင်ဂယ်လ်အနေနဲ့ ထွက်ရှိခဲ့ကြတာ ဖြစ်ပြီး ဒီသီချင်းဟာ Cardi B ရဲ့ ဒုတိယမြောက် စတူဒီယိုအယ်လ်ဘမ်ထဲမှာ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီသီချင်းရဲ့ music video ထဲမှာတော့ ဟောလိဝုဒ်က နာမည်ကြီးမိန်းမလှတွေဖြစ်တဲ့ Kylie Jenner ၊ Normani ၊ Rubi Rose ၊ Sukihana ၊ Rosalía နဲ့ Mulatto တို့ကို ဧည့်သည်သရုပ်ဆောင်အဖြစ် ထည့်သွင်းထားပြီး ဆက်ဆီကျလွန်းတဲ့ ပုံစံနဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Photo: iamcardib/ Instagram

ဒီသီချင်းဟာ Billboard Hot 100 မှာ ထိပ်ဆုံးနေရာက ရပ်တည်နိုင်ခဲ့ရုံသာမက Cardi အတွက် ယူအက်စ်မှာ နံပါတ်(၁)ချိတ်တဲ့ လေးပုဒ်မြောက် သီချင်း ဖြစ်ခဲ့ပြီး Megan အတွက်တော့ ဒုတိယမြောက် နံပါတ်(၁)ချိတ်တဲ့ သီချင်း ဖြစ်ခဲ့ပါတယ်။

ဒီသီချင်းဟာ music video ကို ပုံဖော်ရာမှာတင် ဆက်ဆီကျလွန်းတာ မဟုတ်ဘဲ သီချင်းစာသားတွေဟာလည်း ခန္ဓာကိုယ်အောက်ပိုင်း အကြောင်းအရာတွေများစွာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီသီချင်းဟာ အခုလို ပေါ်ပြူလာဖြစ်ခဲ့ပေမယ့်လည်း ရှေးရိုးစွဲ လူကြီးပိုင်းတွေအတွက်တော့ နားမချမ်းသာစရာ ဖြစ်ခဲ့ပြီး ပရိသတ်အများစုအတွက် ကြည့်ရှုနားဆင်ဖို့ မသင့်တော်ဘူးဆိုတဲ့ ဝေဖန်မှုများစွာကို ရရှိခဲ့ပါတယ်။

Glasgow

Source: people

(Zawgyi Version)

Cardi B နဲ႔ Megan Thee Stallion တို႔ဟာ ဂီတေလာကတစ္ခုလုံး တုန္လႈပ္သြားေစခဲ့တဲ့ WAP သီခ်င္းကို မႏွစ္က ထြက္ရွိခဲ့ၾကၿပီး အခုအခ်ိန္မွာေတာ့ ဒီသီခ်င္းရဲ႕ တစ္ႏွစ္ျပည့္ အထိမ္းအမွတ္နဲ႔အတူ ေနာက္ထပ္ သီခ်င္းတစ္ပုဒ္ေလာက္ အတူဖန္တီးျဖစ္ဦးမလားဆိုတာ ေျပာလာၾကပါတယ္။

“wappity WAP က ဒီေန႔ တစ္ႏွစ္ျပည့္သြားတယ္ဆိုတာ ယုံေတာင္မယုံႏိုင္ဘူး။ ဘာမွမၾကာလိုက္သလိုပဲ။ ေနာက္တစ္ပုဒ္ေလာက္ ထပ္လုပ္ၾကရေအာင္ … ” လို႔ Cardi B က သူမရဲ႕တြစ္တာစာမ်က္ႏွာမွာ Megan Thee Stallion ကို မန္းရွင္းၿပီး ေျပာထားတာ ျဖစ္ပါတယ္။

Photo: theestallion/ Twitter

Megan ကေတာ့ Cardi ရဲ႕ပိုစ့္ကို quote tweet ျပန္လုပ္ၿပီး အခုလို ေျပာထားပါေသးတယ္။ “HAPPY WAPIVERSARY ပါ … ငါ့ကို အတူတြဲလုပ္ခြင့္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ပရိသတ္ေတြလည္း ေနာက္ထပ္ collab တစ္ပုဒ္ေလာက္ ထပ္ရသင့္ပါေသးတယ္ … ” လို႔ Megan က ဆိုထားပါတယ္။

သူတို႔ႏွစ္ဦးဟာ ၿပီးခဲ့တဲ့ႏွစ္ ဩဂုတ္လမွာ WAP သီခ်င္းကို ဆင္ဂယ္လ္အေနနဲ႔ ထြက္ရွိခဲ့ၾကတာ ျဖစ္ၿပီး ဒီသီခ်င္းဟာ Cardi B ရဲ႕ ဒုတိယေျမာက္ စတူဒီယိုအယ္လ္ဘမ္ထဲမွာ ပါဝင္မွာ ျဖစ္ပါတယ္။ ဒီသီခ်င္းရဲ႕ music video ထဲမွာေတာ့ ေဟာလိဝုဒ္က နာမည္ႀကီးမိန္းမလွေတြျဖစ္တဲ့ Kylie Jenner ၊ Normani ၊ Rubi Rose ၊ Sukihana ၊ Rosalía နဲ႔ Mulatto တို႔ကို ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ထည့္သြင္းထားၿပီး ဆက္ဆီက်လြန္းတဲ့ ပုံစံနဲ႔ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

Photo: iamcardib/ Instagram

ဒီသီခ်င္းဟာ Billboard Hot 100 မွာ ထိပ္ဆုံးေနရာက ရပ္တည္ႏိုင္ခဲ့႐ုံသာမက Cardi အတြက္ ယူအက္စ္မွာ နံပါတ္(၁)ခ်ိတ္တဲ့ ေလးပုဒ္ေျမာက္ သီခ်င္း ျဖစ္ခဲ့ၿပီး Megan အတြက္ေတာ့ ဒုတိယေျမာက္ နံပါတ္(၁)ခ်ိတ္တဲ့ သီခ်င္း ျဖစ္ခဲ့ပါတယ္။

ဒီသီခ်င္းဟာ music video ကို ပုံေဖာ္ရာမွာတင္ ဆက္ဆီက်လြန္းတာ မဟုတ္ဘဲ သီခ်င္းစာသားေတြဟာလည္း ခႏၶာကိုယ္ေအာက္ပိုင္း အေၾကာင္းအရာေတြမ်ားစြာ ပါဝင္ေနတာ ျဖစ္ပါတယ္။ ဒီသီခ်င္းဟာ အခုလို ေပၚျပဴလာျဖစ္ခဲ့ေပမယ့္လည္း ေရွး႐ိုးစြဲ လူႀကီးပိုင္းေတြအတြက္ေတာ့ နားမခ်မ္းသာစရာ ျဖစ္ခဲ့ၿပီး ပရိသတ္အမ်ားစုအတြက္ ၾကည့္ရႈနားဆင္ဖို႔ မသင့္ေတာ္ဘူးဆိုတဲ့ ေဝဖန္မႈမ်ားစြာကို ရရွိခဲ့ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular