HomeCelebs Update NewsKoreaကိုရီးယားရိုးရာကို အခြေခံထားတဲ့ ဖက်ရှင်နဲ့ Met Gala ပွဲကို တက်ရောက်လာတဲ့ CL

ကိုရီးယားရိုးရာကို အခြေခံထားတဲ့ ဖက်ရှင်နဲ့ Met Gala ပွဲကို တက်ရောက်လာတဲ့ CL

အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။

CL ကတော့ ယခုနှစ်ရဲ့ Met Gala ပွဲကို တက်ရောက်လာပြီး ပရိသတ်တွေကို surprise တိုက်ချသွားပါတယ်။ သူမဟာ Rosé နဲ့အတူ Met Gala ကို တက်ရောက်ရတဲ့ ပထမဆုံး အမျိုးသမီး k-pop artist တစ်ယောက်လည်း ဖြစ်ပါတယ်။

CL ဟာ ဆံပင်ထုံးဖွဲ့မှုရော၊ ဝတ်စားဆင်ယင်မှုမှာပါ အာရှတိုက်ရဲ့ အငွေ့အသက်ကို အခြေခံထားတာ တွေ့ရပါတယ်။ သူမရဲ့ ဆံထုံးပုံစံလေးကတော့ ခေတ်ဟောင်းက ထုံးဖွဲ့မှုမျိုးကို မှီငြမ်းထားပြီး Gown ကတော့ ကိုရီးယားရိုးရာ hanbok ကို အခြေခံထားတာ တွေ့ရပါတယ်။

Photo Credit: Getty

သူမရဲ့ Gown ကို အနီးကပ် ကြည့်မယ်ဆိုရင်တော့ ရင်ဘတ်ပိုင်းမှာ ထုံးချည်ထားတဲ့ ပုံစံဟာ ကိုရီးယားရိုးရာဝတ်စုံတွေမှာ ထုံးဖွဲ့ချည်နှောင်တဲ့ ပုံစံနဲ့ တူတူပဲဆိုတာ တွေ့ရမှာပါ။ ဝတ်စုံကို bold look ရစေဖို့ အောက်ပိုင်းမှာတော့ အတွင်းခံကိုသာ ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

Photo Credit: Getty

ဒီဝတ်စုံကိုတော့ နာမည်ကျော် ဒီဇိုင်နာဖြစ်တဲ့ Alexander Wang က ပြုလုပ်ပေးထားတာ ဖြစ်ပြီး jelly heels နဲ့ choker တွေကို တွဲဖက်ဝတ်ဆင်ကာ ယနေ့ခေတ် ဖက်ရှင်တွေနဲ့ ရောယှက်ထားတာ တွေ့ရပါတယ်။ မိတ်ကပ်လိမ်းခြယ်မှုမှာတော့ သူမရဲ့ signature look ဖြစ်တဲ့ smoky eye နဲ့ နှုတ်ခမ်းနီရောင် ခပ်ဖျော့ဖျော့ကိုသာ လိမ်းခြယ်ထားပါတယ်။

သူမရဲ့ ဖက်ရှင်ကတော့ ရိုးရှင်းစွာနဲ့ ခမ်းနားတင့်တယ်နေတယ်ဆိုတာ ငြင်းစရာမလိုအောင်ပါပဲ။

Glasgow

Source: koreaboo

(Zawgyi Version)



Photo Credit: Getty


Photo Credit: Getty



Glasgow

Source: koreaboo

RELATED ARTICLES

Most Popular