HomeCelebs Update NewsKoreaအမ်ိဳးသမီး Idol ေတြ ႀကံဳခဲ့ရဖူးတဲ့ ထိတ္လန္႔စရာ ၿခိမ္းေျခာက္မႈမ်ား

အမ်ိဳးသမီး Idol ေတြ ႀကံဳခဲ့ရဖူးတဲ့ ထိတ္လန္႔စရာ ၿခိမ္းေျခာက္မႈမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

fan ေတြမွန္ရင္ Idol ေတြကို ခ်စ္ၿပီး တန္ဖိုးထား၊ေလးစားၾကတာ မွန္ေပမယ့္ အခ်ိဳ႕လူေတြကေတာ့ fan လို႔ အမည္ခံၿပီး Idol ေတြကို ကိုယ္ပိုင္ပစၥည္းတစ္ခုလို သတ္မွတ္ထားၾကတာေတြလည္း ရိွပါတယ္။ ေကေပါ့ပ္ပရိသတ္အမ်ားစု ခ်စ္ခင္တန္ဖိုးထားၾကတဲ့ အမ်ိဳးသမီး Idol ေတြကို အဆိုးရြားဆုံးလုပ္ရပ္ေတြ က်ဴးလြန္ခဲ့တဲ့ အမ်ိဳးသား fan အခ်ိဳ႕လည္း ရိွခဲ့ပါတယ္။

သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္ခံခဲ့ရတဲ့ TWICE အဖြဲ႔၀င္ Mina 

Photo: allkpop

Ilbe လို႔ေခၚတဲ့ ကိုရီးယား fan အဖြဲ႔အစည္းတစ္ခုက အစြန္းေရာက္ပရိသတ္ (sasaeng fan) တစ္ဦးဟာ TWICE အဖြဲ႔၀င္ Mina ကို သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ဖူးပါတယ္။ အေၾကာင္းကေတာ့ GOT7 အဖြဲ႔၀င္ Bam Bam နဲ႔ Mina ရဲ႕ ဓာတ္ပုံေတြ ထြက္လာခဲ့ၿပီးေနာက္ ပ်ံ႕ႏွံ႔ခဲ့တဲ့ ေကာလာဟလေတြေၾကာင့္ပါ။ အဆိုပါ sasaeng ဟာ သူ႔ရဲ႕လက္ေကာက္၀တ္နားမွာ ဓားတစ္ေခ်ာင္းတင္ထားတဲ့ ဓာတ္ပုံကို ပို႔စ္တင္ခဲ့ၿပီး “Mina ေရ … ငါ့မွာ ဓားတစ္ေခ်ာင္းရိွတယ္ ေတြ႔လား။ နင့္ရဲ႕ ရည္းစားကို ပါးပိတ္ရိုက္ၿပီး သူ႔ပါးစပ္ကို ဆြဲမၿဖဲပစ္ဘူးဆိုရင္ နင့္ကို ငါ လာသတ္ရလိမ့္မယ္” လို႔ ပို႔စ္မွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။

Photo: koreaboo

 

စင္ေပၚမွာ ေဖ်ာ္ေျဖေနတုန္း ျပန္ေပးဆြဲခံရမလို ျဖစ္ခဲ့ဖူးတဲ့ Girls’ Generation အဖြဲ႔၀င္ Taeyeon 

Photo: channel-korea

ဒီအျဖစ္အပ်က္ကေတာ့ ၂၀၁၁ခုႏွစ္ေလာက္တုန္းက ျဖစ္ပ်က္ခဲ့တာပါ။ အဲ့ဒီ့တုန္းက Girls’ Generation အဖြဲ႔ ေဖ်ာ္ေျဖေနတုန္းမွာ အမ်ိဳးသားပရိသတ္တစ္ေယာက္က စင္ေပၚကို တက္လာၿပီး Taeyeon ကို ဆြဲေခၚသြားဖို႔ လုပ္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ့လူဟာ စင္ေနာက္ဘက္အျခမ္းကေန အတင္းက်ဴးလြန္ ၀င္ေရာက္ခဲ့ၿပီး Girls’ Generation အဖြဲ႔က “Run Devil Run” သီခ်င္းကို ေဖ်ာ္ေျဖေနခ်ိန္မွာ စင္ေပၚကို အတင္းတက္လာၿပီး Taeyeon ကို ဆြဲေခၚသြားခဲ့တာ ျဖစ္ပါတယ္။ ေဘးမွာရိွေနတဲ့ လုံၿခံဳေရးအဖြဲ႔၀င္ေတြ အခ်ိန္မီေရာက္လာၿပီး ကယ္တင္ေပးခဲ့လို႔ Taeyeon တစ္ေယာက္ ေဘးကင္းလုံၿခံဳစြာ စင္ေပၚမွာ ျပန္လည္ေဖ်ာ္ေျဖႏိုင္ခဲ့ပါတယ္။

အိမ္ထဲအထိ stalk အလုပ္ခံခဲ့ရတဲ့ Girls’ Generation အဖြဲ႔၀င္ Yoona

Photo: allkpop

Girls’ Generation အဖြဲ႔၀င္ျဖစ္တဲ့ Yoona ကလည္း သူမေနာက္ကေန ေတာက္ေလွ်ာက္ stalk လုပ္ၿပီး အိမ္ထဲထိပါ လိုက္၀င္ဖို႔ ႀကိဳးစားခဲ့တဲ့ ပရိသတ္တစ္ေယာက္အေၾကာင္းကို ေျပာျပခဲ့ဖူးပါေသးတယ္။ SBS ရုပ္သံလိုင္းက ထုတ္လႊင့္တဲ့ Strong Heart အစီအစဥ္မွာ Yoona က သူမရဲ႕အေတြ႕အႀကံဳကို ျပန္လည္ေျပာျပခဲ့တာ ျဖစ္ပါတယ္။ အမ်ိဳးသားပရိသတ္တစ္ေယာက္ဟာ သူမရဲ႕အိမ္နားကေန ေစာင့္ေနတာျဖစ္ၿပီး သူမ အိမ္ျပန္လာတဲ့အခါ ေနာက္ကေန လိုက္လာၿပီး အိမ္ခန္းထဲထိ ၀င္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ ဆိုပါတယ္။ တံခါးအဖြင့္အပိတ္လုပ္တဲ့ အခ်ိန္ဟာ စကၠန္႔ပိုင္းေလးပဲ ၾကာေပမယ့္ အဆိုပါ အမ်ိဳးသားဟာ အိမ္ထဲကို အမိအရ ၀င္ႏိုင္လိုက္တယ္လို႔ ေျပာျပပါတယ္။ အဲ့ဒီ့မွာပဲ Yoona လည္း အရမ္းေဒါသထြက္သြားၿပီး “ရွင္က ဒီမွာေနတာလား။ သူမ်ားရဲ႕အိမ္ထဲကို ဒီလို၀င္လာလို႔ မရဘူးေလ” ဆိုၿပီး ေအာ္ထုတ္လိုက္ကာမွ ျပန္ထြက္သြားခဲ့တယ္လို႔ သိရပါတယ္။

အသက္အႏၱရာယ္ ၿခိမ္းေျခာက္မႈမ်ားစြာ ခံခဲ့ရတဲ့ Apink အဖြဲ႔

Photo: wikipedia

Apink အဖြဲ႔ကို သတ္ပစ္မယ္ဆိုတဲ့ ၿခိမ္းေျခာက္စကားကို ဖုန္းကေနတစ္ဆင့္ လက္ခံရရိွအၿပီးမွာေတာ့ သူတို႔အဖြဲ႔ေနထိုင္တဲ့ တိုက္ခန္းကို ရဲအရာရိွေတြကိုယ္တိုင္ လာေရာက္ကာကြယ္ ေစာင့္ၾကပ္ေပးရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ trainee သရုပ္ေဆာင္ေတြနဲ႔ blind date လုပ္ရတဲ့ ရသစုံရိႈးတစ္ခုမွာ Apink အဖြဲ႔က ပါ၀င္ခဲ့တဲ့အေပၚ အမ်ိဳးသားပရိသတ္တစ္ေယာက္က အမ်က္ေခ်ာင္းေခ်ာင္းထြက္ၿပီး အခုလို ၿခိမ္းေျခာက္ခဲ့တာလို႔ ဆိုပါတယ္။

PRISTIN  အဖြဲ႔၀င္ေဟာင္း Kyulkyung ကိုေပးတဲ့ ေၾကာက္စရာ မွတ္စုစာအုပ္

Photo: kpop profiles

အြန္လိုင္းက Fan အဖြဲ႔အစည္းမ်ားစြာမွာ Kyulkyung ကို ေတာက္ေလွ်ာက္ ေႏွာင့္ယွက္လာတဲ့ အမ်ိဳးသားပရိသတ္တစ္ေယာက္ဟာ ေနာက္လာမယ့္ fan event တစ္ခုမွာ Kyulkyung ကို လက္ထပ္ခြင့္ေတာင္းမယ္လို႔ ဆိုခဲ့ပါတယ္။ fan event လုပ္တဲ့ပြဲေန႔မွာေတာ့ အဆိုပါအမ်ိဳးသားဟာ သူကိုယ္တိုင္လုပ္ထားတဲ့ Sketchbook တစ္ခုကိုပါ ယူလာခဲ့ၿပီး Kyulkyung ကို ေသတဲ့အထိ ခ်စ္သြားမယ္ဆိုတဲ့အေၾကာင္းနဲ႔ အဲ့ဒီ့ေန႔ရက္ဟာ သူ႔အတြက္ တကယ္ထူးျခားတဲ့ေန႔ျဖစ္ေၾကာင္း စာအုပ္ထဲမွာ ေရးထားတယ္လို႔ သိရပါတယ္။

ပုံမွန္ခ်စ္ေၾကာင္း၊ႀကိဳက္ေၾကာင္း ေရးထားတာမ်ိဳး မဟုတ္ဘဲ သူ ဒိတ္လုပ္ခ်င္တဲ့ အျခားနာမည္ႀကီး မင္းသမီးေတြရဲ႕ ဓာတ္ပုံေတြနဲ႔အတူ အေလာင္းေကာင္ပုံေတြပါ ထည့္ထားၿပီး ဒီလိုျဖစ္သြားတဲ့အထိ Kyulkyung ကို ခ်စ္ေနမွာပါဆိုတာမ်ိဳးေတြ ေရးသားပုံေဖာ္ထားတာျဖစ္တယ္လို႔ ဆိုပါတယ္။ ကံေကာင္းေထာက္မစြာနဲ႔ Pledis Entertainment ဟာ ဒီလိုျဖစ္ရပ္ေတြ ျဖစ္ႏိုင္တဲ့အေၾကာင္း အျခား fan ေတြဆီက ႀကိဳတင္သတင္းရထားတာေၾကာင့္ စာအုပ္ကို Kyulkyung ဆီ ေရာက္မသြားေအာင္ စီမံလိုက္ႏိုင္ခဲ့ပါတယ္။ 

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

fan တွေမှန်ရင် Idol တွေကို ချစ်ပြီး တန်ဖိုးထား၊လေးစားကြတာ မှန်ပေမယ့် အချို့လူတွေကတော့ fan လို့ အမည်ခံပြီး Idol တွေကို ကိုယ်ပိုင်ပစ္စည်းတစ်ခုလို သတ်မှတ်ထားကြတာတွေလည်း ရှိပါတယ်။ ကေပေါ့ပ်ပရိသတ်အများစု ချစ်ခင်တန်ဖိုးထားကြတဲ့ အမျိုးသမီး Idol တွေကို အဆိုးရွားဆုံးလုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ အမျိုးသား fan အချို့လည်း ရှိခဲ့ပါတယ်။

သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့ TWICE အဖွဲ့ဝင် Mina 

Photo: allkpop

Ilbe လို့ခေါ်တဲ့ ကိုရီးယား fan အဖွဲ့အစည်းတစ်ခုက အစွန်းရောက်ပရိသတ် (sasaeng fan) တစ်ဦးဟာ TWICE အဖွဲ့ဝင် Mina ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ အကြောင်းကတော့ GOT7 အဖွဲ့ဝင် Bam Bam နဲ့ Mina ရဲ့ ဓာတ်ပုံတွေ ထွက်လာခဲ့ပြီးနောက် ပျံ့နှံ့ခဲ့တဲ့ ကောလာဟလတွေကြောင့်ပါ။ အဆိုပါ sasaeng ဟာ သူ့ရဲ့လက်ကောက်ဝတ်နားမှာ ဓားတစ်ချောင်းတင်ထားတဲ့ ဓာတ်ပုံကို ပို့စ်တင်ခဲ့ပြီး “Mina ရေ … ငါ့မှာ ဓားတစ်ချောင်းရှိတယ် တွေ့လား။ နင့်ရဲ့ ရည်းစားကို ပါးပိတ်ရိုက်ပြီး သူ့ပါးစပ်ကို ဆွဲမဖြဲပစ်ဘူးဆိုရင် နင့်ကို ငါ လာသတ်ရလိမ့်မယ်” လို့ ပို့စ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Photo: koreaboo

 

စင်ပေါ်မှာ ဖျော်ဖြေနေတုန်း ပြန်ပေးဆွဲခံရမလို ဖြစ်ခဲ့ဖူးတဲ့ Girls’ Generation အဖွဲ့ဝင် Taeyeon 

Photo: channel-korea

ဒီအဖြစ်အပျက်ကတော့ ၂၀၁၁ခုနှစ်လောက်တုန်းက ဖြစ်ပျက်ခဲ့တာပါ။ အဲ့ဒီ့တုန်းက Girls’ Generation အဖွဲ့ ဖျော်ဖြေနေတုန်းမှာ အမျိုးသားပရိသတ်တစ်ယောက်က စင်ပေါ်ကို တက်လာပြီး Taeyeon ကို ဆွဲခေါ်သွားဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့လူဟာ စင်နောက်ဘက်အခြမ်းကနေ အတင်းကျူးလွန် ဝင်ရောက်ခဲ့ပြီး Girls’ Generation အဖွဲ့က “Run Devil Run” သီချင်းကို ဖျော်ဖြေနေချိန်မှာ စင်ပေါ်ကို အတင်းတက်လာပြီး Taeyeon ကို ဆွဲခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ ဘေးမှာရှိနေတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေ အချိန်မီရောက်လာပြီး ကယ်တင်ပေးခဲ့လို့ Taeyeon တစ်ယောက် ဘေးကင်းလုံခြုံစွာ စင်ပေါ်မှာ ပြန်လည်ဖျော်ဖြေနိုင်ခဲ့ပါတယ်။

အိမ်ထဲအထိ stalk အလုပ်ခံခဲ့ရတဲ့ Girls’ Generation အဖွဲ့ဝင် Yoona

Photo: allkpop

Girls’ Generation အဖွဲ့ဝင်ဖြစ်တဲ့ Yoona ကလည်း သူမနောက်ကနေ တောက်လျှောက် stalk လုပ်ပြီး အိမ်ထဲထိပါ လိုက်ဝင်ဖို့ ကြိုးစားခဲ့တဲ့ ပရိသတ်တစ်ယောက်အကြောင်းကို ပြောပြခဲ့ဖူးပါသေးတယ်။ SBS ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ Strong Heart အစီအစဉ်မှာ Yoona က သူမရဲ့အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားပရိသတ်တစ်ယောက်ဟာ သူမရဲ့အိမ်နားကနေ စောင့်နေတာဖြစ်ပြီး သူမ အိမ်ပြန်လာတဲ့အခါ နောက်ကနေ လိုက်လာပြီး အိမ်ခန်းထဲထိ ဝင်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ တံခါးအဖွင့်အပိတ်လုပ်တဲ့ အချိန်ဟာ စက္ကန့်ပိုင်းလေးပဲ ကြာပေမယ့် အဆိုပါ အမျိုးသားဟာ အိမ်ထဲကို အမိအရ ဝင်နိုင်လိုက်တယ်လို့ ပြောပြပါတယ်။ အဲ့ဒီ့မှာပဲ Yoona လည်း အရမ်းဒေါသထွက်သွားပြီး “ရှင်က ဒီမှာနေတာလား။ သူများရဲ့အိမ်ထဲကို ဒီလိုဝင်လာလို့ မရဘူးလေ” ဆိုပြီး အော်ထုတ်လိုက်ကာမှ ပြန်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

အသက်အန္တရာယ် ခြိမ်းခြောက်မှုများစွာ ခံခဲ့ရတဲ့ Apink အဖွဲ့

Photo: wikipedia

Apink အဖွဲ့ကို သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်စကားကို ဖုန်းကနေတစ်ဆင့် လက်ခံရရှိအပြီးမှာတော့ သူတို့အဖွဲ့နေထိုင်တဲ့ တိုက်ခန်းကို ရဲအရာရှိတွေကိုယ်တိုင် လာရောက်ကာကွယ် စောင့်ကြပ်ပေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ trainee သရုပ်ဆောင်တွေနဲ့ blind date လုပ်ရတဲ့ ရသစုံရှိုးတစ်ခုမှာ Apink အဖွဲ့က ပါဝင်ခဲ့တဲ့အပေါ် အမျိုးသားပရိသတ်တစ်ယောက်က အမျက်ချောင်းချောင်းထွက်ပြီး အခုလို ခြိမ်းခြောက်ခဲ့တာလို့ ဆိုပါတယ်။

PRISTIN  အဖွဲ့ဝင်ဟောင်း Kyulkyung ကိုပေးတဲ့ ကြောက်စရာ မှတ်စုစာအုပ်

Photo: kpop profiles

အွန်လိုင်းက Fan အဖွဲ့အစည်းများစွာမှာ Kyulkyung ကို တောက်လျှောက် နှောင့်ယှက်လာတဲ့ အမျိုးသားပရိသတ်တစ်ယောက်ဟာ နောက်လာမယ့် fan event တစ်ခုမှာ Kyulkyung ကို လက်ထပ်ခွင့်တောင်းမယ်လို့ ဆိုခဲ့ပါတယ်။ fan event လုပ်တဲ့ပွဲနေ့မှာတော့ အဆိုပါအမျိုးသားဟာ သူကိုယ်တိုင်လုပ်ထားတဲ့ Sketchbook တစ်ခုကိုပါ ယူလာခဲ့ပြီး Kyulkyung ကို သေတဲ့အထိ ချစ်သွားမယ်ဆိုတဲ့အကြောင်းနဲ့ အဲ့ဒီ့နေ့ရက်ဟာ သူ့အတွက် တကယ်ထူးခြားတဲ့နေ့ဖြစ်ကြောင်း စာအုပ်ထဲမှာ ရေးထားတယ်လို့ သိရပါတယ်။

ပုံမှန်ချစ်ကြောင်း၊ကြိုက်ကြောင်း ရေးထားတာမျိုး မဟုတ်ဘဲ သူ ဒိတ်လုပ်ချင်တဲ့ အခြားနာမည်ကြီး မင်းသမီးတွေရဲ့ ဓာတ်ပုံတွေနဲ့အတူ အလောင်းကောင်ပုံတွေပါ ထည့်ထားပြီး ဒီလိုဖြစ်သွားတဲ့အထိ Kyulkyung ကို ချစ်နေမှာပါဆိုတာမျိုးတွေ ရေးသားပုံဖော်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ကံကောင်းထောက်မစွာနဲ့ Pledis Entertainment ဟာ ဒီလိုဖြစ်ရပ်တွေ ဖြစ်နိုင်တဲ့အကြောင်း အခြား fan တွေဆီက ကြိုတင်သတင်းရထားတာကြောင့် စာအုပ်ကို Kyulkyung ဆီ ရောက်မသွားအောင် စီမံလိုက်နိုင်ခဲ့ပါတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

 

RELATED ARTICLES

Most Popular