HomeCelebs Update NewsKoreaပထမဆုံး ဆိုလိုအယ်လ်ဘမ် ထွက်ရှိလာတော့မယ့် D.O.

ပထမဆုံး ဆိုလိုအယ်လ်ဘမ် ထွက်ရှိလာတော့မယ့် D.O.

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

EXO အဖွဲ့ဝင် D.O. ဟာ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် ဆိုလိုအယ်လ်ဘမ်အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။

ယနေ့ ဇွန်လ(၂၅)ရက်မှာ ထွက်ရှိလာတဲ့ သတင်းအရ D.O. ဟာ ဇူလိုင်လ နှောင်းပိုင်းလောက်မှာ ဆိုလို အယ်လ်ဘမ် ထွက်ရှိလာဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။  ဒီသတင်းနဲ့ ပတ်သက်ပြီး SM Entertainment ကလည်း ပြန်လည် တုံ့ပြန်ထားပြီး သတင်းကို အတည်ပြုပေးထားပါတယ်။

Photo: overdokyungsoo/ Instagram

“D.O. ဟာ သူ့ရဲ့ ပထမဆုံး ဆိုလို အယ်လ်ဘမ်ကို ဇူလိုင်လ နှောင်းပိုင်းလောက်မှာ ထွက်ရှိသွားဖို့ စီစဉ်ထားပါတယ် … ” လို့ SM က ကြေညာချက် ထုတ်ထားပါတယ်။

D.O. ဟာ That’s Okay ၊ Crying Out အစရှိတဲ့ တစ်ကိုယ်တော်သီချင်းတွေကို ထွက်ရှိထားပေမယ့် အယ်လ်ဘမ်အနေနဲ့ကတော့ အခုမှ ပထမဆုံး ဆိုလို ထွက်ရှိမှာ ဖြစ်ပါတယ်။

Photo: overdokyungsoo/ Instagram

ပြီးခဲ့တဲ့ ဇန်နဝါရီလက စစ်မှုထမ်းပြီး ပြန်ရောက်လာတဲ့ D.O. ဟာ The Moon လို့ အမည်ရတဲ့ ရုပ်ရှင်တစ်ကားကိုလည်း ရိုက်ကူးထားပြီး Secret လို့ အမည်ရတဲ့ ထိုင်ဝမ်ဇာတ်ကားကို ကိုရီးယားဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးမယ့် ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြုပြီးသား ဖြစ်ပါတယ်။ EXO နဲ့ အဖွဲ့လိုက်အနေနဲ့ကတော့ “Don’t Fight The Feeling” လို့ အမည်ရတဲ့ အထူးအယ်လ်ဘမ်တစ်ချပ်ကို ထွက်ရှိထားပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

EXO အဖြဲ႕ဝင္ D.O. ဟာ သူ႔ရဲ႕ ပထမဆုံး ပြဲဦးထြက္ ဆိုလိုအယ္လ္ဘမ္အတြက္ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

ယေန႔ ဇြန္လ(၂၅)ရက္မွာ ထြက္ရွိလာတဲ့ သတင္းအရ D.O. ဟာ ဇူလိုင္လ ေႏွာင္းပိုင္းေလာက္မွာ ဆိုလို အယ္လ္ဘမ္ ထြက္ရွိလာဖို႔ ျပင္ဆင္ေနၿပီလို႔ ဆိုပါတယ္။  ဒီသတင္းနဲ႔ ပတ္သက္ၿပီး SM Entertainment ကလည္း ျပန္လည္ တုံ႔ျပန္ထားၿပီး သတင္းကို အတည္ျပဳေပးထားပါတယ္။

Photo: overdokyungsoo/ Instagram

“D.O. ဟာ သူ႔ရဲ႕ ပထမဆုံး ဆိုလို အယ္လ္ဘမ္ကို ဇူလိုင္လ ေႏွာင္းပိုင္းေလာက္မွာ ထြက္ရွိသြားဖို႔ စီစဥ္ထားပါတယ္ … ” လို႔ SM က ေၾကညာခ်က္ ထုတ္ထားပါတယ္။

D.O. ဟာ That’s Okay ၊ Crying Out အစရွိတဲ့ တစ္ကိုယ္ေတာ္သီခ်င္းေတြကို ထြက္ရွိထားေပမယ့္ အယ္လ္ဘမ္အေနနဲ႔ကေတာ့ အခုမွ ပထမဆုံး ဆိုလို ထြက္ရွိမွာ ျဖစ္ပါတယ္။

Photo: overdokyungsoo/ Instagram

ၿပီးခဲ့တဲ့ ဇန္နဝါရီလက စစ္မႈထမ္းၿပီး ျပန္ေရာက္လာတဲ့ D.O. ဟာ The Moon လို႔ အမည္ရတဲ့ ႐ုပ္ရွင္တစ္ကားကိုလည္း ႐ိုက္ကူးထားၿပီး Secret လို႔ အမည္ရတဲ့ ထိုင္ဝမ္ဇာတ္ကားကို ကိုရီးယားဗားရွင္းနဲ႔ ျပန္လည္႐ိုက္ကူးမယ့္ ဇာတ္ကားမွာလည္း ပါဝင္သ႐ုပ္ေဆာင္ဖို႔ အတည္ျပဳၿပီးသား ျဖစ္ပါတယ္။ EXO နဲ႔ အဖြဲ႕လိုက္အေနနဲ႔ကေတာ့ “Don’t Fight The Feeling” လို႔ အမည္ရတဲ့ အထူးအယ္လ္ဘမ္တစ္ခ်ပ္ကို ထြက္ရွိထားပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular