HomeCelebs Update NewsKoreaXiumin ဆီမွာ အၿမဲတမ္း ရင္ဖြင့္ျဖစ္ေၾကာင္း ေျပာျပလာတဲ့ Chen

Xiumin ဆီမွာ အၿမဲတမ္း ရင္ဖြင့္ျဖစ္ေၾကာင္း ေျပာျပလာတဲ့ Chen

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

EXO အဖွဲ့ဝင် Chen ဟာ အဖွဲ့ဝင်တွေထဲမှာ Xiumin နဲ့ အနီးကပ်ဆုံးဖြစ်ပြီး သူ့ဆီမှာ အများဆုံး ရင်ဖွင့်ဖြစ်တယ်လို့ ပြောပြလိုက်ပါတယ်။

Chen ဟာ သူ့ရဲ့နောက်ဆုံးထွက်ထားတဲ့ အယ်လ်ဘမ် “Dear My Dear” ကို လက်ရှိမှာ promote ပြုလုပ်နေပြီး ဒီ့အတွက်လည်း ရေဒီယိုအင်တာဗျူးတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ Chen ဟာ အောက်တိုဘာလ(၃)ရက်နေ့မှာ KBS Cool FM က ထုတ်လွှင့်တဲ့ Jung Eun Ji’s Music Plaza အစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပြီး သူ့ရဲ့အယ်လ်ဘမ်သစ်အကြောင်းနဲ့အတူ အဖွဲ့ဝင်တွေအပေါ်ထားတဲ့ သူ့ရဲ့အမြင်တွေကိုပါ ပြောဆိုဆွေးနွေးသွားခဲ့တာ ဖြစ်ပါတယ်။

Photo: koreaboo

EXO အဖွဲ့ဝင်အားလုံးနဲ့ တရင်းတနှီးရှိပေမယ့် အရင်းနှီးဆုံးလူတစ်ယောက်နဲ့ အမြဲရင်ဖွင့်ဖြစ်တဲ့ လူတစ်ယောက်ကတော့ Xiumin ဖြစ်ပါတယ်လို့ ပြောသွားတာပါ။ “ကျွန်တော်တို့ လူတစ်ယောက်ကို စကားပြောတဲ့အခါ အများအားဖြင့် လူတွေက နားထောင်တယ်။ ပြီးရင် သူတို့ထင်တဲ့အကြောင်းတွေကို ပြန်ပြောလေ့ရှိကြတယ်။ ဒါပေမယ့် Xiumin ကကျတော့ ဘာပြောပြော အမြဲတမ်း နားထောင်ပေးတယ်။ ဘာဖြစ်ဖြစ် နားထောင်ပေးဖို့ အဆင်သင့်ရှိနေတယ်။ အဲ့ဒါလေးကို အရမ်းသဘောကျပါတယ်” လို့ Chen က ဆိုပါတယ်။

Photo: koreaboo

ဒါ့အပြင် စကားအပြောအဆို နွေးထွေးတဲ့ Chen ဟာ ရှိုးရဲ့ host ဖြစ်တဲ့ Apink အဖွဲ့က Jung Eunji ကိုလည်း တလေးတစားနဲ့ ကျေးဇူးတင်စကား ပြောခဲ့ပါသေးတယ်။ “ကျွန်တော်တို့ အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ဖူးတာလောက်ပဲ ရှိခဲ့ကြတော့ အခုလိုမျိုး စကားတွေအများကြီး ပြောရတာ ကောင်းပါတယ်။ ကျွန်တော်လာမယ်ဆိုလို့ ကျွန်တော့်အကြောင်းတွေပါ လေ့လာထားတယ်လို့လည်း သိရတယ်။ အဲ့ဒီ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ host Eunji ကိုပါ နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။

Photo: koreaboo

ဘာပဲဖြစ်ဖြစ် အဖွဲ့ဝင်တွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် ဒီလိုဖေးဖေးမမ ရှိပြီး သံယောဇဉ်တွယ်ကြတာ ကောင်းတဲ့အရာတစ်ခုပဲ မဟုတ်ပါလား။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

EXO အဖြဲ႔၀င္ Chen ဟာ အဖြဲ႔၀င္ေတြထဲမွာ Xiumin နဲ႔ အနီးကပ္ဆုံးျဖစ္ၿပီး သူ႔ဆီမွာ အမ်ားဆုံး ရင္ဖြင့္ျဖစ္တယ္လို႔ ေျပာျပလိုက္ပါတယ္။

Chen ဟာ သူ႔ရဲ႕ေနာက္ဆုံးထြက္ထားတဲ့ အယ္လ္ဘမ္ “Dear My Dear” ကို လက္ရိွမွာ promote ျပဳလုပ္ေနၿပီး ဒီ့အတြက္လည္း ေရဒီယိုအင္တာဗ်ဴးတစ္ခုမွာ ပါ၀င္ခဲ့ပါတယ္။ Chen ဟာ ေအာက္တိုဘာလ(၃)ရက္ေန႔မွာ KBS Cool FM က ထုတ္လႊင့္တဲ့ Jung Eun Ji’s Music Plaza အစီအစဥ္မွာ ပါ၀င္ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕အယ္လ္ဘမ္သစ္အေၾကာင္းနဲ႔အတူ အဖြဲ႔၀င္ေတြအေပၚထားတဲ့ သူ႔ရဲ႕အျမင္ေတြကိုပါ ေျပာဆိုေဆြးေႏြးသြားခဲ့တာ ျဖစ္ပါတယ္။

Photo: koreaboo

EXO အဖြဲ႔၀င္အားလုံးနဲ႔ တရင္းတႏွီးရိွေပမယ့္ အရင္းႏွီးဆုံးလူတစ္ေယာက္နဲ႔ အၿမဲရင္ဖြင့္ျဖစ္တဲ့ လူတစ္ေယာက္ကေတာ့ Xiumin ျဖစ္ပါတယ္လို႔ ေျပာသြားတာပါ။ “ကၽြန္ေတာ္တို႔ လူတစ္ေယာက္ကို စကားေျပာတဲ့အခါ အမ်ားအားျဖင့္ လူေတြက နားေထာင္တယ္။ ၿပီးရင္ သူတို႔ထင္တဲ့အေၾကာင္းေတြကို ျပန္ေျပာေလ့ရိွၾကတယ္။ ဒါေပမယ့္ Xiumin ကက်ေတာ့ ဘာေျပာေျပာ အၿမဲတမ္း နားေထာင္ေပးတယ္။ ဘာျဖစ္ျဖစ္ နားေထာင္ေပးဖို႔ အဆင္သင့္ရိွေနတယ္။ အဲ့ဒါေလးကို အရမ္းသေဘာက်ပါတယ္” လို႔ Chen က ဆိုပါတယ္။

Photo: koreaboo

ဒါ့အျပင္ စကားအေျပာအဆို ေႏြးေထြးတဲ့ Chen ဟာ ရိႈးရဲ႕ host ျဖစ္တဲ့ Apink အဖြဲ႔က Jung Eunji ကိုလည္း တေလးတစားနဲ႔ ေက်းဇူးတင္စကား ေျပာခဲ့ပါေသးတယ္။ “ကၽြန္ေတာ္တို႔ အရင္တုန္းက တစ္ေယာက္နဲ႔တစ္ေယာက္ ႏႈတ္ဆက္ဖူးတာေလာက္ပဲ ရိွခဲ့ၾကေတာ့ အခုလိုမ်ိဳး စကားေတြအမ်ားႀကီး ေျပာရတာ ေကာင္းပါတယ္။ ကၽြန္ေတာ္လာမယ္ဆိုလို႔ ကၽြန္ေတာ့္အေၾကာင္းေတြပါ ေလ့လာထားတယ္လို႔လည္း သိရတယ္။ အဲ့ဒီ့အတြက္လည္း ေက်းဇူးတင္ပါတယ္” လို႔ host Eunji ကိုပါ ႏႈတ္ဆက္သြားခဲ့တာ ျဖစ္ပါတယ္။

Photo: koreaboo

ဘာပဲျဖစ္ျဖစ္ အဖြဲ႔၀င္ေတြအေနနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ဒီလိုေဖးေဖးမမ ရိွၿပီး သံေယာဇဥ္တြယ္ၾကတာ ေကာင္းတဲ့အရာတစ္ခုပဲ မဟုတ္ပါလား။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular