HomeEntertainmentMusicအိန္ဒိယအဆိုတော် Armaan Malik နဲ့ Single တစ်ပုဒ် လုပ်လိုက်တဲ့ Ed Sheeran

အိန္ဒိယအဆိုတော် Armaan Malik နဲ့ Single တစ်ပုဒ် လုပ်လိုက်တဲ့ Ed Sheeran

နာမည်ကျော်အဆိုတော် Ed Sheeran ရဲ့ အသစ်ထွက်လာမယ့် ဆင်ဂယ်လ်သီချင်းကတော့ တော်တော်လေး ထူးခြားပါတယ်။ အဲဒါကတော့ Ed Sheeran ဟာ အိန္ဒိယ ပေါ့ပ်စတားတစ်ယောက် ဖြစ်တဲ့ Armaan Malik နဲ့တွဲဖက်ပြီး 2Step လို့အမည်ရတဲ့ တေးသီချင်းကို ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။

2Step လို့အမည်ရတဲ့ တေးသီချင်းကတော့ ယနေ့မှာပဲ ထွက်ရှိလာပြီ ဖြစ်ပြီး YouTube မှာလည်း နားဆင်နိုင်နေပြီ ဖြစ်ပါတယ်။ ဒီသီချင်းကတော့ မိမိကိုယ်ကိုယုံကြည်မှုနဲ့အတူ မိမိရဲ့အနုပညာထဲမှာ စွမ်းအားတစ်ခုခုကို ရှာဖွေတဲ့အဓိပ္ပာယ် ဖြစ်သလို ချစ်ခင်ရတွေအပေါ် မှီခိုအားကိုးလိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ ကိုယ်ချစ်ရသူတစ်ယောက်ယောက်ရဲ့ အားပေးထောက်ပံ့မှုကို ရရှိတဲ့အခါ ဘယ်လို အခက်အခဲ၊ ပြဿနာမျိုးကိုမဆို ရင်ဆိုင်ကျော်လွှားသွားနိုင်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

Photo: armaanmalik/ Instagram

ဒီသီချင်းထဲမှာတော့ အိန္ဒိယပေါ့ပ်စတား Armaan Malik ဟာ အိန္ဒိယဘာသာစကားနဲ့ပဲ Featuring ပါဝင်သီဆိုပေးထားတာ ဖြစ်ပါတယ်။ Ed Sheeran အနေနဲ့ Armaan Malik ကို အခုလိုဖိတ်ခေါ်ပြီး ပူးတွဲဖန်တီးလိုက်ခြင်းအားဖြင့် အာရှဘက်က ဂီတသမားတွေကို အသိအမှတ်ပြုရာလည်း ရောက်သလို လမ်းဖွင့်ပေးရာလည်း ရောက်ပါတယ်။

Armaan Malik ကတော့ ဒီ collaboration နဲ့ ပတ်သက်ပြီး အလွန်စိတ်လှုပ်ရှားကြောင်း ပြောထားပါတယ်။ ဒါ့အပြင် Ed Sheeran ဟာ သူလေးစားအားကျရတဲ့ ဂီတသမားတစ်ဦးဖြစ်တာကြောင့် အခုလိုသူနဲ့အတူ တွဲဖက်အလုပ်လုပ်ရတာဟာ သူ့ဘဝရဲ့ အရေးပါဆုံး အခိုက်အတန့်တစ်ခုပါပဲလို့ ပြောထားပါတယ်။ ဒါတင်မက ဒီ collaboration ဟာ အိန္ဒိယက ဂီတသမားတွေအတွက်လည်း အခွင့်အလမ်းတွေ ပွင့်လာမယ့် ရှေ့ပြေးရောင်နီတစ်ခု ဖြစ်တယ်လို့ ပြောထားပါသေးတယ်။

တကယ်တော့ 2Step လို့အမည်ရတဲ့ ဒီသီချင်းဟာ လွန်ခဲ့တဲ့တစ်လလောက်မှာပဲ ဗားရှင်းတစ်မျိုးနဲ့ ထွက်ရှိခဲ့ပါသေးတယ်။ အဲဒီဗားရှင်းထဲမှာတော့ Lil Baby က Featuring အဖြစ် ပါဝင်သီဆိုပေးထားပါတယ်။ အဲဒီဗားရှင်းရဲ့ MTV ကတော့ ယူကရိန်းနိုင်ငံ၊ ကီယက်မြို့မှာ ရိုက်ကူးထားတာ ဖြစ်ပြီး ယခုလိုစိတ်မကောင်းစရာ ဖြစ်ရပ်တွေ မဖြစ်ပွားခင် စည်ကားလှပနေဆဲအချိန်က ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။

Vancouver
RELATED ARTICLES

Most Popular