HomeCelebs Update NewsKoreaဂ်ပန္ေဖ်ာ္ေျဖေရးခရီးစဥ္မွာ ေရဒီယိုသတၱိၾကြရာေနရာနဲ႔ နီးကပ္ေနတာေၾကာင့္ EXOဖန္မ်ားေဒါသထြက္ေန

ဂ်ပန္ေဖ်ာ္ေျဖေရးခရီးစဥ္မွာ ေရဒီယိုသတၱိၾကြရာေနရာနဲ႔ နီးကပ္ေနတာေၾကာင့္ EXOဖန္မ်ားေဒါသထြက္ေန

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

EXO ရဲ႕ ေနာက္လာမယ့္ ဂ်ပန္ေဖ်ာ္ေျဖေရးခရီးစဥ္ရဲ႕ ေနရာေတြကို SM Entertainment က ေၾကျငာၿပီးေနာက္မွာေတာ့ ပရိသတ္အမ်ားအျပားရဲ႕ ေဒါသတႀကီး ေ၀ဖန္မႈေတြကို ခံေနရပါတယ္။

ဇူလိုင္လ (၂၂)ရက္ေန႔က EXO ရဲ႕ တရား၀င္ fan website မွာ ဂ်ပန္ႏိုင္ငံမွာ ျပဳလုပ္မယ့္ ေဖ်ာ္ေျဖေရးခရီးစဥ္ ေနရာမ်ားနဲ႔ ခန္႔မွန္းေခ် အခ်ိန္ဇယားမာ်းကို ေၾကျငာလိုက္ပါတယ္။ ေၾကျငာခ်က္အရ ဖုကုအိုကမွာရိွတဲ့ Marine Messe မွာ ေအာက္တုိဘာလ (၁၁)ရက္မွ (၁၃)ရက္အထိ၊ အိုဆာကာ Castle Hall မွာ ေအာက္တိုဘာလ (၁၈)ရက္ေန႔ (၁၉)ရက္ေန႔အထိ၊ ယိုကိုဟားမားက အပန္းေျဖကစားကြင္းမွာ ေအာက္တိုဘာလ (၂၂)ရက္ေန႔မွ (၂၃)ရက္ေန႔အထိနဲ႔ မီယာဂီမွာရိွတဲ့ Sekisui Heim ကဇာတ္ရုံႀကီးမွာေတာ့ ဒီဇင္ဘာလ (၂၀)ရက္ေန႔မွ (၂၁)ရက္ေန႔အထိ ေဖ်ာ္ေျဖပြဲမ်ား ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

https://www.instagram.com/p/BwVz6O1gSEY/

ဒီအေၾကာင္းကို ေၾကျငာၿပီးတဲ့ေနာက္မွာပဲ ပရိသတ္ေတြဟာ ေဒါသထြက္လာခဲ့ၾကတာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ေနာက္ဆုံးေဖ်ာ္ေျဖပြဲေနရာျဖစ္တဲ့ မီယာဂီက Sekisui Heim ကဇာတ္ရုံေနရာဟာ ၂၀၁၁ခုႏွစ္က ဆူနာမီငလ်င္ေၾကာင့္ ေပါက္ကြဲသြားရတဲ့ ဖူကူရွီးမား ႏ်ဴကလီးယားဓာတ္ေပါင္းဖိုေနရာနဲ႔ (၁၃၀)ကီလိုမီတာသာ ကြာေ၀းတာေၾကာင့္ ျဖစ္ပါတယ္။ မီယာဂီဟာ ဖူကူရွီးမားကေန တစ္နာရီခြဲခန္႔ ကားေမာင္းသြားရင္ ေရာက္တဲ့ေနရာလို႔လည္း သိရပါတယ္။ ဒါ့အျပင္ အဆိုပါေနရာဟာ ေရဒီယိုသတၱိၾကြမႈ ဒုတိယအမ်ားဆုံးေနရာလည္း ျဖစ္တာေၾကာင့္ ပရိသတ္ေတြက ပိုၿပီးေဒါသထြက္ေနၾကတာ ျဖစ္ပါတယ္။

©the Chernobyl disaster

ပရိသတ္အမ်ားအျပားဟာ EXO အဖြဲ႕၀င္ေတြရဲ႕ က်န္းမာေရး ထိခိုက္မွာ စိုးရိမ္ေနၾကၿပီး ဒါဟာ EXO အဖြဲ႕၀င္ေတြတင္ မဟုတ္ဘဲ ေဖ်ာ္ေျဖေရးတစ္ဖြဲ႕သားလုံးအတြက္ ဒုကၡေရာက္မယ့္ကိစၥလို႔ က်ယ္က်ယ္ေလာင္ေလာင္ ေ၀ဖန္ေနၾကပါတယ္။ အခ်ိဳ႕ေသာ ပရိသတ္ေတြကေတာ့ (#SM_Cancel_EXO_MiyagiConcert) ဆိုတဲ့ hashtag နဲ႔ အဆိုပါ မီယာဂီေဖ်ာ္ေျဖပြဲကို ပယ္ဖ်က္ေပးဖို႔ ဆိုရွယ္မီဒီယာေပၚမွာ ေတာင္းဆိုေနၾကပါတယ္။

Xei

Ref: koreaboo

(Unicode Version)

EXO ရဲ့ နောက်လာမယ့် ဂျပန်ဖျော်ဖြေရေးခရီးစဉ်ရဲ့ နေရာတွေကို SM Entertainment က ကြေငြာပြီးနောက်မှာတော့ ပရိသတ်အများအပြားရဲ့ ဒေါသတကြီး ဝေဖန်မှုတွေကို ခံနေရပါတယ်။

ဇူလိုင်လ (၂၂)ရက်နေ့က EXO ရဲ့ တရားဝင် fan website မှာ ဂျပန်နိုင်ငံမှာ ပြုလုပ်မယ့် ဖျော်ဖြေရေးခရီးစဉ် နေရာများနဲ့ ခန့်မှန်းချေ အချိန်ဇယားမာျးကို ကြေငြာလိုက်ပါတယ်။ ကြေငြာချက်အရ ဖုကုအိုကမှာရှိတဲ့ Marine Messe မှာ အောက်တိုဘာလ (၁၁)ရက်မှ (၁၃)ရက်အထိ၊ အိုဆာကာ Castle Hall မှာ အောက်တိုဘာလ (၁၈)ရက်နေ့ (၁၉)ရက်နေ့အထိ၊ ယိုကိုဟားမားက အပန်းဖြေကစားကွင်းမှာ အောက်တိုဘာလ (၂၂)ရက်နေ့မှ (၂၃)ရက်နေ့အထိနဲ့ မီယာဂီမှာရှိတဲ့ Sekisui Heim ကဇာတ်ရုံကြီးမှာတော့ ဒီဇင်ဘာလ (၂၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ ဖျော်ဖြေပွဲများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

https://www.instagram.com/p/BwVz6O1gSEY/

ဒီအကြောင်းကို ကြေငြာပြီးတဲ့နောက်မှာပဲ ပရိသတ်တွေဟာ ဒေါသထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အကြောင်းကတော့ နောက်ဆုံးဖျော်ဖြေပွဲနေရာဖြစ်တဲ့ မီယာဂီက Sekisui Heim ကဇာတ်ရုံနေရာဟာ ၂၀၁၁ခုနှစ်က ဆူနာမီငလျင်ကြောင့် ပေါက်ကွဲသွားရတဲ့ ဖူကူရှီးမား နျူကလီးယားဓာတ်ပေါင်းဖိုနေရာနဲ့ (၁၃၀)ကီလိုမီတာသာ ကွာဝေးတာကြောင့် ဖြစ်ပါတယ်။ မီယာဂီဟာ ဖူကူရှီးမားကနေ တစ်နာရီခွဲခန့် ကားမောင်းသွားရင် ရောက်တဲ့နေရာလို့လည်း သိရပါတယ်။ ဒါ့အပြင် အဆိုပါနေရာဟာ ရေဒီယိုသတ္တိကြွမှု ဒုတိယအများဆုံးနေရာလည်း ဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီးဒေါသထွက်နေကြတာ ဖြစ်ပါတယ်။

©the Chernobyl disaster

ပရိသတ်အများအပြားဟာ EXO အဖွဲ့ဝင်တွေရဲ့ ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်နေကြပြီး ဒါဟာ EXO အဖွဲ့ဝင်တွေတင် မဟုတ်ဘဲ ဖျော်ဖြေရေးတစ်ဖွဲ့သားလုံးအတွက် ဒုက္ခရောက်မယ့်ကိစ္စလို့ ကျယ်ကျယ်လောင်လောင် ဝေဖန်နေကြပါတယ်။ အချို့သော ပရိသတ်တွေကတော့ (#SM_Cancel_EXO_MiyagiConcert) ဆိုတဲ့ hashtag နဲ့ အဆိုပါ မီယာဂီဖျော်ဖြေပွဲကို ပယ်ဖျက်ပေးဖို့ ဆိုရှယ်မီဒီယာပေါ်မှာ တောင်းဆိုနေကြပါတယ်။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular